YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိ 3:6-14

ဂလာတိ 3:6-14 Judson Bible (JBMLE)

ထို​နည်း​တူ အာ​ဗြ​ဟံ​သည် ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​သည်​ဖြစ်၍၊ သူ၏​ယုံ​ကြည်​ခြင်း​ကို ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ မှတ်​တော်​မူ၏။- ယုံ​ကြည်​ခြင်း​ရှိ​သော​သူ​သည် အာ​ဗြ​ဟံ၏​သား ဖြစ်​သည်​ဟု အ​မှန်​သိ​မှတ်​ကြ​လော့။- ဘု​ရား​သ​ခင်​သည် ယုံ​ကြည်​ခြင်း​ကို​ထောက်၍၊ တစ်​ပါး​အ​မျိုး​သား​တို့​ကို ဖြောင့်​မတ်​ရာ၌ တည်​စေ​တော်​မူ​မည်​ဟု ကျမ်း​စာ​သည်​မြော်​မြင်​လျက်၊ အာ​ဗြ​ဟံ​အား အ​မိန့်​ရှိ၍၊ သင့်​အား​ဖြင့် လူ​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​လိမ့်​မည်​ဟု ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​နှင့်​လေ၏။- သို့​ဖြစ်၍ ယုံ​ကြည်​ခြင်း​ရှိ​သော​သူ​တို့​သည် ယုံ​ကြည်​သော အာ​ဗြ​ဟံ​နှင့်​အ​တူ ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ၏။- ပ​ညတ်​တ​ရား၏​အ​ကျင့်​ကို အ​မှီ​ပြု​သော​သူ​ရှိ​သ​မျှ​တို့​သည် အ​ကျိန်​နှင့် စပ်​ဆိုင်​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပ​ည​တ္တိ​ကျမ်း​စာ၌​ပါ​သ​မျှ​သော စ​ကား​တို့​ကို အ​မြဲ​မ​ကျင့်​သော​သူ​တိုင်း ကျိန်​တော်​မူ​ခြင်း​ကို ခံ​စေ​သ​တည်း​ဟု ကျမ်း​စာ​လာ၏။- တစ်​ဖန်​တုံ၊ ဖြောင့်​မတ်​သော​သူ​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​သက်​ရှင်​လိမ့်​မည်။- ပ​ညတ်​တ​ရား​မူ​ကား၊ ယုံ​ကြည်​ခြင်း​နှင့် မ​စပ်​ဆိုင်။ ထို​အ​ကျင့်​ကို ကျင့်​သော​သူ​သည်၊ ထို​အ​ကျင့်​အား​ဖြင့် အ​သက်​ရှင်​လိမ့်​မည်​ဟု ဆို​သ​တည်း။- ထို​ကြောင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ပ​ညတ်​တ​ရား​အား​ဖြင့် အ​ဘယ်​သူ​မျှ ဖြောင့်​မတ်​ရာ​သို့ မ​ရောက်​နိုင်​ဟု ထင်​ရှား​လျက်​ရှိ၏။ သစ်​တိုင်၌ ဆွဲ​ထား​ခြင်း ခံ​ရ​သော​သူ​တိုင်း ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​ဖြစ်​သည်​ဟု ကျမ်း​စာ​လာ​သည်​နှင့် အ​ညီ၊ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက်​ကြောင့် ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​ဖြစ်၍၊ ငါ​တို့​ကို ပ​ညတ်​တ​ရား၏​ကျိန်​ခြင်း​မှ ရွေး​နုတ်​တော်​မူ​ပြီ။- အ​ကြောင်း​မူ​ကား၊ အာ​ဗြ​ဟံ​ခံ​ရ​သော ကောင်း​ချီး​မင်္ဂ​လာ​သည် ယေ​ရှု​ခ​ရစ်​အား​ဖြင့် တစ်​ပါး​အ​မျိုး​သား​တို့၌ သက်​ရောက်​သည်​ဖြစ်၍၊ ငါ​တို့​သည် က​တိ​တော်​နှင့် ယှဉ်​သော ဝိ​ညာဉ်​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ခံ​ရ​ကြ​မည်​အ​ကြောင်း​တည်း။

ဂလာတိ 3:6-14 Common Language Bible (BCL)

