YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 1:1-31

ကမ္ဘာဦး 1:1-31 Judson Bible (JBMLE)

အ​စ​အ​ဦး​၌ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်နှင့် မြေ​ကြီး​ကို​ဖန်​ဆင်း​တော်​မူ​၏။ မြေ​ကြီး​သည် အ​ဆင်း​သ​ဏ္ဌာန်​မ​ရှိ၊ လွတ်​လပ်​လ​ဟာ​ဖြစ်​၏။ နက်​နဲ​ရာ​အ​ရပ်​ကို မှောင်​မိုက်​ဖုံး​လွှမ်း​၍ ဘု​ရား​သ​ခင်​၏ ဝိ​ညာဉ်​တော်​သည် ရေ​မျက်​နှာ​ပြင်​ပေါ်​မှာ​လှုပ်​ရှား​တော်​မူ​၏။ ဘု​ရား​သ​ခင်​က​လည်း အ​လင်း​ဖြစ်​စေ​ဟု အ​မိန့်​တော်​ရှိ​၍ အ​လင်း​ဖြစ်​လေ​၏။ ထို​အ​လင်း​ကောင်း​သည်​ကို ဘု​ရား​သ​ခင်​မြင်​၍၊ အ​လင်း​နှင့် မှောင်​မိုက်​ကို ပိုင်း​ခြား​ခွဲ​ထား​တော်​မူ​၏။ အ​လင်း​ကို နေ့​ဟူ​သော​အ​မည်​ဖြင့်​လည်း​ကောင်း၊ မှောင်​မိုက်​ကို ည​ဟူ​သော​အမည်​ဖြင့်​လည်း​ကောင်း၊ ခေါ်​ဝေါ်​သ​မုတ်​တော်​မူ​၍ ညဉ့်ဦး​နှင့် နံ​နက်​သည် ပ​ထ​မ​နေ့​ရက်​ဖြစ်​လေ​၏။ တ​စ်​ဖန်​ဘု​ရား​သ​ခင်​က ရေ​အ​လယ်​၌ မိုး​မျက်​နှာ​ကြက်​ဖြစ်​စေ၊ ရေ​နှင့် ရေ​ချင်း​ခြား​နား​စေ​ဟု အ​မိန့်​တော်​ရှိ​သ​ဖြင့်၊ မိုး​မျက်​နှာ​ကြက်​ကို ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​၍၊ မိုး​မျက်​နှာ​ကြက်​အောက်​၌​ရှိ​သော​ရေ​နှင့်၊ မိုး​မျက်​နှာ​ကြက်​အပေါ်​၌​ရှိ​သော​ရေ​ကို ပိုင်း​ခြား​တော်​မူ​သည်​အ​တိုင်း ဖြစ်​လေ​၏။ မိုး​မျက်​နှာ​ကြက်​ကို​လည်း မိုး​ကောင်း​ကင်​ဟူ​သော​အ​မည်​ဖြင့် ဘု​ရား​သ​ခင်​ခေါ်​ဝေါ်​သ​မုတ်​တော်​မူ​၍၊ ညဉ့်​ဦး​နှင့် နံ​နက်​သည် ဒု​တိ​ယ​နေ့​ရက်​ဖြစ်​လေ​၏။ တ​စ်​ဖန်​ဘု​ရား​သ​ခင်​က၊ မိုး​ကောင်း​ကင်​အောက်​၌​ရှိ​သော ရေ​စု​ဝေး​စေ၊ ကုန်း​ပေါ်​စေ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ဖြစ်​လေ​၏။ ကုန်း​ကို​မြေ​ဟူ​သော​အ​မည်​ဖြင့်​လည်း​ကောင်း၊ ရေ​စု​ဝေး​ရာ​ကို ပင်​လယ်​ဟူ​သော​အ​မည်​ဖြင့်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ခေါ်​ဝေါ်​သ​မုတ်​တော်​မူ​၍ ထို​အ​မှု​အ​ရာ​ကောင်း​သည်​ကို ဘု​ရား​သ​ခင်​မြင်​တော်​မူ​၏။ တ​စ်​ဖန်​ဘု​ရား​သ​ခင်​က၊ မြေ​သည် မြက်​ပင်​ကို​လည်း​ကောင်း၊ စ​ပါး​သီး​ကို​ဖြစ်​စေ​သော စ​ပါး​ပင်​ကို​လည်း​ကောင်း၊ မြေ​ပေါ်​မှာ မျိုး​စေ့​ပါ​လျက် သစ်​သီး​မျိုး​ကို​ဖြစ်​စေ​သော သစ်​ပင်​ကို​လည်း​ကောင်း၊ ပေါက်​စေ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ဖြစ်​လေ​၏။ မြေ​သည်​မြက်​ပင်​ကို​လည်း​ကောင်း၊ စ​ပါး​သီး​မျိုး​ကို ဖြစ်​စေ​သော စ​ပါး​ပင်​ကို​လည်း​ကောင်း၊ မိ​မိ​၌ မျိုး​စေ့​ပါ​လျက် သစ်​သီး​မျိုး​ကို​ဖြစ်​စေ​သော သစ်​ပင်​ကို​လည်း​ကောင်း ပေါက်​စေ​၏။ ထို​အ​မှု​အ​ရာ​ကောင်းသည်​ကို ဘု​ရား​သ​ခင်​မြင်​တော်​မူ​၍၊ ညဉ့်​ဦး​နှင့်နံ​နက်​သည် တ​တိ​ယ​နေ့​ရက် ဖြစ်​လေ​၏။ တ​စ်​ဖန်​ဘု​ရား​သ​ခင်​က၊ နေ့​နှင့်ည​ကို ပိုင်း​ခြား​စေ​ခြင်း​ငှာ မိုး​ကောင်း​ကင်​မျက်​နှာ​ကြက်​၌ အ​လင်း​အိမ်​တည်​စေ။ နိ​မိတ်​လ​က္ခ​ဏာ၊ ချိန်း​ချက်​သော​အ​ချိန်၊ နေ့​ရက်​အ​ပိုင်း​အ​ခြား၊ နှစ်​အပိုင်း​အ​ခြား​ဖို့​ဖြစ်​စေ။ မိုး​ကောင်း​ကင်​မျက်​နှာ​ကြက်​၌​တည်​၍ မြေ​ကြီး​လင်း​စ​ရာ အ​လင်း​အိမ်​ဖြစ်​စေ​ဟု၊ အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း​ဖြစ်​လေ​၏။ ထို​သို့ ဘု​ရား​သ​ခင်​သည် အ​လင်း​အိမ်​ကြီး နှစ်​လုံး​တည်း​ဟူ​သော၊ နေ့​ကို​အုပ်​စိုး​ရ​သော​အ​ကြီး​တ​စ်​လုံး၊ ည​ကို​အုပ်​စိုး​ရ​သော အ​ငယ်​တ​စ်​လုံး​နှင့်​တ​ကွ ကြယ်​များ​တို့​ကို ဖန်​ဆင်း​တော်​မူ​ပြီး​လျှင်၊ မြေ​ကြီး​၌ လင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ နေ့​နှင့် ည​ကို​အုပ်​စိုး​၍ အ​လင်း​နှင့် မှောင်​မိုက်​ကို ပိုင်း​ခြား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​မျက်​နှာ​ကြက်​၌ ဘု​ရား​သ​ခင် ထား​တော်​မူ​၏။ ထို​အ​မှု​အ​ရာ​ကောင်း​သည်​ကို ဘု​ရား​သ​ခင်​မြင်​တော်​မူ​၍၊ ညဉ့်​ဦး​နှင့် နံ​နက်​သည် စ​တု​တ္ထ​နေ့​ရက်​ဖြစ်​လေ​၏။ တ​စ်​ဖန်​ဘု​ရား​သ​ခင်​က၊ အ​သက်​ရှင်​၍ လှုပ်​ရှား​တတ်​သော တိ​ရ​စ္ဆာန်​တို့​ကို ရေ​သည်​များ​ပြား​စွာ မွေး​ဖွား​စေ။ ငှက်​တို့​လည်း မြေ​ပေါ် မိုး​ကောင်း​ကင်​မျက်​နှာ​ကြက်​ပြင်​ဝယ်​ပျံ​စေ​ဟု အ​မိန့်​တော်​ရှိ​၏။ ထို​သို့​လျှင်​ရေ​သည် တိ​ရ​စ္ဆာန်​အ​မျိုး​အ​လိုက်​များ​ပြား​စွာ မွေး​ဖွား​၍၊ ငါး​ကြီး​အ​စ​ရှိ​သော အ​သက်​ရှင်​၍ လှုပ်​ရှား​တတ်​သော တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ပျံ​တတ်​သော​ငှက်​မျိုး​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ဘု​ရား​သ​ခင်​ဖန်​ဆင်း​၍၊ ထို​အ​မှု​အရာ​ကောင်း​သည်​ကို မြင်​တော်​မူ​၏။ ဘု​ရား​သ​ခင်​က​လည်း၊ များ​ပြား​စွာ မွေး​ဖွား​ကြ​လော့။ ပင်​လယ်​ရေ​များ​ကို ပြည့်​စေ​ကြ​လော့။ ငှက်​တို့​လည်း မြေ​ပေါ်​၌ များ​ပြား​စေ​သ​တည်း​ဟု ထို​တိ​ရ​စ္ဆာန်​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​၍၊ ညဉ့်​ဦး​နှင့် နံ​နက်​သည် ပ​ဥ္စ​မ​နေ့​ရက်​ဖြစ်​လေ​၏။ တစ်​ဖန်​ဘု​ရား​သ​ခင်​က၊ မြေ​သည် အ​သက်​ရှင်​သော​သ​တ္တ​ဝါ​မျိုး​တည်း​ဟူ​သော သားယဉ်​တို့​ကို​လည်း​ကောင်း၊ တွား​တတ်​သော​တိ​ရ​စ္ဆာန်​တို့​ကို​လည်း​ကောင်း၊ သား​ရဲ​မျိုး​တို့​ကို​လည်း​ကောင်း၊ မွေး​ဖွား​စေ​ဟု​အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ဖြစ်​လေ​၏။ ထို​သို့ ဘု​ရား​သ​ခင်​သည် သား​ရဲ​မျိုး၊ သား​ယဉ်​မျိုး၊ မြေ​ပေါ်​မှာ တွား​တတ်​သော တိ​ရ​စ္ဆာန်​မျိုး​အ​ပေါင်း​တို့​ကို ဖန်ဆင်း​၍၊ ထို​အ​မှု​အ​ရာ​ကောင်း​သည်​ကို မြင်​တော်​မူ​၏။ တစ်​ဖန်​ဘု​ရား​သ​ခင်​က၊ ငါ​တို့​ပုံ​သ​ဏ္ဌာန်​နှင့် တ​ညီတ​သ​ဏ္ဌာန်​တည်း လူ​ကို ဖန်​ဆင်း​ကြ​စို့။ သူ​သည် ပင်​လယ်​ငါး​တို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ငှက်​တို့​ကို​လည်း​ကောင်း၊ သားယဉ်​တို့​ကို​လည်း​ကောင်း၊ မြေ​တ​စ်​ပြင်​လုံး​နှင့်​တ​ကွ၊ မြေ​ပေါ်​မှာ တွား​တတ်​သော​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ အုပ်​စိုး​စေ​ဟု အ​မိန့်​တော်​ရှိ​၏။ ထို​သို့​ဘု​ရား​သ​ခင်​သည် မိ​မိ​ပုံ​သ​ဏ္ဌာန်​နှင့်​အ​ညီ လူ​ကို​ဖန်​ဆင်း​တော်​မူ​၏။ ဘု​ရား​သ​ခင်​၏​ပုံ​သ​ဏ္ဌာန်​တော်​နှင့်​အ​ညီ လူယောက်ျား၊ လူ​မိန်း​မ​ကို​ဖန်​ဆင်း​ပြီး​လျှင်၊ အ​ချင်း​တို့၊ များ​ပြား​စွာ​မွေး​ဖွား​ကြ​လော့။ မြေကြီး​ကို ပြည့်​စေ​၍ နိုင်​ကြ​လော့။ ပင်​လယ်​ငါး​တို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ငှက်​တို့​ကို​လည်း​ကောင်း၊ အ​သက်​ရှင်​၍ မြေ​ပေါ်​မှာ လှုပ်​ရှား​တတ်​သော တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း အုပ်​စိုး​ကြ​လော့​ဟု​မိန့်​တော်​မူ​၍၊ သူ​တို့​ကို​ကောင်း​ချီး​ပေး​တော်​မူ​၏။ ဘု​ရား​သ​ခင်​က​လည်း၊ ကြည့်​ရှု​လော့။ မြေ​တ​စ်​ပြင်​လုံး​၌ စ​ပါး​သီး​ကို ဖြစ်​စေ​သော စ​ပါး​ပင်​အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း၊ မျိုး​စေ့​ကို​ဖြစ်​စေ​သော အ​သီး​နှင့်​ပြည့်​စုံ​သော သစ်​ပင်​အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း၊ သင်​တို့​စား​စ​ရာ​ဖို့ ငါ​ပေး​၏။ မြေ​သား၊ မိုး​ကောင်း​ကင်​ငှက်၊ အသက်​ရှင်​၍ မြေ​ပေါ်​မှာ​တွား​တတ်​သော တိ​ရ​စ္ဆာန်​မျိုး​အ​ပေါင်း​တို့​စား​စ​ရာ​ဖို့၊ မြက်​ပင်​အ​မျိုး​မျိုး​တို့​ကို ငါ​ပေး​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း​ဖြစ်​လေ​၏။ ဘု​ရား​သ​ခင်​သည် မိ​မိ​ဖန်​ဆင်း​သ​မျှ​သော​အ​ရာ​တို့​ကို​ကြည့်​ရှု​လျှင်၊ အ​လွန်​ကောင်း​သည်​ကို မြင်​တော်​မူ​၍၊ ည​ဉ့်ဦး​နှင့် နံ​နက်​သည် ဆ​ဋ္ဌ​မ​နေ့​ရက်​ဖြစ်​လေ​၏။

ကမ္ဘာဦး 1:1-31 Common Language Bible (BCL)

