YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 1:25-28

ယေဇကျေလ 1:25-28 Judson Bible (JBMLE)

ရပ်၍​အ​တောင်​တို့​ကို ချ​သော​အ​ခါ၊ သူ​တို့၏ ခေါင်း​များ​အ​ပေါ်​မှာ မိုး​မျက်​နှာ​ကြက်​ထဲ​က စ​ကား​သံ​သည် ထွက်၏။ သူ​တို့၏​ခေါင်း​များ​အ​ထက်၊ မိုး​မျက်​နှာ​ကြက်​အ​ပေါ်၌​လည်း နီ​လာ​ကျောက်​ကဲ့​သို့ အ​ဆင်း​အ​ရောင်​ရှိ​သော ရာ​ဇ​ပ​လ္လင်​သ​ဏ္ဌာန်​ပေါ်၏။ ပ​လ္လင်​သ​ဏ္ဌာန်​အ​ပေါ်၌​လည်း လူ​ပုံ​သ​ဏ္ဌာန်​ကဲ့​သို့​ပေါ်၏။ ပ​လ္လင်​အ​တွင်း၌​လည်း​ကောင်း၊ ပတ်​လည်၌​လည်း​ကောင်း၊ ခါး​သ​ဏ္ဌာန်​မှ​သည် အ​ထက်​ပိုင်း၌ ဟ​ရှ​မေ​လ​ရွှေ​အ​ရောင်​နှင့် မီး​အ​ရောင်​ကဲ့​သို့ ထင်​ရှား၏။ အောက်​ပိုင်း၌ မီး​အ​ရောင်​ကဲ့​သို့ ထင်​ရှား၍ ပတ်​လည်၌ ထွန်း​တောက်​လေ၏။ ထို​သို့ ထွန်း​တောက်​သော အ​ရောင်​သည် မိုး​ရွာ​သော​နေ့​တွင်၊ မိုး​တိမ်၌​ပေါ်​သော သက်​တံ၏ အ​ရောင်​ကဲ့​သို့ ဖြစ်၏။ ဤ​ရွေ့​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သ​ဏ္ဌာန် အ​ဆင်း​အ​ရောင်​ဖြစ်​သ​တည်း။

ယေဇကျေလ 1:25-28 Common Language Bible (BCL)

ထို​သို့​အ​တောင်​များ​ကို​ချ​လျက်​ရပ်​နေ​စဉ် သူ​တို့​၏​ဦး​ခေါင်း​အ​ထက်​ရှိ​လိပ်​ခုံး​မိုး​အ​ပေါ်​မှ အ​သံ​တစ်​ခု​ထွက်​ပေါ်​လာ​၏။ ထို​လိပ်​ခုံး​မိုး​အ​ပေါ်​၌​နီ​လာ​ဖြင့်​ပြီး​သည့်​ရာ​ဇ​ပလ္လင်​နှင့်​တူ​သော​အ​ရာ​တစ်​ခု​ရှိ​၏။ ထို​ရာ​ဇ​ပလ္လင်​ပေါ်​တွင်​လူ​ပုံ​သဏ္ဌာန်​ရှိ​သူ​တစ်​ဦး​ထိုင်​နေ​၏။- ထို​သူ​၏​ခါး​အ​ထက်​ပိုင်း​သည်​မီး​လျှံ​ထဲ​မှ​ကြေး​ဝါ​ကဲ့​သို့​တောက်​ပြောင်​၍​နေ​၏။ ခါး​မှ​ခြေ​ဖျား​ထိ​သူ​၏​အောက်​ပိုင်း​သည် မီး​ရောင်​ဖြင့်​ပင်​လျှင်​တစ်​ကိုယ်​လုံး​ထွန်း​လင်း​တောက်​ပ​လျက်​ရှိ​ပေ​သည်။- ယင်း​သို့​ထွန်း​လင်း​တောက်​ပ​သော​အ​ရောင်​အ​ဝါ​သည် မိုး​တိမ်​များ​၌​ဖြစ်​ပေါ်​တတ်​သော​သက်​တံ​နှင့်​တူ​၏။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​ကို ဖော်​ပြ​သော​တောက်​ပ​သည့်​အ​လင်း​ရောင်​ဖြစ်​သ​တည်း။

ယေဇကျေလ 1:25-28 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သူ​တို့​ဦးခေါင်း​အထက် မျက်နှာပြင်ကြီး​ပေါ်​မှ အသံ​ထွက်လာ​၏​။ သူ​တို့​သည် ရပ်​နေ​သောအခါ အတောင်ပံ​များ​ကို ချ​ထား​၏​။ သူ​တို့​ဦးခေါင်း​အထက်​ရှိ မျက်နှာပြင်ကြီး​ပေါ်​တွင် နီလာ​ကျောက်​အဆင်းအရောင်​နှင့်​တူ​သည့် ရာဇပလ္လင်​ကဲ့သို့ သဏ္ဌာန်​တစ်​ခု​ရှိ​၏​။ ထို​ပလ္လင်​ပေါ်တွင် လူ​နှင့်​တူ​သော သဏ္ဌာန်​တစ်​ခု​ရှိ​၏​။ ထို​လူ​၏​ခါး​အပေါ်​ပိုင်း​သည် တောက်ပ​သော​ကြေးဝါ​အဆင်း​ရှိ​၍ ဝန်းကျင်​၌ မီးရောင်​သဖွယ်​ဖြာထွက်​နေ​သည်​ကို တွေ့​ရ​၏​။ ခါး​အောက်ပိုင်း​ဝန်းကျင်​၌​လည်း မီးရောင်​သဖွယ် တောက်ပ​သော​အလင်း​ဖြာထွက်​လျက်​ရှိ​သည်​ကို တွေ့​ရ​၏​။ ထို​အလင်း​သည် မိုးရွာ​သော​နေ့​၌ မိုးတိမ်​တွင်​ထွက်ပေါ်​လာ​သော သက်တံ​၏​အရောင်​ကဲ့သို့ ပတ်ပတ်လည်​တွင် ရောင်ခြည်​ဖြာထွက်​နေ​၏​။ ထာဝရဘုရား​၏​ဘုန်းအသရေ ထွန်းလင်း​သကဲ့သို့​ဖြစ်​၏​။ ထို​အရာ​ကို​မြင်​၍ ငါ​ပျပ်ဝပ်​လျက်​နေ​စဉ် တစ်စုံတစ်ယောက်​စကားပြော​သော​အသံ​ကို ငါ​ကြား​ရ​၏​။