YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 27:1-41

ကမ္ဘာဦး 27:1-41 Judson Bible (JBMLE)

ထို​နောက် ဣ​ဇာက်​သည်​အို၍ မျက်​စိ​မှုန်​သ​ဖြင့် မ​မြင်​နိုင်​သော​အ​ခါ၊ သား​အ​ကြီး​ဧ​သော​ကို၊ ငါ့​သား​ဟု​ခေါ်​လျှင်၊ အ​ကျွန်ုပ်​ရှိ​ပါ၏​ဟု ထူး​လေ၏။ အ​ဘ​က​လည်း၊ ယ​ခု​ငါ​အို​လှ​ပြီ။ အ​ဘယ်​သော​အ​ခါ သေ​ရ​မည်​ကို​ငါ​မ​သိ။ မ​သေ​မီ ငါ့​ဝိ​ညာဉ်​သည် သင့်​ကို​ကောင်း​ချီး​ပေး​မည်​အ​ကြောင်း၊ သင်၏​လက်​နက်​တည်း​ဟူ​သော လေး​နှင့်​မြား​တောင့်​ကို​ဆောင်​ယူ​လျက် တော​သို့​သွား၍၊ ငါ​စား​စ​ရာ​ဖို့ အ​မဲ​ကောင်​ကို​ရ​အောင်​ရှာ​ပြီး​လျှင်၊ ငါ​မြိန်​ရှက်​တတ်​သော အ​မဲ​ဟင်း​လျာ​ကို​ချက်၍ ငါ့​ထံ​သို့​ယူ​ခဲ့​ပါ​လော့​ဟု ပြော​ဆို၏။ ထို​သို့ ဣ​ဇာက်​သည် သား​ဧ​သော​အား​ပြော​ဆို​သော​စ​ကား​ကို၊ ရေ​ဗ​က္က​ကြား​သည်​ဖြစ်၍၊ ဧ​သော​သည် အ​မဲ​သား​ကို​ရ​အောင် တော​သို့​အ​ရှာ​သွား​စဉ်​တွင်၊ ရေ​ဗ​က္က​သည် သား​ယာ​ကုပ်​ကို​ခေါ်၍၊ သင်၏​အ​ဘ​က၊ ငါ​မ​သေ​မီ ထာ​ဝ​ရ​ဘု​ရား၏​ရှေ့​တော်​မှာ သင့်​ကို ငါ​ကောင်း​ချီး​ပေး​မည်​အ​ကြောင်း၊ ငါ​စား​စ​ရာ​ဖို့​အ​မဲ​သား​ကို​ယူ​ခဲ့၍၊ အ​မဲ​ဟင်း​လျာ​ကို​ချက်​ပါ​ဟု သင်၏​အစ်​ကို​ဧ​သော​အား​ပြော​သည်​ကို ငါ​ကြား​ပြီ။ သို့​ဖြစ်၍ ငါ့​သား၊ ငါ​မှာ​ထား​သ​မျှ​သော​စ​ကား​ကို နား​ထောင်​ပါ​လော့။ ယ​ခု​ဆိတ်​စု​ရှိ​ရာ​သို့​သွား၍၊ ကောင်း​သော ဆိတ်​သ​ငယ်​နှစ်​ကောင်​ကို ငါ့​ထံ​သို့​ယူ​ခဲ့​ပါ​လော့။ သင်၏​အ​ဘ မြိန်​ရှက်​တတ်​သော အ​မဲ​ဟင်း​လျာ​ကို ငါ​ချက်​မည်။ သင်၏​အ​ဘ​မ​သေ​မီ သင့်​ကို​ကောင်း​ချီး​ပေး​မည်​အ​ကြောင်း၊ ထို​အ​စာ​ကို အ​ဘ​စား​စေ​ခြင်း​ငှာ သင်​သည် အ​ဘ​ထံ​သို့​ပို့​ဆောင်​ရ​မည်​ဟု ဆို​လေ၏။ ယာ​ကုပ်​က​လည်း၊ ကျွန်ုပ်​အစ်​ကို​ဧ​သော​ကား အ​မွေး​ရှိ​သော​သူ၊ ကျွန်ုပ်​ကား​ချော​မွတ်​သော​သူ​ဖြစ်၏။ ကျွန်ုပ်​အ​ဘ​သည် ကျွန်ုပ်​ကို စမ်း​သပ်​ကောင်း​စမ်း​သပ်​လိမ့်​မည်။ သို့​ဖြစ်​လျှင် ကျွန်ုပ်​ကို​လှည့်​စား​သော​သူ​ဟူ၍​ထင်​သ​ဖြင့်၊ ကျွန်ုပ်​သည် မင်္ဂ​လာ​ကို​မ​ရ​ဘဲ ကျိန်​ခြင်း​အ​မင်္ဂ​လာ​ကို​သာ​ခံ​ရ​လိမ့်​မည်​ဟု အ​မိ​ကို​ဆို​လေ၏။ အ​မိ​ရေ​ဗ​က္က​က​လည်း၊ ငါ့​သား၊ သင်​ခံ​ရ​သော​ကျိန်​ခြင်း​အ​မင်္ဂ​လာ​သည် ငါ၌​သင့်​ရောက်​ပါ​စေ။ ငါ့​စ​ကား​ကို​နား​ထောင်၍ ဆိတ်​သ​ငယ်​တို့​ကို​သာ​ယူ​ခဲ့​ပါ​ဟု ဆို​သည်​အ​တိုင်း၊ သူ​သည်​သွား၍ ဆိတ်​သ​ငယ်​တို့​ကို အ​မိ​ထံ​သို့ ယူ​ခဲ့​သ​ဖြင့်၊ အ​မိ​သည်​လည်း အ​ဘ​မြိန်​ရှက်​တတ်​သော​အ​မဲ​ဟင်း​လျာ​ကို ချက်​လေ၏။ ထို​အ​ခါ​ရေ​ဗ​က္က​သည် အိမ်​တွင် မိ​မိ​လက်၌​ရှိ​သော သား​ကြီး​ဧ​သော၏​အ​ဝတ်၊ ကောင်း​မွန်​သော​အ​ဝတ်​ကို​ယူ၍၊ သား​ငယ်​ယာ​ကုပ်​ကို​ဝတ်​စေ​လျက်၊ ဆိတ်​သ​ငယ်၏​သား​ရေ​ကို​လည်း​ယူ၍ သူ၏​လက်၌​လည်း​ကောင်း၊ လည်​ပင်း​ချော​သော​ဘက်၌​လည်း​ကောင်း ဆင်​ယင်​ပြီး​လျှင်၊ မိ​မိ​ချက်​သော​အ​မဲ​ဟင်း​နှင့်​မုန့်​ကို သား​ယာ​ကုပ်​လက်၌​အပ်​ပေး၏။ ယာ​ကုပ်​လည်း အ​ဘ​ထံ​သို့​သွား၍၊ အ​ဘ​ဟု​ခေါ်​လေ၏။ အ​ဘ​က​လည်း၊ ငါ​ရှိ၏​ငါ့​သား၊ သင်​သည် အ​ဘယ်​သူ​နည်း​ဟု​မေး၏။ ယာ​ကုပ်​က​လည်း၊ အ​ကျွန်ုပ်​ကား သား​အ​ကြီး​ဧ​သော​ဖြစ်​ပါ၏။ အ​ဘ​မှာ​ထား​သည်​အ​တိုင်း ပြု​ပါ​ပြီ။ ထ၍​ထိုင်​ပါ။ အ​ဘ၏​ဝိ​ညာဉ်​သည် အ​ကျွန်ုပ်​ကို