ဘု​ရား​သ​ခင်​သည်​စ​ကြ​ဝ​ဠာ​ကို​ဖန်​ဆင်း တော်​မူ​သော​အ​ခါ၊- ကမ္ဘာ​မြေ​ကြီး​သည်​အ​သွင်​သဏ္ဌာန်​ဟူ​၍​မ​ရှိ။ လ​ဟာ​သက်​သက်​ဖြစ်​၏။ သ​မုဒ္ဒ​ရာ​ရေ​ပြင် ကြီး​ကို​မှောင်​အ​တိ​ဖုံး​၍​ရေ​ပြင်​ပေါ်​၌ ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော် လှုပ်​ရှား​လျက်​ရှိ​၏။- ဘု​ရား​သ​ခင်​က``အ​လင်း​ရောင်​ပေါ်​စေ'' ဟု အ​မိန့်​တော်​ချ​မှတ်​သော​အ​ခါ အ​လင်း​ရောင် ထွက်​ပေါ်​လာ​၏။- ဘု​ရား​သ​ခင်​သည်​အ​လင်း​ရောင်​ကို​ရှု​မြင်​၍ နှစ်​သက်​တော်​မူ​၏။ ထို့​နောက်​အ​လင်း​နှင့် အ​မှောင်​ကို​ပိုင်း​ခြား​လျက်၊- အ​လင်း​ကို ``နေ့'' ဟူ​၍​လည်း​ကောင်း၊ အ​မှောင် ကို ``ညဥ့်'' ဟူ​၍​လည်း​ကောင်း​ခေါ်​တွင်​စေ​တော် မူ​၏။ ည​ဦး​မှ​နံ​နက်​အ​ထိ​ပ​ထ​မ​နေ့​ရက် ဖြစ်​လေ​၏။ ထို​နောက်​ဘု​ရား​သ​ခင်​က ``ရေ​ရေ​ချင်း​နှစ်​ပိုင်း ခွဲ​ခြား​တည်​ရှိ​စေ​ရန် မိုး​မျက်​နှာ​ကြက်​ဖြစ်​ပေါ် စေ'' ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း​ဖြစ်​ပေါ်​လာ​၏။ ဘု​ရား​သ​ခင်​သည်​ထို​သို့​မိုး​မျက်​နှာ​ကြက် ကို​ဖြစ်​ပေါ်​စေ​၍ မိုး​မျက်​နှာ​ကြက်​ရှိ​ရေ​နှင့် အောက်​ရှိ​ရေ​ကို​ပိုင်း​ခြား​တော်​မူ​၏။- မိုး​မျက်​နှာ​ကြက်​ကို``မိုး​ကောင်း​ကင်'' ဟု​ခေါ် တွင်​စေ​တော်​မူ​၏။ ညဦး​မှ​နံ​နက်​အထိ​ဒု​တိ​ယ နေ့​ရက်​ဖြစ်​လေ​၏။ တစ်​ဖန်​ဘု​ရား​သ​ခင်​က``မိုး​ကောင်း​ကင်​အောက် တွင်​ကုန်း​ပေါ်​လာ​ရန် တစ်​နေ​ရာ​တည်း​၌​ရေ​စု ဝေး​စေ'' ဟု​အ​မိန့်​ပေး​သည့်​အ​တိုင်း​ကုန်း​ပေါ် လာ​၏။- ကုန်း​ကို``မြေ​ကြီး'' ဟူ​၍​လည်း​ကောင်း၊ စု​ဝေး လျက်​ရှိ​သော​ရေ​ကို``ပင်​လယ်'' ဟူ​၍​လည်း​ကောင်း ခေါ်​တွင်​စေ​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည် ထို အ​မှု​အ​ရာ​ကို​ရှု​မြင်​၍​နှစ်​သက်​တော်​မူ​၏။- ထို​နောက်``ကောက်​ပဲ​သီး​နှံ​နှင့်​သစ်​သီး​ပင်​အ​မျိုး မျိုး​ကို​မြေ​ကြီး​မှ​ပေါက်​စေ'' ဟု​အ​မိန့်​ပေး သည့်​အ​တိုင်း​ပေါက်​လာကြ​၏။- သို့​ဖြစ်​၍​မြေ​ကြီး​မှ အ​ပင်​အ​မျိုး​မျိုး​ပေါက် လာ​ကြ​၏။ ဘု​ရား​သ​ခင်​သည် ထို​အ​မှု​အ​ရာ ကို​ရှု​မြင်​၍​နှစ်​သက်​တော်​မူ​၏။- ညဦး​မှ​နံ​နက်​အ​ထိ​တ​တိ​ယ​နေ့​ရက်​ဖြစ် လေ​၏။ တစ်​ဖန်​ဘု​ရား​သ​ခင်​က``နေ့​နှင့်​ညဥ့်​ကို ခွဲ​ခြား​ရန်​နှင့်​နေ့​ရက်၊ နှစ်၊ ပွဲ​တော်​ရက် ထို​အ​လင်း​ဗိ​မာန်​တို့​သည်​မိုး​ကောင်း​ကင်​မှာ အ​လင်း​ရောင်​ထွန်း​သ​ဖြင့် မြေ​ကြီး​ပေါ်​တွင် အ​လင်း​ရ​စေ'' ဟု​အ​မိန့်​ပေး​သည့်​အ​တိုင်း ဖြစ်​ပေါ်​လာ​၏။- သို့​ဖြစ်​၍​နေ့​ကို​ကြီး​စိုး​ရန်​နေ​ဗိ​မာန်​နှင့်​ည ကို​ကြီး​စိုး​ရန် လ​ဗိ​မာန်​နှင့်​ကြယ်​များ​ကို