YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 2:8-10

ကမ္ဘာဦး 2:8-10 Judson Bible (JBMLE)

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​လည်း အ​ရှေ့​မျက်​နှာ၊ ဧ​ဒင်​အ​ရပ်​၌​ဥ​ယျာဉ်​ကို စိုက်​ပျိုး​ပြီး​လျှင်၊ ဖန်​ဆင်း​တော်​မူ​သော​လူ​ကို ထို​ဥ​ယျာဉ်​၌ နေ​ရာ​ချ​တော်​မူ​၏။ ထို​မြေ​ထဲ​က အ​ဆင်း​လှ၍၊ စား​ဖွယ်​ကောင်း​သော အ​ပင်​အ​မျိုး​မျိုး​ကို ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် ပေါက်​စေ​တော်​မူ​၏။ ထို​ဥ​ယျာဉ်​အ​လယ်၌ အ​သက်​ပင်​လည်း​ရှိ၏။ ကောင်း​မ​ကောင်း​ကို သိ​ကျွမ်း​ရာ​အ​ပင်​လည်း​ရှိ​၏။ ထို​ဥ​ယျာဉ်​ကို စို​စေ​လို​သော​ငှာ မြစ်​တစ်​မြစ်​သည် ဧ​ဒင်​အ​ရပ်​ထဲ​က​စီး​ထွက်​သ​ဖြင့်၊ ဥ​ယျာဉ်​ပြင်​မှာ လေး​ဖြာ​ကွဲ​၍ မြစ်​မ​လေး​သွယ်​ဖြစ်​လေ​၏။

ကမ္ဘာဦး 2:8-10 Common Language Bible (BCL)

ထို့​နောက်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် အ​ရှေ့​ဘက်​ရှိ​ဧ​ဒင်​အ​ရပ်​၌​ဥ​ယျာဉ်​ကို​တည် ပြီး​လျှင် ဖန်​ဆင်း​တော်​မူ​သော​လူ​ကို​ထို​ဥ​ယျာဉ် တွင်​နေ​စေ​တော်​မူ​၏။- ထို​ဥ​ယျာဉ်​တွင်​ရှု​ချင်​ဖွယ်​ကောင်း​၍ စား​ဖွယ် ကောင်း​သော​အ​သီး​ပင်​အ​မျိုး​မျိုး​ကို​ပေါက် စေ​တော်​မူ​၏။ ဥ​ယျာဉ်​အ​လယ်​တွင်​အ​သက် ရှင်​စေ​သော​အ​ပင်​ရှိ​၏။ အ​ကောင်း​နှင့်​အ​ဆိုး ကို​ပိုင်း​ခြား​သိ​မြင်​စေ​သော​အ​ပင်​လည်း​ရှိ ၏။ မြစ်​တစ်​မြစ်​သည်​ဧ​ဒင်​အ​ရပ်​တွင်​စီး​ထွက် လျက် ဥ​ယျာဉ်​ကို​ရေ​ပေး​၏။ ဧ​ဒင်​ဥ​ယျာဉ်​ကို ကျော်​လွန်​သော​အ​ခါ​မြစ်​လေး​သွယ်​ခွဲ​၍ ဖြာ​ဆင်း​၏။

ကမ္ဘာဦး 2:8-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရအရှင်​ဘုရားသခင်​သည် အရှေ့ဘက်​ရှိ​ဧဒင်​အရပ်​၌ ဥယျာဉ်​ကို​စိုက်ပျိုး​ပြီးလျှင် မိမိ​ပုံဖော်ဖန်ဆင်း​ထား​သော​လူ​ကို ထို​ဥယျာဉ်​၌ နေရာ​ချထား​တော်မူ​၏​။ ထာဝရအရှင်​ဘုရားသခင်​သည် ရှုချင်စဖွယ်​ကောင်း​သော​၊ စားဖွယ်​ကောင်း​သော​အပင်​အမျိုးမျိုး​ကို မြေ​မှ​ပေါက်​စေ​တော်မူ​၏​။ ဥယျာဉ်​အလယ်​၌ အသက်​ပင်​နှင့် အကောင်း​အဆိုး​သိကျွမ်း​ရာ​အပင်​ရှိ​၏​။ ဥယျာဉ်​ကို​စိုစွတ်​စေရန် မြစ်​တစ်​မြစ်​သည် ဧဒင်​အရပ်​မှ​စီးထွက်​၍ ထို​နေရာ​မှ​လေး​ဖြာ​ကွဲ​ပြီး မြစ်​လေး​သွယ်​ဖြစ်​လေ​၏​။