YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိ 6:3-8

ဂလာတိ 6:3-8 Judson Bible (JBMLE)

အ​ကြင်​သူ​သည် ဘာ​မျှ​မ​ဟုတ်​ဘဲ​လျက်၊ ဤ​မျှ​လောက်​ငါ​ဖြစ်​သည်​ဟု​စိတ်​ထင်​လျှင်၊ ထို​သူ​သည် ကိုယ်​ကို လှည့်​ဖြား​သော​သူ​ဖြစ်၏။- လူ​တိုင်း ကိုယ်​တိုင်​ပြု​သော​အ​မှု​ကို စစ်​ကြော​စေ။ သို့​ပြု​လျှင် သူ​တစ်​ပါး၌​မ​ဆို​ဘဲ ကိုယ်၌​သာ ဝါ​ကြွား ဝမ်း​မြောက်​စ​ရာ အ​ကြောင်း​ရှိ​လိမ့်​မည်။- အ​ဘယ်​ကြောင့်​နည်း ဟူ​မူ​ကား၊ လူ​အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​ဝန်​ကို ဆောင်​ရွက်​ရ​ကြ​မည်။ နှုတ်​က​ပတ်​တ​ရား​ကို သင်​သော​သူ​သည် သင်​ပေး​သော​သူ​အား ကောင်း​သော​အ​ရာ ရှိ​သ​မျှ​တို့​ကို ဝေ​မျှ​စေ။- အ​လွဲ​မ​ယူ​ကြ​နှင့်။ ဘု​ရား​သ​ခင်​သည် မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို ခံ​တော်​မ​မူ။ လူ​သည် မျိုး​စေ့​ကြဲ​သည်​အ​တိုင်း အ​သီး​အ​နှံ​ကို​ရိတ်​ရ​လိမ့်​မည်။- မိ​မိ​ဇာ​တိ​ပ​က​တိ၌ မျိုး​စေ့​ကြဲ​သော​သူ​သည် ဇာ​တိ​ပ​က​တိ​အား​ဖြင့် ပုပ်​ပျက်​ခြင်း​အ​သီး​အ​နှံ​ကို ရိတ်​ရ​လိမ့်​မည်။ ဝိ​ညာဉ်​ပ​က​တိ၌ မျိုး​စေ့​ကြဲ​သော​သူ​သည် ဝိ​ညာဉ်​ပ​က​တိ​အား​ဖြင့် ထာ​ဝ​ရ​အ​သက်​ရှင်​ခြင်း အ​သီး​အ​နှံ​ကို ရိတ်​ရ​လိမ့်​မည်။

ဂလာတိ 6:3-8 Common Language Bible (BCL)

အ​ရေး​ပါ​အ​ရာ​ရောက်​သူ​မ​ဖြစ်​ဘဲ မိ​မိ​ကိုယ် ကို​အ​ရေး​ပါ​အ​ရာ​ရောက်​သူ​ဟု​ထင်​မှတ်​သော သူ​သည် မိ​မိ​ကိုယ်​ကို​လှည့်​စား​၏။- လူ​တိုင်း​ပင်​မိ​မိ​၏​အ​ပြု​အ​မူ​ကို​စစ်​ကြော အပ်​၏။ မိ​မိ​၏​အ​ပြု​အ​မူ​သည်​ကောင်း​မွန်​ပါ​က ဂုဏ်​ယူ​ဝါ​ကြွား​နိုင်​ပေ​သည်။- အ​ဘယ်​ကြောင့်​ဆို​သော်​လူ​တိုင်း​ပင် မိ​မိ​၏​ဝန်​ကို ထမ်း​ရွက်​ရ​မည်​ဖြစ်​သော​ကြောင့်​တည်း။ တ​ရား​တော်​ကို​သင်​ယူ​သူ​သည်​သင်​ပေး​သော သူ​အား ကောင်း​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို ဝေ​မျှ​စေ။ သင်​တို့​သည်​အ​ယူ​အ​ဆ​မ​လွဲ​မှား​ကြ​နှင့်။ ဘု​ရား သ​ခင်​အား​အ​ဘယ်​သူ​မျှ​လိမ်​လည်​၍​မ​ရ။ လူ သည်​မိ​မိ​မျိုး​ကြဲ​သည့်​အ​တိုင်း အ​သီး​အ​နှံ​ကို ရိတ်​သိမ်း​ရ​လိမ့်​မည်။- လူ့​ဇာ​တိ​မြေ​၌​မျိုး​ကြဲ​သော​သူ​သည်​သေ​ခြင်း​ကို ရိတ်​သိမ်း​ရ​လိမ့်​မည်။ ဝိ​ညာဉ်​တော်​မြေ​၌​မျိုး​ကြဲ​သူ သည်​ဝိ​ညာဉ်​တော်​မှ ထာ​ဝ​ရ​အ​သက်​ကို​ရိတ်​သိမ်း ရ​လိမ့်​မည်။

ဂလာတိ 6:3-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်စုံတစ်ယောက်​သည် ဘာမျှ​မ​ဟုတ်​ဘဲ​လျက် မိမိ​ကိုယ်​ကို​အရေးပါ​သူ​ဟု ထင်မှတ်​လျှင် သူ​သည် မိမိကိုယ်ကို​လှည့်ဖြား​၏။ လူ​တိုင်း မိမိ​ပြု​သော​အမှု​ကို စစ်ဆေး​ပါစေ။ သို့ပြုလျှင် သူတစ်ပါး​၌​မ​ဟုတ်​ဘဲ မိမိ​တစ်ကိုယ်တည်း​၌ ဂုဏ်ယူ​ဝါကြွား​စရာ​အကြောင်း​ရှိ​လိမ့်မည်။ အကြောင်းမူကား လူ​တိုင်း​သည် မိမိ​ဝန်​ကို​ထမ်း​ရ​မည်​ဖြစ်​၏။ နှုတ်ကပတ်​တရား​ကို​သင်ယူ​သော​သူ​သည် သင်ပေး​သော​သူ​အား ကောင်း​သော​အရာ​ရှိသမျှ​တို့​ကို ဝေမျှ​ပေး​ပါစေ။ အယူ​မ​လွဲ​ကြ​နှင့်။ ဘုရားသခင်​သည် မထီလေးစား​ပြု​ခြင်း​ကို​ခံ​တော်​မ​မူ။ အကြောင်းမူကား လူ​သည် တစ်စုံတစ်ခု​ကို​စိုက်ပျိုး​လျှင် ၎င်း​ကို ပြန်လည်​ရိတ်သိမ်း​ရ​လိမ့်မည်။ မိမိ​သွေးသား​ဇာတိ​၌​စိုက်ပျိုး​သော​သူ​သည် သွေးသား​ဇာတိ​ထံမှ ပျက်စီး​ခြင်း​ကို ရိတ်သိမ်း​ရ​လိမ့်မည်။ ဝိညာဉ်​တော်​၌​စိုက်ပျိုး​သော​သူ​မူကား ဝိညာဉ်​တော်​ထံမှ ထာဝရ​အသက်​ကို ရိတ်သိမ်း​ရ​လိမ့်မည်။