ဖန်​ဆင်း​တော်​မူ​၏။- ဘု​ရား​သ​ခင်​သည်​မြေ​ကြီး​ပေါ်​မှာ​အ​လင်း​ရ စေ​ရန်​နှင့်၊- နေ့​နှင့်​ည​ကို​ကြီး​စိုး​၍​အ​လင်း​နှင့်​အ​မှောင်​ကို ခွဲ​ခြား​စေ​ရန် မိုး​ကောင်း​ကင်​တွင်​အ​လင်း​ဗိ​မာန် များ​ကို​တည်​ရှိ​စေ​တော်​မူ​၏။ ဘု​ရား​သ​ခင် သည်​ထို​အ​မှု​အ​ရာ​ကို​ရှု​မြင်​၍​နှစ်​သက် တော်​မူ​၏။- ည​ဦး​မှ​နံ​နက်​အ​ထိ​စတုတ္ထ​နေ့​ရက်​ဖြစ်​လေ​၏။ တစ်​ဖန်​ဘု​ရား​သ​ခင်​က``ရေ​ထဲ​၌​သက်​ရှိ​သတ္တ ဝါ​အ​မျိုး​မျိုး​ဖြစ်​ပွား​စေ၊ လေ​ထဲ​၌​လည်း​ငှက် များ​ပျံ​ဝဲ​စေ'' ဟု​အ​မိန့်​ပေး​သည့်​အ​တိုင်း​ရေ သတ္တ​ဝါ​နှင့်​ငှက်​သတ္တ​ဝါ​များ​ဖြစ်​ပွား​လာ ကြ​၏။- သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​ပင်​လယ်​ငါး​သတ္တ ဝါ​ကြီး​များ​အ​စ​ရှိ​သော​ရေ​သတ္တ​ဝါ​အ​မျိုး မျိုး၊ ငှက်​အ​မျိုး​မျိုး​တို့​ကို​ဖန်​ဆင်း​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည် ထို​အ​မှု​အ​ရာ​ကို​ရှု​မြင် ၍​နှစ်​သက်​တော်​မူ​၏။- ``ရေ​သတ္တ​ဝါ​တို့​သည်​ပင်​လယ်​ထဲ​၌​မြောက်​မြား စွာ​ပေါက်​ပွား​ကြ​စေ၊ ငှက်​တို့​သည်​လည်း​တိုး​ပွား ကြ​စေ'' ဟု​ဘု​ရား​သ​ခင်​အ​မိန့်​ပေး​၍​ထို သတ္တဝါ​တို့​အား ကောင်း​ချီး​ပေး​တော်​မူ​၏။- ည​ဦး​မှ​နံ​နက်​အ​ထိ​ပဉ္စမ​နေ့​ရက်​ဖြစ်​လေ​၏။ တစ်​ဖန်​ဘု​ရား​သ​ခင်​က``ကမ္ဘာ​မြေ​ကြီး​ပေါ် တွင် တိ​ရစ္ဆာန်​အ​ယဉ်​နှင့်​တိ​ရစ္ဆာန်​အ​ရိုင်း​အ​ကြီး အ​ငယ်​အ​မျိုး​မျိုး​ဖြစ်​ပွား​ကြ​စေ'' ဟု​အ​မိန့် ပေး​သည့်​အ​တိုင်း​ဖြစ်​ပွား​လာ​ကြ​၏။- ဘု​ရား​သ​ခင်​သည်​တိရစ္ဆာန်​အ​မျိုး​မျိုး​တို့​ကို ထို​ကဲ့​သို့​ဖန်​ဆင်း​တော်​မူ​၏။ ဘု​ရား​သ​ခင် သည် ထို​အ​မှု​အ​ရာ​ကို​ရှု​မြင်​၍​နှစ်​သက် တော်​မူ​၏။ ထို​နောက်​ဘု​ရား​သ​ခင်​က``ငါ​တို့​သည် ငါ​တို့ ၏​ပုံ​သဏ္ဌာန်​နှင့်​တူ​သော​လူ​သတ္တ​ဝါ​တို့​ကို ဖန်​ဆင်း​ကြ​ကုန်​အံ့။ သူ​တို့​အား​ရေ​သတ္တ​ဝါ၊ ငှက်​သတ္တ​ဝါ​နှင့်​တိရစ္ဆာန်​အ​ယဉ်​အ​ရိုင်း​အ​ကြီး အ​ငယ်​တို့​ကို​အ​စိုး​ရ​စေ​မည်'' ဟု​မိန့်​တော် မူ​၏။- သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည် မိ​မိ​နှင့်​ပုံ သဏ္ဌာန်​တူ​သော​လူ​ယောကျာ်း၊ လူ​မိန်း​မ ကို​ဖန်​ဆင်း​တော်​မူ​၍၊- သူ​တို့​ကို​ကောင်း​ချီး​ပေး​လျက်``သား​သ​မီး များ​စွာ​မွေး​ဖွား​ကြ​လော့။ ကမ္ဘာ​မြေ​ကြီး အ​ရပ်​ရပ်​တို့​တွင် သင်​တို့​၏​အ​မျိုး​စဉ်​အ​မျိုး ဆက်​နေ​ထိုင်​ကြ​လော့။ ကမ္ဘာ​မြေ​ကြီး​ကို​လည်း စိုး​ပိုင်​ကြ​လော့။ ရေ​သတ္တ​ဝါ၊ ငှက်​သတ္တ​ဝါ​နှင့် တိ​ရစ္ဆာန်​ရိုင်း​အ​မျိုး​မျိုး​တို့​ကို​အုပ်​စိုး​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။- ဘု​ရား​သ​ခင်​က​လည်း``ကောက်​ပဲ​သီး​နှံ​အ​မျိုး မျိုး၊ သစ်​သီး​အ​မျိုး​မျိုး​တို့​ကို​သင်​တို့​စား​သုံး ရန်​ငါ​ပေး​၏။- တိရစ္ဆာန်​အ​ရိုင်း​အ​မျိုး​မျိုး​နှင့်​ငှက်​အ​မျိုး​မျိုး တို့​စား​ရန်​အ​တွက် အ​ပင်​အ​မျိုး​မျိုး​ကို​ငါ ပေး​၏'' ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း​ဖြစ် လေ​၏။- ဘု​ရား​သ​ခင်​သည်​ဖန်​ဆင်း​တော်​မူ​ခဲ့​သ​မျှ တို့​ကို​ရှု​မြင်​၍ အ​လွန်​နှစ်​သက်​တော်​မူ​၏။ ည​ဦး​မှ​နံ​နက်​အ​ထိ​ဆ​ဋ္ဌ​မ​နေ့​ရက် ဖြစ်​လေ​၏။

ကမ္ဘာဦး 1:1-31 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အစအဦး​၌ ဘုရားသခင်​သည် ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​၏​။ မြေကြီး​သည် အသွင်သဏ္ဌာန်​မ​ရှိ​၊ လဟာသက်သက်​ဖြစ်​၏​။ နက်ရှိုင်း​ရာ​အရပ်​၏​မျက်နှာပြင်​ကို မှောင်မိုက်​ဖုံးလွှမ်း​၍ ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် ရေ​မျက်နှာပြင်​ပေါ်တွင် ရစ်ဝဲ​လျက်​နေ​တော်မူ​၏​။ ဘုရားသခင်​က “​အလင်း​ဖြစ်စေ​”​ဟု မိန့်​တော်မူ​ရာ အလင်း​ဖြစ်​လေ​၏​။ ထို​အလင်း​ကောင်း​သည်​ကို ဘုရားသခင်​မြင်​တော်မူ​၏​။ ဘုရားသခင်​သည် အလင်း​နှင့်​အမှောင်​ကို ပိုင်းခြား​တော်မူ​၏​။ ဘုရားသခင်​သည် အလင်း​ကို နေ့ ဟု​ခေါ်ဝေါ်​၍ အမှောင်​ကို ည ဟု​ခေါ်ဝေါ်​တော်မူ​၏​။ ညချမ်းအချိန်​ရောက်​ပြီး နံနက်အချိန်​ရောက်​၏​။ ပထမ​နေ့ရက်​ဖြစ်​လေ​၏​။ တစ်ဖန် ဘုရားသခင်​က “​ရေ​အလယ်​၌ မိုးမျက်နှာကြက်​ဖြစ်စေ​။ မိုးမျက်နှာကြက်​သည် ရေ​နှင့်​ရေ​ကို​ပိုင်းခြား​စေ​”​ဟု မိန့်​တော်မူ​၏​။ ဘုရားသခင်​သည် မိုးမျက်နှာကြက်​ကို ဖန်ဆင်း​တော်မူ​၍ မိုးမျက်နှာကြက်​အောက်​၌​ရှိ​သော​ရေ​နှင့် မိုးမျက်နှာကြက်​အပေါ်​၌​ရှိ​သော​ရေ​ကို ပိုင်းခြား​တော်မူ​ရာ ထိုအတိုင်း​ဖြစ်​လေ​၏​။ ဘုရားသခင်​သည် မိုးမျက်နှာကြက်​ကို မိုးကောင်းကင် ဟု​ခေါ်ဝေါ်​တော်မူ​၏​။ ညချမ်းအချိန်​ရောက်​ပြီး နံနက်အချိန်​ရောက်​၏​။ ဒုတိယ​နေ့ရက်​ဖြစ်​လေ​၏​။ တစ်ဖန် ဘုရားသခင်​က “​မိုးကောင်းကင်​အောက်​၌​ရှိ​သော​ရေ​သည် တစ်နေရာတည်း​၌​စုဝေး​စေ​။ ကုန်းမြေ​ပေါ်လာ​စေ​”​ဟု မိန့်​တော်မူ​ရာ ထိုအတိုင်း​ဖြစ်​လေ​၏​။ ဘုရားသခင်​သည် ကုန်းမြေ​ကို မြေကြီး ဟု​ခေါ်ဝေါ်​၍ ရေ​စုဝေးရာ​ကို ပင်လယ် ဟု​ခေါ်ဝေါ်​တော်မူ​၏​။ ထို​အမှုအရာ​ကောင်း​သည်​ကို ဘုရားသခင်​မြင်​တော်မူ​၏​။ တစ်ဖန် ဘုရားသခင်​က “​မြေကြီး​သည် မြက်ပင်​ကို​လည်းကောင်း​၊ အစေ့အနှံ​ထွက်​သော​အပင်​ကို​လည်းကောင်း​၊ အမျိုး​အလိုက် အတွင်း​၌​အစေ့​ပါ​သည့်​အသီး​ကို​သီး​သော သီးစားပင်​ကို​လည်းကောင်း မြေ​ပေါ်၌ ပေါက်​စေ​လော့​”​ဟု မိန့်​တော်မူ​ရာ ထိုအတိုင်း​ဖြစ်​လေ​၏​။ မြေကြီး​သည် မြက်ပင်​ကို​လည်းကောင်း​၊ အမျိုး​အလိုက် အစေ့အနှံ​ထွက်​သော​အပင်​ကို​လည်းကောင်း​၊ အမျိုး​အလိုက် အတွင်း​၌​အစေ့​ပါ​သည့်​အသီး​ကို​သီး​သော အပင်​ကို​လည်းကောင်း ပေါက်​စေ​၏​။ ထို​အမှုအရာ​ကောင်း​သည်​ကို ဘုရားသခင်​မြင်​တော်မူ​၏​။ ညချမ်းအချိန်​ရောက်​ပြီး နံနက်အချိန်​ရောက်​၏​။ တတိယ​နေ့ရက်​ဖြစ်​လေ​၏​။ တစ်ဖန် ဘုရားသခင်​က “​နေ့​နှင့်​ည​ကို​ပိုင်းခြား​ရန် မိုးကောင်းကင်​မျက်နှာကြက်​၌ အလင်းအိမ်​များ​ဖြစ်တည်​စေ​။ ထို​အလင်းအိမ်​တို့​သည် ရာသီ​၊ နေ့ရက်​၊ နှစ်ကာလ​များ​အတွက် အမှတ်လက္ခဏာ​ဖြစ်​စေ​။ မြေကြီး​ကို​အလင်းပေး​ရန် မိုးကောင်းကင်​မျက်နှာကြက်​၌ အလင်းအိမ်​များ ဖြစ်တည်​စေ​”​ဟု မိန့်​တော်မူ​ရာ ထိုအတိုင်း​ဖြစ်​လေ​၏​။ ဘုရားသခင်​သည် နေ့​ကို​အုပ်စိုး​စေရန် အလင်းအိမ်​အကြီး​၊ ည​ကို​အုပ်စိုး​စေရန် အလင်းအိမ်​အငယ်​ဟူသော အလင်းအိမ်​ကြီး​နှစ်​လုံး​နှင့်တကွ ကြယ်​များ​ကို ဖန်ဆင်း​တော်မူ​၏​။ ဘုရားသခင်​သည် ထို​အလင်းအိမ်​များ​ကို မိုးကောင်းကင်​မျက်နှာကြက်​၌ ထား​တော်မူ​၍ မြေကြီး​ကို​အလင်းပေး​စေ​၏​။ နေ့​နှင့်​ည​ကို အုပ်စိုး​စေ​၍ အလင်း​နှင့်​အမှောင်​ကို ပိုင်းခြား​စေ​၏​။ ထို​အမှုအရာ​ကောင်း​သည်​ကို ဘုရားသခင်​မြင်​တော်မူ​၏​။ ညချမ်းအချိန်​ရောက်​ပြီး နံနက်အချိန်​ရောက်​၏​။ စတုတ္ထ​နေ့ရက်​ဖြစ်​လေ​၏​။ တစ်ဖန် ဘုရားသခင်​က “​ရေ​သည် အုပ်စုလိုက်​နေထိုင်​သွားလာ​သော​သက်ရှိသတ္တဝါ​များ​နှင့်​ပြည့်နှက်​စေ​။ ငှက်​တို့​သည် မြေကြီး​အထက် မိုးကောင်းကင်​မျက်နှာကြက်​အနှံ့ ပျံသန်း​ကြ​စေ​”​ဟု မိန့်​တော်မူ​၏​။ ဘုရားသခင်​သည် ကြီးမား​သော​ပင်လယ်သတ္တဝါ​များ​နှင့် ရေ​၌​ပြည့်နှက်​နေ​သည့် လှုပ်ရှားသွားလာ​တတ်​သော သက်ရှိသတ္တဝါ​အမျိုးမျိုး​တို့​ကို အမျိုး​အလိုက်​၊ တောင်ပံ​ရှိ​သော​ငှက်​အမျိုးမျိုး​တို့​ကို အမျိုး​အလိုက် ဖန်ဆင်း​တော်မူ​၏​။ ထို​အမှုအရာ​ကောင်း​သည်​ကို ဘုရားသခင်​မြင်​တော်မူ​၏​။ ဘုရားသခင်​သည် ထို​သတ္တဝါ​တို့​ကို​ကောင်းချီးပေး​လျက် “​များစွာ​မွေးဖွား​၍ တိုးပွား​ကြ​လော့​။ ပင်လယ်​ရေ​များ​၌ ပြည့်​ကြ​လော့​။ ငှက်​တို့​လည်း မြေကြီး​ပေါ်၌ တိုးပွား​ကြ​လော့​”​ဟု မိန့်​တော်မူ​၏​။ ညချမ်းအချိန်​ရောက်​ပြီး နံနက်အချိန်​ရောက်​၏​။ ပဉ္စမ​နေ့ရက်​ဖြစ်​လေ​၏​။ တစ်ဖန် ဘုရားသခင်​က “​မြေကြီး​သည် သက်ရှိသတ္တဝါ​ကို