YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 27:28-29

ကမ္ဘာဦး 27:28-29 Judson Bible (JBMLE)

ထို​ကြောင့် ဘု​ရား​သ​ခင်​သည်​မိုး​ကောင်း​ကင်၏​နှင်း​ကို​လည်း​ကောင်း၊ မြေ​ကြီး၏​ဆီ​ဥ​ကို​လည်း​ကောင်း၊ များ​စွာ​သော​ဆန်​စ​ပါး၊ စ​ပျစ်​ရည်​ကို​လည်း​ကောင်း၊ သင့်​အား​ပေး​တော်​မူ​စေ​သ​တည်း။ သူ​တစ်​ပါး​တို့​သည်​သင်၌​ကျွန်​ခံ၍၊ အ​ပြည်​ပြည်​တို့​သည် သင့်​ရှေ့​မှာ ဦး​ညွှတ်​ရ​ကြ​စေ​သ​တည်း။ သင်​သည် သင်၏​ညီ​အစ်​ကို​တို့၌​အ​ရှင်​ဖြစ်၍၊ သင့်​အ​မိ​သား​တို့​သည် သင့်​ရှေ့​မှာ​ဦး​ညွှတ်​ရ​ကြ​စေ​သ​တည်း။ သင့်​ကို ကျိန်​ဆဲ သော​သူ​အ​ပေါင်း​တို့​သည် ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​ကြ​စေ​သ​တည်း။ သင့်​ကို ကောင်း​ချီး​ပေး​သော​သူ​အ​ပေါင်း​တို့​သည် ကောင်း​ချီး​ကို​ခံ​ရ​ကြ​စေ​သ​တည်း​ဟု ကောင်း​ချီး​ပေး​လေ၏။

ကမ္ဘာဦး 27:28-29 Common Language Bible (BCL)

ဘု​ရား​သ​ခင်​သည်​သင့်​အား​မိုး​ကောင်း​ကင်​မှ နှင်း​ကို​ပေး​တော်​မူ​၍ သင်​၏​လယ်​များ​ကို​မြေ သြ​ဇာ​ထက်​သန်​တော်​မူ​စေ​သ​တည်း။ ကိုယ်​တော် သည်​သင့်​အား​ကောက်​ပဲ​သီး​နှံ​နှင့်​စ​ပျစ်​ရည် များ​စွာ​ပေး​သ​နား​တော်​မူ​စေ​သ​တည်း။- တိုင်း​နိုင်​ငံ​တို့​သည်​သင်​၏​အ​စေ​ကို​ခံ​ရ​ကြ စေ​သ​တည်း။ လူ​မျိုး​အ​ပေါင်း​တို့​သည်​သင့်​အား ဦး​ညွှတ်​ရ​ကြ​စေ​သ​တည်း။ သင်​သည်​ဆွေ​မျိုး သား​ချင်း​တို့​ကို​ကြီး​စိုး​ရ​စေ​သ​တည်း။ သင်​၏ အ​မိ​အ​ဆက်​အ​နွယ်​တို့​သည်​သင့်​အား​ဦး​ညွှတ် ရ​ကြ​စေ​သ​တည်း။ သင့်​အား​ကျိန်​စာ​သင့်​သော သူ​တို့​ကို​ကျိန်​စာ​သင့်​စေ​သ​တည်း။ သင့်​အား ကောင်း​ချီး​ပေး​သူ​တို့​သည်​ကောင်း​ချီး​ခံ​စား ရ​ကြ​စေ​သ​တည်း'' ဟု​ကောင်း​ချီး​ပေး​လေ ၏။

ကမ္ဘာဦး 27:28-29 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဘုရားသခင်​သည် မိုးကောင်းကင်​၏​နှင်း​ကို​လည်းကောင်း​၊ မြေကြီး​၏​အဆီအနှစ်​ကို​လည်းကောင်း​၊ များစွာ​သော​ကောက်ပဲသီးနှံ​နှင့်​စပျစ်ဝိုင်​အသစ်​ကို​လည်းကောင်း သင့်​အား​ပေး​တော်မူ​ပါစေ​။ လူမျိုးတကာ​တို့​သည် သင့်​ထံ၌​အစေခံ​ကြ​၍ တိုင်းသူပြည်သား​တို့​သည် သင့်​ရှေ့​၌​ပျပ်ဝပ်​ကြ​ပါစေ​။ သင်​သည် သင့်​ညီအစ်ကို​တို့​၏​အရှင်သခင်​ဖြစ်​လျက် သင့်​မိခင်​၏​သား​တို့​သည် သင့်​ရှေ့​၌​ပျပ်ဝပ်​ကြ​ပါစေ​။ သင့်​ကို​ကျိန်ဆဲ​သော​သူ​တို့​သည် ကျိန်ဆဲ​ခြင်း​ခံရ​၍ သင့်​ကို​ကောင်းချီးပေး​သော​သူ​တို့​သည် ကောင်းချီးမင်္ဂလာ​ကို​ခံစား​ရ​ကြ​ပါစေ​”​ဟု သူ့​ကို​ကောင်းချီးပေး​လေ​၏​။