YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 49:24-25

ကမ္ဘာဦး 49:24-25 Judson Bible (JBMLE)

သို့​သော်​လည်း သူ၏​လေး​သည်​အား​မ​လျော့။ သူ​ကိုင်​သော လက်​နက်​တို့​သည်၊ ယာ​ကုပ်​အ​မျိုး၌ တန်​ခိုး​ကြီး​သော​ဘု​ရား၏​လက်​ဖြင့်​လည်း​ကောင်း၊ သိုး​ထိန်း​တည်း​ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး၏​ကျောက်​ဖြင့်​လည်း​ကောင်း၊ သင့်​ကို​မ​စ​တော်​မူ​သော သင့်​အ​ဘ၏​ဘု​ရား​သ​ခင်​အား​ဖြင့်​လည်း​ကောင်း၊ သင့်​ကို ကောင်း​ချီး​ပေး​တော်​မူ​သော အ​န​န္တ​တန်​ခိုး​ရှင်​အား​ဖြင့်​လည်း​ကောင်း ခိုင်​မာ​လျက်​ရှိ၏။ ထို​ဘု​ရား​သည် အ​ထက်​မိုး​ကောင်း​ကင်၏​မင်္ဂ​လာ၊ အောက်​နက်​နဲ​သော​အ​ရပ်၏​မင်္ဂ​လာ၊ သား​မြတ်​နှင့်​ဆိုင်​သော​မင်္ဂ​လာ၊ ဝမ်း​နှင့်​ဆိုင်​သော​မင်္ဂ​လာ​တို့​ဖြင့် သင့်​ကို​ကောင်​ချီး​ပေး​တော်​မူ​ပါ​စေ​သော။

ကမ္ဘာဦး 49:24-25 Common Language Bible (BCL)

သို့​ရာ​တွင်​ယာ​ကုပ်​၏​အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏ တန်​ခိုး​တော်​အား​ဖြင့်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​၏​ကာ​ကွယ်​ရာ​ကျောက်​ဖြစ်​တော်​မူ​သော သိုး​ထိန်း​ရှင်​၏​စောင်​မ​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ သူ​၏​လေး​သည်​တည်​ငြိမ်​၍​သူ​၏​လက်​တို့​သည် အား​သန်​လျက်​ရှိ​၏။ သင့်​အ​ဖ​၏​ဘု​ရား​သ​ခင်​သည်​သင့်​ကို​ကူ​မ​လျက် ရှိ​တော်​မူ​၏။ အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည်​သင့်​အား ကောင်း​ကင်​မှ​ကျ​သော​မိုး​ရေ၊မြေ​အောက်​မှ စီး​ထွက်​သော​ရေ​ကို​လည်း​ကောင်း၊ သိုး​နွား​များ​နှင့်​သား​သ​မီး​ရ​တ​နာ​ကို လည်း​ကောင်း ပေး​တော်​မူ​ပါ​စေ၊

ကမ္ဘာဦး 49:24-25 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့သော် ယာကုပ်​၏​တန်ခိုးကြီး​သော​အရှင်​၏​လက်​တော်​အားဖြင့်​၊ အစ္စရေး​၏​ကျောက်​တည်းဟူသော​သိုးထိန်း​အားဖြင့် သူ​၏​လေး​သည် တည်ငြိမ်​၍ သူ​၏​လက်မောင်း​တို့​သည် သန်မာ​လျက်​ရှိ​၏​။ သင့်​ဖခင်​၏​ဘုရားသခင်​သည် သင့်​ကို ကူညီမစ​တော်မူ​မည်​။ အနန္တတန်ခိုးရှင်​သည် သင့်​အား အထက်​မိုးကောင်းကင်​၏​ကောင်းချီးမင်္ဂလာ​ဖြင့်​လည်းကောင်း​၊ အောက်​အရပ်​၌​ဝပ်​နေ​သည့်​နက်ရှိုင်း​သော​ရေထု​၏​ကောင်းချီးမင်္ဂလာ​ဖြင့်​လည်းကောင်း​၊ သားမြတ်​နှင့်​သားအိမ်​တို့​၏​ကောင်းချီးမင်္ဂလာ​ဖြင့်​လည်းကောင်း ကောင်းချီးပေး​တော်မူ​မည်​။