YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 6:5-22

ကမ္ဘာဦး 6:5-22 Judson Bible (JBMLE)

မြေ​ကြီး​ပေါ်​မှာ လူ​အ​ပြစ်​ကြီး၍၊ သူ၏​စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ရှိ​သ​မျှ​တို့​သည် အ​စဉ်​မ​ပြတ် ဆိုး​ညစ်​ခြင်း​သက်​သက်​ရှိ​ကြောင်း​ကို၊ ဘု​ရား​သ​ခင်​သိ​မြင်​တော်​မူ​လျှင်၊ မြေ​ကြီး​ပေါ်​မှာ လူ​ကို​ဖန်​ဆင်း​တော်​မူ​သည်​ကို နောင်​တ​ရ၍၊ နှ​လုံး​တော်​ပူ​ပန်​လျက် ရှိ​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​ဖန်​ဆင်း​သော​လူ​ကို​လည်း​ကောင်း၊ လူ​မှ​စ၍ သား​များ၊ တွား​တတ်​သော တိ​ရ​စ္ဆာန်​များ၊ မိုး​ကောင်း​ကင်​ငှက်​များ​တို့​ကို​လည်​ကောင်း မြေ​ကြီး​မျက်​နှာ​မှ ငါ​သုတ်​သင်​ပယ်​ရှင်း​မည်။ သူ​တို့​ကို ဖန်​ဆင်း​သော​ကြောင့် ငါ​နောင်​တ​ရ​သည်​ဟု မိန့်​တော်​မူ​၏။ နော​ဧ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​စိတ်​တော်​နှင့် တွေ့​သော​သူ​ဖြစ်​သ​တည်း။ နော​ဧ​အ​တ္ထု​ပ္ပ​တ္တိ​ဟူ​မူ​ကား၊ နော​ဧ​သည် ဖြောင့်​မတ်​သော​သူ၊ မိ​မိ​အ​မျိုး၌​စုံ​လင်​သော​သူ​ဖြစ်၏။ ဘု​ရား​သ​ခင်​နှင့်​အ​တူ​သွား​လာ၏။ နော​ဧ​သည်၊ ရှေ​မ၊ ဟာ​မ၊ ယာ​ဖက်​တည်း​ဟူ​သော သား​သုံး​ယောက်​ကို မြင်​လေ​၏။ ထို​အ​ခါ မြေ​ကြီး​သည်၊ ဘု​ရား​သ​ခင့်​ရှေ့​မှာ ပုပ်​စပ်​လျက်​ရှိ၏။ မြေ​ကြီး​သည် အ​ဓ​မ္မ​အ​မှု​နှင့်​ပြည့်​စုံ​လေ၏။ ဘု​ရား​သ​ခင်​သည် မြေ​ကြီး​ကို​ကြည့်​ရှု​သော​ခါ၊ ပုပ်​စပ်​လျက်​ရှိ​သည်​ကို မြင်​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ မြေ​ကြီး​ပေါ်​မှာ လူ​အ​ပေါင်း​တို့​သည် ဖောက်​ပြန်​ခြင်း​သို့ ရောက်​ကြ​ပြီ။ ထို​အ​ခါ ဘု​ရား​သ​ခင်​သည်၊ နော​ဧ​အား မိန့်​တော်​မူ​သည်​ကား၊ သ​တ္တ​ဝါ​အ​ပေါင်း​တို့၏​အ​ဆုံး​သည် ငါ့​မျက်​မှောက်​တွင် ပေါ်​လာ​ပြီ။ သူ​တို့​ကြောင့် မြေ​ကြီး​သည် အ​ဓ​မ္မ​အ​မှု​နှင့်​ပြည့်​စုံ​လေ၏။ အ​ကယ်​စင်​စစ် မြေ​ကြီး​နှင့်​တ​ကွ သူ​တို့​ကို​ငါ​ဖျက်​ဆီး​မည်။ ဂေါ​ဖ​ရ​သစ်​သား​ဖြင့်၊ သင်္ဘော​ကို ကိုယ်​ဖို့​တည်​လုပ်​လော့။ အ​ထဲ၌​လည်း အ​ခန်း​များ​ကို​လုပ်​လော့။ အ​တွင်း၊ ပြင်၊ ပတ်​လည်​ကို