YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 11:24-26

ဟေဗြဲ 11:24-26 Judson Bible (JBMLE)

မော​ရှေ​သည် အ​သက်​အ​ရွယ်​ကြီး​သော​အ​ခါ အ​ပြစ်​ရှိ​သော ကာ​မ​ဂုဏ်​ကို ခ​ဏ​ခံ​စား​ခြင်း​ထက်၊ ဘု​ရား​သ​ခင်၏​လူ​တို့​နှင့် အ​တူ​ညှဉ်း​ဆဲ​ခံ​ရ​ခြင်း​ကို သာ၍ အ​လို​ရှိ​သ​ဖြင့်​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်၏ စည်း​စိမ်​ထက် ခ​ရစ်​တော်​ကြောင့် ကဲ့​ရဲ့​ခြင်း​ဒု​က္ခ​သည် သာ၍​မြတ်​သော စည်း​စိမ်​ဖြစ်​သည်​ကို စိတ်​ထင်​သ​ဖြင့်​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း​စိတ်​ရှိ၍ ဖာ​ရော​ဘု​ရင်​သ​မီး၏​သား​ဟူ၍ ခေါ်​ဝေါ်​ခြင်း​အ​ခွင့်​ကို ပယ်၏။ အ​ကြောင်း​မူ​ကား၊ နောက်​ရ​လ​တ္တံ့​သော​အ​ကျိုး​ကို ထောက်​စာ​မျှော်​လ​င့်​လျက်​နေ၏။

ဟေဗြဲ 11:24-26 Common Language Bible (BCL)

မော​ရှေ​သည်​ကြီး​ပြင်း​လာ​သော​အ​ခါ​ယုံ​ကြည် ခြင်း​အား​ဖြင့် မိမိ​ကိုယ်​ကို​ဖာ​ရော​ဘု​ရင့်​သ​မီး တော်​၏​သား​ဟူ​၍​အ​ခေါ်​မ​ခံ​ဘဲ​နေ​၏။- သူ​သည်​ခ​ဏ​တာ​မျှ​အ​ပြစ်​၌​ပျော်​မွေ့​ရ​သည် ထက် ဘု​ရား​သ​ခင်​၏​လူ​စု​တော်​နှင့်​အ​တူ ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​သည်​ကို​ပို​မို​၍​လို​လား​၏။- မေ​ရှိ​ယ​အ​ရှင်​၏​အ​တွက်​ခံ​ရ​သော​ကဲ့​ရဲ့​ခြင်း သည် အီ​ဂျစ်​ပြည်​၏​စည်း​စိမ်​ချမ်း​သာ​ရှိ​သ​မျှ တို့​ထက်​ပို​၍​တန်​ဖိုး​ရှိ​သည်​ဟု​ယူ​ဆ​၏။ အ​ဘယ် ကြောင့်​ဆို​သော်​သူ​သည်​အ​နာ​ဂတ်​ကာ​လ​တွင် ရ​ရှိ​မည့်​အ​ကျိုး​ကို အာ​ရုံ​စူး​စိုက်​လျက်​နေ သော​ကြောင့်​ဖြစ်​ပေ​သည်။

ဟေဗြဲ 11:24-26 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မောရှေ​သည် အရွယ်ရောက်​သောအခါ ဖာရော​ဘုရင်​သမီး​တော်​၏​သား​ဟု​ခေါ်ဝေါ်​ခြင်း​ခံရ​သည်​ကို​ငြင်းပယ်​၍ အပြစ်​နှင့်ဆိုင်သော​ပျော်ရွှင်​မှု​ကို ခဏ​သာ​ခံစား​ရ​ခြင်း​ထက် ဘုရားသခင်​၏​လူမျိုး​တော်​နှင့်အတူ ဆင်းရဲ​ဒုက္ခ​ခံရ​ခြင်း​ကို ယုံကြည်​ခြင်း​အားဖြင့်​ရွေးချယ်​၏။ သူ​သည် အကျိုးကျေးဇူး​ကို ရှေးရှု​မျှော်မှန်း​လျက်​နေ​သောကြောင့် ခရစ်တော်​အတွက်​ကဲ့ရဲ့​ပြစ်တင်​ခြင်း​ခံရ​သည်​ကို အီဂျစ်​ပြည်​၏​ဥစ္စာ​ဘဏ္ဍာ​များ​ထက် ပို၍​မြတ်​သော​စည်းစိမ်​ဖြစ်​သည်​ဟု မှတ်ယူ​လေ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။