YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 1:27-29

ကမ္ဘာဦး 1:27-29 Judson Bible (JBMLE)

ထို​သို့​ဘု​ရား​သ​ခင်​သည် မိ​မိ​ပုံ​သ​ဏ္ဌာန်​နှင့်​အ​ညီ လူ​ကို​ဖန်​ဆင်း​တော်​မူ​၏။ ဘု​ရား​သ​ခင်​၏​ပုံ​သ​ဏ္ဌာန်​တော်​နှင့်​အ​ညီ လူယောက်ျား၊ လူ​မိန်း​မ​ကို​ဖန်​ဆင်း​ပြီး​လျှင်၊ အ​ချင်း​တို့၊ များ​ပြား​စွာ​မွေး​ဖွား​ကြ​လော့။ မြေကြီး​ကို ပြည့်​စေ​၍ နိုင်​ကြ​လော့။ ပင်​လယ်​ငါး​တို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ငှက်​တို့​ကို​လည်း​ကောင်း၊ အ​သက်​ရှင်​၍ မြေ​ပေါ်​မှာ လှုပ်​ရှား​တတ်​သော တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း အုပ်​စိုး​ကြ​လော့​ဟု​မိန့်​တော်​မူ​၍၊ သူ​တို့​ကို​ကောင်း​ချီး​ပေး​တော်​မူ​၏။ ဘု​ရား​သ​ခင်​က​လည်း၊ ကြည့်​ရှု​လော့။ မြေ​တ​စ်​ပြင်​လုံး​၌ စ​ပါး​သီး​ကို ဖြစ်​စေ​သော စ​ပါး​ပင်​အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း၊ မျိုး​စေ့​ကို​ဖြစ်​စေ​သော အ​သီး​နှင့်​ပြည့်​စုံ​သော သစ်​ပင်​အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း၊ သင်​တို့​စား​စ​ရာ​ဖို့ ငါ​ပေး​၏။

ကမ္ဘာဦး 1:27-29 Common Language Bible (BCL)

သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည် မိ​မိ​နှင့်​ပုံ သဏ္ဌာန်​တူ​သော​လူ​ယောကျာ်း၊ လူ​မိန်း​မ ကို​ဖန်​ဆင်း​တော်​မူ​၍၊- သူ​တို့​ကို​ကောင်း​ချီး​ပေး​လျက်``သား​သ​မီး များ​စွာ​မွေး​ဖွား​ကြ​လော့။ ကမ္ဘာ​မြေ​ကြီး အ​ရပ်​ရပ်​တို့​တွင် သင်​တို့​၏​အ​မျိုး​စဉ်​အ​မျိုး ဆက်​နေ​ထိုင်​ကြ​လော့။ ကမ္ဘာ​မြေ​ကြီး​ကို​လည်း စိုး​ပိုင်​ကြ​လော့။ ရေ​သတ္တ​ဝါ၊ ငှက်​သတ္တ​ဝါ​နှင့် တိ​ရစ္ဆာန်​ရိုင်း​အ​မျိုး​မျိုး​တို့​ကို​အုပ်​စိုး​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။- ဘု​ရား​သ​ခင်​က​လည်း``ကောက်​ပဲ​သီး​နှံ​အ​မျိုး မျိုး၊ သစ်​သီး​အ​မျိုး​မျိုး​တို့​ကို​သင်​တို့​စား​သုံး ရန်​ငါ​ပေး​၏။

ကမ္ဘာဦး 1:27-29 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဘုရားသခင်​သည် မိမိ​ပုံသဏ္ဌာန်​အတိုင်း လူ​ကို​ဖန်ဆင်း​တော်မူ​၏​။ ဘုရားသခင်​၏​ပုံသဏ္ဌာန်​အတိုင်း လူ​ကို​ဖန်ဆင်း​ရာ​တွင် ယောက်ျား​နှင့်​မိန်းမ​အဖြစ် သူ​တို့​ကို​ဖန်ဆင်း​တော်မူ​၏​။ ထို့နောက် ဘုရားသခင်​သည် သူ​တို့​ကို​ကောင်းချီးပေး​တော်မူ​၏​။ ဘုရားသခင်​က “​များစွာ​မွေးဖွား​၍ တိုးပွား​ကြ​လော့​။ မြေကြီး​ကို​ပြည့်​စေ​၍ ၎င်း​ကို​နိုင်နင်း​ကြ​လော့​။ ပင်လယ်​ငါး​တို့​ကို​လည်းကောင်း​၊ မိုးကောင်းကင်​ငှက်​တို့​ကို​လည်းကောင်း​၊ မြေကြီး​ပေါ်မှာ လှုပ်ရှားသွားလာ​တတ်​သော သက်ရှိသတ္တဝါ​အပေါင်း​တို့​ကို​လည်းကောင်း အုပ်စိုး​ကြ​လော့​”​ဟု သူ​တို့​အား မိန့်​တော်မူ​၏​။ တစ်ဖန် ဘုရားသခင်​က “​ကြည့်ရှု​လော့​။ မြေ​တစ်ပြင်လုံး​ရှိ အစေ့အနှံ​ထွက်​သော​အပင်​ရှိသမျှ​နှင့် အတွင်း​၌​အစေ့​ပါ​သည့်​အသီး​ကို​သီး​သော သစ်ပင်​ရှိသမျှ​တို့​ကို သင်​တို့​အား​ငါ​ပေး​၏​။ ၎င်း​တို့​သည် သင်​တို့​အတွက် စားစရာ​ဖြစ်​ကြ​လိမ့်မည်​။