ထင်း​ရှူး​စေး​နှင့် သုတ်​လော့။ လုပ်​ရ​မည်​ပုံ​ဟူ​မူ​ကား၊ သင်္ဘော​အ​လျား​အ​တောင်​သုံး​ရာ၊ အ​နံ​အ​တောင်​ငါး​ဆယ်၊ အ​မြင့်​အ​တောင်​သုံး​ဆယ်​ရှိ​စေ​ရ​မည်။ အ​ပေါ်၌​လည်း​အ​မိုး​ကို​လုပ်​ရ​မည်။ ထို​အ​မိုး​အ​ပေါ်​အ​လယ်​ချက်၌၊ ထိပ်​အုပ်​အ​နံ​တစ်​တောင်​အ​ကျယ် ရှိ​စေ​ရ​မည်။ သင်္ဘော​နံ​တစ်​ဖက်၌​လည်း တံ​ခါး​ကို​လုပ်​ရ​မည်။ အောက်​ဆင့်၊ အ​လယ်​ဆင့်၊ အ​ပေါ်​ဆင့်​ဟူ၍၊ သုံး​ဆင့်​ကို​လည်း ရှိ​စေ​ရ​မည်။ အ​သက်​ရှင်​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့​ကို၊ ကောင်း​ကင်​အောက်​မှ ငါ့​ကိုယ်​တိုင်​ပယ်​ရှင်း​ခြင်း​ငှာ၊ မြေ​ကြီး​ကို ရေ​လွှမ်း​မိုး​စေ​သ​ဖြင့်၊ မြေ​ပေါ်​မှာ​ရှိ​သ​မျှ​တို့​သည် သေ​ရကြ​မည်။ သင်၌​မူ​ကား၊ ငါ့​ပ​ဋိ​ညာဉ်​ကို ငါ​တည်​စေ​မည်။ သင်​သည် သား၊ မ​ယား၊ ချွေး​မ​များ​နှင့်​တ​ကွ၊ သင်္ဘော​ထဲ​သို့​ဝင်​ရ​မည်။ အ​သက်​ရှင်​သော တိ​ရ​စ္ဆာန်​အ​မျိုး​မျိုး​ထဲ​က၊ အ​ထီး​အ​မ၊ အ​စုံ​တို့​ကို​ယူ၍၊ သင်​နှင့်​အ​တူ​အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ၊ သင်္ဘော​ထဲ​သို့ သွင်း​ရ​မည်။ ငှက်​လည်း​အ​မျိုး​အ​လိုက်၊ သား​လည်း​အ​မျိုး​အ​လိုက်၊ တွား​တတ်​သော တိ​ရ​စ္ဆာန်​အ​ပေါင်း​လည်း အ​မျိုး​အ​လိုက်၊ အ​ထီး​အ​မ၊ အ​စုံ​တို့​သည် အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ၊ သင့်​ထံ​သို့ လာ​ကြ​လိမ့်​မည်။ ကိုယ်​စား​စ​ရာ​အ​ဖို့၊ တိ​ရ​စ္ဆာန်​တို့​စား​စ​ရာ​အ​ဖို့၊ စား​အပ်​သော အ​စာ​အ​မျိုး​မျိုး​ကို​ယူ၍ သို​ထား​ရ​မည်​ဟု၊ ဘု​ရား​သ​ခင် မှာ​ထား​တော်​မူ၏။ မှာ​ထား​တော်​မူ​သည်​အ​တိုင်း​လည်း နော​ဧ​ပြု​လေ၏။

ကမ္ဘာဦး 6:5-22 Common Language Bible (BCL)

ကမ္ဘာ​အ​ရပ်​ရပ်​တွင်​လူ​တို့​သည်​အ​လွန်​ဆိုး သွမ်း​၍ စိတ်​အ​ကြံ​အ​စည်​များ​လည်း​အ​စဉ် မိုက်​မဲ​လျက်​ရှိ​သည်​ကို ထာ​ဝ​ရ​ဘု​ရား​သိ မြင်​တော်​မူ​သော​အ​ခါ၊- လူ​ကို​ဖန်​ဆင်း​၍​မြေ​ကြီး​ပေါ်​တွင်​နေ​ထိုင် စေ​ခဲ့​ခြင်း​ကြောင့် စိတ်​မ​သာ​ဖြစ်​တော်​မူ​၏။- ကိုယ်​တော်​သည်​လွန်​စွာ​စိတ်​မ​သာ​ဖြစ်​တော်​မူ သ​ဖြင့် ``ငါ​ဖန်​ဆင်း​ခဲ့​သော​လူ​တို့​ကို