ကမ္ဘာဦး 27:39-40
ကမ္ဘာဦး 27:39-40 Judson Bible (JBMLE)
အဘဣဇာက်ကလည်း၊ ကြည့်ရှုပါ။ သင်၏နေရာသည် မြေကြီး၏ဆီဥနှင့်လည်းကောင်း၊ အထက်မိုးကောင်းကင်၏နှင်းနှင့်လည်းကောင်း ပြည့်စုံလိမ့်မည်။ ဓားဖြင့်အသက်ကိုမွေးရလိမ့်မည်။ ညီ၌ကျွန်ခံရလိမ့်မည်။ နောက်တစ်ဖန် အစိုးရသောအခါ၊ သူတင်သောထမ်းပိုးကို သင်၏လည်ပင်းမှချိုးပယ်လိမ့်မည်ဟု ပြန်၍ဆိုလေ၏။
ကမ္ဘာဦး 27:39-40 Common Language Bible (BCL)
ထိုအခါဣဇာက်က၊ ``သင့်လယ်များသည်မြေသြဇာမရှိ၊မိုး ကောင်းကင်မှ နှင်းကိုလည်းမရနိုင်။ သင်သည်ကိုယ့်ဋ္ဌားဖြင့်အသက်မွေးရမည်။ သင်၏ညီအစေကိုခံရမည်။ သို့ရာတွင်သင်သည်ကြိုးပမ်းအားထုတ်လျှင်၊ သူ၏အချုပ်အနှောင်မှလွတ်မြောက်လိမ့်မည်'' ဟုဆိုလေ၏။
ကမ္ဘာဦး 27:39-40 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သူ၏ဖခင်ဣဇက်ကလည်း “ကြည့်ရှုလော့။ သင်နေထိုင်ရာအရပ်သည် မြေကြီးအဆီအနှစ်နှင့်လည်းကောင်း၊ အထက်မိုးကောင်းကင်နှင်းနှင့်လည်းကောင်း ဝေးကွာလိမ့်မည်။ သင်သည် ဓားဖြင့်အသက်မွေး၍ သင့်ညီထံ၌အစေခံရလိမ့်မည်။ သို့သော် သင်ရုန်းကန်သောအားဖြင့် သူ၏ထမ်းပိုးကို သင်၏လည်ပင်းမှချွတ်နိုင်လိမ့်မည်”ဟု ဆိုလေ၏။