YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 11:1-4

ဟေဗြဲ 11:1-4 Judson Bible (JBMLE)

ယုံ​ကြည်​ခြင်း​သည် မျှော်​လ​င့်​သော​အ​ရာ​တို့​ကို မျက်​မှောက်​ပြု​ခြင်း​ဖြစ်၏။ မ​မြင်​သေး​သော အ​ရာ​တို့​ကို သိ​မှတ်​စွဲ​လမ်း​ခြင်း​အ​ကြောင်း ဖြစ်၏။- ထို​ပါ​ရ​မီ​ကြောင့်၊ ရှေး​လူ​ဟောင်း​တို့​သည် ချီး​မွမ်း​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ၏။- ယ​ခု​မြင်​ရ​သော​အ​ရာ​တို့​သည်၊ အ​ရင်​ထင်​ရှား​သော အ​ရာ​ထဲ​က မ​ဖြစ်​ဘဲ၊ လော​က​ဓာတ်​တို့​သည် ဘု​ရား​သ​ခင်၏ အ​မိန့်​တော်​ကြောင့်​သာ တည်​သည်​ကို ငါ​တို့​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် သိ​ကြ၏။- အာ​ဗေ​လ​သည်၊ ကာ​ဣ​န​ပူ​ဇော်​သော​ယဇ်​ထက် သာ၍ မြတ်​သော​ယဇ်​ကို၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​အား ပူ​ဇော်၏။ ထို​သို့​သော​ယဇ်​ကို ပူ​ဇော်၍၊ မိ​မိ​ဖြောင့်​မတ်​သည်​ဟု သက်​သေ​ခံ​တော်​မူ​ခြင်း​ကို ရ​လေ၏။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သူ​လှူ​သော​အ​လှူ​ကို ဘု​ရား​သ​ခင်​သည် လက်​ခံ​တော်​မူ၏။ သို့​ဖြစ်၍၊ အာ​ဗေ​လ​သည် သေ​လွန်​သော်​လည်း ယ​ခု​ပင် တ​ရား​ဟော​သေး၏။

ဟေဗြဲ 11:1-4 Common Language Bible (BCL)

ယုံ​ကြည်​ခြင်း​ဆို​သည်​မှာ​မျှော်​လင့်​သည့် အ​ရာ​များ​ကို​စိတ်​ချ​ခြင်း၊ မ​မြင်​နိုင်​သော အ​ရာ​များ​ကို​သေ​ချာ​ခြင်း​ဖြစ်​၏။- ယုံ​ကြည်​ခြင်း​ကြောင့်​ရှေး​ခေတ်​လူ​တို့​သည် ဘု​ရား​သ​ခင်​၏​ချီး​မွမ်း​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ​၏။ မ​မြင်​နိုင်​သော​အ​ရာ​ထဲ​မှ​မြင်​ရ​သော​အ​ရာ ဖြစ်​ပေါ်​လာ​စေ​ရန်​ဘု​ရား​သ​ခင်​သည်​အ​မိန့် တော်​အား​ဖြင့် စ​ကြ​ဝ​ဠာ​ကို​ဖန်​ဆင်း​တော်​မူ ကြောင်း​ကို​ငါ​တို့​သိ​ကြ​ရ​သည်​မှာ​ယုံ​ကြည် ခြင်း​ကြောင့်​ဖြစ်​၏။ အာ​ဗေ​လ​သည်​ကာ​ဣ​န​ပူ​ဇော်​သော​ယဇ် ထက်​ပို​၍​မြတ်​သည့်​ယဇ်​ကို ဘု​ရား​သ​ခင် အား​ပူ​ဇော်​သည်​မှာ​ယုံ​ကြည်​ခြင်း​ကြောင့် ဖြစ်​၏။ သူ​၏​ယုံ​ကြည်​ခြင်း​ကို​ထောက်​၍ ဘု​ရား​သ​ခင်​သည် သူ့​အား​ဖြောင့်​မတ်​သူ အ​ဖြစ်​လက်​ခံ​တော်​မူ​၏။ အ​ဘယ်​ကြောင့် ဆို​သော် သူ​၏​ပူ​ဇော်​သ​ကာ​များ​ကို​နှစ် သက်​တော်​မူ​သော​ကြောင့်​ဖြစ်​၏။ အာ​ဗေ​လ သည်​သေ​လွန်​သော်​လည်း မိ​မိ​၏​ယုံ​ကြည် ခြင်း​အား​ဖြင့်​ယ​ခု​ပင်​ဟော​ပြော​သေး​၏။

ဟေဗြဲ 11:1-4 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယုံကြည်​ခြင်း​ဆို​သည်​မှာ မျှော်လင့်​ထား​သော​အရာ​များ​အပေါ်​စိတ်ချ​မှု​ရှိ​ခြင်း၊ မ​မြင်​ရ​သော​အရာ​တို့​အမှန်တကယ်​ရှိ​သည်​ဟု​မှတ်ယူ​ခြင်း​ဖြစ်​၏။ ရှေး​လူကြီး​တို့​သည် ဤ​ယုံကြည်​ခြင်း​ကြောင့် ချီးကျူး​ခံရ​ကြ​၏။ ဤ​လောကဓာတ်​ကို ဘုရားသခင်​၏​နှုတ်ကပတ်တော်​အားဖြင့် ဖန်ဆင်း​တော်မူ​သည်​ဖြစ်၍ ယခု​မြင်​ရ​သော​အရာ​သည် ထင်ရှား​လျက်​ရှိ​သော​အရာ​များ​မှ​ဖြစ်လာ​သည်​မ​ဟုတ်​ကြောင်း ယုံကြည်​ခြင်း​အားဖြင့် ငါ​တို့​သိ​ရ​ကြ​၏။ ယုံကြည်​ခြင်း​အားဖြင့် အာဗေလ​သည် ကာဣန​ထက် မြတ်​သော​ယဇ်​ကို ဘုရားသခင်​အား​ပူဇော်​ခဲ့​ပြီး ထို​ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​သော​သူ​အဖြစ် အသိအမှတ်ပြု​ခြင်း​ခံရ​၏။ အကြောင်းမူကား ဘုရားသခင်​သည် သူ​၏​ပူဇော်သက္ကာ​များ​ကို အသိအမှတ်ပြု​တော်မူ​၏။ သူ​သည် သေလွန်​သော်လည်း ထို​ယုံကြည်​ခြင်း​အားဖြင့် ယခု​တိုင်အောင် စကား​ပြော​နေ​သေး​၏။