YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 39:7-12

ကမ္ဘာဦး 39:7-12 Judson Bible (JBMLE)

ထို​နောက်​မှ​သ​ခင်၏​မ​ယား​သည် ယော​သပ်​ကို​တပ်​သော​စိတ်​ရှိ၍ ငါ​နှင့်​အ​တူ​အိပ်​ပါ​ဟု​ဆို၏။ ယော​သပ်​က​လည်း၊ ကျွန်​တော်​သ​ခင်​သည် အိမ်​တော်၌​ရှိ​သ​မျှ​သော​ဥ​စ္စာ​တို့​ကို ကျွန်​တော်​လက်​သို့​အပ်​ပါ​ပြီ။ ကျွန်​တော်၌ အ​ဘယ်​ဥ​စ္စာ​ရှိ​မှန်း​ကို​မျှ​မ​သိ​မ​မှတ်​ပါ။ ဤ​အိမ်​တွင်​လည်း ကျွန်​တော်​ထက်​သာ၍ ကြီး​သော​သူ​မ​ရှိ​ပါ။ ကိုယ်​မ​ယား​ဖြစ်​သော သ​ခင်​မ​မှ​တစ်​ပါး အ​ဘယ်​အ​ရာ​ကို​မျှ ကျွန်​တော်​အား​မ​မြစ်​တား​ပါ။ သို့​ဖြစ်​လျှင် အ​ပြစ်​ကြီး​သော​ဤ​အ​မှု​ကို ကျွန်​တော်​ပြု၍ ဘု​ရား​သ​ခင်​ကို အ​ဘယ်​သို့​ပြစ်​မှား​နိုင်​သ​နည်း​ဟု သ​ခင်၏​မ​ယား​ကို​ငြင်း၍ ပြန်​ဆို၏။ ထို​သို့​သ​ခင်​မ​သည် နေ့​တိုင်း​သွေး​ဆောင်​သော်​လည်း၊ ယော​သပ်​သည် သူ၏​စ​ကား​ကို​နား​မ​ထောင်၊ သူ​နှင့်​အ​တူ​အိပ်​ခြင်း၊ နေ​ခြင်း​အ​မှု​ကို​ရှောင်​လေ၏။ တစ်​နေ့​သ၌ ယော​သပ်​သည်​အ​မှု​ဆောင်​ခြင်း​ငှာ အိမ်​ထဲ​သို့​ဝင်၍ အိမ်​သား​ယောက်ျား​တစ်​ယောက်​မျှ မ​ရှိ​သော​အ​ခါ၊ သ​ခင်​မ​က ငါ​နှင့်​အ​တူ​အိပ်​ပါ​ဟု​ဆို​လျက်၊ ယော​သပ်​အ​ဝတ်​ကို​ကိုင်​ဆွဲ​လျှင်၊ ယော​သပ်​သည် မိ​မိ​အ​ဝတ်​ကို​စွန့်၍ ပြင်​သို့​ထွက်​ပြေး​လေ၏။

ကမ္ဘာဦး 39:7-12 Common Language Bible (BCL)

