YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 11:35-38

ဟေဗြဲ 11:35-38 Judson Bible (JBMLE)

မိန်း​မ​တို့​သည်​လည်း၊ သေ​ခြင်း​မှ ထ​မြောက်​သော မိ​မိ​တို့​သား​ကို ရ​ပြန်​ကြ၏။ အ​ချို့​သော​သူ​တို့​သည်၊ သာ၍​မြတ်​သော ထ​မြောက်​ခြင်း​သို့ ရောက်​လို​သော​ငှာ၊ လွှတ်​ခြင်း​ကို​မ​ခံ​မ​ယူ​ဘဲ ပြင်း​စွာ​သော ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ကြ၏။- အ​ချို့​သော​သူ​တို့​သည် ကဲ့​ရဲ့​ရိုက်​ပုတ်​ခြင်း၊ ချည်​နှောင်​ခြင်း​ကို​ခံ၍ ထောင်​ထဲ​မှာ​နေ​ရ​သ​ဖြင့်၊ စုံ​စမ်း​ခြင်း​ကို ခံ​ရ​ကြ၏။- ကျောက်​ခဲ​နှင့် ပစ်​ခြင်း၊ လွှ​နှင့် အ​ပိုင်း​ပိုင်း​တိုက်​ဖြတ်​ခြင်း၊ စုံ​စမ်း​နှောင့်​ယှက်​ခြင်း၊ ဓား​လက်​နက်​နှင့် ကွပ်​မျက်​ခြင်း​ကို ခံ​ရ​ကြ၏။ အ​လွန်​ဆင်း​ရဲ​လျက် ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို ခံ​လျက်၊ သိုး​ရေ၊ ဆိတ်​ရေ​ကို​ဝတ်၍ လှည့်​လည်​ရ​ကြ၏။- ဤ​လော​က​သည် ထို​သူ​တို့​နှင့် မ​ထိုက်​မ​တန်။ သူ​တို့​သည် တော​ကြို​တောင်​ကြား၊ ဥ​မင်​မြေ​တွင်း​ထဲ​မှာ အ​ပြောင်း​ပြောင်း အ​လည်​လည် နေ​ရ​ကြ၏။

ဟေဗြဲ 11:35-38 Common Language Bible (BCL)

အ​မျိုး​သ​မီး​တို့​သည်​လည်း​ယုံ​ကြည်​ခြင်း အား​ဖြင့်​သေ​ရာ​မှ​ရှင်​လာ​သော​ဆွေ​မျိုး​များ တို့​ကို​ပြန်​လည်​၍​ရ​ရှိ​ကြ​၏။ အ​ချို့​သော​သူ​တို့​သည်​လွတ်​မြောက်​ခွင့်​ကို လက်​မ​ခံ​ဘဲ သာ​လွန်​မွန်​မြတ်​သည့်​ဘ​ဝ​သို့ ထ​မြောက်​ဝင်​စား​ရ​စေ​ရန်​နှိပ်​စက်​ညှဉ်း​ဆဲ ခြင်း​ကို​ခံ​၍​သေ​ကြ​ကုန်​၏။- အ​ချို့​သော​သူ​တို့​သည်​ကဲ့​ရဲ့​ရိုက်​နှက်​ခြင်း​ကို ခံ​ကြ​ရ​၏။ အ​ချို့​သူ​တို့​သည်​ကား​သံ​ကြိုး​ဖြင့် ချည်​နှောင်​ကာ​အ​ကျဉ်း​ချ​ခြင်း​ကို​ခံ​ရ​ကြ​၏။- သူ​တို့​သည်​ခဲ​နှင့်​ပေါက်​ခြင်း၊ လွှ​နှင့်​တိုက်​ဖြတ် ခြင်း၊ ဋ္ဌား​နှင့်​ခုတ်​သတ်​ခြင်း​တို့​ကို​ခံ​ကြ​ရ​၏။ သူ​တို့​သည်​ဆင်း​ရဲ​နွမ်း​ပါး​လျက်​အ​နှိပ်​အ​စက် ကို​ခံ​၍​မ​တ​ရား​အ​နိုင်​အ​ထက်​ပြု​ခြင်း​ကို ခံ​ကာ၊ သိုး​ရေ​ဆိတ်​ရေ​တို့​ကို​ဝတ်​၍​သွား​လာ ကြ​ရ​၏။- ကမ္ဘာ​လော​က​သည်​ထို​သူ​တို့​နှင့်​မ​ထိုက်​မ​တန် ပါ​တ​ကား။ သူ​တို့​သည်​လိုဏ်​ဂူ​များ​နှင့်​မြေ တွင်း​များ​တွင်​နေ​ထိုင်​ကြ​လျက်​တော​ကန္တာ​ရ များ​နှင့်​တောင်​ပေါ်​ဒေ​သ​များ​သို့​လှည့်​လည် သွား​လာ​ရ​ကြ​၏။

ဟေဗြဲ 11:35-38 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မိန်းမ​တို့​သည်​လည်း သေ​သော​သူ​တို့​ထဲမှ​ရှင်ပြန်​ထမြောက်​စေ​ခြင်း​ခံရ​သည့် မိမိ​တို့​နှင့်ဆိုင်သော​သူ​တို့​ကို ပြန်လည်​ရရှိ​ကြ​၏။ လူ​အချို့​တို့​သည်​လည်း သာ၍​မြတ်​သော​ရှင်ပြန်​ထမြောက်​ခြင်း​ကို​ရရှိ​ရန် လွတ်မြောက်​ခြင်း​ကို​မ​ခံယူ​ဘဲ ပြင်းထန်​သော​နှိပ်စက်​ခြင်း​ကို​ခံယူ​ကြ​၏။ အချို့​သော​သူ​တို့​မူကား ကဲ့ရဲ့​ခြင်း၊ ကြိမ်ဒဏ်​ပေး​ခြင်း​တို့​ကို​ခံရ​သည်​သာမက ထောင်​ထဲ၌​ချုပ်နှောင်​ထား​ခြင်း​ကို​လည်း​ခံ​ခဲ့​ကြ​ရ​၏။ သူ​တို့​သည် ခဲ​နှင့်​ပေါက်​သတ်​ခြင်း၊ လွှ​နှင့်​ပိုင်းဖြတ်​ခြင်း၊ ဓား​နှင့်​ခုတ်​သတ်​ခြင်း​တို့​ကို​ခံရ​ကြ​၍ ဆင်းရဲ​နွမ်းပါး​လျက်​၊ နှိပ်စက်​ခြင်း၊ မတရား​ပြုမူ​ဆက်ဆံ​ခြင်း​တို့​ကို​ခံရ​လျက်​၊ သိုး​သားရေ၊ ဆိတ်​သားရေ​တို့​ကို​ဝတ်​လျက် လှည့်လှည်​ကြ​ရ​၏။ ဤ​လောက​သည် ထို​သူ​တို့​နှင့်​မ​ထိုက်တန်​ချေ။ သူ​တို့​သည် တော​ကန္တာရ​များ၊ တောင်တန်း​များ၊ လိုဏ်ဂူ​များ​နှင့် မြေ​တွင်း​များ​တွင် လှည့်လည်​နေထိုင်​ကြ​ရ​၏။