YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 3:6-10

ကမ္ဘာဦး 3:6-10 Judson Bible (JBMLE)

ထို​အ​ပင်​သည် စား​ဖွယ်​ကောင်း​ခြင်း၊ အ​ဆင်း​လည်း​လှ​ခြင်း၊ ပ​ညာ​တိုး​ပွား​စေ​လို​သော​ငှာ၊ နှစ်​သက်​ဖွယ်​သော​အ​ပင်​ဖြစ်​ခြင်း​ကို မိန်း​မ​သည်​မြင်​လျှင်၊ အ​သီး​ကို ယူ၍​စား၏။ မိ​မိ​ခင်​ပွန်း​အား​လည်း​ပေး၍ သူ​သည်​လည်း​စား၏။ ထို​သူ​နှစ်​ယောက်​တို့​သည် မျက်​စိ​ပွင့်​လင်း၍၊ မိ​မိ​တို့၌ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သည်​ကို သိ​မြင်​လျှင်၊ မိ​မိ​တို့​ဝတ်​ရန်​ဖို့ သင်္ဘော​သ​ဖန်း​ပင်​အ​ရွက်​တို့​ကို​ချုပ်​စပ်၍ ခါး​စည်း​ကို​လုပ်​ကြ၏။ နေ​ဧ​သော​အ​ချိန်​တွင်၊ ထို​ဥ​ယျာဉ်၌ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် ကြွ​တော်​မူ​သော​အ​သံ​ကို လူ​လင်​မ​ယား​တို့​သည်​ကြား​လျှင်၊ အ​ထံ​တော်​မှ​လွတ်​ခြင်း​ငှာ၊ ဥ​ယျာဉ်​အ​ပင်​တို့​တွင် ပုန်း​ကွယ်​လျက်​နေ​ကြ၏။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု၊ လူ​ကို​ခေါ်​တော်​မူ၏။ လူ​က​လည်း၊ ဥ​ယျာဉ်၌ ကိုယ်​တော်၏​အ​သံ​ကို ကျွန်​တော်​ကြား​လျှင်၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သော​ကြောင့်၊ ကြောက်၍ ပုန်း​လျက်​နေ​ပါ​သည်​ဟု လျှောက်​လေ၏။

ကမ္ဘာဦး 3:6-10 Common Language Bible (BCL)

မိန်း​မ​သည်​အ​ပင်​၏​တင့်​တယ်​ခြင်း၊ အ​သီး​၏ စား​ချင့်​စ​ဖွယ်​ကောင်း​ခြင်း​ကို​မြင်​ရ​၏။ ထို့​ပြင် ပ​ညာ​ဉာဏ်​ရှိ​လျှင် အံ့​ဘွယ်​ကောင်း​လိမ့်​မည်​ဟု စိတ်​ထင်​လျက်​အ​သီး​ကို​ဆွတ်​၍​စား​လေ​၏။ သူ​၏​ခင်​ပွန်း​အား​လည်း​ပေး​သ​ဖြင့်​သူ​လည်း စား​၏။- ထို​သို့​စား​ကြ​သည့်​ခ​ဏ​ခြင်း​တွင်​သူ​တို့​သည် အ​သိ​ဉာဏ်​ပွင့်​လာ​၍​အ​ဝတ်​အ​ချည်း​စည်း​ရှိ သည့်​အ​ဖြစ်​ကို​သိ​မြင်​လာ​ကြ​၏။ ထို့​ကြောင့် သူ​တို့​သည် သ​ဖန်း​ရွက်​များ​ကို​သီ​ချုပ်​၍ ကိုယ်​ပေါ်​တွင်​ဝတ်​ဆင်​ထား​ကြ​၏။ ထို​နေ့​ည​နေ​ခင်း​၌​သူ​တို့​သည်​ဥ​ယျာဉ်​ထဲ တွင်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် ကြွ​လာ တော်​မူ​သော​အ​သံ​ကို​ကြား​ရ​လျှင် သူ​တို့ အား​မ​တွေ့​မ​မြင်​စေ​ရန်​သစ်​ပင်​များ​အ​ကြား တွင်​ပုန်း​ကွယ်​နေ​ကြ​၏။- သို့​ရာ​တွင်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် က``သင်​အ​ဘယ်​မှာ​ရှိ​သ​နည်း''ဟု​လူ​အား ခေါ်​တော်​မူ​၏။ ထို​အ​ခါ​လူ​ယောကျာ်း​က``ကိုယ်​တော်​ဥ​ယျာဉ်​ထဲ ၌​ကြွ​လာ​တော်​မူ​သော​အ​သံ​ကို​ကြား​ရ​၍ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သော​ကြောင့်​ကြောက် ၍​ပုန်း​နေ​ပါ​သည်'' ဟု​လျှောက်​လေ​၏။

ကမ္ဘာဦး 3:6-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​အပင်​မှာ စားချင်စဖွယ်​ကောင်း​၍ အမြင်​အားဖြင့်​လည်း​တင့်တယ်​ပြီး ပညာတိုးပွား​စေရန်​လည်း နှစ်လိုဖွယ်​ကောင်း​သော​အပင်​ဖြစ်​သည်​ကို မိန်းမ​သည်​မြင်​လျှင် ထို​အပင်​၏​အသီး​ကို ဆွတ်ယူ​၍​စား​လေ​၏​။ မိမိ​နှင့်အတူ​ရှိ​သော​ခင်ပွန်း​အား​လည်း​ပေး​၍ သူ​သည်​လည်း စား​လေ​၏​။ ထိုအခါ ထို​သူ​နှစ်ဦးစလုံး​သည် မျက်စိ​ပွင့်လင်း​၍ မိမိ​တို့​၌ အဝတ်မပါ​အချည်းစည်း​ဖြစ်​သည်​ကို သိသွား​သဖြင့် သူ​တို့​သည် သဖန်း​ရွက်​များ​ကို​သီချုပ်​လျက် မိမိ​တို့​အတွက် ခါးဝတ်တန်ဆာ​ကို ပြုလုပ်​ကြ​၏​။ နေအေး​သော​အချိန်​တွင် ဥယျာဉ်​၌ ထာဝရအရှင်​ဘုရားသခင် ကြွ​တော်မူ​သော​အသံ​ကို လူ​လင်မယား​သည် ကြား​လျှင် ထာဝရအရှင်​ဘုရားသခင် ရှေ့​တော်​မှ​လွတ်​ရန် ဥယျာဉ်​ရှိ​သစ်ပင်​များ​ကြားတွင် ပုန်းကွယ်​လျက်​နေ​ကြ​၏​။ ထာဝရအရှင်​ဘုရားသခင်​က လူ​ကို​ခေါ်​၍ “​သင်​သည် အဘယ်မှာ​ရှိ​သနည်း​”​ဟု မေး​တော်မူ​၏​။ လူ​က​လည်း “​ဥယျာဉ်​၌ ကိုယ်တော်​၏​အသံ​ကို​ကြား​၍ အကျွန်ုပ်​မှာ အဝတ်မပါ​အချည်းစည်း​ဖြစ်​သောကြောင့် ကြောက်​၍ ပုန်းကွယ်​နေ​ပါ​သည်​”​ဟု လျှောက်​လေ​၏​။