ဟေဗြဲ 11:1-3
ဟေဗြဲ 11:1-3 Judson Bible (JBMLE)
ယုံကြည်ခြင်းသည် မျှော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏။ မမြင်သေးသော အရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်း ဖြစ်၏။- ထိုပါရမီကြောင့်၊ ရှေးလူဟောင်းတို့သည် ချီးမွမ်းတော်မူခြင်းကို ခံရကြ၏။- ယခုမြင်ရသောအရာတို့သည်၊ အရင်ထင်ရှားသော အရာထဲက မဖြစ်ဘဲ၊ လောကဓာတ်တို့သည် ဘုရားသခင်၏ အမိန့်တော်ကြောင့်သာ တည်သည်ကို ငါတို့သည် ယုံကြည်ခြင်းအားဖြင့် သိကြ၏။
ဟေဗြဲ 11:1-3 Common Language Bible (BCL)
ယုံကြည်ခြင်းဆိုသည်မှာမျှော်လင့်သည့် အရာများကိုစိတ်ချခြင်း၊ မမြင်နိုင်သော အရာများကိုသေချာခြင်းဖြစ်၏။- ယုံကြည်ခြင်းကြောင့်ရှေးခေတ်လူတို့သည် ဘုရားသခင်၏ချီးမွမ်းတော်မူခြင်းကို ခံရကြ၏။ မမြင်နိုင်သောအရာထဲမှမြင်ရသောအရာ ဖြစ်ပေါ်လာစေရန်ဘုရားသခင်သည်အမိန့် တော်အားဖြင့် စကြဝဠာကိုဖန်ဆင်းတော်မူ ကြောင်းကိုငါတို့သိကြရသည်မှာယုံကြည် ခြင်းကြောင့်ဖြစ်၏။
ဟေဗြဲ 11:1-3 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ယုံကြည်ခြင်းဆိုသည်မှာ မျှော်လင့်ထားသောအရာများအပေါ်စိတ်ချမှုရှိခြင်း၊ မမြင်ရသောအရာတို့အမှန်တကယ်ရှိသည်ဟုမှတ်ယူခြင်းဖြစ်၏။ ရှေးလူကြီးတို့သည် ဤယုံကြည်ခြင်းကြောင့် ချီးကျူးခံရကြ၏။ ဤလောကဓာတ်ကို ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ဖန်ဆင်းတော်မူသည်ဖြစ်၍ ယခုမြင်ရသောအရာသည် ထင်ရှားလျက်ရှိသောအရာများမှဖြစ်လာသည်မဟုတ်ကြောင်း ယုံကြည်ခြင်းအားဖြင့် ငါတို့သိရကြ၏။