YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 28:10-14

ကမ္ဘာဦး 28:10-14 Judson Bible (JBMLE)

ယာ​ကုပ်​သည် ဗေ​ရ​ရှေ​ဘ​ရွာ​မှ​ထွက်၍၊ ခါ​ရန်​ပြည်​သို့​ခ​ရီး​သွား​စဉ်​တွင်၊ တစ်​စုံ​တစ်​ခု​သော​အ​ရပ်​သို့​ရောက်၍၊ မိုး​ချုပ်​သော​ကြောင့်၊ ည​ကို လွန်​စေ​မည်​အ​ကြံ​ရှိ​သည်​နှင့်၊ ထို​အ​ရပ်၌ ကျောက်​ကို​ယူ၍ ခေါင်း​အုံး​ဖို့​ထား​ပြီး​လျှင် အိပ်​လေ​၏။ မြင်​ရ​သော​အိပ်​မက်​ဟူ​မူ​ကား၊ မြေ​ကြီး​ပေါ်၌ လှေ​ကား​ထောင်​လျက် အ​ဖျား​သည် မိုး​ကောင်း​ကင်​တိုင်​အောင်​မီ၏။ ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​တို့​သည်၊ ထို​လှေ​ကား​ဖြင့် ဆင်း​လျက်​တက်​လျက်​ရှိ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် လှေ​ကား​ထက်၌ ရပ်​တော်​မူ​လျက်၊ ငါ​သည် သင်၏​အ​ဘ အာ​ဗြ​ဟံ​၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သင်​အိပ်​သော​မြေ​ကို သင်​နှင့် သင်၏ အ​မျိုး​အ​နွယ်​အား​ငါ​ပေး​မည်။ သင်​၏​အ​မျိုး​အ​နွယ်​သည် မြေ​မှုန့်​ကဲ့​သို့ များ​ပြား​လိမ့်​မည်။ အ​ရှေ့၊ အ​နောက်၊ တောင်၊ မြောက်၊ လေး​မျက်​နှာ​အ​ရပ်​တို့​သို့​နှံ့​ပြား​ကြ​လိမ့်​မည်။ သင်​နှင့် သင်၏​အ​မျိုး​အ​နွယ်​အား​ဖြင့် လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​လိမ့်​မည်။

ကမ္ဘာဦး 28:10-14 Common Language Bible (BCL)

ယာ​ကုပ်​သည်​ဗေ​ရ​ရှေ​ဘ​အ​ရပ်​မှ​ခါ​ရန် မြို့​သို့​ခ​ရီး​ထွက်​ခဲ့​လေ​သည်။- နေ​ဝင်​ချိန်​၌​သူ​သည်​တစ်​နေ​ရာ​သို့​ရောက် ရှိ​၍​ခ​ရီး​တစ်​ထောက်​နား​လေ​သည်။ သူ​သည် ကျောက်​တုံး​တစ်​တုံး​ကို​ခေါင်း​အုံး​၍​အိပ်​သည်။- ထို​သို့​အိပ်​နေ​စဉ်​အိပ်​မက်​ထဲ​၌​မြေ​ပြင်​မှ​မိုး ကောင်း​ကင်​သို့​တိုင်​အောင်​ထောင်​လျက်​ရှိ​သော လှေ​ကား​ပေါ်​တွင် ကောင်း​ကင်​တ​မန်​များ​တက် လျက်​ဆင်း​လျက်​ရှိ​သည်​ကို​မြင်​ရ​၏။- ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အ​နီး​တွင် ရပ်​နေ​သည်​ကို​မြင်​ရ​၏။ ထာ​ဝ​ရ​ဘု​ရား​က``ငါ သည်​အာ​ဗြ​ဟံ၊ ဣ​ဇာက်​တို့​၏​ဘု​ရား​တည်း​ဟူ သော​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သင်​ယ​ခု​နား​နေ ရာ​ပြည်​ကို​သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ်​တို့ အား​ငါ​ပေး​မည်။- သင်​၏​အ​ဆက်​အ​နွယ်​တို့​သည်​မြေ​မှုန့်​ကဲ့​သို့ များ​ပြား​လိမ့်​မည်။ သူ​တို့​၏​နယ်​မြေ​သည်​အ​ရပ် လေး​မျက်​နှာ​သို့​ကျယ်​ပြန့်​လိမ့်​မည်။ ငါ​သည် သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ်​တို့​အား​ဖြင့် ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​အား​ကောင်း ချီး​ပေး​မည်။

ကမ္ဘာဦး 28:10-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယာကုပ်​သည် ဗေရရှေဘ​အရပ်​မှ​ထွက်ခွာ​၍ ဟာရန်​ပြည်​သို့​သွား​လေ​၏​။ တစ်နေရာ​သို့​ရောက်​သောအခါ နေဝင်​သွား​သောကြောင့် ထို​နေရာ​တွင် ညအိပ်နား​လေ​၏​။ သူ​သည် ထို​နေရာ​မှ​ကျောက်​ကို​ယူ​ပြီးလျှင် ခေါင်းအုံး​လုပ်​၍ ထို​အရပ်​၌ပင်​အိပ်​လေ​၏​။ ထိုအခါ သူ​အိပ်မက်မက်​သည်​မှာ မြေကြီး​ပေါ်တွင်​လှေကား​တစ်​စင်း​ထောင်​ထား​လျက်​ရှိ​၍ ၎င်း​၏​ထိပ်​သည် မိုးကောင်းကင်​အထိ​ရောက်​၏​။ ဘုရားသခင်​၏​ကောင်းကင်တမန်​တို့​သည် ထို​လှေကား​ပေါ်တွင် တက်​လျက်​၊ ဆင်း​လျက်​ရှိ​ကြ​၏​။ ထာဝရဘုရား​သည် သူ့​အနား​တွင်​ရပ်​နေ​၍ “​ငါ​သည် သင့်​ဖခင်​အာဗြဟံ​၏​ဘုရား​၊ ဣဇက်​၏​ဘုရား​တည်းဟူသော ထာဝရဘုရား​ဖြစ်​၏​။ သင်​အိပ်​နေ​သော​မြေ​ကို သင်​နှင့်​သင်​၏​သားစဉ်မြေးဆက်​အား ငါ​ပေး​မည်​။ သင်​၏​သားစဉ်မြေးဆက်​သည် မြေမှုန့်​ကဲ့သို့​များပြား​၍ အရှေ့​၊ အနောက်​၊ တောင်​၊ မြောက် အရပ်ရပ်​သို့​ပျံ့နှံ့​လိမ့်မည်​။ ကမ္ဘာမြေကြီး​ပေါ်​ရှိ​လူမျိုး​အပေါင်း​တို့​သည် သင့်​အားဖြင့်​လည်းကောင်း​၊ သင်​၏​အမျိုးအနွယ်​အားဖြင့်​လည်းကောင်း ကောင်းချီးမင်္ဂလာ​ခံစား​ရ​ကြ​လိမ့်မည်​။