YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 33:1-4

ကမ္ဘာဦး 33:1-4 Judson Bible (JBMLE)

ထို​အ​ခါ ယာ​ကုပ်​သည်​မျှော်​ကြည့်၍၊ အစ်​ကို​ဧ​သော​သည် လူ​လေး​ရာ​ပါ​လျက် ချီ​လာ​သည်​ကို​မြင်​လျှင်၊ လေ​အာ၊ ရာ​ခေ​လ၊ ကျွန်​မ​နှစ်​ယောက်​တို့​တွင် သား​များ​တို့​ကို​ဝေ​ပေး​လေ​၏။ ကျွန်​မ​နှစ်​ယောက်​ကို​ကား၊ သူ​တို့​သား​များ​နှင့်​ရှေ့​က​နေ​စေ၍၊ လေ​အာ​နှင့်​သူ၏​သား​တို့​ကို အ​လယ်၌​လည်း​ကောင်း၊ ရာ​ခေ​လ​နှင့် ယော​သပ်​ကို​နောက်၌​လည်း​ကောင်း ထား​လေ​၏။ သူ​တို့​ရှေ့​မှာ​ကိုယ်​တိုင်​လွန်​သွား၍၊ ခု​နစ်​ကြိမ်​တိုင်​အောင် ဦး​ညွှတ်​ပျပ်​ဝပ်​လျက်၊ အစ်ကိုအနီးသို့ချဉ်း​ကပ်​လေ၏။ ထို​အ​ခါ ဧ​သော​သည် ကြို​ဆို​ခြင်း​ငှာ​ပြေး​လာ၍၊ လည်​ချင်း​ယက်​လျက်၊ ပိုက်​ဖက်​နမ်း​ရှုတ်​ခြင်း​ကို​ပြု၍၊ နှစ်​ယောက်​စ​လုံး​တို့​သည် ငို​ကြွေး​ကြ၏။

ကမ္ဘာဦး 33:1-4 Common Language Bible (BCL)

ဧ​သော​သည်​လူ​လေး​ရာ​ပါ​လျက်​လာ​နေ​သည် ကို​ယာ​ကုပ်​မြင်​လျှင်​သား​သမီး​တို့​ကို​လေ​အာ၊ ရာ​ခေ​လ​နှင့်​မ​ယား​ငယ်​နှစ်​ဦး​တို့​ထံ​ခွဲ​၍ အပ်​နှံ​ထား​လေ​၏။- သူ​သည်​မ​ယား​ငယ်​တို့​နှင့်​သူ​တို့​၏​က​လေး များ​ကို​ရှေ့​ဆုံး​၌​ထား​၍ ထို​နောက်​လေ​အာ​နှင့် သူ​၏​က​လေး​တို့​ကို​လည်း​ကောင်း၊ နောက်​ဆုံး ၌​ရာ​ခေ​လ​နှင့်​ယော​သပ်​ကို​လည်း​ကောင်း နေ​ရာ​ချ​ထား​လေ​၏။- ယာ​ကုပ်​သည်​ထို​သူ​တို့​ရှေ့​က​သွား​၍​အစ်​ကို ၏​အ​နီး​သို့​ချဉ်း​ကပ်​မိ​လျှင် ခု​နစ်​ကြိမ်​ဦး​ညွှတ် ၍​အ​ရို​အ​သေ​ပြု​လေ​သည်။- ထို​အ​ခါ​ဧ​သော​သည်​ပြေး​၍​ယာ​ကုပ်​ကို​ဖက် ယမ်း​နမ်း​ရှုပ်​လေ​သည်။ သူ​တို့​နှစ်​ဦး​ငို​ကြွေး​ကြ ၏။

ကမ္ဘာဦး 33:1-4 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယာကုပ်​သည်​မျှော်ကြည့်​ရာ ဧသော​သည် လူ​လေး​ရာ​နှင့်အတူ​လာ​နေ​သည်​ကို မြင်​လေ​၏​။ ထို့ကြောင့် သူ​သည် ကလေး​တို့​ကို လေအာ​၊ ရာခေလ​နှင့် ကျွန်မ​နှစ်​ယောက်​တို့​အား အသီးသီး​ခွဲပေး​ပြီးလျှင် ကျွန်မ​နှစ်​ယောက်​နှင့်​သူ​တို့​၏​ကလေး​များ​ကို ရှေ့ဆုံး​၌​လည်းကောင်း​၊ လေအာ​နှင့်​သူ​၏​ကလေး​များ​ကို အလယ်​၌​လည်းကောင်း​၊ ရာခေလ​နှင့်​ယောသပ်​ကို နောက်ဆုံး​၌​လည်းကောင်း ထား​လေ​၏​။ ထို့နောက် သူ​ကိုယ်တိုင် သူ​တို့​ရှေ့​မှ​သွား​၍ ခုနစ်​ကြိမ်​တိုင်တိုင် မြေ​မှာ​ပျပ်ဝပ်​ရင်း အစ်ကို​ထံသို့​ချဉ်းကပ်​လေ​၏​။ ဧသော​သည် ပြေးလာ​၍​သူ​နှင့်​တွေ့ဆုံ​ပြီး သူ့​ကို​ပွေ့ဖက်​လျက်​၊ လည်ချင်းယှက်​လျက် နမ်း​လေ​၏​။ ထို့နောက် သူ​တို့​သည် ငိုကြွေး​ကြ​၏​။