ကမ္ဘာဦး 34:25-29
ကမ္ဘာဦး 34:25-29 Judson Bible (JBMLE)
ထိုသို့ခံ၍ သုံးရက်မြောက်သောနေ့၌၊ အလွန်နာကြသောအခါ၊ ယာကုပ်သား၊ ဒိန၏မောင်ရှိမောင်နှင့် လေဝိညီနောင်နှစ်ယောက်တို့သည်၊ ဓားလက်နက် တစ်ယောက်တစ်စင်းစီစွဲကိုင်လျက်၊ သတိမရှိသောထိုမြို့ကိုတိုက်၍၊ ယောက်ျားအပေါင်းတို့ကိုသတ်လေ၏။ ဟာမော်မင်းနှင့် သားတော်ရှေခင်ကိုလည်း ဓားလက်နက်ဖြင့်သတ်ပြီးလျှင်၊ ဒိနကိုရှေခင်အိမ်မှနုတ်ယူ၍ ပြန်သွားကြ၏။ မိမိတို့နှမရှုတ်ချခြင်းကိုခံရသောကြောင့်၊ တစ်ဖန်ယာကုပ်သားတို့သည် အသေသတ်ပြီးသော သူတို့ဆီသို့သွားပြန်၍၊ မြို့ကိုလုယက်ဖျက်ဆီးသဖြင့်၊ သူတို့ သိုး၊ ဆိတ်၊ နွား၊ မြည်းမှစ၍၊ မြို့၌ရှိသမျှ၊ လယ်၌ရှိသမျှသော ဥစ္စာကိုလည်းကောင်း၊ သူတို့သားမယား၊ သူငယ်အပေါင်းကိုလည်းကောင်းသိမ်းယူ၍၊ အိမ်တို့၌ရှိသမျှကိုလည်း လုယက်ဖျက်ဆီးကြ၏။
ကမ္ဘာဦး 34:25-29 Common Language Bible (BCL)
ထိုနောက်သုံးရက်မြောက်သောနေ့၌မြို့သား တို့သည် အရေဖျားလှီးခြင်းကြောင့်ဝေဒနာ ခံနေရစဉ် ယာကုပ်၏သားများဖြစ်ကြသော ဒိန၏အစ်ကိုရှိမောင်နှင့်လေဝိတို့သည်ဋ္ဌား ကိုစွဲကိုင်လျက် မြို့တွင်းသို့အမှတ်မထင်ဝင် ရောက်ပြီးလျှင်ယောကျာ်းရှိသမျှတို့ကိုသတ် လေ၏။- သူတို့သည်ဟာမော်နှင့်သူ၏သားရှေခင်ကို လည်းခုတ်သတ်၍ ရှေခင်၏အိမ်မှဒိနကိုကယ် ယူခဲ့ပြီးလျှင်အိမ်သို့ပြန်လာခဲ့ကြလေ၏။- ယာကုပ်၏အခြားသောသားတို့ကလည်းသူ တို့၏နှမအသရေဖျက်ခံရခြင်းကိုလက်စား ချေရန် မိမိတို့သတ်ခဲ့သောသူတို့ထံသွား၍မြို့ ကိုလုယက်ဖျက်ဆီးကြလေသည်။- သူတို့သည် သိုးအုပ်၊ ဆိတ်အုပ်၊ နွားအုပ်၊ မြည်း အုပ်နှင့်မြို့တွင်းမြို့ပြင်၌ရှိသမျှသော ပစ္စည်းများကိုလုယူခဲ့ကြသည်။- မြို့သားတို့၏အဖိုးတန်ပစ္စည်းရှိသမျှနှင့်၊ သားမယားနှင့်ကလေးသူငယ်အားလုံး၊ အိမ်တွင်း၌တွေ့သမျှသောပစ္စည်းများကို သိမ်းယူခဲ့ကြသည်။
ကမ္ဘာဦး 34:25-29 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သုံးရက်မြောက်သောနေ့၌ သူတို့နာကျင်လျက်နေကြသောအခါ ယာကုပ်၏သားနှစ်ယောက်ဖြစ်သော ဒိန၏အစ်ကိုရှိမောင်နှင့်လေဝိတို့သည် ဓားကိုယ်စီကိုင်ဆောင်လျက် ထိုမြို့ထဲသို့ ရဲရင့်စွာဝင်ရောက်၍ ယောက်ျားအပေါင်းတို့ကိုသတ်လေ၏။ ဟာမော်နှင့်သူ၏သားရှေခင်ကိုလည်း သူတို့၏ဓားဖြင့်သတ်ပြီးလျှင် ဒိနကို ရှေခင်၏အိမ်မှခေါ်လျက် ထွက်သွားကြ၏။ ယာကုပ်၏သားတို့သည် မိမိတို့နှမကို မြို့သားတို့ညစ်ညူးစေသောကြောင့် အသတ်ခံရသောသူတို့ထံသို့လာ၍ သူတို့၏မြို့ကို သိမ်းယူကြ၏။ သူတို့သည် မြို့သားတို့၏သိုးဆိတ်၊ နွား၊ မြည်းများမှစ၍ မြို့တွင်း၊ မြို့ပြင်ရှိပစ္စည်းတို့ကို ယူကြ၏။ အိမ်ထဲ၌ရှိသောဥစ္စာပစ္စည်းအားလုံးကို သိမ်းယူသွား၏။ ကလေးနှင့်မိန်းမတို့ကိုလည်း တစ်ယောက်မကျန် ဖမ်းဆီးခေါ်ဆောင်သွားကြ၏။