YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 4:10-16

ကမ္ဘာဦး 4:10-16 Judson Bible (JBMLE)

ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် အ​ဘယ်​သို့​ပြု​ပြီး​သ​နည်း။ သင်​ညီ​အ​သွေး၏​အ​သံ​သည် မြေ​ထဲ​က ငါ့​ကို​အော်​ဟစ်​လျက်​ရှိ​သည်​တ​ကား။ သို့​ဖြစ်၍ သင့်​ညီ၏​အ​သွေး​ကို​ခံ​ယူ​ခြင်း​ငှာ၊ မိ​မိ​ပါး​စပ်​ကို​ဖွင့်​သော မြေ​ကြီး၏​ကျိန်​ခြင်း​ကို သင်​သည်​ခံ​ရ​သော​ကြောင့်၊ ယ​ခု​မှ​စ၍​မြေ၌​လုပ်​သော​အ​ခါ ပ​က​တိ​အ​တိုင်း အ​သီး​အ​နှံ​ကို​မ​ရ ရ။ မြေ​ကြီး​ပေါ်​မှာ ပြေး​ရ​သော​သူ၊ အ​ရပ်​ရပ်​လည်​ရ​သော​သူ ဖြစ်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ​၏။ ကာ​ဣ​န​က​လည်း၊ အ​ကျွန်ုပ်​အ​ပြစ်​သည် မ​ဖြေ​နိုင်​အောင်​ကြီး​ပါ​သ​လော။ အ​ကျွန်ုပ်​ကို မြေ​ကြီး​ပြင်​မှ ယ​နေ့​နှင်​ထုတ်​တော်​မူ​ပြီ၊ မျက်​နှာ​တော်​ကို​လည်း မ​မြင်​ရ။ မြေ​ကြီး​ပေါ်​မှာ ပြေး​ရ​သော​သူ၊ အ​ရပ်​ရပ်​လည်​ရ​သော​သူ​ဖြစ်​ပါ​ရ​မည်။ တွေ့​သ​မျှ​သော​သူ​တို့​သည် အ​ကျွန်ုပ်​ကို​သတ်​ပါ​လိမ့်​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား​ကို လျှောက်​ဆို​၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သို့​ဖြစ်၍ ကာ​ဣ​န​ကို​သတ်​သော​သူ​မည်​သည်​ကား၊ ခု​နစ်​ဆ​သော​အ​ပြစ်​ဒဏ်​ကို ခံ​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊ ကာ​ဣ​န​ကို​တွေ့​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​သတ်​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ၌​အ​မှတ်​ပေး​တော်​မူ​၏။ ကာ​ဣ​န​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​ထွက်​သွား၍၊ ဧ​ဒင်​ပြည်​အ​ရှေ့၊ နော​ဒ​ပြည်​တွင် နေ​လေ​၏။

ကမ္ဘာဦး 4:10-16 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​အ​ဘယ်​ကြောင့် ဤ​ဆိုး​ယုတ်​သော​အ​မှု​ကို​ပြု​ရ​သ​နည်း။ သင့် ညီ​အ​သွေး​၏​အ​သံ​သည်​မြေ​ထဲ​မှ ငါ့​ထံ​သို့ အော်​ဟစ်​လျက်​ရှိ​သည်​တ​ကား။- သင်​သည်​ကျိန်​စာ​သင့်​၍​မြေ​ကို​ထွန်​ယက်​စိုက် ပျိုး​မှု​မ​ပြု​နိုင်​တော့​ပြီ။ သင့်​လက်​ချက်​ကြောင့် ထွက်​သော​သင့်​ညီ​၏​သွေး​ကို မြေ​သည်​ခံ​တွင်း ဖြင့်​ခံ​ယူ​သ​ကဲ့​သို့​စုတ်​ယူ​ခဲ့​လေ​ပြီ။- သင်​သည်​မြေ​ကို​ထွန်​ယက်​စိုက်​ပျိုး​သော်​လည်း အ​သီး​အ​နှံ​ထွက်​မည်​မ​ဟုတ်။ သင်​သည်​အိုး အိမ်​မဲ့​လျက်​မြေ​ကြီး​ပေါ်​တွင်​လှည့်​လည် နေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​ကာ​ဣ​န​က``ကိုယ်​တော်​ပေး​သော အ​ပြစ်​ဒဏ်​သည် ပြင်း​ထန်​လွန်း​လှ​ပါ​၏။- ကိုယ်​တော်​သည်​အ​ကျွန်ုပ်​ကို​ဤ​မြေ​မှ​နှင်​ထုတ် တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​၏​မျက်​မှောက်​တော်​မှ လည်း​နှင်​ထုတ်​တော်​မူ​ပါ​ပြီ။ အိုး​အိမ်​မဲ့​လျက် မြေ​ကြီး​ပေါ်​တွင် လှည့်​လည်​နေ​ရ​ပါ​မည်။ တွေ့ သ​မျှ​သော​သူ​တို့​သည် အ​ကျွန်ုပ်​အား​သတ် ကြ​ပါ​လိမ့်​မည်'' ဟု​ပြန်​၍​လျှောက်​၏။ ထာ​ဝ​ရ​ဘု​ရား​က``သင်​၌​ထို​သို့​မ​ဖြစ်​စေ​ရ။ သင့်​အား​သတ်​သော​သူ​မည်​သည်​ကား ခု​နစ်​ဆ သော​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​မည်'' ဟု​မိန့်​တော်​မူ ၏။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် ကာ​ဣ​န ကို​တွေ့​ရှိ​သူ​သည်​သူ့​ကို​မ​သတ်​ရန် သ​တိ ပေး​သည့်​အ​မှတ်​လက္ခ​ဏာ​ဖြင့်​သူ့​အ​ပေါ် တွင်​မှတ်​သား​ပေး​တော်​မူ​၏။- ကာ​ဣ​န​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​ထံ​တော် မှ​ထွက်​သွား​၍ ဧ​ဒင်​အ​ရှေ့​ဘက်​ရှိ``လှည့်​လည် ရာ'' ဟု​တွင်​သော​အ​ရပ်​၌​နေ​ထိုင်​လေ​၏။

