YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 10:1-18

ဟေဗြဲ 10:1-18 Judson Bible (JBMLE)

တစ်​နည်း​ကား၊ ပ​ညတ်​တ​ရား​သည် နောက်​ဖြစ်​လ​တ္တံ့​သော မင်္ဂ​လာ​အ​ကျိုး​တို့၏ သေ​ချာ​သော ပုံ​သ​ဏ္ဌာန်​ကို​မ​ပြ၊ အ​ရိပ်​ကို​သာ​ပြ​သည်​ဖြစ်၍၊ နှစ်​စဉ်​မ​ပြတ် ပူ​ဇော်​သော​ယဇ်​အား​ဖြင့် အ​ထံ​တော်​သို့ ချဉ်း​ကပ်​သော​သူ​တို့​ကို စုံ​လင်​ခြင်း​အ​ဖြစ်၌ မ​တည်​စေ​နိုင်​ရာ။- တည်​စေ​နိုင်​လျှင်၊ ဝတ်​ပြု​သော​သူ​တို့​သည် တစ်​ခါ​တည်း​နှင့် စင်​ကြယ်​ခြင်း​သို့ ရောက်​ပြီး​မှ၊ နောက်​တစ်​ဖန် သံ​ဝေ​ဂ​တ​ရား​ရ​စ​ရာ​အ​ကြောင်း အ​လျှင်း​မ​ရှိ​သည်​ဖြစ်​သော​ကြောင့်၊ ထို​ယဇ်​တို့​ကို တစ်​ခါ​တည်း​သာ​ပူ​ဇော်၍၊ နောက်​တစ်​ဖန် မ​ပူ​ဇော်​ဘဲ​နေ​ရ​ကြ​မည် မ​ဟုတ်​လော။- ယ​ခု​မူ​ကား ယဇ်​ပူ​ဇော်​သည်​တွင် အ​ပြစ်​များ​ကို နှစ်​တိုင်း အောက်​မေ့​ခြင်း​ရှိ၏။- အ​ကြောင်း​မူ​ကား၊ နွား၊ ဆိတ်၏​အ​သွေး​သည် အ​ပြစ်​ကို မ​ပယ်​နိုင်​ရာ။ ထို​ကြောင့်၊ ခ​ရစ်​တော်​သည် ဤ​လော​က​သို့ ကြွ​လာ​သော​အ​ခါ၊ အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် ယဇ်​နှင့် ပူ​ဇော်​သ​ကာ​ကို အ​လို​တော်​မ​ရှိ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​အ​ဖို့ ကိုယ်​ခ​န္ဓာ​ကို ပြင်​ဆင်​တော်​မူ​ပြီ။- မီး​ရှို့​ရာ​ယဇ်​နှင့် အ​ပြစ်​ဖြေ​ရာ ယဇ်​များ​ကို အား​ရ​နှစ်​သက်​တော်​မ​မူ​သော​အ​ခါ၊ ကျမ်း​စာ​လိပ်၌ အ​ကျွန်ုပ်​ကို အ​မှတ်​ပြု၍ ရေး​ထား​သည်​နှင့်​အ​ညီ၊- အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​အ​လို​ကို ဆောင်​အံ့​သော​ငှာ သွား​ပါ​မည်​ဟု အ​ကျွန်ုပ်​ဝန်​ခံ​ပါ​သည်​ဟု လျှောက်​ဆို၏။- ပ​ညတ်​တ​ရား​အ​တိုင်း ပြု​ရ​သော​ဝတ်​ကို ရည်​ဆောင်​လျက် ခ​ရစ်​တော်​က၊ မီး​ရှို့​ရာ​ယဇ်၊ အ​ပြစ်​ဖြေ​ရာ​ယဇ် အ​စ​ရှိ​သော​ယဇ်​များ​နှင့် ပူ​ဇော်​သ​ကာ​များ​တို့​ကို ကိုယ်​တော်​သည် အ​လို​တော်​မ​ရှိ၊ အား​ရ​နှစ်​သက်​တော်​မ​မူ​ဟု