ကမ္ဘာဦး 50:22-26
ကမ္ဘာဦး 50:22-26 Judson Bible (JBMLE)
ထိုသို့ယောသပ်သည် မိမိအဘ၏အမျိုးသားတို့နှင့် အဲဂုတ္တုပြည်၌နေ၍၊ အသက်တစ်ရာတစ်ဆယ်ကိုမီ၏။ ဧဖရိမ်၏မြေးကိုမြင်ရ၏။ မနာရှေ၏သား၊ မာဓိရ၏သားသမီးတို့ကိုလည်း မိမိဒူးပေါ်မှာမွေးစားရ၏။ ယောသပ်ကလည်း၊ ကျွန်ုပ်သေတော့မည်။ အကယ်စင်စစ်ဘုရားသခင်သည် သင်တို့ကို အကြည့်အရှုကြွလာတော်မူမည်။ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသောပြည်သို့၊ ဤပြည်မှဆောင်သွားတော်မူမည်ဟု အစ်ကိုတို့အားဆို၏။ တစ်ဖန်တုံ၊ အကယ်စင်စစ်ဘုရားသခင်သည် သင်တို့ကို အကြည့်အရှုကြွလာတော်မူမည်။ ကျွန်ုပ်အရိုးတို့ကို ဤအရပ်မှယူသွားရမည်ဟူ၍ ဣသရေလအမျိုးသားတို့ကို ကျိန်ဆိုစေ၏။ ထိုသို့ယောသပ်သည် အသက်တစ်ရာတစ်ဆယ်ရှိသော် အနိစ္စရောက်လေ၏။ အလောင်းကိုကား၊ နံ့သာမျိုးနှင့်ပြင်ဆင်ပြီးလျှင် အဲဂုတ္တုပြည်၌ တလားနှင့်ထားကြလေ၏။ ရှင်မောရှေစီရင်ရေးထားသော ကမ္ဘာဦးကျမ်းပြီး၏။
ကမ္ဘာဦး 50:22-26 Common Language Bible (BCL)
အီဂျစ်ပြည်တွင်ယောသပ်သည်သူ၏သား ချင်းများနှင့်အတူနေထိုင်၍ အသက်တစ် ရာ့တစ်ဆယ်ရှိသော်ကွယ်လွန်လေသည်။- သူသည်ဧဖရိမ်၏သားသမီးနှင့်မြေးတို့ ကိုတွေ့မြင်သွားရ၏။ မနာရှေ၏သားမာခိ ရ၏သားသမီးတို့ကိုလည်းပြုစုခဲ့ရ၏။- ယောသပ်ကသူ၏ညီအစ်ကိုတို့အား``ကျွန်ုပ် သည်သေရတော့အံ့။ ကျွန်ုပ်မရှိသော်လည်း ဘုရားသခင်သည်သင်တို့အားအမှန်မုချ ကြည့်ရှုစောင့်ရှောက်တော်မူလိမ့်မည်။ သင်တို့ ကိုဤပြည်မှထုတ်ဆောင်၍အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားပေးမည်ဟုကျိန်ဆိုကတိ ထားတော်မူသောပြည်သို့ခေါ်ဆောင်သွား တော်မူလိမ့်မည်'' ဟုဆို၏။- ထိုနောက်ဣသရေလအမျိုးသားတို့ အား``ဘုရားသခင်သည်သင်တို့ကိုထို ပြည်သို့ပို့ဆောင်သောအခါ ငါ၏အရိုး တို့ကိုသင်တို့နှင့်အတူဆောင်သွားပါမည် ဟုငါ့အားကတိပေးပါလော့'' ဟုဆို လျက်ကျိန်ဆိုကတိပေးစေ၏။- သို့ဖြစ်၍ယောသပ်သည်အသက်တစ်ရာ့တစ် ဆယ်ရှိသော်ကွယ်လွန်လေ၏။ သူတို့သည်သူ ၏ရုပ်အလောင်းကိုကြာရှည်ခံအောင်ဆေးစိမ် ၍ အီဂျစ်ပြည်၌ခေါင်းသွင်းထားကြသတည်း။ ရှင်မောရှေရေးထားသောကမ္ဘာဦးကျမ်းပြီး၏။
ကမ္ဘာဦး 50:22-26 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ယောသပ်သည် မိမိဖခင်၏အိမ်သူအိမ်သားတို့နှင့်အတူ အီဂျစ်ပြည်၌နေထိုင်လေ၏။ ယောသပ်သည် အနှစ်တစ်ရာ့တစ်ဆယ်အသက်ရှင်၍ ဧဖရိမ်၏သားသမီးတို့ကို တတိယမျိုးဆက်အထိ မြင်ရ၏။ မနာရှေ၏မြေး၊ မာခိရ၏သားသမီးတို့သည်လည်း ယောသပ်၏ဒူးပေါ်မှာ မွေးဖွားကြ၏။ ယောသပ်က သူ၏ညီအစ်ကိုတို့အား “အကျွန်ုပ်သေရတော့မည်။ သို့သော် ဘုရားသခင်သည် သင်တို့ထံသို့ အမှန်ပင်အကြည့်အရှုကြွလာ၍ သင်တို့ကို ဤပြည်မှ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ကျိန်ဆိုခဲ့သည့်ပြည်သို့ ပို့ဆောင်တော်မူမည်”ဟု ဆိုလေ၏။ တစ်ဖန် ယောသပ်က “ဘုရားသခင်သည် သင်တို့ထံသို့ အမှန်ပင်အကြည့်အရှုကြွလာတော်မူမည်။ ထိုအခါ သင်တို့သည် ငါ့အရိုးတို့ကို ဤပြည်မှ ယူဆောင်သွားရမည်”ဟု ဆိုလျက် အစ္စရေးအမျိုးသားတို့အား ကျိန်ဆိုစေ၏။ ယောသပ်သည် အသက်တစ်ရာ့တစ်ဆယ်ရှိသော် သေဆုံးလေ၏။ ယောသပ်၏အလောင်းကိုဆေးစီရင်၍ အီဂျစ်ပြည်၌ အခေါင်းဖြင့်ထားကြလေ၏။