YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိ 4:4-7

ဂလာတိ 4:4-7 Judson Bible (JBMLE)

အ​ချိန်​ကာ​လ​စေ့​သော​အ​ခါ၊ ငါ​တို့​သည် သား၏​အ​ခွင့်​အ​ရာ​ကို ခံ​ရ​မည်​အ​ကြောင်း၊- ပ​ညတ်​တ​ရား​လက်၌​ရှိ​သော ငါ​တို့​ကို ရွေး​နုတ်​စေ​ခြင်း​ငှာ၊ မိန်း​မ​ဝမ်း၌ ပ​ဋိ​သ​န္ဓေ​ယူ၍ ပ​ညတ်​တ​ရား​အောက်၌ ဖွား​မြင်​ရ​သော သား​တော်​ကို ဘု​ရား​သ​ခင်​သည် စေ​လွှတ်​တော်​မူ၏။- ထို​သို့​သင်​တို့​သည် သား​ဖြစ်​သော​ကြောင့် အ​ဗ္ဗ​အ​ဘ​ဟု ခေါ်​တတ်​သော သား​တော်၏​ဝိ​ညာဉ်​တော်​ကို သင်​တို့​စိတ်​နှ​လုံး​ထဲ​သို့ ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ၏။- သို့​ဖြစ်၍ သင်​တို့​သည် နောက်​တစ်​ဖန် အ​စေ​အ​ပါ​ကျွန် မ​ဖြစ်၊ သား​ပင် ဖြစ်​ကြ၏။ သား​ဖြစ်​လျှင် ခ​ရစ်​တော်​အား​ဖြင့် ဘု​ရား​သ​ခင်၏ အ​မွေ​ခံ​လည်း ဖြစ်​ကြ၏။

ဂလာတိ 4:4-7 Common Language Bible (BCL)

သို့​ရာ​တွင်​နောက်​ဆုံး​၌​အ​ချိန်​တန်​သော​အ​ခါ ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​သား​တော်​ကို​စေ​လွှတ် တော်​မူ​၏။ ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​များ ဖြစ်​လာ​စိမ့်​သော​ငှာ​ထို​သား​တော်​သည်​လူ​တို့ အား ပ​ညတ်​တ​ရား​၏​လက်​အောက်​မှ​ရွေး​နုတ် ကယ်​တင်​နိုင်​ရန် လူ​မိ​ခင်​မှ​ပ​ညတ်​တ​ရား အောက်​ဖွား​မြင်​ခြင်း​ကို​ခံ​တော်​မူ​၏။ သင်​တို့​သည်​ကိုယ်​တော်​၏​သား​များ​ဖြစ်​ကြောင်း သက်​သေ​ပြ​ရန်``အဗ္ဗ၊ အ​ဘ'' ဟု​ကြွေး​ကြော်​သော သား​တော်​၏​ဝိ​ညာဉ်​တော်​ကို​ငါ​တို့​စိတ်​နှ​လုံး ထဲ​သို့​ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​၏။- သို့​ဖြစ်​၍​သင်​သည်​ကျွန်​မ​ဟုတ်​တော့​ဘဲ​သား ဖြစ်​လေ​ပြီ။ သား​ဖြစ်​သ​ဖြင့်​သား​များ​ခံ​စား ထိုက်​သည်​များ​ကို​ဘု​ရား​သ​ခင်​သည်​သင့် အား​ပေး​တော်​မူ​လတ္တံ့။

ဂလာတိ 4:4-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့သော် အချိန်​ကာလ​ပြည့်စုံ​ခြင်း​သို့​ရောက်​သောအခါ ဘုရားသခင်​သည် မိမိ​၏​သား​တော်​ကို​စေလွှတ်​တော်မူ​၍ ထို​သား​တော်​သည် မိန်းမ​တစ်​ဦး​မှ​မွေးဖွား​လျက် ပညတ်​တရား​အောက်၌ ပေါ်ထွန်း​တော်မူ​၏။ ဤသည်ကား ပညတ်​တရား​အောက်၌​ရှိ​သော​သူ​တို့​ကို ရွေးနုတ်​တော်မူ​သဖြင့် ငါ​တို့​သည် သားသမီး​အရာ​ကို​ရရှိ​ကြ​ရန်​ဖြစ်​၏။ ထိုသို့ သင်​တို့​သည် သား​သမီး​များ​ဖြစ်​ကြ​သောကြောင့် ဘုရားသခင်​သည် “အဗ္ဗ၊ အဖ”​ဟု ခေါ်​တတ်​သော မိမိ​သား​တော်​၏​ဝိညာဉ်​တော်​ကို ငါ​တို့​၏​စိတ်နှလုံး​ထဲသို့ စေလွှတ်​တော်မူ​၏။ သို့ဖြစ်၍ သင်​သည် ကျွန်​မ​ဟုတ်​တော့​ဘဲ သား​ဖြစ်​၏။ သား​ဖြစ်​လျှင် ဘုရားသခင်​အားဖြင့် အမွေခံ​လည်း​ဖြစ်​၏။