YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 36:1-7

ထွက်မြောက်ရာ 36:1-7 Judson Bible (JBMLE)

ထို​သို့ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သန့်​ရှင်း​ရာ​ဌာ​န၌ အ​မှု​တော်​ဆောင်​စ​ရာ​ဖို့၊ အ​မျိုး​မျိုး​သော​အ​လုပ်​ကို လုပ်​တတ်​သော​ဉာဏ်​ပ​ညာ​ကို ထာ​ဝ​ရ​ဘု​ရား​ပေး​သွင်း​တော်​မူ​သော ပ​ညာ​ရှိ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ဗေ​ဇ​လေ​လ၊ အ​ဟော​လျ​ဘ​တို့​သည် အ​လုပ်​လုပ်​ကြ​လိမ့်​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​လေ၏။ တစ်​ဖန် မော​ရှေ​သည်၊ ဗေ​ဇ​လေ​လ၊ အ​ဟော​လျ​ဘ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ဉာဏ်​သ​ဘော​ကို​ရ၍၊ အ​လုပ်​လုပ်​ချင်​သော စေ​တ​နာ​စိတ်​ရှိ​သော ပ​ညာ​ရှိ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ခေါ်​ပြီး​လျှင်၊ သန့်​ရှင်း​ရာ​ဌာ​န​နှင့် အ​မှု​တော်​ထမ်း​ရန် တန်​ဆာ​တို့​ကို​လုပ်​ကိုင်​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဆောင်​ခဲ့​သော​အ​လှူ​ရှိ​သ​မျှ​ကို ထို​သူ​တို့​သည် မော​ရှေ​လက်​မှ​ခံ​ကြ၏။ ကြည်​ညို​သော​စိတ်​နှင့် လှူ​သော​အ​လှူ​ကို နံ​နက်​တိုင်း​ထပ်၍ ဆောင်​ခဲ့​ကြ​သေး၏။ ထို​အ​ခါ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​လုပ်​ကို လုပ်​ကိုင်​သော ပ​ညာ​ရှိ​အ​ပေါင်း​တို့​သည်၊ အ​သီး​အ​သီး​မိ​မိ​လုပ်​ရာ​မှ၊ မော​ရှေ​ထံ​သို့​လာ၍ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သော အ​လုပ်​ပြီး​လောက်​ရုံ​မျှ​မ​က၊ ပို၍​ဆောင်​ခဲ့​ကြ​ပါ​ပြီ​ဟု ကြား​ပြော​လျှင်၊ မော​ရှေ​က၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ဖို့​လှူ​ခြင်း​ငှာ အ​ဘယ်​ယောက်ျား​မိန်း​မ​မျှ ထပ်​မံ၍​မ​လုပ်​စေ​နှင့်​ဟု စီ​ရင်၍၊ တစ်​တပ်​လုံး၌ ကြော်​ငြာ​စေ​သ​ဖြင့်၊ လူ​များ​အ​လှူ​ဆောင်​ခြင်း​အ​မှု​ကို ဆီး​တား၏။ ရ​ခဲ့​သော​ဥ​စ္စာ​သည် အ​လုပ်​ရှိ​သ​မျှ​ကို​ပြီး​စီး​လောက်​ရုံ​မျှ​မ​က ပို​လျက်​ရှိ​သ​တည်း။

ထွက်မြောက်ရာ 36:1-7 Common Language Bible (BCL)

``ဗေ​ဇ​လေ​လ​နှင့် အ​ဟော​လျ​ဘ​တို့​သည် လည်း​ကောင်း၊ တဲ​တော်​ကို​ဆောက်​ရန်​ထာ​ဝရ ဘု​ရား​ထံ​တော်​မှ လို​အပ်​သော​ကျွမ်း​ကျင် မှု​နှင့်​နား​လည်​မှု​ကို​ရ​ရှိ​ထား​သူ အ​ခြား အ​တတ်​ပ​ညာ​ရှင်​အ​ပေါင်း​တို့​သည်​လည်း ကောင်း ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း​ဆောင်​ရွက်​ရ​ကြ​မည်'' ဟု​ဆင့်​ဆို လေ​၏။ မော​ရှေ​သည်​ဗေ​ဇ​လေ​လ​နှင့် အ​ဟော​လျ​ဘ တို့​ကို​လည်း​ကောင်း၊ တဲ​တော်​ဆောက်​ရန်​ထာ​ဝ​ရ ဘု​ရား​ထံ​မှ​လို​အပ်​သော​အ​တတ်​ပ​ညာ​ကို ရ​ရှိ​ထား​သူ​များ​နှင့် ကူ​ညီ​ရန်​စေ​တ​နာ ထက်​သန်​သူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ဆင့်​ခေါ်​၍​လုပ်​ငန်း​ကို​စ​တင်​ဆောင်​ရွက် စေ​၏။- သူ​တို့​သည်​တဲ​တော်​ကို​ဆောက်​လုပ်​ရန်၊ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ယူ​ဆောင်​ခဲ့​သော​လှူ ဖွယ်​ပစ္စည်း​ရှိ​သ​မျှ​ကို၊ မော​ရှေ​ထံ​မှ​လက်​ခံ ရ​ရှိ​ကြ​၏။ နံ​နက်​တိုင်း​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်၊ မိ​မိ​တို့​၏​လှူ​ဖွယ်​ပစ္စည်း​များ ကို၊ မော​ရှေ​ထံ​သို့​ဆက်​လက်​၍​ယူ​ဆောင် လာ​ကြ​သေး​၏။- ထို​အ​ခါ​တဲ​တော်​ကို​ဆောက်​လုပ်​နေ​ကြ​သော အ​တတ်​ပ​ညာ​ရှင်​တို့​သည်​မော​ရှေ​ထံ​သို့ လာ​၍၊- ``လူ​တို့​ယူ​လာ​ကြ​သော​ပစ္စည်း​များ​သည် ထာ​ဝ​ရ​ဘု​ရား​စေ​ခိုင်း​တော်​မူ​သော​လုပ်​ငန်း အ​တွက်​လို​အပ်​သည်​ထက်​ပို​နေ​ပါ​သည်'' ဟု ပြော​ကြ​၏။ ထို့​အ​ခါ​မော​ရှေ​က``မည်​သူ​မျှ​တဲ​တော် အ​တွက်​လှူ​ဖွယ်​ပစ္စည်း​များ​ကို​ထပ်​မံ​၍ မ​လှူ​ဒါန်း​ရ'' ဟု​အ​မိန့်​ထုတ်​၍​စ​ခန်း​ရှိ လူ​အ​ပေါင်း​တို့​အား​ကြေ​ညာ​စေ​၏။ ထို ကြောင့်​လူ​တို့​သည်​လှူ​ဖွယ်​ပစ္စည်း​များ​ကို မ​ယူ​ခဲ့​ကြ​တော့​ချေ။- ရ​ရှိ​ခဲ့​သ​မျှ​သော​ပစ္စည်း​တို့​သည်​လုပ်​ငန်း ရှိ​သ​မျှ​အ​တွက်​လို​အပ်​သည်​ထက်​ပို​လျှံ လျက်​ရှိ​၏။