အာ​ဗြ​ဟံ​၏​တွေ့​ကြုံ​ခံ​စား​ချက်​ကို​ဆင်​ခြင် စဉ်း​စား​ကြ​စို့။ ကျမ်း​စာ​တော်​က ``အာ​ဗြ​ဟံ သည်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​၏။ သို့​ဖြစ်​၍ ဘု​ရား​သ​ခင်​သည်​အာ​ဗြ​ဟံ​အား သူ​တော် ကောင်း​အ​ဖြစ်​လက်​ခံ​တော်​မူ​သည်'' ဟု​ဆို​၏။- သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သူ​တို့​သည် အာ​ဗြ​ဟံ​၏​သား​မြေး​အ​စစ်​အ​မှန်​များ​ဖြစ် ကြောင်း​ကို သင်​တို့​သိ​မှတ်​ကြ​လော့။- ဘု​ရား​သ​ခင်​သည်​ယုံ​ကြည်​ခြင်း​ကို​ထောက်​၍ လူ​မျိုး​ခြား​တို့​ကို မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ စေ​တော်​မူ​မည်​ဖြစ်​ကြောင်း ကျမ်း​စာ​တော်​တွင် ကြို​တင်​ဟော​၏။ ကျမ်း​စာ​တော်​က ``လူ​မျိုး အ​ပေါင်း​တို့​သည် သင့်​အား​ဖြင့်​ကောင်း​ချီး မင်္ဂလာ​ခံ​စား​ရ​ကြ​လိမ့်​မည်'' ဟု​အာ​ဗြ​ဟံ အား​သ​တင်း​ကောင်း​ကို​ကြေ​ညာ​သည်။- အာ​ဗြ​ဟံ​သည်​ဘု​ရား​သ​ခင်​အား​ယုံ​ကြည် သည့်​အ​တွက် ကောင်း​ချီး​မင်္ဂ​လာ​ခံ​စား​ရ​သည်။ သို့​ဖြစ်​၍​ယုံ​ကြည်​သူ​လူ​အ​ပေါင်း​တို့​သည် အာ​ဗြ​ဟံ​နည်း​တူ​ကောင်း​ချီး​မင်္ဂလာ​ကို​ခံ​စား ရ​ကြ​၏။ ပ​ညတ်​တ​ရား​စောင့်​ထိန်း​မှု​ကို​အား​ကိုး​သော သူ​တို့​မူ​ကား ကျိန်​စာ​သင့်​လျက်​ရှိ​ကြ​၏။ ကျမ်း စာ​တော်​က ``ပ​ညတ်​တ​ရား​တွင်​ပါ​ရှိ​သည့် ပြ​ဋ္ဌာန်း​ချက်​မှန်​သ​မျှ​ကို​မ​စောင့်​ထိန်း​သူ သည် ဘု​ရား​သ​ခင်​၏​ကျိန်​စာ​သင့်​စေ'' ဟု ဖော်​ပြ​ပေ​သည်။- ယ​ခု​တွင်​ကျမ်း​စာ​တော်​က ``ဘု​ရား​သ​ခင် ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့် ကိုယ်​တော်​နှင့်​မှန် ကန်​စွာ​ဆက်​ဆံ​သူ​သည်​အ​သက်​ရှင်​လိမ့်​မည်'' ဟု​ဖော်​ပြ​ထား​သ​ဖြင့်​ပ​ညတ်​တ​ရား​ကို စောင့်​ထိန်း​ခြင်း​အား​ဖြင့် အ​ဘယ်​သူ​မျှ​ဘု​ရား သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​ခွင့်​ကို​မ​ရ​နိုင် ကြောင်း​ထင်​ရှား​၏။- သို့​ရာ​တွင်​ကျမ်း​စာ​တော်​က ``ပ​ညတ်​တ​ရား ၏​ပြ​ဋ္ဌာန်း​ချက်​မှန်​သ​မျှ​ကို​လိုက်​လျှောက်​သူ သည် အ​သက်​ရှင်​လိမ့်​မည်'' ဟု​ဆို​သ​ဖြင့် ပ​ညတ်​တ​ရား​သည်​ဘု​ရား​သ​ခင်​အား ယုံ​ကြည်​မှု​နှင့်​မည်​သို့​မျှ​မ​သက်​ဆိုင်။ ``သစ်​တိုင်​ပေါ်​မှာ​ဆွဲ​၍​အ​သတ်​ခံ​ရ​သူ​သည် ဘု​ရား​သ​ခင်​၏​ကျိန်​စာ​သင့်​သူ​ဖြစ်​၏'' ဟု ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက်​ကျိန်​စာ​သင့်​သူ​အ​ဖြစ်​ကို​ခံ ယူ​တော်​မူ​ပြီး​နောက် ငါ​တို့​အား​ပ​ညတ်​တ​ရား ကြောင့်​ကျိန်​စာ​သင့်​သည့်​ဘေး​မှ​ရွေး​နုတ် ကယ်​တင်​တော်​မူ​၏။- ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​လူ​မျိုး​ခြား​တို့ သည်​ခ​ရစ်​တော်​ယေ​ရှု​ကို​အ​မှီ​ပြု​၍ အာ​ဗြ​ဟံ ခံ​စား​ရ​သည့်​ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​စား ရ​စေ​ရန်​လည်း​ကောင်း၊ ငါ​တို့​သည်​ဘု​ရား သ​ခင်​က​တိ​ထား​တော်​မူ​သော​ဝိ​ညာဉ်​တော် ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ခံ​ယူ​နိုင်​ကြ​စေ ရန်​လည်း​ကောင်း​ဖြစ်​၏။

