ထွက်မြောက်ရာ 37:1-2
ထွက်မြောက်ရာ 37:1-2 Judson Bible (JBMLE)
တစ်ဖန် ဗေဇလေလသည်၊ အလျားနှစ်တောင်ထွာ၊ အနံတစ်တောင်ထွာ၊ ဇောက်တစ်တောင်ထွာရှိသော သေတ္တာကို အကာရှသားနှင့်လုပ်၍၊ သေတ္တာအတွင်းအပြင်ကို ရွှေစင်နှင့် မွမ်းမံလေ၏။ သေတ္တာအပေါ်နားပတ်လည်၌ ကွပ်သောရွှေတန်ဆာကိုလည်း လုပ်လေ၏။
မျှဝေရန်
ထွက်မြောက်ရာ 37 ကိုဖတ်ပါ။ထွက်မြောက်ရာ 37:1-2 Common Language Bible (BCL)
ဗေဇလေလသည်အလျားလေးဆယ့်ငါး လက်မ၊ အနံနှစ်ဆယ့်ခုနစ်လက်မ၊ အမြင့် နှစ်ဆယ့်ခုနစ်လက်မရှိသောပဋိညာဉ် သေတ္တာတော်ကို၊ အကာရှသစ်သားဖြင့် ပြုလုပ်၏။- သေတ္တာတော်အတွင်းအပြင်ကိုရွှေချ၍၊ သေတ္တာတော်အနားပတ်လည်ကိုရွှေကွပ် ထား၏။
မျှဝေရန်
ထွက်မြောက်ရာ 37 ကိုဖတ်ပါ။ထွက်မြောက်ရာ 37:1-2 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဗေဇလေလသည် အလျားနှစ်တောင့်ထွာ၊ အနံတစ်တောင့်ထွာ၊ အမြင့်တစ်တောင့်ထွာရှိသောသေတ္တာကို အကေရှားသစ်သားဖြင့်လုပ်၍ သေတ္တာ၏အတွင်းအပြင်ကို ရွှေစင်ဖြင့်မွမ်းမံပြီး ထိုသေတ္တာပတ်ပတ်လည်ကို ရွှေဖြင့်ခြယ်လှယ်၏။
မျှဝေရန်
ထွက်မြောက်ရာ 37 ကိုဖတ်ပါ။