ထွက်မြောက်ရာ 36:1-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဗေဇလေလ​၊ အဟောလျဘ​နှင့်တကွ ထာဝရဘုရား​ထံ​တော်​မှ ဉာဏ်ပညာ​၊ ထိုးထွင်းဉာဏ်​ရရှိ​၍ သန့်ရှင်းရာဌာန​ဆောက်လုပ်​ခြင်း​နှင့်ဆိုင်သော​အတတ်​အမျိုးမျိုး​တို့​ကို သိမြင်​လုပ်ဆောင်​နိုင်​သော လက်မှုအတတ်​ကျွမ်းကျင်သူ​အပေါင်း​တို့​သည် ထာဝရဘုရား​မိန့်မှာ​သမျှ​အတိုင်း လုပ်ဆောင်​ကြ​ရ​မည်​”​ဟု ဆို​လေ​၏​။ မောရှေ​သည် ဗေဇလေလ​နှင့် အဟောလျဘ​ကို​လည်းကောင်း​၊ ထာဝရဘုရား​ထံမှ ဉာဏ်ပညာ​ရရှိ​သော လက်မှုအတတ်​ကျွမ်းကျင်သူ​အပေါင်း​တို့​ကို​လည်းကောင်း​၊ အလုပ်​လာ​လုပ်​ရန်​စိတ်အားထက်သန်​သော​သူ​အပေါင်း​တို့​ကို​လည်းကောင်း ခေါ်​လေ​၏​။ သူ​တို့​သည် သန့်ရှင်းရာဌာန​ကို​တည်ဆောက်​ခြင်း​လုပ်ငန်း​အတွက် အစ္စရေး​အမျိုးသား​တို့​ယူဆောင်​လာ​သော​အလှူပစ္စည်း​အားလုံး​ကို မောရှေ​ထံ​မှ လက်ခံယူ​ကြ​၏​။ အစ္စရေး​အမျိုးသား​တို့​သည်​လည်း မောရှေ​ထံသို့ စေတနာ​အလျောက်​လှူ​သော​အလှူပစ္စည်း​တို့​ကို ဆက်လက်​၍ နံနက်တိုင်း​ယူဆောင်​လာ​ကြ​၏​။ သန့်ရှင်းရာဌာန​နှင့်ဆိုင်သော​အလုပ်​အမျိုးမျိုး​ကို လုပ်ဆောင်​နေ​သော​လက်မှုပညာသည်​အပေါင်း​တို့​သည် ကိုယ်​အလုပ်လုပ်​နေ​သည့်​လုပ်ငန်းခွင်​အသီးသီး​မှ မောရှေ​ထံသို့​လာ​၍ “​လူ​တို့​ယူဆောင်​လာ​သော​အလှူပစ္စည်း​တို့​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အလုပ်​ကို​လုပ်ဆောင်​ရန်​အတွက် လိုအပ်​သည်​ထက် ပို​နေ​ပါ​သည်​”​ဟု ပြောကြား​ကြ​၏​။ မောရှေ​က​လည်း “​သန့်ရှင်းရာဌာန​တော်​အဖို့​အလှူပစ္စည်း​များ​ကို မည်သည့်​ယောက်ျား​မိန်းမ​မျှ ထပ်​မ​လုပ်​ရ​”​ဟု အမိန့်ထုတ်​၍ တပ်စခန်း​တစ်ခုလုံး​သို့ ကြေညာ​စေ​၏​။ လူ​တို့​ကို​လည်း အလှူပစ္စည်း​များ​ထပ်၍​မ​ယူဆောင်​လာ​ရန် တားမြစ်​၏​။ အလှူပစ္စည်း​တို့​သည် လုပ်ဆောင်​ရ​မည့်​အလုပ်​ရှိသမျှ​အတွက် လုံလောက်​သည်​သာမက ပိုလျှံ​လျက်​ရှိ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။