ကမ္ဘာဦး 3:22-24
ကမ္ဘာဦး 3:22-24 Judson Bible (JBMLE)
ထာဝရအရှင်ဘုရားသခင်ကလည်း၊ လူသည် ငါတို့တွင် တစ်ပါးပါးကဲ့သို့ဖြစ်၍၊ ကောင်းမကောင်းသိတတ်၏။ ယခုမှာ သူသည် ထာဝရအသက်ကိုရခြင်းငှာ၊ လက်ကိုဆန့်လျက် အသက်ပင်၏အသီးကိုယူ၍ မစားသင့်ဟု မိန့်တော်မူ၍၊ လူသည် မိမိထွက်သောမြေ၌လုပ်ရမည်အကြောင်း၊ ထာဝရအရှင်ဘုရားသခင်သည်၊ ဧဒင်ဥယျာဉ်ထဲက လွှတ်လိုက်တော်မူ၏။ ထိုသို့လူကိုနှင်ထုတ်ပြီးလျှင်၊ အသက်ပင်လမ်းကို စောင့်ရှောက်စေခြင်းငှာ၊ မီးစက်လက်နက်နှင့်တကွ ခေရုဗိမ်တို့ကို ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏။
ကမ္ဘာဦး 3:22-24 Common Language Bible (BCL)
ထိုနောက်ထာဝရအရှင်ဘုရားသခင်က``လူ သည်ငါတို့ကဲ့သို့ဖြစ်လာ၍ အကောင်းနှင့်အ ဆိုးကိုသိမြင်လာလေပြီ။ အမြဲအသက် ရှင်စေသောအပင်မှအသီးကိုဆွတ်စား၍ အမြဲအသက်ရှင်ခွင့်မပြုရ'' ဟုမိန့်တော် မူ၏။- ထို့ကြောင့်ထာဝရအရှင်ဘုရားသခင်သည် လူကိုဧဒင်ဥယျာဉ်ထဲမှနှင်ထုတ်၍ မြေမှ ဖြစ်သောလူအားမြေကိုထွန်ယက်စိုက်ပျိုး စေတော်မူ၏။- ထိုနောက်အသက်ရှင်စေသောအပင်အနီး သို့မည်သူမျှမချဉ်းကပ်နိုင်စေရန် လည်ပတ် လျက်ရှိသောဋ္ဌားမီးစက်လက်နက်နှင့်တကွ ခေရုဗိမ် တို့ကိုဥယျာဉ်အရှေ့ဘက်တွင်အစောင့်ချ ထားတော်မူ၏။
ကမ္ဘာဦး 3:22-24 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် ထာဝရအရှင်ဘုရားသခင်က “ကြည့်ရှုလော့။ လူသည် အကောင်းအဆိုးကိုသိခြင်းအရာ၌ ငါတို့ထဲမှတစ်ပါးပါးကဲ့သို့ဖြစ်လာပြီ။ ယခုမှာ သူသည် လက်ကိုဆန့်ပြီး အသက်ပင်၏အသီးကိုယူစား၍ ထာဝရအသက်ရှင်ခွင့် မရသင့်”ဟု မိန့်တော်မူ၏။ ထို့ကြောင့် ထာဝရအရှင်ဘုရားသခင်သည် လူကို ဧဒင်ဥယျာဉ်ထဲမှနှင်ထုတ်၍ မြေမှဖြစ်လာသောလူကို ထိုမြေကိုပင် ထွန်ယက်လုပ်ကိုင်စေ၏။ ထိုသို့ လူကိုနှင်ထုတ်ပြီးလျှင် အသက်ပင်သို့သွားရာလမ်းကိုစောင့်ရှောက်စေရန် ခေရုဗိမ်နှင့်တကွ အဘက်ဘက်လည်နေသောမီးလျှံဓားကို ဧဒင်ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏။