YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 3:1-5

ကမ္ဘာဦး 3:1-5 Judson Bible (JBMLE)

မြွေ​သည် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​သော မြေ​တိ​ရ​စ္ဆာန်​တ​ကာ​တို့​ထက် လိ​မ္မာ​သည်​ဖြစ်​၍၊ မိန်း​မ​အား၊ သင်​တို့​သည် ဥ​ယျာဉ်၌​ရှိ​သ​မျှ​သော​အ​ပင်​တို့၏​အ​သီး​ကို​မ​စား​ရ​ဟု ဧ​ကန်​စင်​စစ် ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သ​လော​ဟု မေး၏။ မိန်း​မ​က​လည်း၊ ငါ​တို့​သည် ဥ​ယျာဉ်၌​ရှိ​သော​အ​ပင်​တို့၏ အ​သီး​ကို​စား​ရ​သော အ​ခွင့်​ရှိ၏။ ဥ​ယျာဉ်​အ​လယ်၌​ရှိ​သော အ​ပင်၏​အ​သီး​ကို​ကား၊ သင်​တို့​သည် မ​ကိုင်​မ​စား​ဘဲ နေ​ကြ​လော့။ သို့​မ​ဟုတ်​သေ​မည်​ဟု ဘု​ရား​သ​ခင် အ​မိန့်​တော်​ရှိ​သည်​ဟု မြွေ​အား​ဆို၏။ မြွေ​က​လည်း၊ သင်​တို့​သည် ဧ​ကန်​အ​မှန်​သေ​ရ​မည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား၊ ထို​အ​သီး​ကို​စား​သော​နေ့၌ သင်​တို့​သည် မျက်​စိ​ပွင့်​လင်း​လျက် ကောင်း​မ​ကောင်း​ကို​သိ၍၊ ဘု​ရား​သ​ခင်​ကဲ့​သို့ ဖြစ်​ကြ​လ​တ္တံ့​သည်​ကို၊ ဘု​ရား​သ​ခင်​သိ​တော်​မူ​သည်​ဟု မိန်း​မ​အား​ဆို၏။

ကမ္ဘာဦး 3:1-5 Common Language Bible (BCL)

မြွေ​သည်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ဖန်​ဆင်း တော်​မူ​သ​မျှ​သော​တိ​ရစ္ဆာန်​တို့​တွင် အ​စဉ်း​လဲ​ဆုံး သတ္တ​ဝါ​ဖြစ်​၏။ ``ဘု​ရား​သ​ခင်​က​ဥ​ယျာဉ်​ထဲ ရှိ​အ​ပင်​များ​မှ​အ​သီး​ကို​မ​စား​ရ​ဟု အ​မှန် ပင်​ပညတ်​ထား​ပါ​သ​လော'' ဟူ​၍​မြွေ​က မိန်း​မ​အား​မေး​၏။ မိန်း​မ​က``ငါ​တို့​သည်​ဥ​ယျာဉ်​ထဲ​ရှိ​အ​ပင် များ​၏​အ​သီး​ကို​စား​နိုင်​၏။- သို့​ရာ​တွင်​ဥ​ယျာဉ်​အ​လယ်​၌​ရှိ​သော​အ​ပင်​၏ အ​သီး​ကို​မူ​ကား​မ​စား​ရ။ ကိုင်​ပင်​မ​ကိုင်​ရ။ ကိုင်​မိ​စား​မိ​လျှင်​သေ​ရ​ကြ​မည်​ဟု ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ရှိ​မူ​၏'' ဟူ​၍​ပြန်​ဖြေ​၏။ ထို​အ​ခါ​မြွေ​က``မ​ဟုတ်​နိုင်​ပါ။ သင်​တို့​သေ မည်​မ​ဟုတ်။- ထို​အ​သီး​ကို​စား​လျှင်​သင်​တို့​သည်​ဘု​ရား​သ​ခင် ကဲ့​သို့ အ​ကောင်း​နှင့်​အ​ဆိုး​ကို​ခွဲ​ခြား​သိ​မြင်​လာ နိုင်​မည်။ ထို့​ကြောင့်​ဤ​ကဲ့​သို့​ပ​ညတ်​ရ​ခြင်း​ဖြစ် သည်'' ဟု​ပြန်​ပြော​၏။

ကမ္ဘာဦး 3:1-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မြွေ​သည် ထာဝရအရှင်​ဘုရားသခင် ဖန်ဆင်း​တော်မူ​သော တောရိုင်းတိရစ္ဆာန်​အားလုံး​တို့​ထက် လိမ္မာပါးနပ်​၏​။ မြွေ​က မိန်းမ​အား “​ဥယျာဉ်​ထဲ​ရှိ မည်သည့်​အပင်​၏​အသီး​ကို​မျှ မ​စား​ရ​ဟူ၍ ဘုရားသခင်​သည် အမှန်ပင်​မိန့်​တော်မူ​သလော​”​ဟု မေး​လေ​၏​။ မိန်းမ​က​လည်း “​ဥယျာဉ်​ထဲ​ရှိ​အပင်​တို့​၏​အသီး​ကို ငါ​တို့​စား​ခွင့်​ရှိ​၏​။ သို့သော် ဥယျာဉ်​အလယ်​ရှိ​အပင်​၏​အသီး​ကို​မူ ဘုရားသခင်​က ‘​သင်​တို့​သည် ထို​အသီး​ကို​မ​စား​ရ​၊ မ​ထိ​ရ​။ ထိမိ​၊ စား​မိ​လျှင် သေ​ရ​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မြွေ​အား​ဆို​လေ​၏​။ မြွေ​က​လည်း “​သင်​တို့​သည် မုချ​သေ​ရ​မည်​မ​ဟုတ်​။ ထို​အသီး​ကို​စား​သော​နေ့​တွင် သင်​တို့​သည် မျက်စိ​ပွင့်လင်း​၍ အကောင်း​အဆိုး​ကို​သိ​ကာ ဘုရားသခင်​ကဲ့သို့​ဖြစ်​မည်​ကို ဘုရားသခင်​သိ​တော်မူ​သောကြောင့်​ဖြစ်​၏​”​ဟု မိန်းမ​အား​ဆို​လေ​၏​။