YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 39:19-23

ကမ္ဘာဦး 39:19-23 Judson Bible (JBMLE)

ကိုယ်​တော်၏​ကျွန်​သည် ကျွန်ုပ်၌​ဤ​သို့​ပြု​ခဲ့​ပြီ​ဟု မ​ယား​ပြော​သော​စ​ကား​ကို သ​ခင်​ကြား​လျှင်၊ ယော​သပ်​ကို​အ​မျက်​ထွက်၍၊ ခေါ်​ပြီး​မှ၊ ရှင်​ဘု​ရင်​ချုပ်​ထား​သော​သူ​တို့​နေ​ရာ ထောင်​ထဲ​မှာ လှောင်​ထား​သ​ဖြင့်၊ ယော​သပ်​သည် ထောင်​ထဲ​မှာ​နေ​ရ၏။ သို့​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​ဘက်၌​ရှိ၍ ကယ်​မ​သ​နား​တော်​မူ​သ​ဖြင့်၊ ထောင်​မှူး​ထံ​မျက်​နှာ​ရ​စေ​တော်​မူ၏။ သို့​ဖြစ်၍​ထောင်​မှူး​သည် ထောင်၌​ချုပ်​ထား​သော​သူ​အ​ပေါင်း​တို့​ကို ယော​သပ်​လက်​သို့​အပ်၍၊ ထောင်​ထဲ​တွင်​ပြု​သ​မျှ​သော​အ​မှု​ကို ယော​သပ်​စီ​ရင်​ရ၏။ ထို​နောက်​ထောင်​မှူး​သည် ထောင်​အ​မှု​ကို​ကိုယ်​တိုင်​ပြန်၍ မ​ကြည့်​မ​ရှု​ရ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည်​ယော​သပ်​ဘက်​မှာ​ရှိ၍ သူ​ပြု​လေ​ရာ​ရာ၌ အောင်​စေ​တော်​မူ​သ​တည်း။

ကမ္ဘာဦး 39:19-23 Common Language Bible (BCL)

ပေါ​တိ​ဖာ​သည်​အ​လွန်​အ​မျက်​ထွက်​၍၊- ယော​သပ်​ကို​ဖမ်း​ဆီး​လျက်​ဘု​ရင်​၏​အ​မျက်​သင့် သူ​များ​ထား​ရာ​ထောင်​ထဲ​တွင်​အ​ကျဉ်း​ချ​ထား လေ​၏။ ယော​သပ်​သည်​ထောင်​ထဲ​မှာ​နေ​ရ​သော်​လည်း၊- ထာ​ဝ​ရ​ဘု​ရား​သည်​သူ​နှင့်​အ​တူ​ရှိ​၍​သူ့ အား​ကောင်း​ချီး​ပေး​သ​ဖြင့် သူ​သည်​ထောင်​မှူး ထံ​၌​မျက်​နှာ​သာ​ရ​လေ​၏။- ထောင်​မှူး​သည်​ယော​သပ်​အား​အ​ခြား​သော​အ​ကျဉ်း သား​အား​လုံး​တို့​ကို​အုပ်​ထိန်း​ကွပ်​ကဲ​ရန်​နှင့် ထောင် ထဲ​တွင်​ရှိ​သ​မျှ​ကိစ္စ​တို့​ကို​စီ​မံ​ရန်​တာ​ဝန်​လွှဲ အပ်​ထား​လေ​သည်။- ထာ​ဝ​ရ​ဘု​ရား​သည်​ယော​သပ်​နှင့်​အ​တူ​ရှိ​၍ သူ​တာ​ဝန်​ယူ​ဆောင်​ရွက်​သ​မျှ​တို့​၌​အောင်​မြင် စေ​တော်​မူ​သော​ကြောင့် ထောင်​မှူး​သည်​ယော​သပ် အား​တာ​ဝန်​များ​ကို​စိတ်​ချ​ယုံ​ကြည်​စွာ လွှဲ​အပ်​လေ​သည်။

ကမ္ဘာဦး 39:19-23 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

“​သခင်​၏​ကျွန်​သည် ကျွန်မ​၌ ဤသို့သော​အမှု​ကို​ပြု​ခဲ့​ပါ​၏​”​ဟု မိမိ​မယား​ပြော​သော​စကား​ကို သခင်​ကြား​သောအခါ အမျက်ထွက်​လေ​၏​။ ထိုအခါ ယောသပ်​၏​သခင်​သည် ယောသပ်​ကို​ခေါ်ဆောင်​သွား​၍ ရှင်ဘုရင်​အကျဉ်းချ​ထား​သော​သူ​များ​ကို ချုပ်နှောင်​ထား​သည့်​နေရာ​ဖြစ်​သော အကျဉ်းထောင်​ထဲ၌ ထည့်​ထား​လေ​၏​။ သို့ဖြစ်၍ ယောသပ်​သည် အကျဉ်းထောင်​ထဲ၌​နေ​ရ​၏​။ သို့သော်လည်း ထာဝရဘုရား​သည် ယောသပ်​နှင့်အတူ​ရှိ​၍ သူ့​ကို မေတ္တာကရုဏာ​ပြ​လျက် ထောင်မှူး​ရှေ့​၌ မျက်နှာရ​စေ​တော်မူ​၏​။ ထောင်မှူး​သည် အကျဉ်းထောင်​ထဲ၌​ရှိ​သော​အကျဉ်းသား​အားလုံး​ကို ယောသပ်​လက်​သို့​အပ်​၍ ထောင်​ထဲ၌​ဆောင်ရွက်စရာ​ရှိသမျှ​တို့​ကို ယောသပ်​ဆောင်ရွက်​ရ​၏​။ ထာဝရဘုရား​သည် ယောသပ်​နှင့်အတူ​ရှိ​တော်မူ​သောကြောင့် ယောသပ်​ဆောင်ရွက်​သမျှ​သော​အမှု​တို့​ကို ထောင်မှူး​သည် ကြည့်ရှုစရာ​မ​လို​ပေ​။ ထာဝရဘုရား​သည် ယောသပ်​ပြု​လေရာရာ​၌ အောင်မြင်​စေ​တော်မူ​၏​။