YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 39:1-6

ကမ္ဘာဦး 39:1-6 Judson Bible (JBMLE)

ဣ​ရှ​မေ​လ​လူ​တို့​သည် ယော​သပ်​ကို​ဆောင်​သွား၍ အဲ​ဂု​တ္တု​ပြည်​သို့​ရောက်​သော​အ​ခါ၊ အဲ​ဂု​တ္တု​အ​မျိုး​သား​ဖာ​ရော​ဘု​ရင်၏​အ​မတ်​ဖြစ်​သော ကိုယ်​ရံ​တော်​မှူး​ပေါ​တိ​ဖာ​ထံ​မှာ​ရောင်း​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ယော​သပ်​ဘက်၌​ရှိ​တော်​မူ​သ​ဖြင့် သူ​သည် အ​ကြံ​ထ​မြောက်​တတ်၏။ အဲ​ဂု​တ္တု​အ​မျိုး​သား မိ​မိ​သ​ခင်၏​အိမ်၌​နေ​ရ​လေ၏။ သူ့​ဘက်၌ ထာ​ဝ​ရ​ဘု​ရား​သည်​ရှိ​တော်​မူ၍၊ သူ​ပြု​လေ​ရာ​ရာ၌ အောင်​စေ​တော်​မူ​ကြောင်း​ကို သ​ခင်​လည်း​သိ​မြင်၏။ ထို​ကြောင့် ယော​သပ်​သည် သ​ခင်​ရှေ့၌​မျက်​နှာ​ရ၍ ခ​စား​လျက်​နေ​ရ၏။ သ​ခင်​သည်​လည်း မိ​မိ​အိမ်​တွင် အိမ်​အုပ်​အ​ရာ​နှင့်​ခန့်​ထား၍ ဥ​စ္စာ​ရှိ​သ​မျှ​ကို​အပ်​လေ၏။ ထို​သို့​အိမ်​နှင့်​ဥ​စ္စာ​ရှိ​သ​မျှ​ကို အုပ်​စိုး​စေ​သည်​ကာ​လ​မှ​စ၍ ထာ​ဝ​ရ​ဘု​ရား​သည် ယော​သပ်​အ​တွက် ထို​အဲ​ဂု​တ္တု​သား၏​အိမ်​ကို ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊ ပေး​တော်​မူ​သော​ကောင်း​ချီး​မင်္ဂ​လာ​သည် အ​တွင်း၊ ပြင်၊ ဥ​စ္စာ​ရှိ​ရှိ​သ​မျှ​အ​ပေါ်​မှာ​လည်း သက်​ရောက်​လေ၏။ သ​ခင်​သည် မိ​မိ၌​ရှိ​သ​မျှ​ကို​ယော​သပ်​လက်​သို့​အပ်၍၊ မိ​မိ​စား​သော​အ​စာ​မှ​တစ်​ပါး အ​ခြား​သော​ဥ​စ္စာ​ရှိ​မှန်း​ကို​မျှ မ​သိ​မ​မှတ်​ဘဲ​နေ၏။ ယော​သပ်​သည် ပုံ​ပြင်​ယဉ်​ကျေး၍ အ​သွေး​အ​ဆင်း​လည်း​လှ​သော​သူ​ဖြစ်၏။

ကမ္ဘာဦး 39:1-6 Common Language Bible (BCL)

ဣ​ရှ​မေ​လ​အ​မျိုး​သား​တို့​သည်​ယော​သပ်​အား အီ​ဂျစ်​ပြည်​သို့​ခေါ်​ဆောင်​သွား​၍ ပြည့်​ရှင်​ဖာ​ရော ဘု​ရင်​၏​ကိုယ်​ရံ​တော်​တပ်​မှူး​ပေါ​တိ​ဖာ​ထံ​၌ ရောင်း​ကြ​၏။- ထာ​ဝ​ရ​ဘု​ရား​သည်​ယော​သပ်​နှင့်​အ​တူ​ရှိ သ​ဖြင့်​သူ​သည်​ကြံ​စည်​လုပ်​ကိုင်​တိုင်း​အောင် မြင်​၏။ သူ​သည်​သူ​၏​သ​ခင်​အီ​ဂျစ်​အ​မျိုး သား​၏​အိမ်​တွင်​နေ​ထိုင်​လေ​သည်။- ထာ​ဝ​ရ​ဘု​ရား​သည်​သူ​နှင့်​အ​တူ​ရှိ​၍​သူ​ပြု လေ​သ​မျှ​တို့​တွင် အောင်​မြင်​ကြောင်း​သူ​၏​သ​ခင် တွေ့​မြင်​ရ​သည်။- ပေါ​တိ​ဖာ​သည်​ယော​သပ်​အား​ကျေ​နပ်​နှစ်​သက် သ​ဖြင့် သူ​၏​ကိုယ်​ရေး​ကိုယ်​တာ​မှူး​အ​ဖြစ်​ခန့် ထား​လျက် သူ​ပိုင်​ဆိုင်​သ​မျှ​ဥစ္စာ​ပစ္စည်း​နှင့်​အိမ် မှု​ကိစ္စ​တို့​ကို​အုပ်​ထိန်း​စေ​လေ​သည်။- ထို​အ​ချိန်​မှ​အ​စ​ပြု​၍​ထာ​ဝ​ရ​ဘု​ရား​သည် ယော​သပ်​ကြောင့် ထို​အီ​ဂျစ်​အ​မျိုး​သား​၏​အိမ် ထောင်​ကို​လည်း​ကောင်း၊ သူ​၏​အိမ်​စီး​ပွား​နှင့်​လယ် ယာ​စီး​ပွား​တို့​ကို​လည်း​ကောင်း၊ ကောင်း​ချီး​ပေး တော်​မူ​၏။- ပေါ​တိ​ဖာ​သည်​မိ​မိ​ပိုင်​သ​မျှ​ပစ္စည်း​အား​လုံး တို့​ကို​ယော​သပ်​လက်​သို့​လွှဲ​အပ်​ထား​၏။ သူ​စား သော​အ​စာ​မှ​လွဲ​၍​မည်​သည့်​အ​ရာ​၌​မျှ​ဝင် ရောက်​စွက်​ဖက်​ခြင်း​မ​ပြု​ချေ။