ကမ္ဘာဦး 4:10-16 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​က​လည်း “​သင်​သည် မည်သို့​ပြု​ဘိ​သနည်း​။ သင့်​ညီ​အသွေး​၏​အသံ​သည် မြေကြီး​ထဲမှ ငါ့​ထံသို့ အော်ဟစ်​နေ​ပါ​သည်​တကား​။ မြေကြီး​သည် မိမိ​နှုတ်​ကို​ဟ​၍ သင်​၏​လက်​မှ သင့်​ညီ​၏​အသွေး​ကို​ခံယူ​ပြီ​ဖြစ်​သောကြောင့် သင်​သည် မြေကြီး​၏​ကျိန်​ခြင်း​ကို ယခု​ခံရ​ပြီ​။ သင်​သည် မြေ​ကို​ထွန်ယက်​လုပ်ကိုင်​သော်လည်း မြေ​သည် မိမိ​၏​အသီးအနှံ​ကို သင့်​အား ပေး​တော့​မည်​မ​ဟုတ်​။ သင်​သည် ကမ္ဘာမြေကြီး​ပေါ်တွင် အတည်တကျ​နေစရာ​မ​ရှိ​၊ လှည့်လည်သွားလာ​သူ​ဖြစ်​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ ကာဣန​က​လည်း “​အကျွန်ုပ်​၏​အပြစ်ဒဏ်​သည် အကျွန်ုပ်​ခံနိုင်​သည်​ထက်​ကြီးလေး​ပါ​၏​။ ယနေ့ ကိုယ်တော်​သည် အကျွန်ုပ်​ကို မြေပြင်​ပေါ်​မှ နှင်ထုတ်​တော်မူ​သဖြင့် အကျွန်ုပ်​သည် ကိုယ်တော်​၏​ရှေ့​တော်​မှ​ပုန်းရှောင်​လျက် ကမ္ဘာမြေကြီး​ပေါ်တွင် အတည်တကျ​နေစရာ​မ​ရှိ​၊ လှည့်လည်သွားလာ​သူ​ဖြစ်​ရ​ပါ​မည်​။ အကျွန်ုပ်​ကို​တွေ့​သမျှ​သော​သူ​တို့​သည် အကျွန်ုပ်​ကို​သတ်​ပါ​လိမ့်မည်​”​ဟု ထာဝရဘုရား​အား လျှောက်​လေ​၏​။ ထာဝရဘုရား​က​လည်း “​သို့ဖြစ်လျှင် မည်သူမဆို ကာဣန​ကို​သတ်​လျှင် ခုနစ်ဆ​သော​လက်တုံ့ပြန်​ခြင်း​ကို ခံ​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ ကာဣန​ကို​တွေ့​သော​သူ​တစ်စုံတစ်ယောက်​မျှ သူ့​ကို​မ​သတ်​မည့်​အကြောင်း ထာဝရဘုရား​သည် သူ​၌ အမှတ်လက္ခဏာ​တစ်​ခု​ကို ထား​တော်မူ​၏​။ ကာဣန​သည် ထာဝရဘုရား​၏​ရှေ့​တော်​မှ​ထွက်သွား​၍ ဧဒင်​အရပ်​၏​အရှေ့ဘက်​၊ နောဒ​ပြည်​တွင်​နေထိုင်​လေ​၏​။