YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 11:8-19

ဟေဗြဲ 11:8-19 Judson Bible (JBMLE)

အာ​ဗြ​ဟံ​သည် အ​မွေ​ခံ​ရ​လ​တ္တံ့​သော​ပြည်​သို့ ထွက်​သွား​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​ခေါ်​တော်​မူ​သော​အ​ခါ၊ သူ​သည် အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို ကိုယ်​တိုင်​မ​သိ​ဘဲ​လျက်၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် နား​ထောင်၍ ထွက်​သွား​လေ၏။- သူ​တစ်​ပါး​ပိုင်​သော​ပြည်၌ ဧည့်​သည်​နေ​သ​ကဲ့​သို့၊ က​တိ​တော်​နှင့် စပ်​ဆိုင်​သော​ပြည်၌ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဧည့်​သည်​ဖြစ်၍​နေ၏။ ထို​က​တိ​တော်​ကို အ​မွေ​ခံ​ရ​သော အ​ဖော်​အ​ဖက်​တည်း​ဟူ​သော ဣ​ဇာက်၊ ယာ​ကုပ်​တို့​နှင့်​အ​တူ တဲ၌​နေ​လေ၏။- အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင် တည်​ထောင်​ပြု​စု​တော်​မူ​သော၊ ခိုင်​ခံ့​မြဲ​မြံ​သော​မြို့​ကို မျှော်​လ​င့်​သ​တည်း။- သူ၏​ခင်​ပွန်း​စာ​ရာ​သည်​လည်း အ​ရွယ်​လွန်​သော​အ​ခါ၊ ပ​ဋိ​သ​န္ဓေ​ယူ​နိုင်​သော အ​ခွင့်​တန်​ခိုး​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ခံ​ရ​လေ၏။ အ​ကြောင်း​မူ​ကား၊ က​တိ​ထား​တော်​မူ​သော​သူ​သည် သ​စ္စာ​ရှိ​သည်​ဟု စိတ်​စွဲ​လမ်း​ခြင်း​ရှိ၏။- သို့​ဖြစ်၍၊ ထို​အ​မှု​အ​ရာ၌ လူ​သေ​နှင့်​တူ​သော သူ​တစ်​ယောက်​သည်၊ အ​ရေ​အ​တွက်​အား​ဖြင့် ကောင်း​ကင်​ကြယ်​ကဲ့​သို့​လည်း​ကောင်း၊ သ​မု​ဒ္ဒ​ရာ​ကမ်း​နား၌ မ​ရေ​တွက်​နိုင်​သော သဲ​လုံး​ကဲ့​သို့​လည်း​ကောင်း၊ များ​စွာ​သော​သူ​တို့၏​အ​ဘ ဖြစ်​သ​တည်း။- ယ​ခု​ဆို​ခဲ့​ပြီး​သော သူ​အ​ပေါင်း​တို့​သည်၊ က​တိ​တော်​နှင့်​စပ်​ဆိုင်​သော အ​ကျိုး​ကျေး​ဇူး​ကို မ​ခံ​ရ​ဘဲ၊ အ​ဝေး​က​မြော်​မြင်​လျက်၊ စိတ်​နှ​လုံး​နှင့် ဖက်​ယမ်း​လျက်၊ မိ​မိ​တို့​သည် မြေ​ကြီး​ပေါ်​မှာ တစ်​ကျွန်း​သူ​တစ်​နိုင်​ငံ​သား၊ ဧည့်​သည် အာ​ဂ​န္တု​ဖြစ်​သည်​ကို ထင်​ရှား​စွာ​ဝန်​ခံ​လျက်၊ ယုံ​ကြည်​ခြင်း​စိတ်​နှင့် သေ​လွန်​ကြ၏။- ထို​သို့ ဝန်​ခံ​သော​သူ​တို့​သည် မိ​မိ​တို့​အ​ဘ​ပြည်​ကို ရှာ​ကြ​သည်​ဟု အ​တည့်​အ​လင်း​ပြော​ဆို​ကြ၏။- ထို​သူ​တို့​သည် အ​ထက်​က​ထွက်​သွား​သော ပြည်​ကို အောက်​မေ့​သည်​မှန်​လျှင်၊ ထို​ပြည်​သို့ ပြန်​ရ​သော​အ​ခွင့် ရှိ​ကြ၏။- ထို​ပြည်​ကို​မ​အောက်​မေ့​ဘဲ၊ ကောင်း​ကင်​ပြည် တည်း​ဟူ​သော သာ၍​မြတ်​သော​ပြည်​ကို တောင့်​တ​ခြင်း​ရှိ​ကြ၏။ ထို​ကြောင့်၊ ဘု​ရား​သ​ခင်​သည် သူ​တို့၏​ဘု​ရား​ဟူ၍ ခေါ်​ဝေါ်​ခြင်း​ကို​ရှက်​တော်​မ​မူ၊ သူ​တို့​နေ​စ​ရာ​ဖို့ မြို့​ကို တည်​ထောင်​တော်​မူ​ပြီ။ အာ​ဗြ​ဟံ​သည် စုံ​စမ်း​တော်​မူ​ခြင်း​ကို ခံ​ရ​သော​အ​ခါ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဣ​ဇာက်​ကို​ပူ​ဇော်၏။- ဣ​ဇာက်၌​သာ သင်၏​အ​မျိုး​တည်​လိမ့်​မည်​ဟူ​သော ဗျာ​ဒိတ်​တော်​မှ​စ၍ က​တိ​တော်​များ​ကို ခံ​ရ​သော​သူ​သည်၊ မိ​မိ၌ တစ်​ယောက်​တည်း​သော ထို​သား​ကို ပူ​ဇော်၏။- ထို​သို့​ပူ​ဇော်​သော​အ​ခါ သေ​ခြင်း​မှ ထ​မြောက်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင် တတ်​နိုင်​တော်​မူ​သည်​ကို သူ​သည်​အောက်​မေ့၏။ ထို​သား​ကို ပုံ​စ​ကား​အား​ဖြင့် သေ​ခြင်း​ထဲ​က​ရ၏။

ဟေဗြဲ 11:8-19 Common Language Bible (BCL)

အာ​ဗြ​ဟံ​သည်​ဘု​ရား​သ​ခင်​ခေါ်​တော်​မူ သော​အ​ခါ ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​၍ မိ​မိ​အား​က​တိ​ထား​တော်​မူ​သော​ပြည်​သို့ ယုံ​ကြည်​ခြင်း​အား​ဖြင့်​ထွက်​ခွာ​သွား​၏။ သူ သည်​အ​ဘယ်​အ​ရပ်​သို့​သွား​ရ​မည်​ကို မ​သိ​ဘဲ မိ​မိ​၏​ရပ်​ရွာ​ကို​စွန့်​ခဲ့​ပေ​သည်။- ဘု​ရား​သ​ခင်​က​တိ​ထား​တော်​မူ​သော​ပြည် ၌ သူ​သည်​တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​အ​ဖြစ် ယုံ​ကြည်​ခြင်း​အား​ဖြင့်​နေ​ထိုင်​ခဲ့​၏။ သူ​သည် မိ​မိ​နည်း​တူ​က​တိ​တော်​ကို​ခံ​စား​ရ​သူ ဣ​ဇာက်၊ ယာ​ကုပ်​တို့​ကဲ့​သို့​တဲ​ရှင်​ထိုး​၍ နေ​လေ​သည်။- အ​ဘယ်​ကြောင့်​ဆို​သော်​အာ​ဗြ​ဟံ​သည် ဘု​ရား​သ​ခင်​စီ​မံ​တည်​ဆောက်​တော်​မူ သော​ခိုင်​ခန့်​သည့်​အုတ်​မြစ်​ရှိ​သော​မြို့​ကို မျှော်​လင့်​စောင့်​စား​လျက်​နေ​သော​ကြောင့် တည်း။ အာ​ဗြ​ဟံ​သည်​အို​မင်း​လေ​ပြီ။ စာ​ရာ​သည် လည်း​သား​သ​မီး​မွေး​ဖွား​နိုင်​သော​အ​ရွယ် လွန်​လေ​ပြီ။ သို့​ရာ​တွင်​အာ​ဗြ​ဟံ​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဖ​ခင်​ဖြစ်​လာ​၏။ ဘု​ရား​သ​ခင်​သည်​က​တိ​ထား​တော်​မူ​သည် အ​တိုင်း​သစ္စာ​တည်​တော်​မူ​သည်​ဟု​ယုံ ကြည်​၏။- အာ​ဗြ​ဟံ​သည်​သူ​သေ​နှင့်​မ​ထူး​ခြား သော်​လည်း သူ​တစ်​ယောက်​မှ​ပေါက်​ဖွား​လာ သော​သား​မြေး​များ​မှာ​ကောင်း​ကင်​ကြယ် များ​ကဲ့​သို့​လည်း​ကောင်း၊ မ​ရေ​မ​တွက်​နိုင် သော​ပင်​လယ်​ကမ်း​ခြေ​သဲ​လုံး​များ​ကဲ့​သို့ လည်း​ကောင်း​များ​ပြား​သ​တည်း။ ထို​သူ​အ​ပေါင်း​တို့​သည်​ယုံ​ကြည်​လျက် သေ​လွန်​ကြ​ကုန်​၏။ သူ​တို့​သည်​ဘု​ရား သ​ခင်​က​တိ​ထား​တော်​မူ​သော​အ​ရာ များ​ကို​မ​ခံ​စား​ကြ​ရ​သော်​လည်း အ​ဝေး မှ​မြင်​၍​ကြို​ဆို​ကြ​၏။ သူ​တို့​သည်​ကမ္ဘာ မြေ​ကြီး​ပေါ်​တွင်​တစ်​ကျွန်း​တစ်​နိုင်​ငံ​သား၊ ဧည့်​သည်​အာ​ဂန္တု​များ​သာ​ဖြစ်​ကြောင်း ကို​ပွင့်​လင်း​စွာ​ဝန်​ခံ​ကြ​ပေ​သည်။- ယင်း​သို့​ဝန်​ခံ​သူ​တို့​သည် မိ​မိ​တို့​ကိုယ်​ပိုင် နိုင်​ငံ​တစ်​ခု​ကို​ရှာ​လျက်​နေ​ကြ​ကြောင်း အ​တိ​အ​လင်း​ပြော​ဆို​ကြ​၏။- သူ​တို့​သည်​မိ​မိ​တို့​ထွက်​ခွာ​လာ​ခဲ့​သည့်​ပြည် ကို​တမ်း​တ​လျက်​နေ​ကြ​သည်​မ​ဟုတ်။ ထို ပြည်​ကို​တမ်း​တ​ပါ​က​ပြန်​နိုင်​ရန်​အ​ခွင့် ကို​ရ​ရှိ​ကြ​ပေ​သည်။- သို့​ရာ​တွင်​သူ​တို့​သည်​ထို​ပြည်​ထက်​သာ​လွန် ကောင်း​မြတ်​သည့်​ကောင်း​ကင်​ရွှေ​ပြည်​ကို​တမ်း​တ ကြ​သည်​ဖြစ်​၍ ဘု​ရား​သ​ခင်​သည်​သူ​တို့​၏ ဘု​ရား​ဟူ​၍​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​သည်​ကို​ရှက် တော်​မ​မူ။ ကိုယ်​တော်​သည်​သူ​တို့​နေ​ထိုင်​ရန် မြို့​ကို​ပြင်​ဆင်​တော်​မူ​ပြီး​ဖြစ်​သ​တည်း။ အာ​ဗြ​ဟံ​သည်​ဘု​ရား​၏​စမ်း​သပ်​စစ်​ဆေး​ခြင်း ကို​ခံ​ရ​သော​အ​ခါ​ယုံ​ကြည်​ခြင်း​အား​ဖြင့် သား ဣ​ဇာက်​ကို​ယဇ်​ကောင်​အ​ဖြစ်​ပူ​ဇော်​လေ​သည်။ ``သင်​၏​အ​မျိုး​အ​နွယ်​ကို​ဣ​ဇာက်​မှ​ဆင်း​သက် ပေါက်​ပွား​စေ​မည်'' ဟူ​သော​ဘု​ရား​သ​ခင်​၏ က​တိ​တော်​ကို သူ​သည်​ခံ​ယူ​ရ​ရှိ​ခဲ့​သော်​လည်း မိ​မိ​၏​တစ်​ဦး​တည်း​သော​သား​ကို​ပူ​ဇော်​ရန် အ​သင့်​ရှိ​ပေ​သည်။- ဣ​ဇာက်​အား​သေ​ရာ​မှ​ဘု​ရား​သ​ခင်​ပြန်​၍ ရှင်​စေ​တော်​မူ​နိုင်​ကြောင်း​ကို​သူ​သည်​မှတ်​ယူ ၏။ အ​မှန်​စင်​စစ်​အား​ဖြင့်​သူ​သည်​မိ​မိ​၏ သား​ကို​သေ​ရာ​မှ​ပြန်​၍​ရ​သည်​ဟု​ဆို​နိုင် လေ​သည်။

ဟေဗြဲ 11:8-19 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အာဗြဟံ​သည် အမွေ​အဖြစ်​ဆက်ခံ​ရ​မည့်​ပြည်​သို့​ထွက်ခွာ​သွား​ရန် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သောအခါ မည်သည့်​အရပ်​သို့​သွား​ရ​မည်​ကို​မ​သိ​ဘဲ​လျက် ယုံကြည်​ခြင်း​အားဖြင့်​နာခံ​၍ ထွက်သွား​လေ​၏။ သူ​သည် ယုံကြည်​ခြင်း​အားဖြင့် ကတိ​ထား​တော်မူ​သော​ပြည်​၌ တိုင်းတစ်ပါးသား​ကဲ့သို့ ဧည့်သည်​အဖြစ်​နေထိုင်​၍ တစ်ခုတည်း​သော​ကတိ​တော်​ကို အတူတကွ​အမွေ​ဆက်ခံ​သူ​များ​ဖြစ်​ကြ​သော ဣဇက်၊ ယာကုပ်​တို့​နှင့်အတူ တဲ​များ​တွင်​နေထိုင်​ကြ​၏။ အကြောင်းမူကား သူ​သည် ဘုရားသခင်​ရေးဆွဲ​စီမံ​၍ တည်ဆောက်​တော်မူ​သော ခိုင်ခံ့​သည့်​အုတ်မြစ်​ရှိ​သော​မြို့​ကို မျှော်လင့်​နေ​၏။ ထိုနည်းတူ အမြုံ​ဖြစ်​သော​စာရာ​သည်​လည်း အသက်အရွယ်​လွန်​ပြီး​သောအခါ ယုံကြည်​ခြင်း​အားဖြင့် ပဋိသန္ဓေ​တည်​နိုင်​သော​အစွမ်း​ကို​ရရှိ​၏။ အကြောင်းမူကား