YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိ 5:22-25

ဂလာတိ 5:22-25 Judson Bible (JBMLE)

ဝိ​ညာဉ်​ပ​က​တိ၏​အ​ကျိုး​မူ​ကား၊ ချစ်​ခြင်း၊ ဝမ်း​မြောက်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ စိတ်​ရှည်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ ကောင်း​မြတ်​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း၊- နူး​ညံ့​သိမ်​မွေ့​ခြင်း၊ ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း​ပေ​တည်း။ ထို​သို့​သော​အ​ကျင့်​ကို အ​ဘယ်​တ​ရား​မျှ မ​မြစ်​တား။- ခ​ရစ်​တော်​နှင့်​စပ်​ဆိုင်​သော​သူ​တို့​သည် ဇာ​တိ​ပ​က​တိ​ကို​လည်း​ကောင်း၊ ဇာ​တိ​ပ​က​တိ​စိတ်​များ​နှင့် အ​လို​ဆ​န္ဒ​များ​ကို​လည်း​ကောင်း၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ကြ​ပြီ။- သို့​ဖြစ်၍ ငါ​တို့​သည် ဝိ​ညာဉ်​ပ​က​တိ​ကြောင့် အ​သက်​ရှင်​လျှင်၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​ကြ​ကုန်​အံ့။

ဂလာတိ 5:22-25 Common Language Bible (BCL)

ဝိ​ညာဉ်​တော်​က​ဖြစ်​ပေါ်​စေ​သည့်​အ​သီး​အ​ပွင့် မူ​ကား​ချစ်​ခြင်း၊ ဝမ်း​မြောက်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ စိတ်​ရှည်​သည်း​ခံ​ခြင်း၊ သ​နား​ကြင်​နာ​ခြင်း၊ ကောင်း မြတ်​ခြင်း၊ သစ္စာ​စောင့်​ခြင်း၊- နူး​ညံ့​သိမ်​မွေ့​ခြင်း၊ မိ​မိ​ကိုယ်​ကို​ချုပ်​တည်း​ခြင်း တို့​ပေ​တည်း။ ဤ​အ​ရာ​များ​နှင့်​ပတ်​သက်​၍​ပြ​ဋ္ဌာန်း ထား​သည့်​တ​ရား​ဥ​ပ​ဒေ​ဟူ​၍​မ​ရှိ။- ခ​ရစ်​တော်​ယေ​ရှု​၏​တ​ပည့်​များ​သည်​လူ့​ဇာ​တိ​စိတ် နှင့်​၎င်း​၏​လို​အင်​ဆန္ဒ​များ​ကို လက်​ဝါး​ကပ်​တိုင်​ပေါ် တွင်​တင်​၍​ကွပ်​မျက်​လိုက်​ကြ​လေ​ပြီ။- ဝိ​ညာဉ်​တော်​သည်​ငါ​တို့​အား​အ​သက်​ရှင်​စေ​ပြီ။ ဝိ​ညာဉ်​တော်​ဦး​ဆောင်​လမ်း​ပြ​တော်​မူ​သည် အ​တိုင်း​ကျင့်​ရ​ကြ​မည်။

ဂလာတိ 5:22-25 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဝိညာဉ်​တော်​၏​အသီးအပွင့်​မူကား ချစ်​ခြင်း၊ ဝမ်းမြောက်​ခြင်း၊ ငြိမ်သက်​ခြင်း၊ စိတ်ရှည်​ခြင်း၊ ကျေးဇူးပြု​ခြင်း၊ ကောင်းမြတ်​ခြင်း၊ သစ္စာစောင့်​ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း၊ မိမိ​ကိုယ်​ကို​ချုပ်တည်း​ခြင်း​ပေတည်း။ ဤ​အရာ​များ​ကို ဆန့်ကျင်​သော​တရား​မ​ရှိ။ ခရစ်တော်​ယေရှု​နှင့်ဆိုင်သော​သူ​တို့​သည် သွေးသား​ဇာတိ​ကို ၎င်း​၏​စိတ်​ပြင်းပြ​မှု​များ၊ တပ်မက်​မှု​များ​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ကြ​ပြီ။ ငါ​တို့​သည် ဝိညာဉ်​တော်​အားဖြင့် အသက်ရှင်​ကြ​လျှင် ဝိညာဉ်​တော်​နှင့်​ထက်ကြပ်မကွာ​လိုက်လျှောက်​ကြ​ကုန်စို့။