YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 6:1-4

ကမ္ဘာဦး 6:1-4 Judson Bible (JBMLE)

မြေ​ကြီး​မျက်​နှာ​ပေါ်​မှာ လူ​တို့​သည်​များ​ပြား၍ သ​မီး​များ​ကို​လည်း ရ​ကြ​သော​အ​ခါ၊ ဘု​ရား​သ​ခင်၏​သား​တို့​သည် လူ​သ​မီး​တို့​လှ​ကြောင်း​ကို​မြင်၍၊ ကိုယ်​စိတ်​ရှိ​သည်​အ​တိုင်း စုံ​ဖက်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ့​ဝိ​ညာဉ်​သည် လူ​တို့​တွင်​အ​စဉ်​မ​ဆုံး​မ​ရ။ အ​ကြောင်း​မူ​ကား၊ လူ​တို့​သည်​အ​သား​ဖြစ်၏။ သူ၏​အ​သက်​တမ်း​သည်​လည်း၊ အ​နှစ်​တစ်​ရာ​နှစ်​ဆယ်​ဖြစ်​စေ​ဟု မိန့်​တော်​မူ၏။ ထို​ကာ​လ၌၊ မြေ​ကြီး​ပေါ်​မှာ ကိုယ်​ကြီး​မား​သော​သူ​အ​ချို့​ရှိ​ကြ၏။ ထို​နောက်၌​လည်း၊ ဘု​ရား​သ​ခင်၏​သား​တို့​သည်၊ လူ​သ​မီး​တို့​နှင့်​ဆက်​ဆံ​၍ ရ​သော​သား​တို့​သည်၊ အား​ကြီး​သော​သူ၊ ရှေး​ကာ​လ​မှ​စ၍၊ ကျော်​စော​သော​သူ ဖြစ်​ကြ၏။

ကမ္ဘာဦး 6:1-4 Common Language Bible (BCL)

ထို​အ​ချိန်​ကာ​လ​၌​ကမ္ဘာ​အ​ရပ်​ရပ်​တွင် လူ​ဦး ရေ​များ​ပြား​လာ​၏။ လူ​တို့​၌​သ​မီး​များ​ဖွား မြင်​လာ​ကြ​၏။- အ​ထက်​ဘုံ​သား အ​ချို့​တို့​သည်​လူ​သ​မီး​များ​ရုပ်​အ​ဆင်း​လှ သည်​ကို​မြင်​၍ မိ​မိ​တို့​နှစ်​သက်​ရာ​ကို​ရွေး​ယူ စုံ​ဖက်​ကြ​၏။- ထာ​ဝ​ရ​ဘု​ရား​က​လည်း``လူ​သည်​သေ​မျိုး​ဖြစ် ၏။ အ​မြဲ​အ​သက်​ရှင်​နေ​ခွင့်​ကို​ငါ​မ​ပေး။ ယ​ခု မှ​စ​၍​လူ​၏​သက်​တမ်း​သည်​အ​နှစ်​တစ်​ရာ့​နှစ် ဆယ်​ဖြစ်​စေ'' ဟု​မိန့်​တော်​မူ​၏။- ကမ္ဘာ​ပေါ်​တွင်​ထို​ကာ​လ​နှင့်​နောက်​ပိုင်း​ကာ​လ​၌ လူ​တို့​၏​သ​မီး​များ​နှင့်​အ​ထက်​ဘုံ​သား​တို့​မှ ပေါက်​ဖွား​လာ​သော​သူ​များ​ရှိ​ကြ​၏။ ထို​သူ​တို့ သည်​ကိုယ်​ခန္ဓာ​အ​လွန်​ထွား​ကြိုင်း​၍ ရှေး​ခေတ် အ​ခါ​က​နာ​မည်​ကျော်​လူ​စွမ်း​ကောင်း​များ ဖြစ်​ကြ​၏။

ကမ္ဘာဦး 6:1-4 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မြေပြင်​ပေါ်တွင် လူ​တို့​များပြား​စပြု​လာ​၍ သူ​တို့​၌ သမီး​များ​မွေးဖွား​လာ​ကြ​သောအခါ ဘုရားသခင်​၏​သား​တို့​သည် လူ​၏​သမီး​တို့​အဆင်းလှ​သည်​ကို​မြင်​၍ မိမိ​တို့​ကြိုက်နှစ်သက်​သော​သူ မည်သူ့ကိုမဆို မိမိ​တို့​မယား​အဖြစ်​ယူ​ကြ​၏​။ ထိုအခါ ထာဝရဘုရား​က “​ငါ​၏​ဝိညာဉ်​သည် လူ​တွင်​ထာဝရ​တည်​မည်​မ​ဟုတ်​။ အကြောင်းမူကား လူ​သည် အသွေးအသား​ခန္ဓာ​သာ​ဖြစ်​သောကြောင့် လူ​၏​သက်တမ်း​သည် အနှစ်​တစ်ရာ့​နှစ်ဆယ်​ဖြစ်စေ​”​ဟု မိန့်​တော်မူ​၏​။ ဘုရားသခင်​၏​သား​တို့​သည် လူ​၏​သမီး​တို့​ထံ​ဝင်​၍ ကလေး​များ​ကို​ရ​ကြ​သော​ကာလ​နှင့် ထို​ကာလ​၏​နောက်ပိုင်း​၌ မြေကြီး​ပေါ်တွင် ဧရာမလူ​များ​ရှိ​ကြ​၏​။ ထို​သူ​တို့​သည် ရှေးခေတ်​လူစွမ်းကောင်း​များ​၊ နာမည်​ကျော်စော​သူ​များ​ဖြစ်​ကြ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။