YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 10:10-14

ဟေဗြဲ 10:10-14 Judson Bible (JBMLE)

ထို​အ​လို​တော်​နှင့်​အ​ညီ ယေ​ရှု​ခ​ရစ်၏ ကိုယ်​တော်​ကို တစ်​ခါ​တည်း ပူ​ဇော်​သော​အား​ဖြင့်၊ ငါ​တို့​သည် စင်​ကြယ်​ခြင်း​သို့ ရောက်​ကြ၏။ ယဇ်​ပု​ရော​ဟိတ် မည်​သည်​ကား၊ နေ့​တိုင်း​ဝတ်​ပြု​လျက်၊ အ​ပြစ်​ကို မ​ဖြေ​နိုင်​သော​ယဇ်​ကို အ​ထပ်​ထပ် အ​ဖန်​ဖန် ပူ​ဇော်​လျက်​ရပ်​နေ​ရ၏။- ထို​သ​ခင်​မူ​ကား၊ အ​ပြစ်​ကို​ဖြေ​ခြင်း​ငှာ ယဇ်​တစ်​ခု​တည်း​ကို ပူ​ဇော်​ပြီး​မှ​စ၍၊ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်၌ အ​စဉ်​အ​မြဲ​ထိုင်၍၊- မိ​မိ​ရန်​သူ​တို့​ကို မိ​မိ​ခြေ​တင်​ရာ မ​ချ​မ​ထား​မီ​တိုင်​အောင် မျှော်​လ​င့်​လျက် နေ​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ စင်​ကြယ်​သော​သူ​တို့​သည် ထာ​ဝ​ရ​စုံ​လင်​ခြင်း​အကျိုးကိုရစေခြင်းငှာ၊ တစ်​ခါ​တည်း​ပူ​ဇော်​ခြင်း​အား​ဖြင့် ပြု​တော်​မူ၏။

ဟေဗြဲ 10:10-14 Common Language Bible (BCL)

ယေ​ရှု​ခ​ရစ်​သည်​ဘု​ရား​သ​ခင်​၏​အ​လို​တော် ကို​လိုက်​၍ မိ​မိ​ကိုယ်​ခန္ဓာ​ကို​တစ်​ခါ​တည်း အ​ပြီး​အ​ပိုင်​တင်​လှူ​ပူ​ဇော်​တော်​မူ​သ​ဖြင့် ငါ​တို့​အ​ပေါင်း​သည်​သန့်​စင်​မှု​ကို​ရ​ရှိ​ကြ​၏။ ယု​ဒ​ယဇ်​ပု​ရော​ဟိတ်​သည်​နေ့​စဉ်​နေ့​တိုင်း မိ​မိ ၏​ဝတ္တ​ရား​ကို​ရပ်​၍ ဆောင်​ရွက်​လျက်​အ​ဘယ် အ​ခါ​၌​မျှ အ​ပြစ်​ဖြေ​နိုင်​စွမ်း​မ​ရှိ​သည့်​ယဇ် ကို​အ​ဖန်​တ​လဲ​လဲ​ပူ​ဇော်​ရ​၏။- သို့​သော်​ခ​ရစ်​တော်​မူ​ကား​အ​ပြစ်​များ​ကို ဖြေ​ရန် အ​ခါ​ခပ်​သိမ်း​အ​တွက်​ယဇ်​တစ်​ခု တည်း​ကို​ပူ​ဇော်​တော်​မူ​၏။ ထို့​နောက်​ဘု​ရား သ​ခင်​၏​လက်​ယာ​တော်​ဘက်​တွင်​ထိုင်​တော် မူ​ပြီး​လျှင်၊- ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ခြေ​ဖ​ဝါး​တော် အောက်​သို့​ရန်​သူ​များ​ရောက်​ရှိ​လာ​စေ​တော်​မူ သည်​တိုင်​အောင်​စောင့်​ဆိုင်း​လျက်​နေ​တော်​မူ​၏။- ကိုယ်​တော်​သည်​မိ​မိ​ကိုယ်​ကို​တစ်​ကြိမ်​တည်း ပူ​ဇော်​ခြင်း​အား​ဖြင့် အ​ပြစ်​မှ​သန့်​စင်​လာ သူ​တို့​အား​ထာ​ဝ​စဉ်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ သူ​များ​ဖြစ်​လာ​စေ​တော်​မူ​သ​တည်း။

ဟေဗြဲ 10:10-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​အလို​တော်​နှင့်အညီ ယေရှု​ခရစ်တော်​၏​ကိုယ်ခန္ဓာ​ကို တစ်ကြိမ်တည်း​နှင့်​အပြီး ပူဇော်​ခြင်း​အားဖြင့် ငါ​တို့​သည် သန့်ရှင်း​စေ​ခြင်း​ခံရ​ကြ​၏။ ယဇ်ပုရောဟိတ်​အားလုံး​သည် နေ့စဉ်​ရပ်​လျက် ဝတ်ပြု​ကာ အပြစ်​များ​ကို​မ​ဖယ်ရှား​နိုင်​သည့် တူညီ​သော​ယဇ်​ကို အကြိမ်ကြိမ်​ပူဇော်​နေ​ကြ​၏။ သို့သော် ခရစ်တော်​သည် တစ်ခုတည်း​သော​ယဇ်​ကို အပြစ်​များ​အတွက် ထာဝစဉ်​ပူဇော်​ပြီးလျှင် ထို​အချိန်​မှစ၍ ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌​ထိုင်​လျက် မိမိ​၏​ရန်သူ​တို့​သည် မိမိ​ခြေ​တင်​ခုံ​အဖြစ်​ချ​ထား​ခြင်း​ခံရ​သည့်​တိုင်အောင် စောင့်ဆိုင်း​နေ​တော်မူ​၏။ အကြောင်းမူကား ကိုယ်တော်​သည် တစ်ခုတည်း​သော​ပူဇော်သက္ကာ​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​သော​သူ​တို့​အား ထာဝစဉ်​စုံလင်​စေ​တော်မူ​၏။