ကမ္ဘာဦး 39:1-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယောသပ်​သည် အီဂျစ်​ပြည်​သို့​ခေါ်ဆောင်​သွား​ခြင်း​ခံရ​၏​။ ထို​ပြည်​သို့​ရောက်​သောအခါ အီဂျစ်​အမျိုးသား​၊ ဖာရော​မင်းကြီး​၏​မှူးမတ်​၊ ကိုယ်ရံတော်မှူး ပေါတိဖာ​သည် ယောသပ်​ကို​ဣရှမေလ​လူမျိုး​တို့​လက်​မှ ဝယ်ယူ​လိုက်​၏​။ ထာဝရဘုရား​သည် ယောသပ်​နှင့်အတူ​ရှိ​တော်မူ​သဖြင့် သူ​သည် အောင်မြင်​သော​သူ​ဖြစ်လာ​၍ မိမိ​သခင်​အီဂျစ်​အမျိုးသား​၏​အိမ်​၌​နေထိုင်​ရ​၏​။ ထာဝရဘုရား​သည် သူ​နှင့်အတူ​ရှိ​တော်မူ​ကြောင်း​ကို​လည်းကောင်း​၊ သူ​ပြု​လေရာရာ​၌ ထာဝရဘုရား​အောင်မြင်​စေ​တော်မူ​ကြောင်း​ကို​လည်းကောင်း သူ​၏​သခင်​သည် သိမြင်​လေ​၏​။ ထို့ကြောင့် ယောသပ်​သည် သခင့်​ရှေ့​၌​မျက်နှာရ​၍ သခင့်​အား​ခစား​လျက်​နေ​ရ​၏​။ သခင်​သည် မိမိ​အိမ်​ကို​ကြီးကြပ်သူ​အဖြစ် သူ့​အား​ခန့်ထား​၍ မိမိ​၌​ရှိ​သော​အရာ​အားလုံး​တို့​ကို သူ့​လက်​၌​အပ်​လေ​၏​။ ထိုသို့ သခင်​သည် မိမိ​အိမ်​နှင့်​မိမိ​၌​ရှိ​သော​အရာ​အားလုံး​တို့​ကို သူ့​အား​အပ်နှံ​သော​အချိန်​မှစ၍ ထာဝရဘုရား​သည် ယောသပ်​အားဖြင့် ထို​အီဂျစ်​အမျိုးသား​၏​အိမ်​ကို​ကောင်းချီးပေး​တော်မူ​သဖြင့် သူ​၏​အိမ်​၊ သူ​၏​လယ်ယာ​တို့​၌​ရှိ​သော​အရာ​အားလုံး​တို့​အပေါ် ထာဝရဘုရား​၏​ကောင်းချီးမင်္ဂလာ​သက်ရောက်​လေ​၏​။ ထို့ကြောင့် သခင်​သည် မိမိ​ပိုင်ဆိုင်​သော​အရာ​အားလုံး​ကို ယောသပ်​လက်​သို့​အပ်​၍ မိမိ​စား​သော​အစားအစာ​မှတစ်ပါး မိမိ​ပိုင်​သော​မည်သည့်​အရာ​ကို​မျှ မ​သိ​မ​မှတ်​ဘဲ​နေ​၏​။ ယောသပ်​သည် အဆင်းသဏ္ဌာန်​လှ​၍ ရုပ်ရည်​ချောမော​သော​သူ​ဖြစ်​၏​။