YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 45:5-8

ကမ္ဘာဦး 45:5-8 Judson Bible (JBMLE)

သို့​ရာ​တွင် သင်​တို့​သည် ကျွန်ုပ်​ကို ဤ​အ​ရပ်​သို့​ရောင်း​လိုက်​မိ​သော​ကြောင့် စိတ်​မ​ညှိုး​ငယ်​ကြ​နှင့်။ ကိုယ်​ကို​အ​မျက်​မ​ထွက်​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား သ​ခင်​သည် လူ​တို့​အ​သက်​ကို​စောင့်​မ​စေ​ခြင်း​ငှာ သင်​တို့​ရှေ့​မှာ ကျွန်ုပ်​ကို​စေ​လွှတ်​တော်​မူ​ပြီ။ မြေ​ပေါ်​မှာ နှစ်​နှစ်​အ​စာ​ခေါင်း​ပါး​ခဲ့​ပြီ။ လယ်​လုပ်​ခြင်း၊ စ​ပါး​ရိတ်​ခြင်း​ကို မ​ပြု​ရ​သော​နှစ် ငါး​နှစ်​ရှိ​သေး​၏။ ဘု​ရား​သ​ခင်​သည် သင်​တို့​ကို​မြေ​ကြီး​ပေါ်​မှာ ကျန်​ကြွင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကြီး​စွာ​သော ကယ်​တင်​ခြင်း​အား​ဖြင့် သင်​တို့​အ​သက်​ကို ချမ်း​သာ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​ရှေ့​မှာ ကျွန်ုပ်​ကို​စေ​လွှတ်​တော်​မူ​ပြီ။ သို့​ဖြစ်၍ သင်​တို့​သည် ကျွန်ုပ်​ကို​ဤ​အ​ရပ်​သို့ စေ​လွှတ်​သည်​မ​ဟုတ်၊ ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​သ​တည်း။ ကျွန်ုပ်​ကို​ဖာ​ရော​ဘု​ရင်၏​အ​ဘ​အ​ရာ၌​လည်း​ကောင်း၊ နန်း​တော်​အုပ်​အ​ရာ၌​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်​လုံး​ကို အုပ်​စိုး​သော​သ​ခင်​အ​ရာ၌​လည်း​ကောင်း ခန့်​ထား​တော်​မူ​ပြီ။

ကမ္ဘာဦး 45:5-8 Common Language Bible (BCL)

သင်​တို့​သည်​ကျွန်ုပ်​အား​ဤ​အ​ရပ်​သို့​ရောင်း​ချ မိ​သော​ကြောင့်​စိတ်​မ​ညှိုး​ငယ်​ကြ​ပါ​နှင့်။ မိ​မိ တို့​ကိုယ်​ကို​လည်း​အ​ပြစ်​မ​တင်​ကြ​ပါ​နှင့်။ ဘု​ရား​သ​ခင်​သည်​လူ​အ​ပေါင်း​တို့​၏​အ​သက် ကို​ကယ်​ဆယ်​ခြင်း​ငှာ သင်​တို့​အ​လျင်​ကျွန်ုပ် အား​စေ​လွှတ်​တော်​မူ​ခဲ့​ခြင်း​ဖြစ်​သည်။- တိုင်း​ပြည်​တွင်​အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်​ဆိုက် သည်​မှာ ယ​ခု​နှစ်​နှစ်​မျှ​သာ​ရှိ​သေး​သည်။ ထွန် ယက်​စိုက်​ပျိုး​ခြင်း​နှင့်​စပါး​ရိတ်​သိမ်း​ခြင်း​မ​ပြု လုပ်​နိုင်​သော​နှစ်​ငါး​နှစ်​ကျန်​သေး​၏။- ဘု​ရား​သ​ခင်​သည်​သင်​တို့​နှင့်​သင်​တို့​၏​သား မြေး​များ​အ​သက်​ရှင်​ကျန်​ရစ်​စေ​ရန် ဤ​သို့​အံ့​သြ ဖွယ်​ကောင်း​သော​နည်း​ဖြင့် သင်​တို့​ကို​ကယ်​ဆယ်​စေ ခြင်း​ငှာ​ကျွန်ုပ်​ကို​အ​လျင်​စေ​လွှတ်​တော်​မူ​ပြီ။- သို့​ဖြစ်​၍​သင်​တို့​သည်​ကျွန်ုပ်​အား​ဤ​အ​ရပ်​သို့ စေ​လွှတ်​လိုက်​ခြင်း​မ​ဟုတ်၊ ဘု​ရား​သ​ခင်​က​စေ လွှတ်​တော်​မူ​ခြင်း​ပင်​ဖြစ်​သည်။ ဘု​ရား​သ​ခင် သည်​ကျွန်ုပ်​ကို​ဤ​တိုင်း​ပြည်​၏​ဘုရင်​ခံ​အ​ရာ​၌ ခန့်​ထား​တော်​မူ​ပြီ။ ကျွန်ုပ်​သည်​အီ​ဂျစ်​ပြည် တစ်​ပြည်​လုံး​ကို​အုပ်​ချုပ်​ရ​သူ​ဖြစ်​၏။

ကမ္ဘာဦး 45:5-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့ရာတွင် အကျွန်ုပ်​ကို ဤ​အရပ်​သို့​ရောင်း​လိုက်​သည့်​အတွက် ဝမ်း​မ​နည်း​ကြ​ပါ​နှင့်​။ ကိုယ့်ကိုယ်ကိုယ်​အမျက်​မ​ထွက်​ကြ​ပါ​နှင့်​။ အကြောင်းမူကား ဘုရားသခင်​သည် လူ​တို့​အသက်​ကို​စောင်မ​ရန်​အတွက် သင်​တို့​ထက်​အလျင် အကျွန်ုပ်​ကို​စေလွှတ်​တော်မူ​၏​။ မြေကြီး​ပေါ်၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး နှစ်​နှစ်​ဖြစ်​ခဲ့​ပြီ​။ ထွန်ယက်​ခြင်း​၊ ရိတ်သိမ်း​ခြင်း​မ​ပြု​နိုင်​သော​နှစ် ငါး​နှစ်​ရှိ​သေး​၏​။ မြေကြီး​ပေါ်၌ သင်​တို့​အသက်ရှင်​ကျန်ရစ်​စေရန် သင်​တို့​ကို​ထိန်းသိမ်းစောင့်ရှောက်​မည့်​အကြောင်း​၊ ကြီးစွာ​သော​ကယ်တင်​ခြင်း​ဖြင့် သင်​တို့​အသက်ချမ်းသာ​ရာ​ရ​စေ​မည့်​အကြောင်း ဘုရားသခင်​သည် အကျွန်ုပ်​ကို သင်​တို့​ထက်​အလျင် စေလွှတ်​တော်မူ​၏​။ သို့ဖြစ်၍ သင်​တို့​သည် အကျွန်ုပ်​ကို ဤ​အရပ်​သို့​စေလွှတ်​သည်​မ​ဟုတ်​။ ဘုရားသခင်​စေလွှတ်​တော်မူ​သည်​ဖြစ်​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို ဖာရော​မင်းကြီး​၏​အဖ​အရာ​၌​လည်းကောင်း​၊ နန်းတော်သူ​နန်းတော်သား​အပေါင်း​တို့​၏​သခင်​အရာ​၌​လည်းကောင်း​၊ အီဂျစ်​ပြည်​တစ်ပြည်လုံး​ကို​အုပ်စိုး​သော​သူ​အရာ​၌​လည်းကောင်း ခန့်ထား​တော်မူ​ပြီ​။