YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 12:26-28

ဟေဗြဲ 12:26-28 Judson Bible (JBMLE)

အ​ထက်​က ဗျာ​ဒိတ်​တော်​အ​သံ​သည် မြေ​ကြီး​ကို​လှုပ်​သည် ဖြစ်၍၊ ယ​ခု​တစ်​ဖန် ငါ​သည် မြေ​ကြီး​နှင့် ကောင်း​ကင်​ကို လှုပ်​ဦး​မည်​ဟု က​တိ​တော်​ရှိ၏။- တစ်​ဖန် ဟူ​သော​စ​ကား၏​အ​ဓိ​ပ္ပာယ်​ကား၊ မ​လှုပ်​သော​အ​ရာ​တို့​ကို တည်​စေ​ခြင်း​ငှာ၊ လှုပ်​သော​အ​ရာ​တို့​ကို လော​ကီ​အ​ရာ​ကဲ့​သို့ ပယ်​ဖျက်​လိမ့်​မည်​ဟု ဆို​လို​သ​တည်း။- ထို​ကြောင့်၊ ငါ​တို့​သည် မ​လှုပ်​နိုင်​သော​နိုင်​ငံ​ကို ရ​သည်​ဖြစ်၍၊ ခန့်​ညား​ကြောက်​ရွံ့​သော​သ​ဘော​နှင့် ဘု​ရား​သ​ခင်​ကို လျောက်​ပတ်​စွာ ဝတ်​ပြု​နိုင်​မည်​အ​ကြောင်း၊ ကျေး​ဇူး​တော်​ကို စွဲ​လမ်း​ကြ​ကုန်​အံ့။

ဟေဗြဲ 12:26-28 Common Language Bible (BCL)

ထို​စဉ်​အ​ခါ​က​ကိုယ်​တော်​၏​အ​သံ​တော် သည်​ကမ္ဘာ​မြေ​ကြီး​ကို​တုန်​လှုပ်​စေ​တော်​မူ​၏။ ကိုယ်​တော်​က``ငါ​သည်​နောက်​တစ်​ကြိမ်​ကမ္ဘာ မြေ​ကြီး​ကို​သာ​မ​က​ကောင်း​ကင်​ကို​လည်း တုန်​လှုပ်​စေ​ဦး​မည်'' ဟု​က​တိ​ထား​တော် မူ​လေ​ပြီ။- ``နောက်​တစ်​ကြိမ်'' ဟူ​သော​စ​ကား​သည်​အ​ဖန် ဆင်း​ခံ​အ​ရာ​အ​ပေါင်း​တို့​ကို​တုန်​လှုပ်​ပယ် ဖျက်​တော်​မူ​မည်​ဖြစ်​သ​ဖြင့်​မ​တုန်​လှုပ်​နိုင် သော​အ​ရာ​တို့​သာ​လျှင်​ကျန်​ရစ်​တည်​ရှိ ကြ​လိမ့်​မည်​ဟု​ဆို​လို​သ​တည်း။ ထို့​ကြောင့်​ငါ​တို့​ရ​ရှိ​ကြ​သည့်​နိုင်​ငံ​တော် သည်​မ​တုန်​မ​လှုပ်​နိုင်​သည်​ဖြစ်​ရာ​ငါ​တို့ သည်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​စို့။ ငါ တို့​သည်​ကျေး​ဇူး​တင်​၍​ကြောက်​ရွံ့​ရို​သေ သော​သ​ဘော​နှင့်​ကိုယ်​တော်​အား နှစ်​သက် တော်​မူ​သော​နည်း​ဖြင့်​ဝတ်​ပြု​ကိုး​ကွယ် ကြ​ကုန်​အံ့။

ဟေဗြဲ 12:26-28 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုစဉ်က ကိုယ်တော်​၏​အသံ​တော်​သည် မြေကြီး​ကို​တုန်လှုပ်​စေ​၏။ ယခု​မူကား ကိုယ်တော်​က “ငါ​သည် နောက်တစ်ဖန် မြေကြီး​ကို​သာမက​ဘဲ ကောင်းကင်​ကို​ပါ တုန်လှုပ်​စေ​မည်”​ဟု ကတိ​ထား​တော်မူ​၏။ “နောက်တစ်ဖန်”​ဟူသော​စကား​သည် မ​တုန်လှုပ်​နိုင်​သော​အရာ​တို့​ကို​တည်မြဲ​စေရန် ဖန်ဆင်း​ခြင်း​ခံရ​သည့် တုန်လှုပ်​တတ်​သော​အရာ​များ​ကို​ဖယ်ရှား​မည့်​အကြောင်း​ကို ဆိုလို​၏။ ထို့ကြောင့် ငါ​တို့​သည် မ​တုန်လှုပ်​နိုင်​သော​နိုင်ငံ​တော်​ကို​ရရှိ​သည်​ဖြစ်၍ ကျေးဇူး​တော်​ကို​ချီးမွမ်း​ကြ​စို့။ ထိုသို့ ကျေးဇူး​တော်​ချီးမွမ်း​လျက် ကြည်ညို​ခြင်း​နှင့်​ရိုသေ​ခန့်ညား​ခြင်း​တို့​ဖြင့် ဘုရားသခင်​နှစ်သက်​တော်မူ​သည့်​အတိုင်း ဝတ်ပြု​ကြ​ကုန်​စို့။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။