ကမ္ဘာ​ပေါ် မှ​ငါ​သုတ်​သင်​ပစ်​မည်။ တိရစ္ဆာန်​နှင့်​ငှက်​တို့​ကို လည်း​ငါ​သုတ်​သင်​ပစ်​မည်။ သူ​တို့​ကို​ဖန်​ဆင်း မိ​၍ ငါ​သည်​စိတ်​တော်​မ​ချမ်း​မ​သာ​ဖြစ်​ရ ၏'' ဟု​မိန့်​တော်​မူ​၏။- နော​ဧ​သည်​ကား​ထာ​ဝ​ရ​ဘု​ရား​စိတ်​တော် နှင့်​တွေ့​သော​သူ​ဖြစ်​သ​တည်း။ နော​ဧ​အ​ကြောင်း​အ​ရာ​ကို​ဖော်​ပြ​ပေ​အံ့။ နော​ဧ​တွင်​ရှေ​မ၊ ဟာ​မ​နှင့်​ယာ​ဖက်​ဟူ​၍​သား သုံး​ယောက်​ရှိ​၏။ သူ​သည်​အ​ပြစ်​ကင်း​၍​ထို​ခေတ် လူ​အ​ပေါင်း​တို့​တွင် သူ​တစ်​ယောက်​တည်း​သာ လျှင်​သူ​တော်​ကောင်း​ဖြစ်​၏။ သူ​သည်​ဘု​ရား​သ​ခင်​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​၍​သက်​ရှင်​နေ ထိုင်​၏။- အ​ခြား​သော​သူ​အ​ပေါင်း​တို့​သည်​ကား​ဘု​ရား​သ​ခင်​ရှေ့​တော်​၌​ဆိုး​ယုတ်​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​၏​အ​ကြမ်း​ဖက်​မှု​သည်​အ​ရပ်​ရပ်​သို့ ကူး​စက်​ပျံ့​နှံ့​လျက်​ရှိ​၏။- ဘု​ရား​သ​ခင်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ကြည့်​ရှု တော်​မူ​သော​အ​ခါ လူ​အ​ပေါင်း​တို့​သည်​အ​ကျင့် ပျက်​ဆိုး​ယုတ်​လျက်​ရှိ​သည်​ကို​တွေ့​မြင်​တော် မူ​လေ​၏။ ထို​အ​ခါ​ဘု​ရား​သ​ခင်​သည်​နော​ဧ​အား``ငါ သည်​လူ​သတ္တ​ဝါ​အား​လုံး​ကို​သုတ်​သင်​ရန်​ဆုံး ဖြတ်​ပြီး​ပြီ။ ကမ္ဘာ​မြေ​ကြီး​သည်​သူ​တို့​၏​ပြစ် မှု​များ​ဖြင့်​ပြည့်​နှက်​လျက်​ရှိ​သ​ဖြင့် သူ​တို့​ကို အ​ကုန်​အ​စင်​သေ​ကြေ​ပျက်​စီး​စေ​မည်။- သင့်​အ​တွက်​သင်္ဘော​တစ်​စင်း​ကို​သစ်​သား​ကောင်း ဖြင့်​တည်​ဆောက်​လော့။ အ​ခန်း​များ​ဖွဲ့​၍​အ​တွင်း အ​ပြင်​ကို​ကတ္တ​ရာ​စေး​သုတ်​လော့။- သင်္ဘော​ကို​အ​လျား​ပေ​လေး​ရာ​ငါး​ဆယ်၊ အ​နံ ပေ​ခု​နစ်​ဆယ့်​ငါး၊ အ​မြင့်​ပေ​လေး​ဆယ်​ငါး ရှိ​စေ​ရ​မည်။- သင်္ဘော​အ​ပေါ်​၌​အ​မိုး​တင်​၍​သင်္ဘော​နံ​ဘေး ပတ်​လည်​ကို အ​မိုး​နှင့်​တစ်​ဆယ်​ရှစ်​လက်​မ​ကွာ စေ​ရ​မည်။ အ​ထပ်​သုံး​ထပ်​အ​ဆင့်​ဆင့်​တည်​၍ ဘေး​ဘက်​တွင်​တံ​ခါး​တစ်​ပေါက်​ဖောက်​ရ​မည်။- သက်​ရှိ​သတ္တ​ဝါ​ရှိ​သ​မျှ​တို့​ကို​သေ​ကြေ​ပျက် စီး​စေ​ရန် ကမ္ဘာ​မြေ​ကြီး​ပေါ်​မှာ​ရေ​လွှမ်း​မိုး​စေ မည်။ ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​ရှိ​ရှိ​သ​မျှ​တို့​သေ ကြေ​ပျက်​စီး​ရ​မည်။- သို့​ရာ​တွင်​ငါ​သည်​သင်​နှင့်​ပ​ဋိ​ညာဉ်​ဖွဲ့​မည်။ သင် နှင့်​တ​ကွ​သင်​၏​မ​ယား၊ သား​များ​နှင့်​သူ​တို့ ၏​မ​ယား​တို့​အား​သင်္ဘော​ပေါ်​သို့​တက်​စေ​လော့။- အ​သက်​ချမ်း​သာ​ရာ​ရ​စေ​ရန်​တိရစ္ဆာန်​နှင့်​ငှက် အ​မျိုး​မျိုး​မှ အ​ဖို​နှင့်​အ​မ​တစ်​စုံ​စီ​တို့​ကို သင်​နှင့်​အ​တူ​သင်္ဘော​ထဲ​သို့​ဝင်​စေ​လော့။- သင်​တို့​နှင့်​တိရစ္ဆာန်​များ​အ​တွက်​အ​စား အ​စာ​အ​မျိုး​မျိုး​ကို​ယူ​ဆောင်​လော့'' ဟု မိန့်​တော်​မူ​၏။- နော​ဧ​သည်​ဘု​ရား​သ​ခင်​မိန့်​မှာ​တော်​မူ​သည့် အ​တိုင်း​ဆောင်​ရွက်​လေ​၏။

ကမ္ဘာဦး 6:5-22 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မြေကြီး​ပေါ်တွင် လူ​၏​မကောင်းမှု​များပြား​၍ လူ့​စိတ်နှလုံး​၏​တွေးတော​ကြံစည်မှု​ရှိသမျှ​တို့​သည် အစဉ်အမြဲ​ဆိုးညစ်ခြင်း​သက်သက်​သာ​ဖြစ်ကြောင်း​ကို ထာဝရဘုရား​မြင်​တော်မူ​၏​။ ထိုအခါ ထာဝရဘုရား​သည် မြေကြီး​ပေါ်တွင် လူ​ကို​ဖန်ဆင်း​ခဲ့​သည်​ကို ဝမ်းနည်း​၍ စိတ်နှလုံး​ထိခိုက်​တော်မူ​၏​။ ထို့ကြောင့် ထာဝရဘုရား​က “​ငါ​ဖန်ဆင်း​သော​လူ​ကို​လည်းကောင်း​၊ လူ​မှစ၍ တိရစ္ဆာန်​များ​၊ တွားသွားသောတိရစ္ဆာန်​များ​နှင့် မိုးကောင်းကင်​ငှက်​များ​ကို​လည်းကောင်း မြေပြင်​ပေါ်​မှ ငါ​သုတ်သင်ပယ်ရှင်း​မည်​။ အကြောင်းမူကား သူ​တို့​ကို ဖန်ဆင်း​ခဲ့​သည်​ကို ငါ​ဝမ်းနည်း​၏​”​ဟု မိန့်​တော်မူ​၏​။ သို့သော် နောဧ​သည် ထာဝရဘုရား​ရှေ့​တော်​၌ မျက်နှာရ​သော​သူ​ဖြစ်​၏​။ နောဧ​၏​အတ္ထုပ္ပတ္တိ​ကား ဤသို့​ဖြစ်​၏​။ နောဧ​သည် ဖြောင့်မတ်​သော​သူ​၊ သူ​၏​မျိုးဆက်​ထဲ၌ အပြစ်တင်စရာမရှိ​သော​သူ​ဖြစ်​၏​။ နောဧ​သည် ဘုရားသခင်​နှင့်အတူ​သွားလာ​၏​။ နောဧ​သည် ရှေမ​၊ ဟာမ​၊ ယာဖက် ဟူသော​သား​သုံး​ယောက်​ကို​ရ​၏​။ ထို​အချိန်​၌ မြေကြီး​သည် ဘုရားသခင်​ရှေ့​တော်​၌ ယိုယွင်းပျက်စီး​လျက်​ရှိ​၏​။ မြေကြီး​သည် ရက်စက်ကြမ်းကြုတ်မှု​နှင့် ပြည့်နှက်​လျက်​ရှိ​၏​။ ဘုရားသခင်​သည် မြေကြီး​ကို​ကြည့်ရှု​သောအခါ ယိုယွင်းပျက်စီး​လျက်​ရှိ​သည်​ကို မြင်​တော်မူ​၏​။ အကြောင်းမူကား