YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိ 4:1-6

ဂလာတိ 4:1-6 Judson Bible (JBMLE)

တစ်​ဖန်​တုံ၊ အ​မွေ​ခံ​မည်​သည်​ကား၊ ဥ​စ္စာ​ရှိ​သ​မျှ​ကို ပိုင်​ထိုက်​သော​သူ ဖြစ်​သော်​လည်း၊ အ​ရွယ်​မ​ရောက်​မီ ကာ​လ​ပတ်​လုံး အ​စေ​အ​ပါ​ကျွန်​နှင့် တူ၏။- အ​ဘ​စီ​ရင်​နှင့်​သော အ​ချိန်​ကာ​လ မ​ရောက်​မီ​တိုင်​အောင် အ​စောင့်​အ​ထိန်း အ​အုပ်​အ​ချုပ်​တို့ လက်၌ ရှိ၏။- ထို​နည်း​တူ​ငါ​တို့​သည် အ​ရွယ်​မ​ရောက်​မီ လော​ကီ​တ​ရား​နု​လက်၌ ကျွန်​ခံ​ရ​ကြ၏။- အ​ချိန်​ကာ​လ​စေ့​သော​အ​ခါ၊ ငါ​တို့​သည် သား၏​အ​ခွင့်​အ​ရာ​ကို ခံ​ရ​မည်​အ​ကြောင်း၊- ပ​ညတ်​တ​ရား​လက်၌​ရှိ​သော ငါ​တို့​ကို ရွေး​နုတ်​စေ​ခြင်း​ငှာ၊ မိန်း​မ​ဝမ်း၌ ပ​ဋိ​သ​န္ဓေ​ယူ၍ ပ​ညတ်​တ​ရား​အောက်၌ ဖွား​မြင်​ရ​သော သား​တော်​ကို ဘု​ရား​သ​ခင်​သည် စေ​လွှတ်​တော်​မူ၏။- ထို​သို့​သင်​တို့​သည် သား​ဖြစ်​သော​ကြောင့် အ​ဗ္ဗ​အ​ဘ​ဟု ခေါ်​တတ်​သော သား​တော်၏​ဝိ​ညာဉ်​တော်​ကို သင်​တို့​စိတ်​နှ​လုံး​ထဲ​သို့ ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ၏။

ဂလာတိ 4:1-6 Common Language Bible (BCL)

ဆက်​လက်​၍​ဖော်​ပြ​ပါ​မည်။ လူ​တစ်​ဦး​တစ်​ယောက် ၏​သား​သည်​အ​ဖ​၏​ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​ကို​အ​မွေ ခံ​ထိုက်​သ​ဖြင့် အ​မှန်​ပင်​ပိုင်​ဆိုင်​သူ​ဖြစ်​သော်​လည်း အ​ရွယ်​မ​ရောက်​မီ​ကာ​လ​အ​တွင်း​၌​ကျွန်​တစ် ယောက်​ကဲ့​သို့​နေ​ရ​၏။- သူ​သည်​ဖ​ခင်​သတ်​မှတ်​ပေး​သည့်​အ​ချိန်​ကာ​လ​မ ရောက်​မီ အုပ်​ထိန်း​သူ​များ​နှင့်​မိ​မိ​၏​အ​မှု​ကိစ္စ အ​ဝ​ဝ​ကို​စီ​မံ​အုပ်​ချုပ်​သူ​များ​၏​လက်​အောက် တွင်​နေ​ရ​၏။- ထို​နည်း​တူ​စွာ​ငါ​တို့​သည်​လည်း​ဝိ​ညာဉ်​ရေး​မ ရင့်​ကျက်​မီ​အ​ခါ​က လော​က​စ​ကြ​ဝ​ဠာ​ကို အုပ်​စိုး​သော​ဝိ​ညာဉ်​များ​၏​ကျွန်​ဖြစ်​ကြ​၏။- သို့​ရာ​တွင်​နောက်​ဆုံး​၌​အ​ချိန်​တန်​သော​အ​ခါ ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​သား​တော်​ကို​စေ​လွှတ် တော်​မူ​၏။ ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​များ ဖြစ်​လာ​စိမ့်​သော​ငှာ​ထို​သား​တော်​သည်​လူ​တို့ အား ပ​ညတ်​တ​ရား​၏​လက်​အောက်​မှ​ရွေး​နုတ် ကယ်​တင်​နိုင်​ရန် လူ​မိ​ခင်​မှ​ပ​ညတ်​တ​ရား အောက်​ဖွား​မြင်​ခြင်း​ကို​ခံ​တော်​မူ​၏။ သင်​တို့​သည်​ကိုယ်​တော်​၏​သား​များ​ဖြစ်​ကြောင်း သက်​သေ​ပြ​ရန်``အဗ္ဗ၊ အ​ဘ'' ဟု​ကြွေး​ကြော်​သော သား​တော်​၏​ဝိ​ညာဉ်​တော်​ကို​ငါ​တို့​စိတ်​နှ​လုံး ထဲ​သို့​ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​၏။

ဂလာတိ 4:1-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​ဆိုလို​သည်​ကား အမွေခံ​သည် အမွေ​ပစ္စည်း​ရှိသမျှ​ကို ပိုင်ဆိုင်​သူ​ဖြစ်​သော်လည်း ကလေး​သူငယ်​ဖြစ်​နေ​သေး​သရွေ့ ကျွန်​နှင့်​ခြားနား​ခြင်း​မ​ရှိ​ဘဲ ဖခင်​သတ်မှတ်​သော​အချိန်​မ​ရောက်​မချင်း အိမ်မှု​ကိစ္စ​စီမံ​ကွပ်ကဲ​သူ​နှင့်​ဘဏ္ဍာစိုး​တို့​၏​လက်အောက်​၌ နေ​ရ​၏။ ထိုနည်းတူ ငါ​တို့​သည်​လည်း ကလေး​သူငယ်​ဖြစ်​ကြ​စဉ် လောက​၏​အခြေခံ​တရား​အောက်၌ ကျွန်ခံ​ခဲ့​ကြ​၏။ သို့သော် အချိန်​ကာလ​ပြည့်စုံ​ခြင်း​သို့​ရောက်​သောအခါ ဘုရားသခင်​သည် မိမိ​၏​သား​တော်​ကို​စေလွှတ်​တော်မူ​၍ ထို​သား​တော်​သည် မိန်းမ​တစ်​ဦး​မှ​မွေးဖွား​လျက် ပညတ်​တရား​အောက်၌ ပေါ်ထွန်း​တော်မူ​၏။ ဤသည်ကား ပညတ်​တရား​အောက်၌​ရှိ​သော​သူ​တို့​ကို ရွေးနုတ်​တော်မူ​သဖြင့် ငါ​တို့​သည် သားသမီး​အရာ​ကို​ရရှိ​ကြ​ရန်​ဖြစ်​၏။ ထိုသို့ သင်​တို့​သည် သား​သမီး​များ​ဖြစ်​ကြ​သောကြောင့် ဘုရားသခင်​သည် “အဗ္ဗ၊ အဖ”​ဟု ခေါ်​တတ်​သော မိမိ​သား​တော်​၏​ဝိညာဉ်​တော်​ကို ငါ​တို့​၏​စိတ်နှလုံး​ထဲသို့ စေလွှတ်​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။