ယော​သပ်​သည်​ကိုယ်​လုံး​ကိုယ်​ပေါက်​ကောင်း​၍ လူ ချော​လူ​လှ​တစ်​ယောက်​ဖြစ်​ရ​ကား​ကာ​လ​အ​တန် ကြာ​သော​အ​ခါ သူ့​သ​ခင်​မ​သည်​ယော​သပ်​အား စွဲ​လန်း​လာ​သ​ဖြင့်​သူ​နှင့်​အ​တူ​အိပ်​ရန်​ဖြား ယောင်း​လေ​၏။- သို့​ရာ​တွင်​ယော​သပ်​က​ငြင်း​ဆန်​လျက်``သ​ခင်​သည် ကျွန်​တော်​အား​အ​ရာ​ရာ​ကို​မျက်​နှာ​လွှဲ​အပ်​ထား ပါ​သည်။ သ​ခင်​ပိုင်​သ​မျှ​ဥစ္စာ​ပစ္စည်း​ကို​ထိန်း​သိမ်း ရန်​ကျွန်​တော်​အား​တာ​ဝန်​ပေး​အပ်​ထား​ပါ​သည်။- ဤ​အိမ်​တွင်​သ​ခင်​၏​သြ​ဇာ​ညောင်း​ရ​သ​ကဲ့​သို့ ကျွန်​တော်​၏​သြ​ဇာ​လည်း​ညောင်း​ရ​ပါ​သည်။ သ​ခင်​သည်​သ​ခင်​မ​မှ​လွဲ​လျှင်​ကျွန်​တော်​၏ လက်​သို့​မ​အပ်​သော​အ​ရာ​ဟူ​၍​မ​ရှိ​ပါ။ သို့ ဖြစ်​၍​ကျွန်​တော်​သည်​အ​ဘယ်​သို့​လျှင် ဤ​မျှ ဆိုး​ယုတ်​သော​အ​မှု​ကို​ပြု​၍​ဘု​ရား​သ​ခင် ကို​ပြစ်​မှား​နိုင်​ပါ​မည်​နည်း'' ဟု​ပြော​လေ​၏။- သ​ခင်​မ​သည်​ယော​သပ်​အား​နေ့​စဉ်​သွေး​ဆောင် သော်​လည်း​သူ​သည်​အ​မြဲ​ငြင်း​ဆန်​လေ​၏။ တစ်​နေ့​သ​၌​အ​ခြား​သော​အ​စေ​ခံ​တစ်​ယောက် မျှ​အိမ်​ထဲ​၌​မ​ရှိ​ခိုက် ယော​သပ်​သည်​မိ​မိ​အ​လုပ် တာ​ဝန်​ကို​ဆောင်​ရွက်​ရန်​အိမ်​ထဲ​သို့​ဝင်​ရောက် လာ​ရာ၊- သ​ခင်​မ​က​ယော​သပ်​အား``ငါ​နှင့်​အ​တူ​အိပ် ပါ'' ဟု​ဆို​၍​သူ​၏​ဝတ်​ရုံ​ကို​ကိုင်​ဆွဲ​ထား လေ​၏။ ယော​သပ်​သည်​လည်း​ဝတ်​ရုံ​ကို​သ​ခင်​မ ၏​လက်​ထဲ​၌​စွန့်​ပစ်​ထား​ခဲ့​၍​အိမ်​အ​ပြင်​သို့ ကိုယ်​လွတ်​ထွက်​ပြေး​လေ​သည်။

ကမ္ဘာဦး 39:7-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

နောက်ပိုင်းတွင် သခင်​၏​မယား​သည် ယောသပ်​ကို​နှစ်သက်တပ်မက်​၍ “​ငါ​နှင့်​အိပ်​ပါ​”​ဟု ဆို​လျှင် ယောသပ်​သည် ငြင်းဆန်​၍ သူ့​သခင်​၏​မယား​အား “​အကျွန်ုပ်​၏​သခင်​သည် အိမ်​၌​ရှိ​သော​အရာ​တို့​ကို​မ​သိ​မ​မှတ်​ပါ​။ သူ​၌​ရှိသမျှ​သော​အရာ​တို့​ကို အကျွန်ုပ်​လက်​သို့​အပ်​ပါ​ပြီ​။ ဤ​အိမ်​၌ အကျွန်ုပ်​ထက်​ကြီးမြတ်​သော​သူ​မ​ရှိ​ပါ​။ သခင်မ​သည် အကျွန်ုပ်​သခင်​၏​မယား​ဖြစ်​သောကြောင့် အကျွန်ုပ်​၏​သခင်​သည် သခင်မ​မှတစ်ပါး မည်သည့်​အရာ​ကို​မျှ​အကျွန်ုပ်​အား မ​ဟန့်တား​ပါ​။ သို့ဖြစ်၍ အကျွန်ုပ်​သည် ဤမျှလောက်​ကြီးမား​သော​မကောင်းမှု​ကို​ပြု​၍ ဘုရားသခင်​ကို ပြစ်မှား​ရ​ပါ​မည်လော​”​ဟု ဆို​လေ​၏​။ ထို​သခင်မ​သည် ယောသပ်​အား သူ​နှင့်အတူ​အိပ်​ရန်​၊ သူ​နှင့်အတူ​နေ​ရန် နေ့စဉ်နေ့တိုင်း ပြောဆို​နေ​သော်လည်း ယောသပ်​သည် သူ့​ကို​နား​မ​ထောင်​ပေ​။ တစ်နေ့တွင် ယောသပ်​သည် အလုပ်​လုပ်​ရန်​အိမ်​ထဲသို့​ဝင်သွား​ရာ အိမ်​ထဲ၌ အိမ်သား​ယောက်ျား​တစ်ယောက်မျှ​မ​ရှိ​ချေ​။ ထိုအခါ သခင်မ​သည် ယောသပ်​၏​အဝတ်​ကို​ဖမ်းဆွဲ​၍ “​ငါ​နှင့်​အိပ်​ပါ​”​ဟု ဆို​လေ​၏​။ သို့သော် ယောသပ်​သည် မိမိ​အဝတ်​ကို သခင်မ​လက်​ထဲ၌​စွန့်ထား​ခဲ့​၍ အပြင်ဘက်​သို့​ပြေး​ထွက်သွား​လေ​၏​။