အ​ထက်​က ဆို​နှင့်​ပြီး​မှ၊- တစ်​ဖန်​တုံ၊ အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​အ​လို​ကို ဆောင်​အံ့​သော​ငှာ သွား​ပါ​မည်​ဟု ဆို​သည်​တွင်၊ ဒု​တိ​ယ​ဝတ်​ကို တည်​စေ​ခြင်း​ငှာ ပ​ထ​မ​ဝတ်​ကို ပယ်၏။- ထို​အ​လို​တော်​နှင့်​အ​ညီ ယေ​ရှု​ခ​ရစ်၏ ကိုယ်​တော်​ကို တစ်​ခါ​တည်း ပူ​ဇော်​သော​အား​ဖြင့်၊ ငါ​တို့​သည် စင်​ကြယ်​ခြင်း​သို့ ရောက်​ကြ၏။ ယဇ်​ပု​ရော​ဟိတ် မည်​သည်​ကား၊ နေ့​တိုင်း​ဝတ်​ပြု​လျက်၊ အ​ပြစ်​ကို မ​ဖြေ​နိုင်​သော​ယဇ်​ကို အ​ထပ်​ထပ် အ​ဖန်​ဖန် ပူ​ဇော်​လျက်​ရပ်​နေ​ရ၏။- ထို​သ​ခင်​မူ​ကား၊ အ​ပြစ်​ကို​ဖြေ​ခြင်း​ငှာ ယဇ်​တစ်​ခု​တည်း​ကို ပူ​ဇော်​ပြီး​မှ​စ၍၊ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်၌ အ​စဉ်​အ​မြဲ​ထိုင်၍၊- မိ​မိ​ရန်​သူ​တို့​ကို မိ​မိ​ခြေ​တင်​ရာ မ​ချ​မ​ထား​မီ​တိုင်​အောင် မျှော်​လ​င့်​လျက် နေ​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ စင်​ကြယ်​သော​သူ​တို့​သည် ထာ​ဝ​ရ​စုံ​လင်​ခြင်း​အကျိုးကိုရစေခြင်းငှာ၊ တစ်​ခါ​တည်း​ပူ​ဇော်​ခြင်း​အား​ဖြင့် ပြု​တော်​မူ၏။- ထို​သို့​နှင့်​အ​ညီ၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ငါ​တို့​အား သက်​သေ​ပေး​တော်​မူ​သည်​မှာ၊- နောင်​ကာ​လ​အ​ခါ သူ​တို့၌ ငါ​ပေး​သော ပ​ဋိ​ညာဉ်​တ​ရား​ဟူ​မူ​ကား၊ ငါ​ထာ​ဝ​ဘု​ရား​သည် ငါ့​ပ​ညတ်​တို့​ကို သူ​တို့​နှ​လုံး​ထဲ​မှာ ပေး​သွင်း​မည်။ သူ​တို့​စိတ်​ဝိ​ညာဉ်၏ အ​ပေါ်​မှာ ရေး​ထား​မည်​ဟု အ​ထက်​က​မိန့်​တော်​မူ​ပြီး​မှ၊- တစ်​ဖန်​တုံ၊ သူ​တို့​ပြစ်​မှား​ခြင်း၊ လွန်​ကျူး​ခြင်း အ​မျိုး​မျိုး​ကို ငါ​မ​အောက်​မေ့​ဘဲ နေ​မည်​ဟု လာ​သ​တည်း။- ထို​အ​ပြစ်​တို့​ကို လွှတ်​ပြီး​လျှင် နောက်​တစ်​ဖန် အ​ပြစ်​ဖြေ​သော ပူ​ဇော်​သ​ကာ​ကို ပြု​စေ​ရာ​အ​ကြောင်း​မ​ရှိ။

ဟေဗြဲ 10:1-18 Common Language Bible (BCL)

ယု​ဒ​ပ​ညတ်​တ​ရား​သည်​စစ်​မှန်​သည့်​အ​ရာ များ​၏ တိ​ကျ​မှန်​ကန်​သော​ပုံ​တူ​မ​ဟုတ်​ပေ။ သက်​ရောက်​လတ္တံ့​သော​ကောင်း​ကျိုး​ချမ်း​သာ​များ ၏​အ​ရိပ်​အ​ရောင်​မျှ​ကို​သာ​ဖော်​ပြ​ပေ​သည်။ ပ​ညတ်​တ​ရား​အ​ရ​နှစ်​စဉ်​နှစ်​တိုင်း​ယဇ်​ကို ပူ​ဇော်​ကြ​ရ​၏။ သို့​ဖြစ်​၍​ပ​ညတ်​တ​ရား​သည် ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​သူ​တို့​အား အ​ဘယ်​သို့​လျှင်​ပြည့်​ဝ​စုံ​လင်​သူ​များ​ဖြစ် လာ​စေ​နိုင်​ပါ​မည်​နည်း။- အ​ကယ်​၍​သာ​ယင်း​သို့​ဖြစ်​လာ​စေ​နိုင်​မည်​ဆို ပါ​က၊ ကိုး​ကွယ်​ဝတ်​ပြု​သူ​တို့​သည်​တစ်​ခါ​တည်း သန့်​စင်​၍​သွား​ကြ​မည်​ဖြစ်​ရာ မိ​မိ​တို့​တွင် အ​ပြစ်​ရှိ​နေ​သေး​သည်​ဟူ​၍​မ​ထင်​မှတ်​ကြ တော့​ဘဲ​ယဇ်​များ​ကို​ပူ​ဇော်​ကြ​တော့​မည် မ​ဟုတ်​ပေ။- ယ​ခု​မှာ​နွား​သွေး၊ ဆိတ်​သွေး​တို့​သည်​အ​ဘယ် အ​ခါ​၌​မျှ အ​ပြစ်​ဒု​စ​ရိုက်​များ​ကို​ဖယ်​ရှား ၍​မ​ပေး​နိုင်​သ​ဖြင့် ယင်း​သို့​ယဇ်​ပူ​ဇော်​ခြင်း သည်​လူ​တို့​အား​နှစ်​စဉ်​နှစ်​တိုင်း မိ​မိ​တို့​၏ အ​ပြစ်​များ​ကို​သာ​လျှင်​သ​တိ​ရ​စေ​သည်။ ထို့​ကြောင့်​ခ​ရစ်​တော်​သည် ဤ​လော​က​သို့​ကြွ လာ​တော်​မူ​သော​အ​ခါ​၌​ဘု​ရား​သ​ခင်​အား၊ ``ကိုယ်​တော်​သည်​ယဇ်​နှင့်​ပူ​ဇော်​သကာ​ကို အ​လို​ရှိ​တော်​မ​မူ​ပါ။ သို့​ရာ​တွင်​အ​ကျွန်ုပ်​အ​တွက်​ကိုယ်​ခန္ဓာ​ကို ပြင်​ဆင်​ထား​တော်​မူ​ပါ​ပြီ။ မီး​ရှို့​ရာ​ယဇ်​နှင့်​အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သကာ တို့​ကို ကိုယ်​တော်​နှစ်​သက်​တော်​မ​မူ​ပါ။ သို့​ဖြစ်​၍​ပ​ညတ်​ကျမ်း​တွင်​အ​ကျွန်ုပ်​အ​ကြောင်း​ကို ရေး​သား​ဖော်​ပြ​ထား​သည်​နှင့်​အ​ညီ၊ `အို ဘု​ရား​သ​ခင်၊အ​ကျွန်ုပ်​သည်​အ​လို​တော်​ကို ဆောင်​ရွက်​ရန်​ရောက်​လာ​ပါ​ပြီ' ဟု​အ​ကျွန်ုပ်​ဝန်​ခံ ပါ​၏'' ဟု​လျှောက်​ထား​တော်​မူ​လေ​သည်။- ကိုယ်​တော်​က​မီး​ရှို့​ရာ​ယဇ်၊ အ​ပြစ်​ဖြေ​ရာ​ယဇ် အ​စ​ရှိ​သော​ယဇ်​များ​နှင့်​ပူ​ဇော်​သ​ကာ​များ​သည် ပ​ညတ်​တ​ရား​အ​ရ​ပြု​အပ်​သည့်​ဝတ်​များ​ပင် ဖြစ်​သော်​လည်း