ကတိ​ပေး​တော်မူ​သော​အရှင်​သည် သစ္စာရှိ​သည်​ဟု​မှတ်ယူ​သောကြောင့်​ဖြစ်​၏။ ဤသို့ဖြင့် ကောင်းကင်​ကြယ်​များ​ကဲ့သို့​လည်းကောင်း၊ ပင်လယ်​ကမ်းခြေ​မှ မ​ရေတွက်​နိုင်​သော​သဲပွင့်​များ​ကဲ့သို့​လည်းကောင်း များစွာ​သော​သူ​တို့​သည် သေသူ​ကဲ့သို့​ဖြစ်​နေ​သော​လူ​တစ်​ဦး​ထံမှ ပေါက်ဖွား​လာ​ကြ​၏။ ထို​သူ​အပေါင်း​တို့​သည် ကတိ​ပေး​တော်မူ​သော​အရာ​များ​ကို မ​ခံစား​ရ​သော်လည်း ၎င်း​တို့​ကို အဝေး​မှ​လှမ်းမြင်​၍ ကြိုဆို​လက်ခံ​ကာ မိမိ​တို့​သည် မြေကြီး​ပေါ်၌ အာဂန္တု​များ​နှင့်​သူစိမ်း​ဧည့်သည်​များ​သာ​ဖြစ်​ကြောင်း ဝန်ခံ​လျက် ယုံကြည်​ရင်း​သေလွန်​ကြ​၏။ ထိုသို့​ဝန်ခံ​သော​သူ​တို့​သည် မိမိ​တို့​နေရင်း​ပြည်​ကို ကြိုးစား​ရှာဖွေ​နေ​ကြောင်း ထင်ရှား​စေ​ကြ​၏။ သူ​တို့​သည် မိမိ​တို့​ထွက်ခွာ​လာ​ခဲ့​သော​ပြည်​ကို သတိရ​ကြ​သည်​မှန်​လျှင် ပြန်​ရ​သော​အခွင့်အခါ​ရှိ​ခဲ့​ပေ​လိမ့်မည်။ သို့သော် အမှန်​အားဖြင့် သူ​တို့​သည် အထက်​ကောင်းကင်​အရပ်​၌​ရှိ​သည့်​ပြည်​တည်းဟူသော သာ၍​မြတ်​သော​ပြည်​ကို အလွန်​တောင့်တ​နေ​ကြ​၏။ ထို့ကြောင့် ဘုရားသခင်​သည် သူ​တို့​၏​ဘုရား​ဟု​ခေါ်ဝေါ်​ခြင်း​ခံရ​သည်​ကို ရှက်​တော်​မ​မူ။ အကြောင်းမူကား ကိုယ်တော်​သည် သူ​တို့​အတွက် မြို့​တော်​ကို​ပြင်ဆင်​ထား​တော်မူ​၏။ အာဗြဟံ​သည် စမ်းသပ်​စစ်ဆေး​ခြင်း​ကို​ခံရ​သောအခါ ယုံကြည်​ခြင်း​အားဖြင့် ဣဇက်​ကို​ပူဇော်​၏။ ကတိ​တော်​များ​ကို​ရရှိ​ထား​သော​သူ​သည် တစ်ဦးတည်း​သော​သား​ကို​ပူဇော်​ရန်​ပြင်ဆင်​၏။ ထို​သား​နှင့်​ပတ်သက်၍ “ဣဇက်​မှ​ဆင်းသက်​သော​သူ​သည် သင်​၏​အမျိုးအနွယ်​ဟူ၍ ခေါ်ဝေါ်​ခြင်း​ခံရ​လိမ့်မည်”​ဟု မြွက်ဆို​ထား​၏။ ဘုရားသခင်​သည် သေလွန်​သော​သူ​တို့​ကို​ပင် ထမြောက်​စေ​နိုင်​သည်​ဟု သူ​သည်​မှတ်ယူ​လျက် ထိုသို့​ပူဇော်​၏။ ပုံ​ဥပမာ​အဖြစ်​ဆို​ရ​လျှင် သူ​သည် ထို​သား​ကို သေ​သော​သူ​တို့​ထဲမှ ပြန်​ရ​ခဲ့​၏။