ဂလာတိ 3:6-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဤသည်ကား “အာဗြဟံ​သည် ဘုရားသခင်​ကို​ယုံကြည်​သဖြင့် ထို​ယုံကြည်​ခြင်း​ကို သူ​၏​ဖြောင့်မတ်​ခြင်း​အဖြစ် သတ်မှတ်​တော်မူ​၏”​ဟု ဆိုထား​သည့်​အတိုင်း​ဖြစ်​၏။ သို့ဖြစ်၍ ယုံကြည်​ခြင်း​ရှိ​သော​သူ​တို့​သည် အာဗြဟံ​၏​သားသမီး​များ​ဖြစ်​ကြ​သည်​ကို သိမှတ်​ကြ​လော့။ ဘုရားသခင်​သည် လူမျိုးခြား​တို့​ကို ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​မည်​ဖြစ်​ကြောင်း ကျမ်းစာ​သည် ကြိုတင်​သိမြင်​၍ အာဗြဟံ​အား “လူမျိုး​အပေါင်း​တို့​သည် သင့်​အားဖြင့် ကောင်းချီး​မင်္ဂလာ​ခံစား​ရ​လိမ့်မည်”​ဟူသည့် ကောင်းမြတ်​သော​သတင်း​ကို ကြိုတင်​ဟောပြော​လေ​၏။ ထို့ကြောင့် ယုံကြည်​ခြင်း​ရှိ​သော​သူ​တို့​သည် ယုံကြည်​သော​အာဗြဟံ​နှင့်အတူ ကောင်းချီး​မင်္ဂလာ​ခံစား​ရ​ကြ​၏။ “ပညတ်​တရား​ကျမ်း​၌ ရေး​ထား​သမျှ​သော​အရာ​တို့​ကို အမြဲ​မ​ကျင့်သုံး​သော​သူ​တိုင်း​သည် ကျိန်​ခြင်း​ကို​ခံရ​၏”​ဟု ရေး​ထား​သည်​ဖြစ်၍ ပညတ်​တရား​နှင့်ဆိုင်သော​အကျင့်​ကို အမှီပြု​သော​သူ​ရှိ​သမျှ​တို့​သည် ကျိန်​ခြင်း​အောက်၌​ရှိ​ကြ​၏။ “ဖြောင့်မတ်​သော​သူ​သည် ယုံကြည်​ခြင်း​အားဖြင့် အသက်ရှင်​မည်”​ဖြစ်​သောကြောင့် ပညတ်​တရား​အားဖြင့် မည်သူမျှ ဘုရားသခင်​ရှေ့​တော်​၌ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​မည်​မ​ဟုတ်​ကြောင်း သိသာ​ထင်ရှား​၏။ သို့သော် ပညတ်​တရား​သည် ယုံကြည်​ခြင်း​နှင့်​ဆိုင်​သည်​မ​ဟုတ်​ဘဲ “ပညတ်​တရား​တို့​ကို ကျင့်သုံး​သော​သူ​သည် ၎င်း​တို့​အားဖြင့် အသက်ရှင်​မည်”​ဖြစ်​၏။ ခရစ်တော်​သည် ငါ​တို့​အတွက် ကျိန်​ခြင်း​ခံရ​သူ​ဖြစ်​ပြီး ငါ​တို့​ကို ပညတ်​တရား​၏​ကျိန်​ခြင်း​မှ ရွေးနုတ်​တော်မူ​၏။ အဘယ်ကြောင့်​ဆိုသော် “သစ်​တိုင်​ပေါ်၌​ဆွဲ​ထား​ခြင်း​ခံရ​သူ​တိုင်း ကျိန်​ခြင်း​ကို​ခံရ​သူ​ဖြစ်​၏”​ဟု ရေး​ထား​၏။ ထိုသို့ ငါ​တို့​ကို​ရွေးနုတ်​တော်မူ​ခြင်း​မှာ အာဗြဟံ​ခံစား​ရ​သော​ကောင်းချီး​မင်္ဂလာ​သည် ခရစ်တော်​ယေရှု​အားဖြင့် လူမျိုးခြား​တို့​အပေါ်သို့ သက်ရောက်​သဖြင့် ကတိ​ထား​တော်မူ​သော​ဝိညာဉ်​တော်​ကို ယုံကြည်​ခြင်း​အားဖြင့် ငါ​တို့​ခံယူ​ရရှိ​ရန်​အတွက်​ဖြစ်​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။