ကမ္ဘာဦး 19:24-26
ကမ္ဘာဦး 19:24-26 Judson Bible (JBMLE)
ထိုအခါ ထာဝရဘုရားသည်ကောင်းကင်ထက်၊ အထံတော်မှ သောဒုံမြို့နှင့် ဂေါမောရမြို့အပေါ်သို့ ကန့်နှင့် မီးမိုးကို ရွာစေတော်မူ၏။ ထိုမြို့တို့ကိုလည်းကောင်း၊ ချိုင့်အရပ်တစ်လျှောက်လုံးကိုလည်းကောင်း၊ မြို့သားအပေါင်းတို့ကိုလည်းကောင်း၊ မြေ၌ပေါက်သမျှကိုလည်းကောင်း၊ မှောက်လှဲတော်မူ၏။ လောတ၏မယားမူကား၊ နောက်သို့လှည့်ကြည့်၍ ဆားတိုင်ဖြစ်လေ၏။
ကမ္ဘာဦး 19:24-26 Common Language Bible (BCL)
ထိုအခါ၌ထာဝရဘုရားသည် သောဒုံမြို့နှင့်ဂေါမောရမြို့များပေါ်သို့ ကန့်မီးမိုးကိုရွာချစေတော်မူသဖြင့်၊- ထိုမြို့များနှင့်ချိုင့်ဝှမ်းတစ်လျှောက်လုံးရှိလူတို့နှင့်အပင်တို့ကိုသေကြေပျက်စီးစေတော်မူ၏။- လောတ၏မယားကမူနောက်သို့လှည့်ကြည့်မိသဖြင့် ဆားတိုင်အဖြစ်သို့ပြောင်းလဲသွားလေသည်။
ကမ္ဘာဦး 19:24-26 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုအခါ ထာဝရဘုရားအထံတော် မိုးကောင်းကင်မှ ကန့်နှင့်မီးကို သောဒုံမြို့နှင့်ဂေါမောရမြို့အပေါ်သို့ ထာဝရဘုရားရွာစေတော်မူ၏။ ဤသို့ဖြင့် ထိုမြို့များမှစ၍ မြစ်ဝှမ်းတစ်ဝှမ်းလုံး၊ မြို့၌နေထိုင်သူအားလုံးနှင့် မြေပေါ်ရှိအပင်တို့ကို ဖြိုလှဲတော်မူ၏။ နောက်မှလိုက်လာသော လောတ၏မယားမူကား နောက်လှည့်ကြည့်သဖြင့် ဆားတိုင်ဖြစ်သွားလေ၏။