ထို​အ​ရာ​များ​ကို​ဘု​ရား​သ​ခင် အ​လို​ရှိ​တော်​မ​မူ​ကြောင်း၊ အား​ရ​နှစ်​သက် တော်​မ​မူ​ကြောင်း​ဦး​စွာ​ပ​ထ​မ​ဖော်​ပြ​၏။- ထို​နောက်``အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​သည်​အ​လို တော်​ကို​ဆောင်​ရွက်​ရန်​ရောက်​ရှိ​လာ​ပါ​ပြီ'' ဟု လျှောက်​ထား​၏။ ထို​ကြောင့်​ဘု​ရား​သ​ခင်​သည် ယ​ခင်​တင်​လှူ​ပူ​ဇော်​မှု​အ​ပေါင်း​ကို​ပယ်​ဖျက်​၍ ခ​ရစ်​တော်​၏​တင်​လှူ​ပူ​ဇော်​မှု​ဖြင့်​အ​စား​ထိုး တော်​မူ​သည်။- ယေ​ရှု​ခ​ရစ်​သည်​ဘု​ရား​သ​ခင်​၏​အ​လို​တော် ကို​လိုက်​၍ မိ​မိ​ကိုယ်​ခန္ဓာ​ကို​တစ်​ခါ​တည်း အ​ပြီး​အ​ပိုင်​တင်​လှူ​ပူ​ဇော်​တော်​မူ​သ​ဖြင့် ငါ​တို့​အ​ပေါင်း​သည်​သန့်​စင်​မှု​ကို​ရ​ရှိ​ကြ​၏။ ယု​ဒ​ယဇ်​ပု​ရော​ဟိတ်​သည်​နေ့​စဉ်​နေ့​တိုင်း မိ​မိ ၏​ဝတ္တ​ရား​ကို​ရပ်​၍ ဆောင်​ရွက်​လျက်​အ​ဘယ် အ​ခါ​၌​မျှ အ​ပြစ်​ဖြေ​နိုင်​စွမ်း​မ​ရှိ​သည့်​ယဇ် ကို​အ​ဖန်​တ​လဲ​လဲ​ပူ​ဇော်​ရ​၏။- သို့​သော်​ခ​ရစ်​တော်​မူ​ကား​အ​ပြစ်​များ​ကို ဖြေ​ရန် အ​ခါ​ခပ်​သိမ်း​အ​တွက်​ယဇ်​တစ်​ခု တည်း​ကို​ပူ​ဇော်​တော်​မူ​၏။ ထို့​နောက်​ဘု​ရား သ​ခင်​၏​လက်​ယာ​တော်​ဘက်​တွင်​ထိုင်​တော် မူ​ပြီး​လျှင်၊- ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ခြေ​ဖ​ဝါး​တော် အောက်​သို့​ရန်​သူ​များ​ရောက်​ရှိ​လာ​စေ​တော်​မူ သည်​တိုင်​အောင်​စောင့်​ဆိုင်း​လျက်​နေ​တော်​မူ​၏။- ကိုယ်​တော်​သည်​မိ​မိ​ကိုယ်​ကို​တစ်​ကြိမ်​တည်း ပူ​ဇော်​ခြင်း​အား​ဖြင့် အ​ပြစ်​မှ​သန့်​စင်​လာ သူ​တို့​အား​ထာ​ဝ​စဉ်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ သူ​များ​ဖြစ်​လာ​စေ​တော်​မူ​သ​တည်း။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က​လည်း၊ ``နောင်​အ​ခါ​သူ​တို့​နှင့်​ငါ​ပြု​မည့်​ပ​ဋိ​ညာဉ် များ​မူ​ကား၊ ငါ​သည်​သူ​တို့​၏​စိတ်​နှ​လုံး​ထဲ​သို့ ငါ​၏​ပ​ညတ်​ကို​ထည့်​သွား​မည်။ သူ​တို့​၏​နှ​လုံး​သား​ပေါ်​တွင်​ရေး​ထား​မည်'' ဟု​ဦး​စွာ​ပ​ထ​မ​သက်​သေ​ခံ​တော်​မူ​၏။- ထို​နောက်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က``သူ​တို့ ၏​အ​ပြစ်​များ​နှင့်​ဆိုး​သွမ်း​မှု​များ​ကို ငါ​သ​တိ ရ​တော့​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​ပေ​သည်။- ဤ​သို့​အ​ပြစ်​များ​ဖြေ​လွှတ်​ခွင့်​ရ​ရှိ​ကြ​သော အ​ခါ အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သကာ​များ​ကို​ဆက် သ​ရန်​လို​တော့​မည်​မ​ဟုတ်​ပေ။

ဟေဗြဲ 10:1-18 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ပညတ်​တရား​သည် နောင်​လာ​မည့်​ကောင်း​သော​အရာ​များ​၏​အရိပ်​မျှသာ​ဖြစ်​ပြီး ၎င်း​တို့​၏​ပုံသဏ္ဌာန်​အစစ်အမှန်​မ​ဟုတ်​သောကြောင့် နှစ်စဉ် အမြဲမပြတ်​ပူဇော်​နေ​သည့် တူညီ​သော​ယဇ်​များ​အားဖြင့် အထံ​တော်​သို့​ချဉ်းကပ်​သော​သူ​တို့​ကို မ​စုံလင်​စေ​နိုင်​ပေ။ အကယ်၍ စုံလင်​စေ​နိုင်​ခဲ့​လျှင် ဝတ်ပြု​သော​သူ​တို့​သည် တစ်ခါတည်း​နှင့် စင်ကြယ်​ခြင်း​သို့​ရောက်​လျက် အပြစ်​ရှိ​သည်​ဟူသော​အသိစိတ်​မ​ရှိ​တော့​သဖြင့် ယဇ်​ပူဇော်​ခြင်း​ကို​ရပ်တန့်​ကြ​လိမ့်မည်​မ​ဟုတ်​လော။ သို့သော် ထိုသို့​ယဇ်​ပူဇော်​ခြင်း​အားဖြင့် အပြစ်​များ​ကို​နှစ်စဉ် ပြန်လည်​အောက်မေ့​ကြ​၏။ အကြောင်းမူကား နွားလား​နှင့်​ဆိတ်​တို့​၏​သွေး​သည် အပြစ်​များ​ကို​မ​ဖယ်ရှား​နိုင်​ပေ။ ထို့ကြောင့် ခရစ်တော်​သည် ဤ​လောက​သို့​ကြွလာ​သောအခါ “ကိုယ်တော်​သည် ယဇ်ကောင်​နှင့်​ပူဇော်သက္ကာ​တို့​ကို​အလို​မ​ရှိ​ဘဲ အကျွန်ုပ်​အတွက် ကိုယ်ခန္ဓာ​ကို​ပြင်ဆင်​ထား​တော်မူ​၏။ ကိုယ်တော်​သည် မီးရှို့​ရာ​ယဇ်​နှင့်​အပြစ်​ဖြေ​ရာ​ယဇ်​တို့​ကို နှစ်သက်​တော်​မ​မူ။ ထိုအခါ အကျွန်ုပ်​က ‘ကျမ်း​စာအုပ်​၌ အကျွန်ုပ်​ကို​ရည်ညွှန်း​၍​ရေး​ထား​သည့်​အတိုင်း ကိုယ်တော်​၏​အလို​တော်​ကို​ဆောင်ရွက်​ရန် အကျွန်ုပ်​လာ​ပါ​၏​ဘုရား’​ဟု လျှောက်​လေ​၏”​ဟူ၍ မိန့်​တော်မူ​၏။ ပထမ​အနေဖြင့် “ကိုယ်တော်​သည် ပညတ်​တရား​အရ​ပူဇော်​သော​အရာ​များ​တည်းဟူသော