မြေကြီး​ပေါ်တွင် လူ​အပေါင်း​တို့​သည် အကျင့်စရိုက်​ယိုယွင်းပျက်စီး​လျက်​ရှိ​၏​။ ဘုရားသခင်​က နောဧ​အား “​လူ​အပေါင်း​တို့​၏​အဆုံး​သည် ငါ့​ရှေ့မှောက်​သို့​ရောက်လာ​ပြီ​။ အကြောင်းမူကား မြေကြီး​သည် သူ​တို့​ကြောင့် ရက်စက်ကြမ်းကြုတ်မှု​နှင့် ပြည့်နှက်​လျက်​ရှိ​၏​။ ကြည့်ရှု​လော့​။ ငါ​သည် သူ​တို့​ကို မြေကြီး​နှင့်အတူ​ဖျက်ဆီး​မည်​။ ဂေါဖရ​သစ်သား​ဖြင့် သင်္ဘော​တစ်​စင်း​ကို သင့်​အဖို့​တည်ဆောက်​လော့​။ သင်္ဘော​အတွင်း​၌​အခန်း​များ​ဖွဲ့​၍ အတွင်း​၊ အပြင်​ကို သစ်စေး​နှင့်​သုတ်​လော့​။ သင်္ဘော​တည်ဆောက်​ရ​မည့်​ပုံစံ​မှာ ဤသို့​ဖြစ်​၏​။ သင်္ဘော​အလျား​သည် အတောင်​သုံး​ရာ​၊ အနံ​သည် အတောင်​ငါးဆယ်​၊ အမြင့်​သည် အတောင်​သုံးဆယ်​ရှိ​ရ​မည်​။ သင်္ဘော​အတွက် အမိုး​လုပ်​၍ ၎င်း​ကို ကိုယ်ထည်​အထက် တစ်တောင်​အမြင့်​တွင်​ရှိ​စေ​ရ​မည်​။ သင်္ဘော​၏​နံဘေး​တွင် တံခါးပေါက်​ကို လုပ်​ရ​မည်​။ သင်္ဘော​ကို ပထမ​ထပ်​၊ ဒုတိယ​ထပ်​နှင့်​တတိယ​ထပ်​ဟူ၍ သုံး​ထပ်​တည်ဆောက်​ရ​မည်​။ ကြည့်ရှု​လော့​။ သက်ရှိ​သတ္တဝါ​အပေါင်း​တို့​ကို ကောင်းကင်​အောက်​မှ ဖျက်ဆီး​ရန် ငါ​ကိုယ်တိုင် မြေကြီး​ပေါ်တွင် ရေ​လွှမ်းမိုးမှု​ဖြစ်​စေ​မည်​။ မြေကြီး​ပေါ်မှာ​ရှိသမျှ​တို့​သည် သေ​ကြ​ရ​မည်​။ သို့သော် ငါ​သည် ငါ​၏​ပဋိညာဉ်​ကို သင်​၌​တည်​စေ​မည်​။ သင်​သည် သင်​၏​သား​၊ မယား​၊ ချွေးမ​တို့​နှင့်အတူ သင်္ဘော​ထဲသို့​ဝင်​ရ​မည်​။ သက်ရှိ​အပေါင်း​၊ သတ္တဝါ​အပေါင်း​တို့​ထဲမှ အထီး​အမ​တစ်စုံစီ​ကို​ယူ​၍ သင်​နှင့်အတူ​အသက်ချမ်းသာ​ရ​ရန် သင်္ဘော​ထဲသို့​သွင်း​ရ​မည်​။ ငှက်​များ​ထဲမှ အမျိုး​အလိုက်​၊ တိရစ္ဆာန်​များ​ထဲမှ အမျိုး​အလိုက်​၊ မြေ​ပေါ်ရှိ တွားသွားသောတိရစ္ဆာန်​အပေါင်း​တို့​ထဲမှ အမျိုး​အလိုက် အထီး​အမ​တစ်စုံစီ​တို့​သည် အသက်ချမ်းသာ​ရ​ရန် သင့်​ထံသို့​လာ​ကြ​လိမ့်မည်​။ သင်​သည် စားသုံး​နိုင်​သော​အစားအစာ​အမျိုးမျိုး​ကို​ယူ​၍ သင့်​ထံ၌​သို​ထား​ပြီး သင်​နှင့်​တိရစ္ဆာန်​တို့​၏​စားစရာ​ဖြစ်​စေ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ နောဧ​သည် ထိုသို့​ပြု​၏​။ မိမိ​အား​ဘုရားသခင်​မိန့်မှာ​တော်မူ​သမျှ​အတိုင်း ပြု​လေ​၏​။