ယေဇကျေလ 1:10-11
ယေဇကျေလ 1:10-11 Judson Bible (JBMLE)
မျက်နှာအဆင်းသဏ္ဌာန်ဟူမူကား၊ သတ္တဝါ လေးပါးတို့သည် လက်ယာဘက်၌ လူမျက်နှာ၊ ခြင်္သေ့မျက်နှာနှင့် လည်းကောင်း၊ လက်ဝဲဘက်၌ နွားမျက်နှာ၊ ရွှေလင်းတမျက်နှာနှင့်လည်းကောင်း ပြည့်စုံကြ၏။ အတောင်များတို့သည် အထက်သို့ပြန့်၍၊ အတောင်နှစ်ခုချင်း စပ်လျက်၊ နှစ်ခုဖြင့် ကိုယ်ကိုဖုံးလျက်ရှိကြ၏။
ယေဇကျေလ 1:10-11 Common Language Bible (BCL)
ထိုသတ္တဝါတစ်ပါးစီ၌ရှိသောမျက်နှာလေးခုတို့သည် တစ်ခုနှင့်တစ်ခုမတူကြ။ ရှေ့ဘက်တွင်လူမျက်နှာ၊ လက်ယာဘက်တွင်ခြင်္သေ့မျက်နှာ၊ လက်ဝဲဘက်တွင်နွားမျက်နှာ၊ နောက်ဘက်တွင်လင်းယုန်မျက်နှာရှိ၏။- ထိုသတ္တဝါတို့သည်တစ်ပါးနှင့်တစ်ပါးအတောင်ဖျားချင်းထိအောင် တောင်ပံနှစ်ခုစီဖြန့်၍ထားပြီးလျှင် အခြားတောင်ပံနှစ်ခုဖြင့်မိမိတို့ကိုယ်ကိုအုပ်ထားကြ၏။
ယေဇကျေလ 1:10-11 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
တစ်ပါးစီ၏မျက်နှာပုံသဏ္ဌာန်မှာ ရှေ့မျက်နှာသည် လူမျက်နှာ၊ ယာဘက်မျက်နှာသည် ခြင်္သေ့မျက်နှာ၊ ဝဲဘက်မျက်နှာသည် နွားမျက်နှာ၊ အနောက်ဘက်မျက်နှာသည် လင်းယုန်ငှက်မျက်နှာ စသည်ဖြင့် မျက်နှာပုံစံများ ရှိ၏။ အတောင်ပံများသည်လည်း တစ်စုံမှာ အထက်သို့ဖြန့်၍ တစ်ပါးနှင့်တစ်ပါး အတောင်ချင်းထိထား၏။ ကျန်တောင်ပံတစ်စုံမှာ ကိုယ်ကိုဖုံးအုပ်ထား၏။