ကောင်း​ချီး​ပေး​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်၏​အ​မဲ​သား​ကို​စား​ပါ​လော့​ဟု ဆို​လေ၏။ အ​ဘ​ဣ​ဇာက်​က​လည်း၊ ငါ့​သား၊ ဤ​မျှ​လောက် လျင်​မြန်​စွာ​တွေ့​ရ​သော​အ​ကြောင်း​ကား၊ အ​ဘယ်​သို့​နည်း​ဟု သား​အား​မေး​လျှင်၊ အ​ဘ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​ရှိ​ရာ​သို့ ဆောင်​ခဲ့​တော်​မူ​သော​ကြောင့်၊ လျင်​မြန်​စွာ​တွေ့​ရ​ပါ​သည်​ဟု ပြန်​ဆို​လေ၏။ ဣ​ဇာက်​က​လည်း၊ ငါ့​သား၊ သင်​သည် ငါ့​သား​ဧ​သော​မှန်​သည် မ​မှန်​သည်​ကို​သိ​လို၍၊ သင့်​ကို ငါ​စမ်း​သပ်​စေ​ခြင်း​ငှာ၊ ငါ့​ထံ​ပါး​သို့​ချဉ်း​ကပ်​ပါ​လော့​ဟု​ဆို​လျှင်၊ ယာ​ကုပ်​သည် အ​ဘ​ထံ​ပါး​သို့​ချဉ်း​ကပ်​၍၊ အ​ဘ​သည်​စမ်း​သပ်​လျက်၊ အ​သံ​ကား ယာ​ကုပ်၏​အ​သံ၊ လက်​တို့​ကား​ဧ​သော၏​လက်​ဖြစ်​ပေ​သည်​ဟု ဆို​လေ၏။ ထို​သို့​သူ၏​လက်​တို့​သည် ဧ​သော၏​လက်​ကဲ့​သို့ အ​မွေး​ပါ​သော​ကြောင့်၊ ယာ​ကုပ်​ဖြစ်​မှန်း​ကို အ​ဘ​မ​ရိပ်​မိ​သ​ဖြင့်၊ ကောင်း​ချီး​ပေး​လေ၏။ သို့​ရာ​တွင် တစ်​ဖန်​ကား၊ သင်​သည် ငါ့​သား​ဧ​သော​စင်​စစ် အ​မှန်​ပင်​ဖြစ်​သ​လော​ဟု​မေး​ပြန်​လျင်၊ မှန်​ပါ​သည်​ဟု ဆို၏။ အ​ဘ​က​လည်း၊ ငါ့​ထံ​ပါး​သို့ သွင်း​ခဲ့​ပါ။ ငါ့​ဝိ​ညာဉ်​သည် သင့်​ကို​ကောင်း​ချီး​ပေး​မည်​အ​ကြောင်း၊ ငါ့​သား၏​အ​မဲ​သား​ကို ငါ​စား​အံ့​ဟု​ဆို​လျှင်၊ ယာ​ကုပ်​သည် အ​ဘ​ထံ​ပါး​သို့​သွင်း၍၊ အ​ဘ​စား​လေ၏။ စ​ပျစ်​ရည်​ကို​လည်း​ပေး၍ အ​ဘ​သောက်​လေ၏။ ထို​နောက် အ​ဘ​က၊ ငါ့​သား​ချဉ်း​ကပ်၍ ငါ့​ကို​နမ်း​ပါ​လော့​ဟု​ဆို​လျှင်၊ ယာ​ကုပ်​သည် ချဉ်း​ကပ်၍ အ​ဘ​ကို​နမ်း​လေ၏။ အ​ဘ​ဣ​ဇာက်​က​လည်း၊ သူ့​အ​ဝတ်၏​အ​နံ့​ကို ခံ၍​ကြည့်​ပါ။ ငါ့​သား၏​အ​နံ့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​သော လယ်​၏​အ​မွှေး​အ​ကြိုင်​နှင့်​တူ၏။ ထို​ကြောင့် ဘု​ရား​သ​ခင်​သည်​မိုး​ကောင်း​ကင်၏​နှင်း​ကို​လည်း​ကောင်း၊ မြေ​ကြီး၏​ဆီ​ဥ​ကို​လည်း​ကောင်း၊ များ​စွာ​သော​ဆန်​စ​ပါး၊ စ​ပျစ်​ရည်​ကို​လည်း​ကောင်း၊ သင့်​အား​ပေး​တော်​မူ​စေ​သ​တည်း။ သူ​တစ်​ပါး​တို့​သည်​သင်၌​ကျွန်​ခံ၍၊ အ​ပြည်​ပြည်​တို့​သည် သင့်​ရှေ့​မှာ ဦး​ညွှတ်​ရ​ကြ​စေ​သ​တည်း။ သင်​သည် သင်၏​ညီ​အစ်​ကို​တို့၌​အ​ရှင်​ဖြစ်၍၊ သင့်​အ​မိ​သား​တို့​သည် သင့်​ရှေ့​မှာ​ဦး​ညွှတ်​ရ​ကြ​စေ​သ​တည်း။ သင့်​ကို ကျိန်​ဆဲ သော​သူ​အ​ပေါင်း​တို့​သည် ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​ကြ​စေ​သ​တည်း။ သင့်​ကို ကောင်း​ချီး​ပေး​သော​သူ​အ​ပေါင်း​တို့​သည် ကောင်း​ချီး​ကို​ခံ​ရ​ကြ​စေ​သ​တည်း​ဟု ကောင်း​ချီး​ပေး​လေ၏။ ယာ​ကုပ်​သည်၊ အ​ဘ​ဣ​ဇာက်​ပေး​သော ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ၍၊ အ​ဘ​ထံ​မှ ထွက်​သွား​သော​ခ​ဏ​ချင်း​တွင်၊ အစ်​ကို​ဧ​သော​သည် မု​ဆိုး​ပြု​ရာ​မှ​ရောက်​လာ၏။ သူ​သည်​လည်း အ​မဲ​ဟင်း​လျာ​ကို​ချက်၍ အ​ဘ​ထံ​သို့​ဆောင်​ခဲ့​ပြီး​လျှင်၊ အ​ကျွန်ုပ်​အ​ဘ၏​ဝိ​ညာဉ်​သည်၊ အ​ကျွန်ုပ်​ကို​ကောင်း​ချီး​ပေး​မည်​အ​ကြောင်း၊ သား၏​အ​မဲ​သား​ကို​ထ၍​စား​ပါ​လော့​ဟု​ဆို​လေ၏။ အ​ဘ​ဣ​ဇာက်​က​လည်း၊ သင်​သည် အ​ဘယ်​သူ​နည်း​ဟု​မေး​လျှင်၊ အ​ကျွန်ုပ်​ကား သား​အ​ကြီး​ဧ​သော​ဖြစ်​ပါ၏​ဟု​ဆို​လေ​သော်၊ အ​ဘ​ဣ​ဇာက်​သည် အ​လွန်​တုန်​လှုပ်၍ အ​ဘယ်​သူ​နည်း။ အ​မဲ​သား​ကို​ရ၍၊ ငါ့​ထံ​သို့​ဆောင်​ခဲ့​ပြီး​သော​သူ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ သင်​မ​ရောက်​မီ ငါ​သည်​အ​ကုန်​အ​စင်​စား​ပြီး၍၊ သူ့​ကို​ကောင်း​ချီး​ပေး​မိ​ပြီ။ သူ​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ဧ​ကန်​အ​မှန်​ခံ​ရ​လိမ့်​မည်​ဟု ဆို​လေ၏။ အ​ဘ​ဆို​သော​စ​ကား​ကို​ဧ​သော​ကြား​လျှင်၊ အ​လွန်​ပြင်း​သော​အ​သံ​နှင့် သည်း​ထန်​စွာ​ငို​ကြွေး​လျက်၊ အို​အ​ဘ၊ အ​ကျွန်ုပ်​ကို​လည်း​ကောင်း​ချီး​ပေး​ပါ​လော့၊ ပေး​ပါ​လော့​ဟု​ဆို​လေ​သော်၊ အ​ဘ​က၊ သင့်​ညီ​သည် လိ​မ္မာ​စွာ​လာ၍၊ သင်၏​ကောင်း​ချီး​မင်္ဂ​လာ​ကို ယူ​သွား​ပြီ​ဟု ဆို​လေ၏။ ဧ​သော​က​လည်း၊ သူ့​ကို ယာ​ကုပ်​ဟူ​သော​အ​မည်​ဖြင့် လျောက်​ပတ်​စွာ​မှည့်​ပါ​ပြီ မ​ဟုတ်​လော။ အ​ကျွန်ုပ်​ကို နှစ်​ကြိမ်​လှည့်​စား၍​နိုင်​ပါ​ပြီ။ သား​ဦး​အ​ရိုက်​အ​ရာ​ကို အ​ရင်​ယူ​သွား​ပါ​ပြီ။ ယ​ခု​လည်း​တစ်​ဖန် အ​ကျွန်ုပ်၏​ကောင်း​ချီး​မင်္ဂ​လာ​ကို ယူ​သွား​ပါ​ပြီ​ဟူ၍​လည်း​ကောင်း၊ အ​ကျွန်ုပ်​အ​ဖို့ ကောင်း​ချီး​မင်္ဂ​လာ​တစ်​ပါး​ကို​မျှ မ​ခြွင်း​ပါ​သ​လော ဟူ၍​လည်း​ကောင်း ဆို​လေ၏။ ဣ​ဇာက်​က​လည်း၊ သူ့​ကို သင်၏​အ​ရှင်​ဖြစ်​စေ​ပြီ။ ညီ​အစ်​ကို​အ​ပေါင်း​တို့​ကို သူ၌​ကျွန်​ခံ​စေ​ပြီ။ ဆန်​စ​ပါး၊ စ​ပျစ်​ရည်​နှင့်​သူ့​ကို​ထောက်​မ​ပြီ။ သို့​ဖြစ်၍ ငါ့​သား၊ သင်၌ အ​ဘယ်​သို့​ပြု​နိုင်​တော့​အံ့​နည်း​ဟု၊ ဧ​သော​အား​ပြန်​ပြော​လျှင်၊ ဧ​သော​က၊ အို​အ​ဘ၊ ကောင်း​ချီး​မင်္ဂ​လာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ​ပါ​သ​လော။ အို​အ​ဘ၊ အ​ကျွန်ုပ်​ကို​လည်း ကောင်း​ချီး​ပေး​ပါ​လော့၊ ပေး​ပါ​လော့​ဟု အ​ဘ​အား​ပြော​ဆို​လျက်၊ တစ်​ဖန်​အ​သံ​ကို​လွှင့်၍ ငို​ကြွေး​လေ၏။ အ​ဘ​ဣ​ဇာက်​က​လည်း၊ ကြည့်​ရှု​ပါ။ သင်၏​နေ​ရာ​သည် မြေ​ကြီး၏​ဆီ​ဥ​နှင့်​လည်း​ကောင်း၊ အ​ထက်​မိုး​ကောင်း​ကင်၏​နှင်း​နှင့်​လည်း​ကောင်း ပြည့်​စုံ​လိမ့်​မည်။ ဓား​ဖြင့်​အ​သက်​ကို​မွေး​ရ​လိမ့်​မည်။ ညီ၌​ကျွန်​ခံ​ရ​လိမ့်​မည်။ နောက်​တစ်​ဖန် အ​စိုး​ရ​သော​အ​ခါ၊ သူ​တင်​သော​ထမ်း​ပိုး​ကို သင်၏​လည်​ပင်း​မှ​ချိုး​ပယ်​လိမ့်​မည်​ဟု ပြန်၍​ဆို​လေ၏။ အ​ဘ​သည် ယာ​ကုပ်​အား​ပေး​သော ကောင်း​ချီး​မင်္ဂ​လာ​ကြောင့်၊ ဧ​သော​သည် ယာ​ကုပ်​ကို​အ​ငြိုး​ထား၍၊ ငါ့​အ​ဘ​ကြောင့် ညည်း​တွား​ရ​သော​နေ့​ရက်​ကာ​လ​အ​ချိန်​နီး​ပြီ။ ထို​အ​ခါ ငါ့​ညီ​ယာ​ကုပ်​ကို​ငါ​သတ်​မည်​ဟု၊ အ​ကြံ​နှင့်​ပြော​လေ၏။

ကမ္ဘာဦး 27:1-41 Common Language Bible (BCL)

ဣ​ဇာက်​သည်​အို​မင်း​လာ​၍​မျက်​စိ​မ​မြင်​တော့ ချေ။ သူ​သည်​သား​အ​ကြီး​ဧ​သော​ကို``သား'' ဟု​ခေါ်​လျှင်​ဧ​သော​က၊ ``ရှိ​ပါ​သည်​အ​ဖ'' ဟု​ပြန်​ဖြေ​၏။ ထို​အ​ခါ​ဣ​ဇာက်​က``ငါ​သည်​ယ​ခု​အို​လှ​ပြီ။ မ​ကြာ​မီ​သေ​ရ​မည်။- သင်​သည်​လေး​နှင့်​မြား​ကို​ယူ​၍​တော​ထဲ​သို့ သွား​ပြီး​လျှင် ငါ့​အ​တွက်​အ​မဲ​ရှာ​ဖွေ​ခဲ့​ပါ။- ငါ​ကြိုက်​နှစ်​သက်​သော​အ​မဲ​ဟင်း​လျာ​ကို​ချက် ၍​ငါ့​ထံ​သို့​ယူ​ခဲ့​ပါ။ ထို​ဟင်း​ကို​ငါ​စား​ပြီး လျှင်​ငါ​မ​သေ​မီ​သင့်​အား​ကောင်း​ချီး​ပေး​မည်'' ဟု​မှာ​ကြား​လေ​သည်။ ဣ​ဇာက်​က​ဧ​သော​အား ထို​သို့​မှာ​ကြား​နေ​စဉ် ရေ​ဗက္က​သည်​နား​ထောင်​လျက်​ရှိ​၏။ ထို့​ကြောင့် ဧသော​အ​မဲ​ပစ်​ထွက်​သွား​သော​အ​ခါ၊- ရေ​ဗက္က​သည်​ယာ​ကုပ်​ကို​ခေါ်​၍``သင့်​အ​ဖ က​ဧ​သော​အား၊- `အ​မဲ​ပစ်​၍​ငါ့​အ​တွက်​ဟင်း​ချက်​ခဲ့​ပါ။ ငါ စား​ပြီး​လျှင်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ သင့် အား​ငါ​မ​သေ​မီ​ကောင်း​ချီး​ပေး​မည်' ဟု​မှာ ကြား​သည်​ကို​ငါ​ကြား​ပြီ။- သို့​ဖြစ်​၍​ငါ့​သား၊ ငါ့​စ​ကား​ကို​နား​ထောင် ၍​ငါ​ပြော​သ​မျှ​အ​တိုင်း​ပြု​လုပ်​လော့။- ဆိတ်​အုပ်​ရှိ​ရာ​သို့​သွား​ပြီး​လျှင် ဆူ​ဖြိုး​သော ဆိတ်​ငယ်​နှစ်​ကောင်​ကို​ရွေး​ယူ​ခဲ့​လော့။ ငါ​သည် သင့်​ဖ​ခင်​ကြိုက်​နှစ်​သက်​သော​ဟင်း​ကို​ချက် ပေး​မည်။- ထို​အ​မဲ​ဟင်း​ကို​သူ့​ထံ​သို့​ယူ​သွား​လော့။ သူ မ​သေ​မီ သင့်​အား​ကောင်း​ချီး​ပေး​လိမ့်​မည်'' ဟု ဆို​လေ​၏။ ယာ​ကုပ်​က``အစ်​ကို​ဧ​သော​သည်​အ​မွေး​ထူ သော​သူ​ဖြစ်​ပြီး ကျွန်​တော်​မှာ​အ​သား​အ​ရေ ချော​မွတ်​သူ​ဖြစ်​ပါ​၏။- ဖ​ခင်​က​ကျွန်​တော်​အား​စမ်း​သပ်​ကြည့်​မိ​၍ သူ့​အား​လှည့်​ဖြား​ကြောင်း​သိ​လျှင် ကျွန်​တော် ကောင်း​ချီး​မင်္ဂလာ​ကို​ခံ​ရ​မည့်​အ​စား​ကျိန် စာ​သင့်​ခြင်း​ကို​ခံ​ရ​ပါ​မည်'' ဟု​မိ​ခင်​အား ပြန်​ပြော​လေ​၏။ ငါ့​သား၊ သင်​ခံ​ရ​မည့်​ကျိန်​စာ​သင့်​ခြင်း​ကို ငါ​ခံ​ရ​ပါ​စေ။ ငါ​ပြော​သည့်​အ​တိုင်း​ဆိတ် များ​ကို​သာ​ငါ့​ထံ​သို့​ယူ​ခဲ့​ပါ'' ဟု​မိခင် က​ဆို​လေ​၏။- ယာ​ကုပ်​သည်​သွား​၍​ဆိတ်​များ​ကို​မိ​ခင်​ထံ​သို့ ယူ​ဆောင်​ခဲ့​သ​ဖြင့် ရေ​ဗက္က​သည်​ဣ​ဇာက်​ကြိုက် နှစ်​သက်​သော​အ​မဲ​ဟင်း​ကို​ချက်​လေ​သည်။- ထို​နောက်​သူ​သည်​မိ​မိ​အိမ်​တွင်​သိမ်း​ဆည်း ထား​သော​ဧ​သော​၏​အ​ကောင်း​ဆုံး​အ​ဝတ် ကို​ယာ​ကုပ်​အား​ဝတ်​ဆင်​ပေး​၏။- သူ​၏​လက်​မောင်း​များ​နှင့်​အ​မွေး​မ​ပေါက်​သော လည်​ပင်း​တို့​တွင်​ဆိတ်​သား​ရေ​ကို​ပတ်​စည်း ပေး​၏။- ထို​နောက်​ချက်​ပြီး​သော​အ​မဲ​ဟင်း​နှင့်​ဖုတ် ထား​သော​မုန့်​တို့​ကို​ယာ​ကုပ်​အား​ပေး​၏။ ယာ​ကုပ်​သည်​သူ​၏​ဖ​ခင်​ထံ​သို့​သွား​၍``အ​ဖ'' ဟု​ခေါ်​လျှင်၊ ဣ​ဇာက်​က``သား'' ဟု​ထူး​ပြီး​လျှင်``သား​ကြီး လော၊ သား​ငယ်​လော'' ဟု​မေး​လေ​၏။ ယာ​ကုပ်​က``ကျွန်​တော်​သည်​သား​ကြီး​ဧ​သော ဖြစ်​ပါ​သည်။ ဖ​ခင်​မှာ​ကြား​သည့်​အ​တိုင်း​ဆောင် ရွက်​ပြီး​ပါ​ပြီ။ ယ​ခု​ထ​၍​ကျွန်​တော်​ယူ​ခဲ့​သော အ​မဲ​ဟင်း​ကို​သုံး​ဆောင်​ပြီး​လျှင်​ကျွန်​တော် အား​ကောင်း​ချီး​ပေး​ပါ'' ဟု​ပြော​လေ​သည်။ ဣ​ဇာက်​က``ငါ့​သား၊ အ​မဲ​ကောင်​အ​ရ​မြန်​လှ ပါ​တ​ကား'' ဟု​ဆို​၏။ ယာ​ကုပ်​က``အ​ဖ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​စောင်​မ​ခြင်း​ကြောင့်​အ​မဲ​ကောင်​ကို အ​မြန်​ရ​ပါ​သည်'' ဟု​ပြန်​ဖြေ​၏။ ထို​အ​ခါ​ဣ​ဇာက်​က``ငါ​သင့်​ကို​စမ်း​ကြည့်​နိုင် ရန်​အ​နား​သို့​တိုး​လာ​ပါ။ သင်​သည်​ဧသော အ​မှန်​ပင်​ဖြစ်​ပါ​သ​လော'' ဟု​မေး​လေ​သည်။- ယာ​ကုပ်​သည်​ဖခင်​အ​နား​သို့​ချဉ်း​ကပ်​လာ​သော် ဖ​ခင်​က​လက်​နှင့်​သူ့​ကို​စမ်း​သပ်​ပြီး​လျှင်``သင် ၏​အ​သံ​မှာ​ယာ​ကုပ်​၏​အ​သံ၊ သင်​၏​လက်​များ သည်​ကား​ဧ​သော​၏​လက်​များ​ပင်​ဖြစ်​သည်'' ဟု ဆို​လေ​၏။- သူ​၏​လက်​တို့​သည်​ဧ​သော​၏​လက်​များ​ကဲ့​သို့ အ​မွေး​ထူ​သော​ကြောင့်​ဖ​ခင်​သည်​ယာ​ကုပ် ဖြစ်​မှန်း​မ​ရိပ်​မိ​ချေ။ သူ့​အား​ကောင်း​ချီး​မ ပေး​မီ၊- ``သင်​သည်​အ​ကယ်​ပင်​ဧ​သော​ဖြစ်​သ​လော'' ဟု​မေး​ပြန်​၏။ ယာ​ကုပ်​က``ဟုတ်​ပါ​သည်'' ဟု​ဖြေ​၏။ ထို​အ​ခါ​ဣ​ဇာက်​က``အ​မဲ​ဟင်း​ကို​ယူ​ခဲ့​ပါ။ ငါ​စား​ပြီး​လျှင်​သင့်​အား​ကောင်း​ချီး​ပေး​မည်'' ဟု​ဆို​လေ​၏။ ယာ​ကုပ်​သည်​ဖခင်​ထံ​သို့​ဟင်း ကို​ယူ​ခဲ့​၏။ ဖ​ခင်​သောက်​ရန်​စ​ပျစ်​ရည်​ကို လည်း​ယူ​ခဲ့​၏။- ထို​နောက်​ဖ​ခင်​က``ငါ့​သား၊ အ​နား​သို့​တိုး လာ​၍​ငါ့​ကို​နမ်း​လော့​ဟု​ခိုင်း​၏။- ယာ​ကုပ်​သည်​ဖ​ခင်​ထံ​ချဉ်း​ကပ်​၍​နမ်း​လိုက် သော​အ​ခါ ဣ​ဇာက်​သည်​သူ​၏​အ​ဝတ်​များ​ကို အ​နံ့​ခံ​လျက်``ငါ့​သား​၏​အ​နံ့​သည်​ထာ​ဝ​ရ ဘု​ရား​ကောင်း​ချီး​ပေး​သော​လယ်​၏​ရ​နံ့​ကဲ့ သို့​သင်း​ကြိုင်​ပါ​၏။- ဘု​ရား​သ​ခင်​သည်​သင့်​အား​မိုး​ကောင်း​ကင်​မှ နှင်း​ကို​ပေး​တော်​မူ​၍ သင်​၏​လယ်​များ​ကို​မြေ သြ​ဇာ​ထက်​သန်​တော်​မူ​စေ​သ​တည်း။ ကိုယ်​တော် သည်​သင့်​အား​ကောက်​ပဲ​သီး​နှံ​နှင့်​စ​ပျစ်​ရည် များ​စွာ​ပေး​သ​နား​တော်​မူ​စေ​သ​တည်း။- တိုင်း​နိုင်​ငံ​တို့​သည်​သင်​၏​အ​စေ​ကို​ခံ​ရ​ကြ စေ​သ​တည်း။ လူ​မျိုး​အ​ပေါင်း​တို့​သည်​သင့်​အား ဦး​ညွှတ်​ရ​ကြ​စေ​သ​တည်း။ သင်​သည်​ဆွေ​မျိုး သား​ချင်း​တို့​ကို​ကြီး​စိုး​ရ​စေ​သ​တည်း။ သင်​၏ အ​မိ​အ​ဆက်​အ​နွယ်​တို့​သည်​သင့်​အား​ဦး​ညွှတ် ရ​ကြ​စေ​သ​တည်း။ သင့်​အား​ကျိန်​စာ​သင့်​သော သူ​တို့​ကို​ကျိန်​စာ​သင့်​စေ​သ​တည်း။ သင့်​အား ကောင်း​ချီး​ပေး​သူ​တို့​သည်​ကောင်း​ချီး​ခံ​စား ရ​ကြ​စေ​သ​တည်း'' ဟု​ကောင်း​ချီး​ပေး​လေ ၏။ ဣ​ဇာက်​သည်​ယာ​ကုပ်​အား​ကောင်း​ချီး​ပေး​ပြီး​၍ ဖ​ခင်​ထံ​မှ​ယာ​ကုပ်​ထွက်​သွား​သည့်​ခ​ဏ​အ​တွင်း သူ​၏​အစ်​ကို​ဧ​သော​သည်​အ​မဲ​လိုက်​ရာ​မှ ပြန်​ရောက်​လာ​၏။- သူ​သည်​လည်း​စား​ဖွယ်​ကောင်း​သော​အမဲ​ဟင်း​လျာ ကို​ချက်​ပြီး​လျှင်​ဖ​ခင်​ထံ​သို့​ယူ​ခဲ့​လေ​သည်။ ထို​နောက်``အ​ဖ၊ ကျွန်​တော်​ယူ​ခဲ့​သော​အ​မဲ ဟင်း​ကို​ထ​၍​သုံး​ဆောင်​ပါ။ သုံး​ဆောင်​ပြီး လျှင်​ကျွန်​တော်​အား​ကောင်း​ချီး​ပေး​ပါ'' ဟု ဆို​လေ​၏။ ဣ​ဇာက်​က``သင်​မည်​သူ​နည်း'' ဟု​မေး​၏။ ဧ​သော​က``ကျွန်​တော်​သည်​ဖ​ခင်​၏​သား​ကြီး ဧ​သော​ဖြစ်​ပါ​သည်'' ဟု​ပြန်​ဖြေ​၏။ ထို​အ​ခါ​ဣ​ဇာက်​သည်​တစ်​ကိုယ်​လုံး​ဆတ်​ဆတ် တုန်​လျက်``အ​မဲ​ကောင်​ကို​ရ​၍​ငါ့​ထံ​သို့​ဟင်း ယူ​ခဲ့​သူ​ကား​မည်​သူ​နည်း။ သင်​မ​ရောက်​မီ​ငါ သည်​ဟင်း​ကို​စား​ပြီး​ပြီ။ ထို​သူ​အား​လည်း ကောင်း​ချီး​ပေး​ခဲ့​ပြီ။ ငါ​ကောင်း​ချီး​ပေး​ခဲ့ သည့်​အ​တိုင်း​သူ​ခံ​စား​ရ​မည်'' ဟု​ဆို​လေ သည်။ ဧ​သော​သည်​ထို​စ​ကား​ကို​ကြား​ရ​လျှင်​မ​ခံ မ​ရပ်​နိုင်​အောင်​ခံ​စား​ရ​သ​ဖြင့်``အို အ​ဖ၊ ကျွန်​တော့် အား​လည်း​ကောင်း​ချီး​ပေး​ပါ​ဦး'' ဟု​အ​သံ​ကျယ် စွာ​အော်​ဟစ်​တောင်း​ပန်​လေ​၏။ ဣ​ဇာက်​က``သင့်​ညီ​လာ​၍​ငါ့​ကို​လိမ်​လည်​လှည့်​ဖြား လေ​ပြီ။ သူ​သည်​သင်​ခံ​စား​ရ​မည့်​ကောင်း​ချီး​ကို ယူ​သွား​ပြီ'' ဟု​ဖြေ​ကြား​လေ​သည်။ ဧ​သော​က``သူ​သည်​ကျွန်​တော်​အား​နှစ်​ကြိမ်​တိုင် တိုင်​ယာ​ကုပ်​ဟူ​သော​နာ​မည်​နှင့်​လိုက်​အောင်​လှည့် စား​ခဲ့​ပါ​ပြီ။ သူ​သည်​ကျွန်​တော်​၏​သား​ဦး​အ​ရာ ကို​တစ်​ကြိမ်၊ ယ​ခု​တစ်​ဖန်​ကျွန်​တော်​ခံ​စား​ရ မည့်​ကောင်း​ချီး​ကို​တစ်​ကြိမ်​ယူ​သွား​ပါ​ပြီ။ ကျွန်​တော်​အ​ဖို့​ကောင်း​ချီး​တစ်​ပါး​ပါး​မ​ကျန် ပါ​သ​လော'' ဟု​ဖ​ခင်​အား​မေး​လေ​၏။ ဣ​ဇာက်​က``ငါ​သည်​သူ့​အား​သင်​၏​အ​ရှင်​သ​ခင် ဖြစ်​စေ​ပြီ။ ဆွေ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​ကို