အမျိုး​အလိုက် ပေါက်ဖွား​စေ​။ ယဉ်ပါးသောတိရစ္ဆာန်​၊ တွားသွားသောတိရစ္ဆာန်​နှင့် တောရိုင်းတိရစ္ဆာန်​တို့​ကို အမျိုး​အလိုက် ပေါက်ဖွား​စေ​”​ဟု မိန့်​တော်မူ​ရာ ထိုအတိုင်း​ဖြစ်​လေ​၏​။ ဘုရားသခင်​သည် တောရိုင်းတိရစ္ဆာန်​ကို အမျိုး​အလိုက်​၊ ယဉ်ပါးသောတိရစ္ဆာန်​ကို အမျိုး​အလိုက်​၊ မြေ​ပေါ်ရှိ​တွားသွားသောတိရစ္ဆာန်​အပေါင်း​တို့​ကို အမျိုး​အလိုက် ဖန်ဆင်း​တော်မူ​၏​။ ထို​အမှုအရာ​ကောင်း​သည်​ကို ဘုရားသခင်​မြင်​တော်မူ​၏​။ တစ်ဖန် ဘုရားသခင်​က “​ငါ​တို့​၏​ပုံသဏ္ဌာန်​အတိုင်း ငါ​တို့​နှင့်​တစ်ပုံစံတည်း​တူ​သော​လူ​ကို ဖန်ဆင်း​ကြ​စို့​။ သူ​တို့​သည် ပင်လယ်​ငါး​တို့​ကို​လည်းကောင်း​၊ မိုးကောင်းကင်​ငှက်​တို့​ကို​လည်းကောင်း​၊ ယဉ်ပါးသောတိရစ္ဆာန်​တို့​ကို​လည်းကောင်း​၊ ကမ္ဘာမြေ​တစ်ခွင်လုံး​ကို​လည်းကောင်း​၊ မြေ​ပေါ်မှာ​တွားသွား​သော တွားသွားတိရစ္ဆာန်​အပေါင်း​တို့​ကို​လည်းကောင်း အုပ်စိုး​ကြ​စေ​”​ဟု မိန့်​တော်မူ​၏​။ ဘုရားသခင်​သည် မိမိ​ပုံသဏ္ဌာန်​အတိုင်း လူ​ကို​ဖန်ဆင်း​တော်မူ​၏​။ ဘုရားသခင်​၏​ပုံသဏ္ဌာန်​အတိုင်း လူ​ကို​ဖန်ဆင်း​ရာ​တွင် ယောက်ျား​နှင့်​မိန်းမ​အဖြစ် သူ​တို့​ကို​ဖန်ဆင်း​တော်မူ​၏​။ ထို့နောက် ဘုရားသခင်​သည် သူ​တို့​ကို​ကောင်းချီးပေး​တော်မူ​၏​။ ဘုရားသခင်​က “​များစွာ​မွေးဖွား​၍ တိုးပွား​ကြ​လော့​။ မြေကြီး​ကို​ပြည့်​စေ​၍ ၎င်း​ကို​နိုင်နင်း​ကြ​လော့​။ ပင်လယ်​ငါး​တို့​ကို​လည်းကောင်း​၊ မိုးကောင်းကင်​ငှက်​တို့​ကို​လည်းကောင်း​၊ မြေကြီး​ပေါ်မှာ လှုပ်ရှားသွားလာ​တတ်​သော သက်ရှိသတ္တဝါ​အပေါင်း​တို့​ကို​လည်းကောင်း အုပ်စိုး​ကြ​လော့​”​ဟု သူ​တို့​အား မိန့်​တော်မူ​၏​။ တစ်ဖန် ဘုရားသခင်​က “​ကြည့်ရှု​လော့​။ မြေ​တစ်ပြင်လုံး​ရှိ အစေ့အနှံ​ထွက်​သော​အပင်​ရှိသမျှ​နှင့် အတွင်း​၌​အစေ့​ပါ​သည့်​အသီး​ကို​သီး​သော သစ်ပင်​ရှိသမျှ​တို့​ကို သင်​တို့​အား​ငါ​ပေး​၏​။ ၎င်း​တို့​သည် သင်​တို့​အတွက် စားစရာ​ဖြစ်​ကြ​လိမ့်မည်​။ တောရိုင်းတိရစ္ဆာန်​အားလုံး​၊ မိုးကောင်းကင်​ငှက်​အားလုံး​၊ မြေ​ပေါ်မှာ​တွားသွား​သော​သတ္တဝါ​အားလုံး စသည့် သက်ရှိ​သတ္တဝါ​တို့​စားစရာ​အတွက်​မူကား စိမ်းလန်း​သော​မြက်ပင်​အမျိုးမျိုး​တို့​ကို ငါ​ပေး​၏​”​ဟု မိန့်​တော်မူ​ရာ ထိုအတိုင်း​ဖြစ်​လေ​၏​။ ဘုရားသခင်​သည် မိမိ​ဖန်ဆင်း​သော​အရာ​အားလုံး အလွန်​ကောင်း​သည်​ကို မြင်​တော်မူ​၏​။ ညချမ်းအချိန်​ရောက်​ပြီး နံနက်အချိန်​ရောက်​၏​။ ဆဋ္ဌမ​နေ့ရက်​ဖြစ်​လေ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။