YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 28:20-22

ကမ္ဘာဦး 28:20-22 Common Language Bible (BCL)

ထို​နောက်​ယာ​ကုပ်​က​ထာ​ဝ​ရ​ဘု​ရား​အား ``ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​နှင့်​အ​တူ​ရှိ​၍ အ​ကျွန်ုပ်​သွား​ရ​မည့်​ခ​ရီး​၌​စောင့်​ရှောက်​လျက် အ​စား​အ​စာ​နှင့်​အ​ဝတ်​ကို​ပေး​သ​နား​တော် မူ​ပြီး​လျှင်၊- အ​ကျွန်ုပ်​ဖ​ခင်​အိမ်​သို့​ချော​မော​စွာ​ပြန်​လည်​ပို့ ဆောင်​တော်​မူ​ပါ​က​ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ် ဘု​ရား​ဖြစ်​တော်​မူ​မည်။- အ​ကျွန်ုပ်​စိုက်​ထူ​သော​ဤ​မှတ်​တိုင်​သည်​ထာ​ဝ​ရ ဘု​ရား​ကို​ကိုး​ကွယ်​ရာ​ဌာ​န​ဖြစ်​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​သည်​လည်း​ကိုယ်​တော်​ရှင်​ပေး​တော်​မူ သ​မျှ​ထဲ​မှ​ဆယ်​ပုံ​တစ်​ပုံ​ကို​ကိုယ်​တော်​ရှင် အား​လှူ​ဒါန်း​ပါ​မည်'' ဟု​သစ္စာ​ဆို​လေ​၏။

ကမ္ဘာဦး 28:20-22 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ယာကုပ်​က “​ဘုရားသခင်​သည် အကျွန်ုပ်​နှင့်အတူ​ရှိ​၍ အကျွန်ုပ်​သွား​သော​ဤ​ခရီး​တွင် အကျွန်ုပ်​ကို​စောင့်ရှောက်​လျက် စားစရာ​အစာ​နှင့် ဝတ်​စရာ​အဝတ်​ကို အကျွန်ုပ်​အား​ပေးသနား​တော်မူ​သဖြင့် အကျွန်ုပ်​သည် အကျွန်ုပ်​ဖခင်​၏​အိမ်​သို့ ငြိမ်းချမ်း​စွာ​ပြန်လာ​ရ​လျှင် ထာဝရဘုရား​သည် အကျွန်ုပ်​၏​ဘုရား​ဖြစ်​မည်​။ မှတ်တိုင်​အဖြစ် အကျွန်ုပ်​စိုက်ထူ​သော ဤ​ကျောက်​သည်​လည်း ဘုရားသခင်​၏​အိမ်​တော်​ဖြစ်​မည်​။ အကျွန်ုပ်​အား​ပေးသနား​တော်မူ​သော​အရာ​ရှိသမျှ​တို့​၏​ဆယ်ဖို့တစ်ဖို့​ကို ကိုယ်တော်​အား မုချ​ပူဇော်​ပါ​မည်​”​ဟု ဆို​လျက် ကတိသစ္စာ​ပြု​လေ​၏​။