လည်း​သူ​၏​အ​စေ​ကို​ခံ​စေ​ပြီ။ သူ့​အား​ကောက်​ပဲ သီး​နှံ​နှင့်​စ​ပျစ်​ရည်​တို့​ဖြင့်​ကြွယ်​ဝ​ပြည့်​စုံ​စေ ပြီ။ သို့​ဖြစ်​လျှင်​ငါ့​သား​သင့်​အ​တွက်​မည်​သို့ ဆောင်​ရွက်​ပေး​နိုင်​ပါ​သ​နည်း'' ဟု​ပြန်​ဖြေ​လေ ၏။ ဧ​သော​က``အို အ​ဖ၊ ဖ​ခင်​ထံ​၌​ပေး​စ​ရာ ကောင်း​ချီး​မင်္ဂ​လာ​တစ်​ပါး​မျှ​မ​ကျန်​ပါ သ​လော။ ကျွန်​တော့်​ကို​လည်း​ကောင်း​ချီး​မင်္ဂလာ ပေး​ပါ​ဦး'' ဟု​ဖ​ခင်​အား​ဆက်​လက်​တောင်း​ပန် ၍​ငို​ကြွေး​လေ​၏။ ထို​အ​ခါ​ဣ​ဇာက်​က၊ ``သင့်​လယ်​များ​သည်​မြေ​သြ​ဇာ​မ​ရှိ၊မိုး ကောင်း​ကင်​မှ နှင်း​ကို​လည်း​မ​ရ​နိုင်။ သင်​သည်​ကိုယ့်​ဋ္ဌား​ဖြင့်​အ​သက်​မွေး​ရ​မည်။ သင်​၏​ညီ​အ​စေ​ကို​ခံ​ရ​မည်။ သို့​ရာ​တွင်​သင်​သည်​ကြိုး​ပမ်း​အား​ထုတ်​လျှင်၊ သူ​၏​အ​ချုပ်​အ​နှောင်​မှ​လွတ်​မြောက်​လိမ့်​မည်'' ဟု​ဆို​လေ​၏။ ယာ​ကုပ်​သည်​ဖခင်​ထံ​မှ​ကောင်းချီး​မင်္ဂလာ​ကို ခံ​ရ​သ​ဖြင့် ဧ​သော​သည်​သူ့​အား​ရန်​ငြိုး​ထား ၏။ ဧ​သော​က``ဖ​ခင်​အ​နိစ္စ​ရောက်​လျှင်​ရောက် ခြင်း​ယာ​ကုပ်​ကို​ငါ​သတ်​ပစ်​မည်'' ဟု​ကြုံး ဝါး​လေ​၏။

ကမ္ဘာဦး 27:1-41 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဣဇက်​သည် အသက်ကြီး​၍ မျက်စိ​မှုန်​သဖြင့် မ​မြင်​နိုင်​သောအခါ သား​ကြီး​ဧသော​အား “​ငါ့​သား​”​ဟု ခေါ်​လျှင် ဧသော​က “​အကျွန်ုပ်​ရှိ​ပါ​၏​”​ဟု ထူး​လေ​၏​။ ဣဇက်​က​လည်း “​ယခု ငါ​အသက်ကြီး​ပြီ​။ မည်သည့်​နေ့ရက်​၌ သေ​ရ​မည်​ကို ငါ​မ​သိ​။ ငါ​မ​သေ​မီ သင့်​ကို ငါ​ကောင်းချီးပေး​ဖို့ သင်​၏​လက်စွဲ​တော် လေး​နှင့်​မြားအိမ်​ကို​ယူ​၍ တော​သို့​သွား​ပြီး ငါ့​အဖို့ တောကောင်​ကို​လိုက်​လော့​။ ငါ​ကြိုက်နှစ်သက်​သည့် အရသာ​ကောင်း​သော​ဟင်းလျာ​ကို​ချက်​ပြီး ငါ​စား​ဖို့ ငါ့​ထံ ယူလာ​လော့​”​ဟု ဆို​လေ​၏​။ ဣဇက်​က သူ​၏​သား​ဧသော​အား ပြောဆို​သော​စကား​ကို ရေဗက္ကာ​သည် ကြား​၏​။ သို့ဖြစ်၍ တောကောင်​လိုက်ဖမ်း​ပြီး​ယူလာ​ရန် တော​သို့​ဧသော​ထွက်သွား​သောအခါ ရေဗက္ကာ​သည် သူ​၏​သား​ယာကုပ်​ကို​ခေါ်​၍ “​သင့်​ဖခင်​က သင်​၏​အစ်ကို​ဧသော​အား ‘​ငါ​မ​သေ​မီ ထာဝရဘုရား​ရှေ့​တော်​၌ သင့်​ကို​ကောင်းချီးပေး​ဖို့ တောကောင်​ကို ယူလာ​ပြီး ငါ​စား​ဖို့ အရသာ​ကောင်း​သော​ဟင်းလျာ​ကို​ချက်​လော့​’​ဟု ဆို​သည်​ကို ငါ​ကြား​၏​။ ထို့ကြောင့် ငါ့​သား​၊ ယခု ငါ့​စကား​ကို​နားထောင်​၍ သင့်​အား​ငါ​ပြော​သည့်​အတိုင်း​ပြု​လော့​။ သိုးအုပ်ဆိတ်အုပ်​ရှိ​ရာ​သို့​သွား​၍ ဆူဖြိုး​သော​ဆိတ်သငယ်​နှစ်​ကောင်​ကို ငါ့​ထံသို့​ယူ​ခဲ့​လော့​။ ငါ​သည် သင်​၏​ဖခင်​ကြိုက်နှစ်သက်​သည့် အရသာ​ကောင်း​သော​ဟင်းလျာ​ကို​ချက်​မည်​။ သင်​၏​ဖခင်​မ​ကွယ်လွန်​မီ သင့်​ကို​ကောင်းချီးပေး​မည့်​အကြောင်း ထို​ဟင်း​ကို သူ​စား​ရန် သူ့​ထံသို့ သင်​ယူသွား​ရ​မည်​”​ဟု ဆို​လေ​၏​။ သို့သော် ယာကုပ်​က “​အကျွန်ုပ်​၏​အစ်ကို​ဧသော​ကား အမွေးထူ​သော​သူ​၊ အကျွန်ုပ်​ကား ချောမွတ်​သော​သူ​ဖြစ်​ပါ​၏​။ အကျွန်ုပ်​၏​ဖခင်​သည် အကျွန်ုပ်​ကို​စမ်းကြည့်​ကောင်း​စမ်းကြည့်​လိမ့်မည်​။ ထိုအခါ အကျွန်ုပ်​ကို လိမ်လည်လှည့်ဖြား​သော​သူ​ဟု မှတ်​၍ အကျွန်ုပ်​သည် ကောင်းချီးမင်္ဂလာ​ကို​မ​ဟုတ်​ဘဲ ကျိန်ဆဲ​ခြင်း​ကို​သာ​ခံရ​ပါ​လိမ့်မည်​”​ဟု သူ့​မိခင်​ရေဗက္ကာ​အား​ဆို​လေ​၏​။ မိခင်​က​လည်း “​ငါ့​သား