YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 32:1-35

ထွက်မြောက်ရာ 32:1-35 Judson Bible (JBMLE)

မော​ရှေ​သည် တောင်​ပေါ်​မှာ ကြာ​မြင့်​စွာ​ရှိ​နေ​ကြောင်း​ကို လူ​များ​တို့​သည် သိ​မြင်​သော​အ​ခါ၊ အာ​ရုန်​ထံ​သို့​စည်း​ဝေး​ကြ၍၊ ထ​ပါ။ ငါ​တို့​ရှေ့​မှာ​သွား​ရ​သော ဘု​ရား​တို့​ကို ငါ​တို့​အ​ဖို့​လုပ်​ပါ။ ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​သော ထို​မော​ရှေ၌ အ​ဘယ်​သို့​ဖြစ်​သည်​ကို ငါ​တို့​မ​သိ​ပါ​ဟု ပြော​ဆို​ကြ၏။ အာ​ရုန်​က​လည်း၊ သင်​တို့​မ​ယား၊ သား​သ​မီး​များ၏​နား၌​ဆင်​သော ရွှေ​နား​တောင်း​များ​ကို​ချွတ်၍၊ ငါ့​ထံ​သို့​ဆောင်​ခဲ့​ကြ​ဟု​ဆို​လျှင်၊ လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နား၌​ဆင်​သော ရွှေ​နား​တောင်း​များ​ကို​ချွတ်၍၊ အာ​ရုန်​ထံ​သို့​ဆောင်​ခဲ့​ကြ၏။ အာ​ရုန်​သည်​လည်း​လက်​ခံ၍၊ နွား​သ​ငယ်​ရုပ်​ပုံ​သ​ဏ္ဌာန်​ကို က​ညစ်​နှင့်​ရေး​သား​ပြီး​လျှင် သွန်း​လေ၏။ လူ​များ​တို့​က​လည်း အို​ဣ​သ​ရေ​လ​အ​မျိုး၊ ဤ​ဘု​ရား​သည် သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​သော သင်၏​ဘု​ရား​ဖြစ်​တော်​မူ​သည်​ဟု ဆို​ကြ၏။ အာ​ရုန်​သည် ထို​အ​မှု​ကို​သိ​မြင်​လျှင်၊ ရုပ်​တု​ရှေ့​မှာ ယဇ်​ပ​လ္လင်​ကို​တည်၍၊ နက်​ဖြန်​နေ့​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ပွဲ​ခံ​ရ​သော​နေ့​ဖြစ်​သည်​ဟု တပ်​ကို​လည်၍​ကြော်​ငြာ​စေ၏။ နက်​ဖြန်​နံ​နက်​စော​စော လူ​တို့​သည်​ထ၍၊ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်​ပြီး​မှ၊ စား​သောက်​လျက်​ထိုင်​နေ​ကြ၏။ နောက်​တစ်​ဖန် က​ခုန်​မြူး​ထူး​ခြင်း​ငှာ ထ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည်​ဆင်း​သွား​လော့။ အဲ​ဂု​တ္တု​ပြည်​မှ သင်​နုတ်​ဆောင်​ခဲ့​သော သင်၏​လူ​တို့​သည် ဖောက်​ပြန်​ကြ​ပြီ။ ငါ​မှာ​ထား​သော​လမ်း​မှ အ​လျင်​အ​မြန်​လွှဲ​သွား၍၊ နွား​သ​ငယ်​ရုပ်​ကို​သွန်း​ပြီး​လျှင်၊ အို​ဣ​သ​ရေ​လ​အ​မျိုး၊ ဤ​ဘု​ရား​သည် သင့်​ကို​အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​ခဲ့​သော ဘု​ရား​ဖြစ်​တော်​မူ၏​ဟု​ဆို​လျက်၊ ရုပ်​တု​ရှေ့​မှာ ယဇ်​ပူ​ဇော်​ကိုး​ကွယ်​ကြ​ပြီ​ဟူ၍​လည်း​ကောင်း၊ ဤ​လူ​မျိုး​ကို ငါ​ကြည့်​မြင်​ပြီ။ လည်​ပင်း​ခိုင်​မာ​သော အ​မျိုး​ဖြစ်၏။ သို့​ဖြစ်၍ ငါ့​ကို​ရှိ​စေ​တော့။ ငါ​သည် အ​မျက်​ပြင်း​စွာ​ထွက်၍ သူ​တို့​ကို​ဖျက်​ဆီး​မည်။ သင့်​ကို​ကား