YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 36:4-7

ထွက်မြောက်ရာ 36:4-7 Judson Bible (JBMLE)

ထို​အ​ခါ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​လုပ်​ကို လုပ်​ကိုင်​သော ပ​ညာ​ရှိ​အ​ပေါင်း​တို့​သည်၊ အ​သီး​အ​သီး​မိ​မိ​လုပ်​ရာ​မှ၊ မော​ရှေ​ထံ​သို့​လာ၍ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သော အ​လုပ်​ပြီး​လောက်​ရုံ​မျှ​မ​က၊ ပို၍​ဆောင်​ခဲ့​ကြ​ပါ​ပြီ​ဟု ကြား​ပြော​လျှင်၊ မော​ရှေ​က၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ဖို့​လှူ​ခြင်း​ငှာ အ​ဘယ်​ယောက်ျား​မိန်း​မ​မျှ ထပ်​မံ၍​မ​လုပ်​စေ​နှင့်​ဟု စီ​ရင်၍၊ တစ်​တပ်​လုံး၌ ကြော်​ငြာ​စေ​သ​ဖြင့်၊ လူ​များ​အ​လှူ​ဆောင်​ခြင်း​အ​မှု​ကို ဆီး​တား၏။ ရ​ခဲ့​သော​ဥ​စ္စာ​သည် အ​လုပ်​ရှိ​သ​မျှ​ကို​ပြီး​စီး​လောက်​ရုံ​မျှ​မ​က ပို​လျက်​ရှိ​သ​တည်း။

ထွက်မြောက်ရာ 36:4-7 Common Language Bible (BCL)

ထို​အ​ခါ​တဲ​တော်​ကို​ဆောက်​လုပ်​နေ​ကြ​သော အ​တတ်​ပ​ညာ​ရှင်​တို့​သည်​မော​ရှေ​ထံ​သို့ လာ​၍၊- ``လူ​တို့​ယူ​လာ​ကြ​သော​ပစ္စည်း​များ​သည် ထာ​ဝ​ရ​ဘု​ရား​စေ​ခိုင်း​တော်​မူ​သော​လုပ်​ငန်း အ​တွက်​လို​အပ်​သည်​ထက်​ပို​နေ​ပါ​သည်'' ဟု ပြော​ကြ​၏။ ထို့​အ​ခါ​မော​ရှေ​က``မည်​သူ​မျှ​တဲ​တော် အ​တွက်​လှူ​ဖွယ်​ပစ္စည်း​များ​ကို​ထပ်​မံ​၍ မ​လှူ​ဒါန်း​ရ'' ဟု​အ​မိန့်​ထုတ်​၍​စ​ခန်း​ရှိ လူ​အ​ပေါင်း​တို့​အား​ကြေ​ညာ​စေ​၏။ ထို ကြောင့်​လူ​တို့​သည်​လှူ​ဖွယ်​ပစ္စည်း​များ​ကို မ​ယူ​ခဲ့​ကြ​တော့​ချေ။- ရ​ရှိ​ခဲ့​သ​မျှ​သော​ပစ္စည်း​တို့​သည်​လုပ်​ငန်း ရှိ​သ​မျှ​အ​တွက်​လို​အပ်​သည်​ထက်​ပို​လျှံ လျက်​ရှိ​၏။

ထွက်မြောက်ရာ 36:4-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သန့်ရှင်းရာဌာန​နှင့်ဆိုင်သော​အလုပ်​အမျိုးမျိုး​ကို လုပ်ဆောင်​နေ​သော​လက်မှုပညာသည်​အပေါင်း​တို့​သည် ကိုယ်​အလုပ်လုပ်​နေ​သည့်​လုပ်ငန်းခွင်​အသီးသီး​မှ မောရှေ​ထံသို့​လာ​၍ “​လူ​တို့​ယူဆောင်​လာ​သော​အလှူပစ္စည်း​တို့​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အလုပ်​ကို​လုပ်ဆောင်​ရန်​အတွက် လိုအပ်​သည်​ထက် ပို​နေ​ပါ​သည်​”​ဟု ပြောကြား​ကြ​၏​။ မောရှေ​က​လည်း “​သန့်ရှင်းရာဌာန​တော်​အဖို့​အလှူပစ္စည်း​များ​ကို မည်သည့်​ယောက်ျား​မိန်းမ​မျှ ထပ်​မ​လုပ်​ရ​”​ဟု အမိန့်ထုတ်​၍ တပ်စခန်း​တစ်ခုလုံး​သို့ ကြေညာ​စေ​၏​။ လူ​တို့​ကို​လည်း အလှူပစ္စည်း​များ​ထပ်၍​မ​ယူဆောင်​လာ​ရန် တားမြစ်​၏​။ အလှူပစ္စည်း​တို့​သည် လုပ်ဆောင်​ရ​မည့်​အလုပ်​ရှိသမျှ​အတွက် လုံလောက်​သည်​သာမက ပိုလျှံ​လျက်​ရှိ​၏​။