YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 11:32-34

ဟေဗြဲ 11:32-34 Judson Bible (JBMLE)

ထို​မှ​တစ်​ပါး၊ အ​ဘယ်​သို့ ပြော​စ​ရာ​ရှိ​သေး​သ​နည်း။ ဂိ​ဒေါင်၊ ဗာ​ရက်၊ ရှံ​ဆုံ၊ ယေ​ဖ​သ၊ ဒါ​ဝိဒ်၊ ရှ​မွေ​လ​မှ​စ၍ ပ​ရော​ဖက်​တို့​အ​ကြောင်း​များ​ကို ပြော၍​မ​ကုန်​နိုင်။- ထို​သူ​တို့​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​ခြား​သော​တိုင်း​နိုင်​ငံ​ကို အောင်​ခြင်း၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း၊ က​တိ​တော်​ကို ဝင်​စား​ခြင်း၊ ခြင်္သေ့​နှုတ်​ကို ပိတ်​ခြင်း၊- မီး​အ​ရှိန်​ကို ငြိမ်း​စေ​ခြင်း၊ ဓား​လက်​နက်​ဘေး​နှင့် ကင်း​လွတ်​ခြင်း၊ အ​နာ​မှ​ထ​မြောက်၍ ကျန်း​မာ​ခြင်း၊ စစ်​တိုက်​သော​အ​ခါ ခွန်​အား​နှင့်​ပြည့်​စုံ​ခြင်း၊ တစ်​ပါး​အ​မျိုး​သား​တို့၏ တပ်​များ​ကို ဖျက်​ဆီး​ခြင်း​အ​မှု​များ​ကို ပြု​ကြ၏။

ဟေဗြဲ 11:32-34 Common Language Bible (BCL)

ဆက်​လက်​ဖော်​ပြ​ရန်​လို​သေး​သ​လော။ ဂိ​ဒေါင်၊ ဗာ​ရက်၊ ရှံ​ဆုံ၊ ယေ​ဖ​သ၊ ဒါ​ဝိဒ်၊ ရှ​မွေ​လ​နှင့် ပ​ရော​ဖက်​များ​အ​ကြောင်း​ကို​ဖော်​ပြ​ရန် အ​ချိန်​လောက်​မည်​မ​ဟုတ်။- ထို​သူ​တို့​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့်​တိုင်း နိုင်​ငံ​များ​ကို​နှိမ်​နင်း​အောင်​မြင်​ခဲ့​ကြ​၏။ အ​မှန် တ​ရား​ကို​ကျင့်​သုံး​၍​ဘု​ရား​သ​ခင်​၏​က​တိ တော်​အ​တိုင်း​ခံ​စား​ခဲ့​ကြ​၏။ ခြင်္သေ့​များ​၏​နှုတ် ကို​ပိတ်​ခဲ့​ကြ​၏။- ပြင်း​ထန်​စွာ​တောက်​လောင်​နေ​သော​မီး​ကို​ငြိမ်း သတ်​ခဲ့​ကြ​၏။ ဋ္ဌား​ဘေး​မှ​လွတ်​မြောက်​ခဲ့​ကြ​၏။ သူ​တို့​သည်​ခွန်​အား​နည်း​သူ​များ​ဖြစ်​သော်​လည်း ခွန်​အား​ကြီး​လာ​ကြ​၏။ စစ်​ရေး​၌​စွမ်း​ရည်​သတ္တိ ရှိ​လျက်​တိုင်း​တစ်​ပါး​မှ​တပ်​များ​ကို​ဖြို​ခွင်း ကြ​၏။

ဟေဗြဲ 11:32-34 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ပြင် ထပ်၍ မည်သည့်​အကြောင်း​ကို ပြော​ရ​ဦး​မည်နည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုန်၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလ​နှင့် ပရောဖက်​တို့​၏​အကြောင်း​များ​ကို​ပြော​လျှင် အချိန်​လောက်​မည်​မ​ဟုတ်။ ထို​သူ​တို့​သည် ယုံကြည်​ခြင်း​အားဖြင့် တိုင်း​နိုင်ငံ​များ​ကို​အောင်​ခြင်း၊ ဖြောင့်မတ်​စွာ​အုပ်ချုပ်​ခြင်း၊ ကတိ​တော်​များ​ကို​ခံစား​ရ​ခြင်း၊ ခြင်္သေ့​နှုတ်​ကို​ပိတ်​ခြင်း၊ မီး​အရှိန်​ကို​ငြိမ်း​စေ​ခြင်း၊ ဓား​ဘေး​မှ​လွတ်မြောက်​ခြင်း၊ အားနည်း​ရာ​မှ အားကြီး​လာ​ခြင်း၊ စစ်ပွဲ​၌ ခွန်အား​နှင့်​ပြည့်စုံ​လာ​၍ တိုင်းတစ်ပါးသား​တို့​၏​စခန်း​များ​ကို​ဖြိုခွင်း​ခြင်း စသည့်​အမှု​များ​ကို​ပြု​ခဲ့​ကြ​၏။