ယဇ်ကောင်​နှင့်​ပူဇော်သက္ကာ​များ၊ မီးရှို့​ရာ​ယဇ်​နှင့်​အပြစ်​ဖြေ​ရာ​ယဇ်​များ​ကို အလို​မ​ရှိ။ နှစ်သက်​တော်မူ​ခြင်း​လည်း​မ​ရှိ”​ဟု ဆို​၏။ ထို့နောက် “ကိုယ်တော်​၏​အလို​တော်​ကို​ဆောင်ရွက်​ရန် အကျွန်ုပ်​လာ​ပါ​၏”​ဟု ဆို​၏။ ဤသို့ဖြင့် ကိုယ်တော်​သည် ဒုတိယ​ပူဇော်​ခြင်း​ကို​တည်​စေရန် ပထမ​ပူဇော်​ခြင်း​ကို ပယ်ဖျက်​တော်မူ​၏။ ထို​အလို​တော်​နှင့်အညီ ယေရှု​ခရစ်တော်​၏​ကိုယ်ခန္ဓာ​ကို တစ်ကြိမ်တည်း​နှင့်​အပြီး ပူဇော်​ခြင်း​အားဖြင့် ငါ​တို့​သည် သန့်ရှင်း​စေ​ခြင်း​ခံရ​ကြ​၏။ ယဇ်ပုရောဟိတ်​အားလုံး​သည် နေ့စဉ်​ရပ်​လျက် ဝတ်ပြု​ကာ အပြစ်​များ​ကို​မ​ဖယ်ရှား​နိုင်​သည့် တူညီ​သော​ယဇ်​ကို အကြိမ်ကြိမ်​ပူဇော်​နေ​ကြ​၏။ သို့သော် ခရစ်တော်​သည် တစ်ခုတည်း​သော​ယဇ်​ကို အပြစ်​များ​အတွက် ထာဝစဉ်​ပူဇော်​ပြီးလျှင် ထို​အချိန်​မှစ၍ ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌​ထိုင်​လျက် မိမိ​၏​ရန်သူ​တို့​သည် မိမိ​ခြေ​တင်​ခုံ​အဖြစ်​ချ​ထား​ခြင်း​ခံရ​သည့်​တိုင်အောင် စောင့်ဆိုင်း​နေ​တော်မူ​၏။ အကြောင်းမူကား ကိုယ်တော်​သည် တစ်ခုတည်း​သော​ပူဇော်သက္ကာ​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​သော​သူ​တို့​အား ထာဝစဉ်​စုံလင်​စေ​တော်မူ​၏။ သန့်ရှင်း​သော​ဝိညာဉ်​တော်​သည်​လည်း ငါ​တို့​အား​သက်သေခံ​၍ “ထာဝရ​ဘုရား​က ‘ထို​နေ့ရက်​များ​နောက်တွင် သူ​တို့​နှင့် ငါ​ပြု​မည့်​ပဋိညာဉ်​ကား ဤသို့​တည်း။ ငါ​သည် ငါ​၏​ပညတ်​တရား​တို့​ကို သူ​တို့​၏​စိတ်နှလုံး​ထဲတွင် ထည့်သွင်း​၍ သူ​တို့​၏​အသိဉာဏ်​ပေါ်မှာ ရေး​ထား​မည်’​ဟု မိန့်​တော်မူ​၏”​ဟူ၍ မြွက်ဆို​ပြီးနောက် တစ်ဖန် “ငါ​သည် သူ​တို့​၏​အပြစ်​များ​နှင့်​တရားမဲ့​ခြင်း​များ​ကို လုံးဝ​သတိရ​တော့မည်​မ​ဟုတ်”​ဟု မြွက်ဆို​တော်မူ​၏။ ထိုသို့ အပြစ်​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ရှိ​သည့်​နေရာ​တွင် အပြစ်​အတွက်​ပူဇော်သက္ကာ​မ​လိုအပ်​တော့​ပေ။