YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 3:15-19

ကမ္ဘာဦး 3:15-19 Judson Bible (JBMLE)

သင်​နှင့် မိန်း​မ​ကို​လည်း​ကောင်း၊ သင်၏​အ​မျိုး​အ​နွယ်​နှင့် မိန်း​မ၏​အ​မျိုး​အ​နွယ်​ကို​လည်း​ကောင်း၊ ငါ​သည်​ရန်​ငြိုး​ဖွဲ့​စေ​မည်။ သူ​သည် သင်၏​ခေါင်း​ကို ကြိတ်​လိမ့်​မည်၊ သင်​သည် သူ၏​ဖ​နောင့်​ကို ကြိတ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ မိန်း​မ​ကို​လည်း၊ သင်၌​ကိုယ်​ဝန်​ဆောင်​ခြင်း​ဝေ​ဒ​နာ​ကို ငါ​အ​လွန်​များ​ပြား​စေ​မည်။ ပင်​ပန်း​စွာ​ဝေ​ဒ​နာ​ကို​ခံ၍ သား​ဖွား​ရ​မည်။ ကိုယ်​ခင်​ပွန်း၏​အ​လို​သို့​လိုက်၍၊ သူ၏​အုပ်​စိုး​ခြင်း​ကို​လည်း​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။ ယောက်ျား​ကို​လည်း၊ ထို​အ​ပင်၏​အ​သီး​ကို​မ​စား​ရ​ဟု ငါ​ပ​ညတ်​သော်​လည်း၊ သင်​သည်​မ​ယား၏​စ​ကား​ကို​နား​ထောင်၍ စား​မိ​သော​ကြောင့်၊ မြေ​သည် သင်၏​အ​တွက် ကျိန်​ခြင်း​ကို ခံ​လျက်​ရှိ၏။ မြေ၏​အ​သီး​ကို တစ်​သက်​ပတ်​လုံး ပင်​ပန်း​စွာ စား​ရ​မည်။ ဆူး​ပင်​အ​မျိုး​မျိုး​တို့​ကို​လည်း သင်​အ​ဖို့ မြေ​ပေါက်​စေ​မည်။ လယ်၌​ဖြစ်​သော ဟင်း​သီး​ဟင်း​ရွက်​တို့​ကို သင်​စား​ရ​မည်။ သင်​ထွက်​ရာ​မြေ​သို့​မ​ပြန်​မီ​တိုင်​အောင်၊ သင်၏​မျက်​နှာ​မှ​ချွေး​ထွက်​လျက် အ​စာ​ကို​စား​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သင်​သည်​မြေ​မှုန့်​ဖြစ်၍ မြေ​မှုန့်​သို့ ပြန်​ရ​မည်​ဟု မိန့်​တော်​မူ၏။

ကမ္ဘာဦး 3:15-19 Common Language Bible (BCL)

