YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 37:5-8

ကမ္ဘာဦး 37:5-8 Judson Bible (JBMLE)

ယော​သပ်​သည် အိပ်​မက်​ကို​မြင်၍၊ အစ်​ကို​တို့​အား​ပြန်​ပြော​သ​ဖြင့်၊ သူ​တို့​သည် သာ၍​မုန်း​ကြ၏။ အိပ်​မက်​ကို အ​ဘယ်​သို့​ပြန်​ပြော​သ​နည်း​ဟူ​မူ​ကား၊ ကျွန်ုပ်​မြင်​ရ​သော အိပ်​မက်​ကို​နား​ထောင်​ကြ​ပါ​လော့။ ကျွန်ုပ်​တို့​သည် လယ်၌​ကောက်​လှိုင်း​ကို​စည်း၍​နေ​ကြ​စဉ်​တွင်၊ ကျွန်ုပ်​ကောက်​လှိုင်း​သည်​ထ၍ မတ်​တတ်​နေ​သ​ဖြင့်၊ သင်​တို့၏​ကောက်​လှိုင်း​တို့​သည် ဝိုင်း၍​ရပ်​လျက်၊ ကျွန်ုပ်​ကောက်​လှိုင်း​ကို​ရှိ​ခိုး​ကြ​သည်​ဟု ပြော​ဆို​လေ၏။ အစ်​ကို​တို့​က​လည်း၊ သင်​သည် ငါ​တို့၌​မင်း​ပြု​ရ​လိမ့်​မည်​လော၊ ငါ​တို့​ကို အ​စိုး​ရ​လိမ့်​မည်​လော​ဟု ပြန်​ဆို၍၊ သူ၏​အိပ်​မက်​နှင့် သူ၏​စ​ကား​အ​ကြောင်း​ကြောင့် သာ၍​မုန်း​ကြ​၏။

ကမ္ဘာဦး 37:5-8 Common Language Bible (BCL)

တစ်​ခါ​က​ယော​သပ်​သည် အိပ်​မက်​မြင်​မက်​သ ဖြင့်​အစ်​ကို​တို့​အား​ထို​အိပ်​မက်​အ​ကြောင်း ကို​ပြော​ပြ​သော​အ​ခါ သူ​တို့​သည်​ပို​၍​ပင် ရွံ​မုန်း​ကြ​၏။- ယော​သပ်​က​သူ​တို့​အား``ကျွန်​တော်​မြင်​မက် သော​အိပ်​မက်​ကို​နား​ထောင်​ကြ​ပါ။- ကျွန်​တော်​တို့​သည်​လယ်​ထဲ​၌​ကောက်​လှိုင်း​များ ကို​စည်း​နေ​ကြ​စဉ် ကျွန်​တော်​၏​ကောက်​လှိုင်း​စည်း သည်​လဲ​ရာ​မှ​ထောင်​မတ်​လာ​၏။ အစ်​ကို​တို့​၏ ကောက်​လှိုင်း​စည်း​များ​သည်​ကျွန်​တော်​၏​ကောက် လှိုင်း​စည်း​ကို​ဝိုင်း​လာ​ပြီး​လျှင်​ဦး​ညွှတ်​ရှိ​ခိုး ကြ​ပါ​သည်'' ဟု​ပြော​ပြ​လေ​၏။ အစ်​ကို​တို့​က``သင်​က​ငါ​တို့​အ​ပေါ်​မှာ​မင်း ပြု​လို​သ​လော။ ငါ​တို့​ကို​အုပ်​စိုး​မည်​လော''ဟု မေး​လေ​၏။ ထို​သို့​ယော​သပ်​သည်​သူ​၏​အိပ်​မက် အ​ကြောင်း​ကို​ဖော်​ပြ​မိ​သ​ဖြင့် သူ​တို့​က​သူ့ ကို​ပို​၍​ရွံ​မုန်း​ကြ​၏။

ကမ္ဘာဦး 37:5-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယောသပ်​သည် အိပ်မက်​မက်​၍ သူ့​အစ်ကို​တို့​အား​ပြောပြ​သောအခါ သူ​တို့​သည် သူ့​ကို​ပို၍ပင်​မုန်း​ကြ​၏​။ ယောသပ်​က သူ​တို့​အား “​အကျွန်ုပ်​မက်​သော အိပ်မက်​ကို ပြောပြ​မည်​။ နားထောင်​ကြ​ပါ​။ အကျွန်ုပ်​တို့​သည် လယ်​၌ ကောက်လှိုင်း​များ​စည်း​နေ​ကြ​ရာ အကျွန်ုပ်​၏​ကောက်လှိုင်းစည်း​သည် ထ​၍ မတ်တတ်ရပ်​လေ​၏​။ ထိုအခါ အစ်ကို​တို့​၏​ကောက်လှိုင်းစည်း​များ​သည် ဝိုင်း​လာ​၍ အကျွန်ုပ်​၏​ကောက်လှိုင်းစည်း​ရှေ့​၌ ပျပ်ဝပ်​ကြ​၏​”​ဟု ဆို​လေ​၏​။ သူ့​အစ်ကို​တို့​က​လည်း “​သင်​သည် ငါ​တို့​ကို အမှန်ပင်​စိုးစံ​မည်လော​။ ငါ​တို့​ကို အမှန်ပင်​အုပ်စိုး​မည်လော​”​ဟု ဆို​၍ သူ​၏​အိပ်မက်​ကြောင့်​လည်းကောင်း​၊ သူ​၏​စကား​တို့​ကြောင့်​လည်းကောင်း သူ့​ကို​ပို၍ပင်​မုန်း​ကြ​၏​။