သင်​ခံရ​မည့်​ကျိန်ဆဲ​ခြင်း​သည် ငါ့​အပေါ်​သို့​သက်ရောက်​ပါစေ​။ ငါ့​စကား​ကို​သာ​နားထောင်​လော့​။ သွား​၍​ဆိတ်သငယ်​တို့​ကို ငါ့​ထံသို့ ယူ​ခဲ့​လော့​”​ဟု ဆို​၏​။ ထို့ကြောင့် သူ​သည် ဆိတ်သငယ်​တို့​ကို သွားယူ​၍ မိခင်​ထံသို့ ယူ​လာ​၏​။ မိခင်​သည်​လည်း ဖခင်​ကြိုက်နှစ်သက်​သည့် အရသာ​ကောင်း​သော​ဟင်းလျာ​ကို​ချက်​လေ​၏​။ ထို့နောက် ရေဗက္ကာ​သည် အိမ်​တွင် သူ​၌​ရှိ​သော သား​ကြီး​ဧသော​၏​အကောင်းဆုံး​အဝတ်​ကို​ယူ​၍ သား​ငယ်​ယာကုပ်​အား ဝတ်ဆင်​ပေး​လျက် ဆိတ်သငယ်​၏​သားရေ​တို့​ဖြင့် သူ​၏​လက်​နှင့် ပြောင်ချော​နေ​သော သူ​၏​လည်ပင်း​ကို ဖုံးအုပ်​ပေး​၏​။ မိမိ​ချက်​ထား​သည့် အရသာ​ကောင်း​သော​ဟင်းလျာ​နှင့်​မုန့်​ကို​လည်း သား​ယာကုပ်​၏​လက်​၌ ထည့်ပေး​လေ​၏​။ ထိုအခါ ယာကုပ်​သည် မိမိ​ဖခင်​ထံသို့​သွား​၍ “​အဖေ​”​ဟု ခေါ်​လျှင် ဖခင်​က “​ပြော​ပါ ငါ့​သား​၊ သင်​သည် မည်သူ​နည်း​”​ဟု မေး​လေ​၏​။ ယာကုပ်​က​လည်း “​အကျွန်ုပ်​သည် အဖေ့​သားဦး​ဧသော​ဖြစ်​ပါ​သည်​။ အဖေ​ပြော​သည့်​အတိုင်း အကျွန်ုပ်​ပြု​ပါ​ပြီ​။ အဖေ​သည် အကျွန်ုပ်​ကို ကောင်းချီးပေး​မည့်​အကြောင်း ယခု ထ​၍​ထိုင်​ပါ​။ အကျွန်ုပ်​၏​တောကောင်သား​ကို စား​ပါ​”​ဟု မိမိ​ဖခင်​အား ဆို​လေ​၏​။ ဣဇက်​က​လည်း “​ငါ့​သား​၊ အဘယ်ကြောင့် ဤမျှလောက်​လျင်မြန်​စွာ​တွေ့​ရ​သနည်း​”​ဟု မေး​လျှင် ယာကုပ်​က “​အဖေ​၏​ဘုရားသခင်​ထာဝရဘုရား​သည် အကျွန်ုပ်​အား တွေ့ခွင့်​ပေး​တော်မူ​သောကြောင့်​ဖြစ်​ပါ​သည်​”​ဟု ပြန်ဆို​၏​။ ဣဇက်​က​လည်း “​ငါ့​သား​၊ သင်​သည် အမှန်ပင် ငါ့​သား​ဧသော​ဟုတ်​၊ မ​ဟုတ် သင့်​ကို ငါ​စမ်းကြည့်​နိုင်​ရန် ငါ့​နား​သို့​လာ​ပါ​လော့​”​ဟု ယာကုပ်​အား​ဆို​၏​။ ထို့ကြောင့် ယာကုပ်​သည် သူ​၏​ဖခင်​ဣဇက်​ထံ​ချဉ်းကပ်​လေ​၏​။ ဖခင်​သည်​လည်း သူ့​ကို​စမ်းကြည့်​ပြီးလျှင် “​အသံ​ကား ယာကုပ်​၏​အသံ​၊ လက်​ကား ဧသော​၏​လက်​ပါတကား​”​ဟု ဆို​၏​။ ယာကုပ်​၏​လက်​သည် အစ်ကို​ဧသော​၏​လက်​ကဲ့သို့ အမွေးထူ​သောကြောင့် ယာကုပ်​ဖြစ်ကြောင်း​မ​သိ​နိုင်​သဖြင့် ဣဇက်​သည် သူ့​ကို​ကောင်းချီးပေး​လေ​၏​။ သို့ရာတွင် “​သင်​သည် အမှန်ပင် ငါ့​သား​ဧသော​ဖြစ်​သလော​”​ဟု မေးပြန်​၏​။ ယာကုပ်​က​လည်း “​မှန်​ပါ​သည်​”​ဟု ဆို​၏​။ ဣဇက်​က​လည်း “​ငါ့​သား​၊ ငါ​စား​ဖို့ တောကောင်သား​ကို ငါ့​ထံသို့ ယူလာ​လော့​။ ငါ​စား​ပြီးလျှင် သင့်​ကို ကောင်းချီးပေး​မည်​”​ဟု ဆို​လျှင် ယာကုပ်​သည် သူ့​ထံသို့​ယူလာ​၍ သူ​သည်​စား​လေ​၏​။ စပျစ်ဝိုင်​ကို​လည်း ယူလာ​ပေး​ရာ သူ​သည်​သောက်​လေ​၏​။ ထို့နောက် ယာကုပ်​၏​ဖခင်​ဣဇက်​က “​ငါ့​သား​၊ ငါ့​ထံသို့​ချဉ်းကပ်​၍ ငါ့​ကို​နမ်း​လော့​”​ဟု ဆို​သဖြင့် ယာကုပ်​သည် သူ့​ထံသို့​ချဉ်းကပ်​၍ နမ်း​လေ​၏​။ ထိုအခါ ဣဇက်​သည် ယာကုပ်​အဝတ်​၏​အနံ့​ကို​ခံ​၍ “​ကြည့်ရှု​လော့​။ ငါ့​သား​၏​အနံ့​သည် ထာဝရဘုရား​ကောင်းချီးပေး​တော်မူ​သော​လယ်​၏​ရနံ့​နှင့်​တူ​၏​။ ဘုရားသခင်​သည် မိုးကောင်းကင်​၏​နှင်း​ကို​လည်းကောင်း​၊ မြေကြီး​၏​အဆီအနှစ်​ကို​လည်းကောင်း​၊ များစွာ​သော​ကောက်ပဲသီးနှံ​နှင့်​စပျစ်ဝိုင်​အသစ်​ကို​လည်းကောင်း သင့်​အား​ပေး​တော်မူ​ပါစေ​။ လူမျိုးတကာ​တို့​သည် သင့်​ထံ၌​အစေခံ​ကြ​၍ တိုင်းသူပြည်သား​တို့​သည် သင့်​ရှေ့​၌​ပျပ်ဝပ်​ကြ​ပါစေ​။ သင်​သည် သင့်​ညီအစ်ကို​တို့​၏​အရှင်သခင်​ဖြစ်​လျက် သင့်​မိခင်​၏​သား​တို့​သည် သင့်​ရှေ့​၌​ပျပ်ဝပ်​ကြ​ပါစေ​။ သင့်​ကို​ကျိန်ဆဲ​သော​သူ​တို့​သည် ကျိန်ဆဲ​ခြင်း​ခံရ​၍ သင့်​ကို​ကောင်းချီးပေး​သော​သူ​တို့​သည် ကောင်းချီးမင်္ဂလာ​ကို​ခံစား​ရ​ကြ​ပါစေ​”​ဟု သူ့​ကို​ကောင်းချီးပေး​လေ​၏​။ ဣဇက်​သည် ယာကုပ်​ကို​ကောင်းချီးပေး​ပြီးမှ ယာကုပ်​လည်း ဖခင်​ဣဇက်​ထံ​မှ​ထွက်သွား​လျှင်​ထွက်သွား​ချင်း သူ့​အစ်ကို​ဧသော​သည် တောကောင်လိုက်​ရာ​မှ​ပြန်လာ​၏​။ ဧသော​သည်​လည်း အရသာ​ကောင်း​သော​ဟင်းလျာ​ကို​ချက်​၍ ဖခင်​ထံသို့​ယူလာ​ပြီးလျှင် “​အဖေ​၊ အဖေ့​သား​ယူလာ​သော​တောကောင်သားဟင်း​ကို ထ​၍ စား​ပြီး သား​ကို​ကောင်းချီးပေး​ပါ​”​ဟု ဖခင်​အား​ဆို​၏​။ ဖခင်​ဣဇက်​က​လည်း “​သင်​သည် မည်သူ​နည်း​”​ဟု မေး​လျှင် ဧသော​က “​အကျွန်ုပ်​သည် အဖေ့​သား​၊ အဖေ့​သားဦး​ဧသော​ဖြစ်​ပါ​သည်​”​ဟု ဆို​၏​။ ထိုအခါ ဣဇက်​သည် အလွန်​ထိတ်လန့်​တုန်လှုပ်​လျက် “​သို့ဖြစ်လျှင် တောကောင်​လိုက်ဖမ်း​၍ ငါ့​ထံသို့​ယူလာ​ခဲ့​သော​သူ​သည် မည်သူ​နည်း​။ သင်​ရောက်​မ​လာ​မီ ငါ​သည် အကုန်​စား​ပြီး သူ့​ကို​ကောင်းချီးပေး​လေ​ပြီ​။ အကယ်စင်စစ် သူ​သည် ကောင်းချီးမင်္ဂလာ​ကို​ခံရ​လိမ့်မည်​”​ဟု ဆို​၏​။ ဧသော​သည် ဖခင်​၏​စကား​ကို​ကြား​သောအခါ အလွန်​ခါးသီး​စွာ​ခံစား​ရ​လျက် ကျယ်လောင်​စွာ​အော်ဟစ်ငိုကြွေး​ကာ “​အဖေ​၊ အကျွန်ုပ်​ကို​၊ အကျွန်ုပ်​ကို​လည်း ကောင်းချီးပေး​ပါ​”​ဟု ဖခင်​အား​ဆို​လေ​၏​။ ဖခင်​က​လည်း “​သင့်​ညီ​သည် လာ​၍ လိမ်လည်လှည့်ဖြား​ပြီး သင်​၏​ကောင်းချီးမင်္ဂလာ​ကို ယူသွား​ပြီ​”​ဟု ဆို​၏​။ ဧသော​က​လည်း “​သူ့​အမည်​ကို ယာကုပ် ဟု​မှည့်ခေါ်​ထား​သည်​မှာ မှန်​နေ​သည်​မ​ဟုတ်​လော​။ သူ​သည် အကျွန်ုပ်​ကို နှစ်ကြိမ်​တိုင်တိုင်​လှည့်စား​ပြီ​။ ယခင်က အကျွန်ုပ်​၏​သားဦးအရိုက်အရာ​ကို​ယူသွား​၏​။ ယခု​လည်း အကျွန်ုပ်​၏​ကောင်းချီးမင်္ဂလာ​ကို​ယူသွား​၏​”​ဟု ဆို​ပြီးလျှင် “​အဖေ အကျွန်ုပ်​အတွက် ကောင်းချီးမင်္ဂလာ​တစ်ပါးမျှ မ​ချန်ထား​ပေး​သလော​”​ဟု ဆို​၏​။ ဣဇက်​က​လည်း “​ကြည့်ရှု​လော့​။ ငါ​သည် သူ့​ကို သင်​၏​အရှင်သခင်​ဖြစ်​စေ​ပြီ​။ သူ​၏​ညီအစ်ကို​အပေါင်း​တို့​ကို​လည်း သူ​၏​အစေအပါး​ဖြစ်​စေ​ပြီ​။ ကောက်ပဲသီးနှံ​နှင့်​စပျစ်ဝိုင်​အသစ်​တို့​ဖြင့်​လည်း သူ့​ကို​ထောက်မ​ပြီ​။ သို့ဖြစ်၍ ငါ့​သား​၊ သင့်​အတွက် ငါ​ဘာ​လုပ်ပေး​နိုင်​ဦး​မည်နည်း​”​ဟု ဧသော​အား​ပြန်ပြော​၏​။ ဧသော​က​လည်း “​အဖေ​၊ အဖေ့​တွင် ကောင်းချီးမင်္ဂလာ​တစ်ပါးတည်းသာ​ရှိ​သလော​။ အဖေ​၊ အကျွန်ုပ်​ကို​၊ အကျွန်ုပ်​ကို​လည်း ကောင်းချီးပေး​ပါ​”​ဟု ဖခင်​အား​ဆို​၏​။ ထို့နောက် ဧသော​သည် အော်ဟစ်​ငိုကြွေး​လေ​၏​။ သူ​၏​ဖခင်​ဣဇက်​က​လည်း “​ကြည့်ရှု​လော့​။ သင်​နေထိုင်​ရာ​အရပ်​သည် မြေကြီး​အဆီအနှစ်​နှင့်​လည်းကောင်း​၊ အထက်​မိုးကောင်းကင်​နှင်း​နှင့်​လည်းကောင်း ဝေးကွာ​လိမ့်မည်​။ သင်​သည် ဓား​ဖြင့်​အသက်မွေး​၍ သင့်​ညီ​ထံ၌​အစေခံ​ရ​လိမ့်မည်​။ သို့သော် သင်​ရုန်းကန်​သော​အားဖြင့် သူ​၏​ထမ်းပိုး​ကို သင်​၏​လည်ပင်း​မှ​ချွတ်​နိုင်​လိမ့်မည်​”​ဟု ဆို​လေ​၏​။ ဖခင်​က ယာကုပ်​အား ပေး​သော​ကောင်းချီးမင်္ဂလာ​ကြောင့် ဧသော​သည် ယာကုပ်​ကို​အငြိုးထား​၏​။ ဧသော​က “​ငါ့​ဖခင်​သေဆုံး​မည့်​နေ့ရက်​နီး​ပြီ​။ ထိုအခါ ငါ​သည် ငါ့​ညီ​ယာကုပ်​ကို​သတ်​မည်​”​ဟု မိမိ​စိတ်​ထဲ၌​ဆို​လေ​၏​။