သင်​နှင့်​မိန်း​မ​သည်​တစ်​ဦး​ကို​တစ်​ဦး​မုန်း​လိမ့်​မည်။ သင်​၏​အ​မျိုး​အ​နွယ်​နှင့်​မိန်းမ​၏​အ​မျိုး​အ​နွယ် သည် ရန်​ငြိုး​ဖွဲ့​လိမ့်​မည်။ လူ​သည်​သင်​၏​ဦး​ခေါင်း ကို​ချေ​လိမ့်​မည်။ သင်​သည်​လည်း သူ​၏​ဖ​နောင့်​ကို ပေါက်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ မိန်း​မ​အား​လည်း``သင်​သည်​ကိုယ်​ဝန်​ဆောင်​ခြင်း ဖြင့်​ဒုက္ခ​ပို​များ​လာ​မည်။ သား​ဖွား​ခြင်း​ဝေ​ဒ​နာ ကို​ခံ​ရ​မည်။ သို့​သော်​လည်း​သင်​သည် မိ​မိ​ခင်​ပွန်း ကို​စုံ​မက်​နေ​လိမ့်​မည်။ သင့်​အ​ပေါ်​မှာ​သူ​၏ သြ​ဇာ​ညောင်း​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ယောကျာ်း​အား​လည်း``ထို​အ​ပင်​၏​အ​သီး​ကို မ​စား​ရ​ဟု ငါ​ပ​ညတ်​ထား​သော်​လည်း သင် ၏​မယား​၏​စ​ကား​ကို​နား​ထောင်​၍​စား​လေ ပြီ။ သင်​ထို​သို့​ပြု​ခြင်း​ကြောင့်​မြေ​သည်​ကျိန် စာ​သင့်​ရ​၏။ သင်​သည်​မိ​မိ​ဝမ်း​စာ​အ​တွက် မြေ​မှ​သီး​နှံ​ထွက်​စေ​ရန် တစ်​သက်​လုံး​ပင်​ပန်း စွာ​လုပ်​ကိုင်​ရ​မည်။- မြေ​မှ​ဆူး​ချုံ​နှင့်​ပေါင်း​ပင်​များ​ပေါက်​လိမ့်​မည်။ သင်​သည်​အ​ရိုင်း​ပေါက်​သော​အ​ပင်​တို့​ကို​စား ရ​မည်။- သင်​သည်​မြေ​မှ​ဖြစ်​လာ​၍​မြေ​သို့​ပြန်​သွား ရ​သည်​တိုင်​အောင် မြေ​မှ​သီး​နှံ​ထွက်​စေ​ရန်​ချွေး ထွက်​လျက်​ပင်​ပန်း​စွာ​လုပ်​ကိုင်​ရ​မည်။ သင်​သည် မြေ​မှ​ဖြစ်​လာ​၍ မြေ​သို့​ပြန်​သွား​ရ​မည်'' ဟု မိန့်​တော်​မူ​၏။

ကမ္ဘာဦး 3:15-19 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​သည် သင်​နှင့်​မိန်းမ​ကို​လည်းကောင်း​၊ သင်​၏​အမျိုးအနွယ်​နှင့် မိန်းမ​၏​အမျိုးအနွယ်​ကို​လည်းကောင်း ရန်ငြိုး​ဖွဲ့​စေ​မည်​။ သူ​သည် သင်​၏​ခေါင်း​ကို​ကြိတ်​လိမ့်မည်​။ သင်​သည်​လည်း သူ​၏​ဖနောင့်​ကို​ကြိတ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ မိန်းမ​အား​လည်း “​သင်​သန္ဓေတည်​သောအခါ ငါ​သည် သင့်​ကို ပင်ပန်းခက်ခဲမှု အများအပြား​ကြုံတွေ့​စေ​မည်​။ သင်​သည် နာကျင်ခက်ခဲ​စွာ​သားဖွား​ရ​မည်​။ သင်​၏​အလိုဆန္ဒ​သည် သင်​၏​ခင်ပွန်း​အတွက်​ဖြစ်​လိမ့်မည်​။ သူ​သည် သင့်​ကို​အုပ်စိုး​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ ထို့နောက် အာဒံ​အား “​သင်​သည် မိမိ​မယား​၏​စကား​ကို​နားထောင်​၍ မ​စား​ရ​ဟု သင့်​အား ငါ​ပညတ်​ထား​သော​အပင်​၏​အသီး​ကို​စား​သောကြောင့် မြေ​သည် သင့်​အတွက် ကျိန်​ခြင်း​ကို​ခံရ​၏​။ သင်​သည် အသက်ရှင်​သမျှ​ကာလ​ပတ်လုံး မြေ​၏​အသီး​ကို ပင်ပန်းခက်ခဲ​စွာ​လုပ်ကိုင်​စားသောက်​ရ​မည်​။ မြေ​သည် သင့်​အဖို့ ဆူးပင်​နှင့် ဆူးလေပင်​တို့​ကို​ပေါက်​စေ​မည်​။ သင်​သည် လယ်ယာ​မှ​ထွက်​သော​အပင်​ကို စား​ရ​မည်​။ သင့်​ကို မြေ​မှ​ဖြစ်လာ​စေ​သည်​ဖြစ်၍ သင်​သည် မြေ​သို့​မ​ပြန်​မီ​တိုင်အောင် သင်​၏​နဖူး​မှ​ချွေး​နှင့်​ရင်း​၍ အစာ​ကို​စား​ရ​မည်​။ အကြောင်းမူကား သင်​သည် မြေမှုန့်​ဖြစ်​သောကြောင့် မြေမှုန့်​သို့​ပြန်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။