ကြီး​သော​အ​မျိုး​ဖြစ်​စေ​မည်​ဟူ၍​လည်း​ကောင်း၊ မော​ရှေ​အား​မိန့်​တော်​မူ၏။ မော​ရှေ​က​လည်း၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် မ​ဟာ​တန်​ခိုး​အား​ကြီး​သော​လက်​နှင့် အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​ခဲ့​သော ကိုယ်​တော်၏​လူ​တို့​ကို၊ အ​ဘယ်​ကြောင့် အ​မျက်​ပြင်း​စွာ ထွက်​တော်​မူ​သ​နည်း။ အဲ​ဂု​တ္တု​လူ​တို့​က​လည်း၊ ဘု​ရား​သ​ခင်​သည် မ​ကောင်း​သော​အ​ကြံ​ရှိ​သ​ဖြင့်၊ သူ​တို့​ကို​တော​တောင်​များ၌​သတ်၍ မြေ​ကြီး​ပေါ်​က သုတ်​သင်​ပယ်​ရှင်း​ခြင်း​အ​လို​ငှာ​သာ၊ နုတ်​ဆောင်​လေ​သည်​ဟု အ​ဘယ်​ကြောင့်​ဆို​ဖွယ်​အ​ကြောင်း ရှိ​ရ​ပါ​မည်​နည်း။ ပြင်း​စွာ​သော​အ​မျက်​တော်​ကို ပယ်​တော်​မူ​ပါ။ ကိုယ်​တော်၏​လူ​တို့၌ ဤ​သို့​အ​ပြစ်​ပေး​မည်​အ​ကြံ​ကို နောင်​တ​ရ​တော်​မူ​ပါ။ ကိုယ်​တော်​က သင်​တို့​အ​မျိုး​အ​နွယ်​ကို ကောင်း​ကင်​ကြယ်​ကဲ့​သို့ ငါ​များ​ပြား​စေ​မည်။ ငါ​ပြော​ခဲ့​သော ဤ​မြေ​ရှိ​သ​မျှ​ကို သင်​တို့​အ​မျိုး​အ​နွယ်​အား ငါ​ပေး​သ​ဖြင့်၊ သူ​တို့​သည် အ​စဉ်​အ​မြဲ​အ​မွေ​ခံ​ရ​ကြ​လိမ့်​မည်​ဟု ကိုယ်​ကို​ကိုယ်​တိုင်​တည်၍ ကျိန်​ဆို​တော်​မူ​သော​စ​ကား​ကို ခံ​ခဲ့​ပြီး​သော ကိုယ်​တော်၏​ကျွန် အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ဣ​သ​ရေ​လ​တို့​ကို အောက်​မေ့​တော်​မူ​ပါ​ဟု မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တောင်း​ပန်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​အား အ​ပြစ်​ပေး​မည်​အ​ကြံ​ကို နောင်​တ​ရ​တော်​မူ၏။ မော​ရှေ​သည် သက်​သေ​ခံ​ချက် ကျောက်​ပြား​နှစ်​ပြား​ကို​ကိုင်​ယူ​လျက်၊ လှည့်၍ တောင်​ပေါ်​က​ဆင်း​သွား​လေ၏။ ထို​ကျောက်​ပြား​နှစ်​မျက်​နှာ၌ အ​က္ခ​ရာ​တင်​လျက်​ရှိ၏။ ထို​ကျောက်​ပြား​တို့​သည် ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​သော​ကျောက်​ပြား၊ စာ​သည်​လည်း ဘု​ရား​သ​ခင်​အ​က္ခ​ရာ​တင်​တော်​မူ​သော​စာ ဖြစ်​သ​တည်း။ လူ​များ​ကြွေး​ကြော်​သံ​ကို ယော​ရှု​သည်​ကြား​လျှင်၊ တပ်၌​စစ်​တိုက်​သံ​ကို ကြား​ပါ​သည်​ဟု မော​ရှေ​အား​ဆို၏။ မော​ရှေ​က​လည်း၊ ငါ​ကြား​သော​အ​သံ​သည် အောင်၍​ကြွေး​ကြော်​သံ​မ​ဟုတ်၊ ရှုံး၍​ငို​ကြွေး​သံ​လည်း​မ​ဟုတ်၊ သီ​ချင်း​ဆို​သံ​ဖြစ်​သ​တည်း​ဟု ပြန်​ပြော၏။ တပ်​အ​နီး​သို့​ရောက်​သော​အ​ခါ၊ နွား​သ​ငယ်​ကို​လည်း​ကောင်း၊ က​ခုန်​ခြင်း​ကို​လည်း​ကောင်း​မြင်​လျှင်၊ မော​ရှေ​သည်​အ​မျက်​ထွက်​သ​ဖြင့် ကျောက်​ပြား​တို့​ကို​ချ၍ တောင်​ခြေ​ရင်း၌​ချိုး​ဖဲ့၏။ သူ​တို့​လုပ်​သော နွား​သ​ငယ်​ကို​လည်း​ယူ၍ အ​ရည်​ကျို၏။ ညက်​ညက်​ခြေ​ပြီး​မှ ရေ​ပေါ်​မှာ​ဖြူး၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို သောက်​စေ၏။ အာ​ရုန်​ကို​လည်း​ခေါ်၍၊ သင်​သည်​သူ​တို့၌ ဤ​မျှ​လောက်​ကြီး​သော​အ​ပြစ်​ကို ရောက်​စေ​ခြင်း​ငှာ သူ​တို့​သည် သင်၌​အ​ဘယ်​သို့​ပြု​သ​နည်း​ဟု​မေး​လျှင်၊ အာ​ရုန်​က၊ သ​ခင်၊ အ​မျက်​မ​ထွက်​ပါ​နှင့်။ ဤ​လူ​တို့​သည် မ​ကောင်း​သော အ​ကြံ​ရှိ​ကြောင်း​ကို ကိုယ်​တော်​သိ​ပါ၏။ သူ​တို့​က​လည်း၊ ငါ​တို့​ရှေ့​မှာ​သွား​ရ​သော​ဘု​ရား​တို့​ကို ငါ​တို့​အ​ဖို့​လုပ်​ပါ။ ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​ခဲ့​သော​သူ၊ ထို​မော​ရှေ၌ အ​ဘယ်​သို့​ဖြစ်​သည်​ကို ငါ​တို့​မ​သိ​ပါ​ဟု အ​ကျွန်ုပ်​အား​ပြော​ဆို​ကြ​လျှင်၊ အ​ကျွန်ုပ်​က၊ ရွှေ​ရှိ​သော​သူ​သည်​ချွတ်​စေ​ဟု ဆို​သည်​နှင့်​အ​ညီ၊ သူ​တို့​ပေး​သော ရွှေ​ကို အ​ကျွန်ုပ်​သည်​မီး​ထဲ၌​ထည့်​လျှင်၊ ဤ​နွား​သ​ငယ်​ထွက်​လာ​ပါ​သည်​ဟု ပြန်​ပြော၏။ ထို​သို့ အာ​ရုန်​သည်​လူ​များ​ကို ရန်​သူ​တို့​ရှေ့​မှောက်၌ အ​ဝတ်​တန်​ဆာ​ကို ချွတ်​စေ​သည်​ဖြစ်၍၊ အ​ဝတ်​တန်​ဆာ​အ​ချည်း​စည်း​ရှိ​ကြ​ကြောင်း​ကို မော​ရှေ​မြင်​သော​အ​ခါ၊ တပ်​တံ​ခါး​ဝ​မှာ​ရပ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ဘက်၌ အ​ဘယ်​သူ​နေ​သ​နည်း။ ငါ့​ထံ​သို့ လာ​စေ​ဟု​ဆို​လျှင်၊ လေ​ဝိ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် သူ့​ထံ၌​စည်း​ဝေး​ကြ၏။ မော​ရှေ​က​လည်း၊ လူ​တိုင်း​ဓား​လွယ်​လျက် တပ်​တစ်​မျက်​နှာ​တံ​ခါး​မှ တစ်​မျက်​နှာ တံ​ခါး​တိုင်​အောင်​ထုတ်​ချင်း​ခပ်​သွား၍၊ အ​သီး​အ​သီး မိ​မိ​ညီ​အစ်​ကို၊ မိ​မိ​အ​ပေါင်း​အ​ဖော်၊ မိ​မိ​အိမ်​နီး​ချင်း​ကို​သတ်​စေ​ဟု ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​မိန့်​ရှိ​တော်​မူ​သည်​ဟု၊ မော​ရှေ​စီ​ရင်​သည်​အ​တိုင်း၊ လေ​ဝိ​အ​မျိုး​သား​တို့​သည်​ပြု၍၊ ထို​နေ့၌ လူ​သုံး​ထောင်​လောက်​သေ​ကြ၏။ တစ်​ဖန်​မော​ရှေ​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ယ​နေ့​ကောင်း​ချီး​ပေး​တော်​မူ​စေ​ခြင်း​ငှာ၊ သင်​တို့​သည် အ​သီး​အ​သီး ကိုယ်​သား၊ ကိုယ်​ညီ​အစ်​ကို​ကို​ထိ​ခိုက်​သော​အား​ဖြင့်၊ သင်​တို့​သည် ယ​နေ့​ကိုယ်​ကို​ချီး​မြှောက်​ကြ​ပြီ​ဟု ဆို​လေ၏။ နက်​ဖြန်​နေ့၌​လည်း၊ သင်​တို့​ပြစ်​မှား​သော​အ​ပြစ်​ကြီး​လှ၏။ ယ​ခု​မှာ ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်​သို့ ငါ​တက်​သွား၍၊ သင်​တို့​အ​ပြစ်​ဖြေ​နိုင်​လျှင် ဖြေ​စေ​ခြင်း​ငှာ​ပြု​မည်​ဟု မော​ရှေ​သည် လူ​များ​တို့​အား​ဆို​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်​သို့​ပြန်​သွား၍၊ အို​ဘု​ရား​သ​ခင်၊ ဤ​လူ​တို့​သည် ပြစ်​မှား​သော​အ​ပြစ်​ကြီး​လှ​ပါ၏။ မိ​မိ​တို့​အ​ဖို့ ရွှေ​ဘု​ရား​ကို​လုပ်​ပါ​ပြီ။ သို့​သော်​လည်း သူ​တို့​အ​ပြစ်​ကို​လွှတ်​ခြင်း​ငှာ အ​လို​တော်​ရှိ​လျှင် လွှတ်​တော်​မူ​ပါ။ သို့​မ​ဟုတ်၊ ကိုယ်​တော်​စီ​ရင်​တော်​မူ​သော​စာ​ရင်း၌ အ​ကျွန်ုပ်​နာ​မ​ကို ချေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က၊ အ​ကြင်​သူ​သည်​ငါ့​ကို​ပြစ်​မှား၏၊ ထို​သူ၏​နာ​မ​ကို ငါ့​စာ​ရင်း၌ ငါ​ချေ​မည်။ သို့​ဖြစ်၍ ငါ​မှာ​ထား​သော​အ​ရပ်​သို့ သူ​တို့​ကို ယ​ခု​သွား၍​ပို့​ဆောင်​လော့။ ငါ့​တ​မန်​သည် သင့်​ရှေ့​မှာ​သွား​လိမ့်​မည်။ သို့​သော်​လည်း ငါ​သည်​အ​ကြည့်​အ​ရှု ကြွ​လာ​သော​အ​ခါ၊ သူ​တို့၌​အ​ပြစ်​ပေး​လျက်​ကြွ​လာ​မည်​ကို မိန့်​တော်​မူ၏။ အာ​ရုန်​နှင့် လူ​များ​တို့​သည် နွား​သ​ငယ်​ကို​လုပ်​ကြ​သော​ကြောင့် သူ​တို့​ကို​ဒဏ်​ခတ်​တော်​မူ၏။

ထွက်မြောက်ရာ 32:1-35 Common Language Bible (BCL)

မော​ရှေ​သည်​တောင်​အောက်​သို့​မ​ဆင်း​ဘဲ တောင် ပေါ်​တွင်​ကြာ​မြင့်​စွာ​နေ​သော​အ​ခါ၊ လူ​တို့ သည်​အာ​ရုန်​ထံ​သို့​စု​ရုံး​ရောက်​ရှိ​လာ​ပြီး လျှင်``အ​ကျွန်ုပ်​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​ခဲ့​သော​မော​ရှေ​အ​ဘယ်​သို့​ဖြစ်​သည် ကို အ​ကျွန်ုပ်​တို့​မ​သိ​ရ​သ​ဖြင့်​အကျွန်ုပ်​တို့ ကို​ရှေ့​ဆောင်​မည့်​ဘု​ရား​တစ်​ဆူ​ကို​သွန်း လုပ်​ပေး​ပါ​လော့'' ဟု​တောင်း​ဆို​ကြ​၏။ အာ​ရုန်​က``သင်​တို့​၏​မ​ယား​နှင့်​သား​သ​မီး တို့ ဝတ်​ဆင်​ထား​သော​ရွှေ​နား​တောင်း​များ​ကို ချွတ်​၍ ငါ့​ထံ​သို့​ယူ​ခဲ့​ကြ​လော့'' ဟု​ဆို လေ​၏။- သို့​ဖြစ်​၍​လူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့ ၏​ရွှေ​နား​တောင်း​များ​ကို​ချွတ်​၍ အာ​ရုန် ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ​၏။- အာ​ရုန်​သည်​နား​တောင်း​များ​ကို​အ​ရည် ကျို​ပြီး​လျှင်၊ ရွှေ​ဖြင့်​နွား​ငယ်​ပုံ​သွန်း​လုပ် လေ​၏။ ထို​နောက်​လူ​အ​ပေါင်း​တို့​က``ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ ဤ​ဘု​ရား​သည်​သင်​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​ငါ​တို့ ၏​ဘု​ရား​ဖြစ်​သည်'' ဟု​ဆို​လေ​၏။ ထို​နောက်​အာ​ရုန်​သည်​ရွှေ​နွား​ရုပ်​ရှေ့​မှာ ပလ္လင် ကို​တည်​၍``နက်​ဖြန်​နေ့​တွင်​ထာ​ဝ​ရ​ဘု​ရား အ​တွက်​ပွဲ​ခံ​ရ​ကြ​မည်'' ဟု​ကြေ​ညာ​၏။- နောက်​နေ့​နံနက်​စော​စော​တွင်​လူ​အ​ပေါင်း​တို့ သည် မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယ​ယဇ်​များ ကို​ပူ​ဇော်​ကြ​၏။ ထို​သို့​ယဇ်​ပူ​ဇော်​ကြ​ပြီး နောက်၊ သူ​တို့​သည် စား​သောက်​မူး​ယစ်​ကြ​ပြီး လျှင်၊ အ​မျိုး​သား၊ အ​မျိုး​သ​မီး​များ​အ​ပျော် ကူး​ကြ​ကုန်​၏။ ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား ``တောင်​အောက် သို့​အ​မြန်​ဆင်း​လော့။ အီ​ဂျစ်​ပြည်​မှ​သင်​ထုတ် ဆောင်​ခဲ့​သော​သင်​၏​လူ​တို့​သည်​ငါ့​ကို​စွန့်​ပယ် ကြ​ပြီ။- သူ​တို့​သည်​ငါ​ချ​မှတ်​သော​လမ်း​စဉ်​မှ​သွေ​ဖည် သွား​ကြ​လေ​ပြီ။ ရွှေ​နွား​ငယ်​ရုပ်​ကို​သွန်း​လုပ် ပြီး​လျှင်၊ ထို​ရုပ်​တု​ကို​ယဇ်​ပူ​ဇော်​ရှိ​ခိုး​ကြ ပြီ။ ထို​ဘု​ရား​သည် သူ​တို့​အား​အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​ခဲ့​သော​ဘု​ရား​ဖြစ်​ကြောင်း၊ ကြွေး​ကြော်​နေ​ကြ​ပြီ။''- ထာ​ဝ​ရ​ဘု​ရား​က ``ဤ​သူ​တို့​အ​လွန် ခေါင်း​မာ​ကြောင်း​ငါ​သိ​၏။- ငါ့​ကို​မ​ဆီး​တား​နှင့်။ ငါ​သည်​အ​မျက်​ထွက်​၍ သူ​တို့​ကို​သုတ်​သင်​ပစ်​မည်။ ထို​နောက်​သင်​နှင့် သင်​၏​အ​ဆက်​အ​နွယ်​တို့​ကို​လူ​မျိုး​ကြီး ဖြစ်​စေ​မည်'' ဟု​မိန့်​တော်​မူ၏။ သို့​ရာ​တွင်​မော​ရှေ​သည် မိ​မိ​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​တောင်း​ပန်​လျှောက်​ထား သည်​မှာ``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အီ​ဂျစ်​ပြည်​မှ၊ မ​ဟာ​တန်​ခိုး​တော်​ဖြင့်​ကယ် တင်​ခဲ့​သော​ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို အ​မျက်​ပြင်း​စွာ​ထွက်​တော်​မူ​မည်​လော။- အီ​ဂျစ်​အ​မျိုး​သား​တို့​က​ကိုယ်​တော်​ရှင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​တောင်​များ ပေါ်​သို့​ခေါ်​ဆောင်​၍၊ အ​ကုန်​အ​စင်​ရှင်း​လင်း သုတ်​သင်​ပစ်​ရန်​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် သွား​သည်​ဟူ​၍​ဆို​ဖွယ်​ရာ​အ​ကြောင်း​ရှိ စေ​ရ​ပါ​မည်​လော။ ပြင်း​ပြ​သော​အ​မျက် တော်​ကို​ပြေ​စေ​လျက်​ကိုယ်​တော်​၏​လူ​မျိုး တော်​အား​ပေး​မည့်​အ​ပြစ်​ဒဏ်​မှ​လွတ် ငြိမ်း​ချမ်း​သာ​ခွင့်​ရ​စေ​ပါ။- ကိုယ်​တော်​၏​ကျွန်​အာ​ဗြ​ဟံ၊ ဣ​ဇာက်​နှင့် ယာ​ကုပ်​တို့​ကို​အောက်​မေ့​သ​တိ​ရ​တော်​မူ ပါ။ ကိုယ်​တော်​သည်​သူ​တို့​၏​အ​ဆက်​အ​နွယ် တို့​ကို​မိုး​ကောင်း​ကင်​ကြယ်​များ​ကဲ့​သို့ ပွား များ​စေ​မည်​ဖြစ်​ကြောင်း​နှင့်​ကိုယ်​တော်​ရှင် က​တိ​ထား​တော်​မူ​သော ထို​ပြည်​အား​လုံး ကို​သူ​တို့​၏​အ​ဆက်​အ​နွယ်​တို့​အား ထာ​ဝ​စဉ်​ပိုင်​ဆိုင်​ရန်​ပေး​မည်​ဖြစ်​ကြောင်း ကို​သ​တိ​ရ​တော်​မူ​ပါ။-'' ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက် တော်​ပြေ​၍၊ မိ​မိ​လူ​မျိုး​တော်​အား​ပေး မည့်​အ​ပြစ်​ဒဏ်​မှ​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့် ရ​စေ​တော်​မူ​၏။ မော​ရှေ​သည်​မျက်​နှာ​နှစ်​ဘက်​စ​လုံး​တွင် ပ​ညတ် တော်​များ​ကို​အက္ခ​ရာ​တင်​ထား​သော​ကျောက် ပြား​နှစ်​ချပ်​ကို​ယူ​ဆောင်​လျက်​တောင်​ပေါ်​မှ ဆင်း​လာ​၏။- ထို​ကျောက်​ပြား​များ​နှင့်​ကျောက်​ပြား​များ​ပေါ် ရှိ​အက္ခ​ရာ​တို့​သည် ဘု​ရား​သ​ခင်​၏​လက်​ရာ တော်​ဖြစ်​သ​တည်း။ ယော​ရှု​သည်​လူ​များ​၏​ကြွေး​ကြော်​သံ​ကို ကြား​ရ​သော​အ​ခါ၊ မော​ရှေ​အား``စ​ခန်း​ထဲ ၌​တပ်​လှန့်​သံ​ကို​ကြား​ရ​ပါ​သည်​တ​ကား'' ဟု​ဆို​၏။- မော​ရှေ​က``ငါ​ကြား​ရ​သော​အ​သံ​သည်၊ စစ် အောင်​သံ​လည်း​မ​ဟုတ်၊ စစ်​ရှုံး​သံ​လည်း​မ​ဟုတ်၊ သီ​ချင်း​သံ​ပင်​ဖြစ်​သည်'' ဟု​ပြန်​ပြော​၏။ မော​ရှေ​သည်​စ​ခန်း​အ​နီး​သို့​ရောက်​ရှိ​သော အ​ခါ၊ နွား​ငယ်​ရုပ်​ကို​လည်း​ကောင်း၊ လူ​များ က​ခုန်​နေ​သည်​ကို​လည်း​ကောင်း၊ တွေ့​မြင်​ရ လျှင်၊ အ​လွန်​အ​မျက်​ထွက်​သ​ဖြင့်၊ သူ​ယူ ဆောင်​ခဲ့​သော​ကျောက်​ပြား​များ​ကို​တောင် ခြေ​ရင်း​၌​ပစ်​ချ​လိုက်​ရာ​အ​ပိုင်း​ပိုင်း​ကျိုး ကုန်​၏။- သူ​သည်​သူ​တို့​လုပ်​သော​နွား​ရုပ်​ကို​အ​ရည် ကျို​၍၊ အ​မှုန့်​ထောင်း​ပြီး​လျှင်၊ အ​မှုန့်​ကို​ရေ ပေါ်​၌​ဖြူး​လေ​၏။ ထို​နောက်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ထို​ရေ​ကို​သောက်​စေ​၏။- မော​ရှေ​က​အာ​ရုန်​အား``ဤ​သူ​တို့​သည်​သင့် ကြောင့်​ထို​မျှ​လောက်​ကြီး​လေး​သော​အ​ပြစ် ကို​ပြု​မိ​ရန် သူ​တို့​သည်​သင့်​အား​အ​ဘယ် သို့​ပြု​ကြ​သ​နည်း'' ဟု​မေး​၏။ အာ​ရုန်​က``အ​ကျွန်ုပ်​ကို​အ​မျက်​မ​ထွက်​ပါ နှင့်။ ဤ​သူ​တို့​သည်​မ​ကောင်း​မှု​ကို​ပြု​ရန် မည် မျှ​လောက်​စိတ်​ဆန္ဒ​ကြီး​ကြောင်း​ကိုယ်​တော် သိ​ပါ​၏။- သူ​တို့​က​အ​ကျွန်ုပ်​အား`အီ​ဂျစ်​ပြည်​မှ​အ​ကျွန်ုပ် တို့​ကို​ထုတ်​ဆောင်​ခဲ့​သော​မော​ရှေ​သေ​သည်၊ ရှင် သည်​ကို​အ​ကျွန်ုပ်​တို့​မ​သိ​ရ​သ​ဖြင့်၊ အ​ကျွန်ုပ် တို့​ကို​ရှေ့​ဆောင်​မည့်​ဘု​ရား​တစ်​ဆူ​ကို​သွန်း လုပ်​ပေး​ပါ​လော့' ဟု​တောင်း​ဆို​ကြ​ပါ​သည်။- အ​ကျွန်ုပ်​က​သူ​တို့​အား`သင်​တို့​၏​ရွှေ​ဝတ် တန်​ဆာ​ကို​ချွတ်​၍​ငါ့​အား​ပေး​လော့' ဟု ပြော​ပါ​သည်။ အ​ကျွန်ုပ်​သည်​သူ​တို့​ထံ​မှ ရ​ရှိ​သော​ရွှေ​အား​မီး​ထဲ​သို့​ပစ်​ချ​ရာ၊ ဤ နွား​ရုပ်​ထွက်​လာ​ပါ​သည်'' ဟု​ဆို​လေ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ပတ်​ဝန်း ကျင်​၌​ရန်​သူ​များ​ကဲ့​ရဲ့​စ​ရာ​ဖြစ်​လျက်၊ အာ​ရုန်​၏​အား​ပေး​မှု​ဖြင့်​စည်း​ကမ်း​မဲ့ က​ခုန်​မြူး​ထူး​နေ​သည်​ကို၊ မော​ရှေ​မြင်​ရ​၏။- ထို့​ကြောင့်​သူ​သည်​စ​ခန်း​ပေါက်​ဝ​တွင်​ရပ် လျက်``ထာ​ဝ​ရ​ဘု​ရား​၏​ဘက်​တော်​သား​ဖြစ် သူ​တို့၊ ငါ့​ထံ​သို့​လာ​ကြ​လော့'' ဟု​အော်​ဟစ် ဖိတ်​ခေါ်​လေ​၏။ ထို​အ​ခါ​လေ​ဝိ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​မော​ရှေ​ထံ​သို့​စု​ရုံး​လာ ကြ​သော​အ​ခါ၊- မော​ရှေ​က​သူ​တို့​အား``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`သင်​တို့ တစ်​ယောက်​စီ​ဋ္ဌား​ကို​ကိုင်​စွဲ​၍၊ စ​ခန်း​တစ်​ဘက် မှ​တစ်​ဘက်​သို့​နေ​ရာ​အ​နှံ့​အ​ပြား​သွား​ပြီး လျှင်၊ သင်​တို့​၏​ညီ​အစ်​ကို၊ အ​ဆွေ​ခင်​ပွန်း၊ အိမ်​နီး ချင်း​တို့​ကို​သတ်​လော့' ဟု​မိန့်​တော်​မူ​သည်'' ဟု ဆင့်​ဆို​လေ​၏။- လေ​ဝိ​အ​မျိုး​သား​တို့​သည်​မော​ရှေ​အ​မိန့် ပေး​သည့်​အ​တိုင်း​ဆောင်​ရွက်​သ​ဖြင့်၊ ထို​နေ့ တွင်​လူ​ပေါင်း​သုံး​ထောင်​ခန့်​သေ​ဆုံး​လေ​၏။- ထို​နောက်​မော​ရှေ​က​လေ​ဝိ​အ​မျိုး​သား​တို့ အား``ယ​နေ့​တွင်​သင်​တို့​သည်​မိ​မိ​၏​သား ရင်း​ညီ​အစ်​ကို​ရင်း​တို့​ကို​သတ်​ခြင်း​အား ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင် ရန်​ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​မိ​မိ​တို့ ကိုယ်​ကို​ဆက်​ကပ်​ကြ​ပြီ။ ထို့​ကြောင့်​ထာ​ဝ​ရ ဘုရား​သည်​သင်​တို့​အား​ကောင်း​ချီး​ပေး တော်​မူ​ပြီ'' ဟု​ဆို​၏။ နောက်​တစ်​နေ့​တွင်​မော​ရှေ​က ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား``သင်​တို့​သည်​ကြီး​လေး သော​ပြစ်​မှု​ကူး​လွန်​ခဲ့​ကြ​ပြီ။ ယ​ခု​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ရှိ​တော်​မူ​ရာ​တောင်​ပေါ်​သို့ တက်​မည်။ သင်​တို့​၏​အ​ပြစ်​ကို​လွှတ်​ရန် ထာ​ဝ​ရ ဘု​ရား​အား​တောင်း​ပန်​၍​ရ​ကောင်း​ရ​လိမ့်​မည်'' ဟု​ဆို​လေ​၏။- မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​လာ​၍``ဤ​သူ​တို့​သည်​ကြီး​လေး​သော ပြစ်​မှု​ကို​ကူး​လွန်​ခဲ့​ပါ​ပြီ။ ရွှေ​ဘု​ရား ကို​သွန်း​လုပ်​၍​ကိုး​ကွယ်​ကြ​ပါ​၏။- သူ​တို့​၏​အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ။ သူ​တို့​၏ အ​ပြစ်​ကို​လွှတ်​တော်​မ​မူ​လျှင်၊ ကိုယ်​တော်​၏​လူ မျိုး​တော်​နာ​မည်​စာ​ရင်း​မှ​အ​ကျွန်ုပ်​၏​နာ​မည် ကို​ပယ်​ဖျက်​တော်​မူ​ပါ'' ဟု​တောင်း​ပန်​လျှောက် ထား​လေ​၏။ ထာ​ဝ​ရ​ဘု​ရား​က``ငါ့​ကို​ပြစ်​မှား​သူ​၏ နာ​မည်​ကို​သာ​ငါ​၏​စာ​အုပ်​မှ​ပယ်​ဖျက်​မည်။- ယ​ခု​သွား​၍​သင့်​အား​ငါ​မိန့်​မှာ​ပြီး​သော အ​ရပ်​သို့​သူ​တို့​ကို​ပို့​ဆောင်​လော့။ ငါ​၏​ကောင်း ကင်​တ​မန်​သည် သင့်​အား​လမ်း​ပြ​မည်။ သို့​ရာ တွင်​ဤ​သူ​တို့​၏​အ​ပြစ်​အ​တွက်​ငါ​ဒဏ်​စီ​ရင် မည့်​အ​ချိန်​ကျ​ရောက်​လာ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။ ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​တွင်​ကပ်​ရော​ဂါ​ဆိုက်​ရောက် စေ​တော်​မူ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့ သည်​အာ​ရုန်​အား ရွှေ​နွား​ငယ်​ရုပ်​ကို​သွန်း လုပ်​စေ​သော​ကြောင့်​ဖြစ်​သည်။

ထွက်မြောက်ရာ 32:1-35 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မောရှေ​သည် တောင်​ပေါ်မှ​မ​ဆင်းလာ​သေး​ဘဲ ကြန့်ကြာ​နေ​သည်​ကို လူ​တို့​သိ​သောအခါ အာရုန်​ထံသို့​စုရုံး​လာ​၍ “​ထ​ပါ​။ ငါ​တို့​ရှေ့​မှ​ကြွ​မည့်​ဘုရား​ကို ငါ​တို့​အဖို့ လုပ်ပေး​ပါ​။ အီဂျစ်​ပြည်​မှ ငါ​တို့​ကို ထုတ်ဆောင်​လာ​သော ထို​မောရှေ​ဆို​သူ​၌ မည်သို့​ဖြစ်​သည်​ကို ငါ​တို့​မ​သိ​ပါ​”​ဟု ဆို​ကြ​၏​။ အာရုန်​က​လည်း “​သင်​တို့​၏​မယား​နှင့် သား​သမီး​တို့​၏​နား​၌​ဆင်​ထား​သော ရွှေ​နားကွင်း​များ​ကို​ချွတ်​၍ ငါ့​ထံသို့​ယူဆောင်​ခဲ့​လော့​”​ဟု သူ​တို့​အား​ဆို​၏​။ ထိုအခါ လူ​အပေါင်း​တို့​သည် မိမိ​တို့​၏​နား​၌​ဆင်​ထား​သော ရွှေ​နားကွင်း​များ​ကို​ချွတ်​၍ အာရုန်​ထံသို့​ယူလာ​ကြ​၏​။ အာရုန်​သည်​လည်း ထို​ရွှေ​တို့​ကို​ယူ​ပြီး နွားသငယ်​ရုပ်တု​ကို ကညစ်​ဖြင့်​ပုံဖော်​၍ သွန်းလုပ်​လေ​၏​။ ထို့နောက် သူ​တို့​က “​အို အစ္စရေး​လူမျိုး​၊ ဤသည်ကား သင်​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​သော သင်​တို့​၏​ဘုရား​ဖြစ်​၏​”​ဟု ဆို​ကြ​၏​။ ထို​အမှု​ကို အာရုန်​တွေ့မြင်​သောအခါ နွားသငယ်ရုပ်တု​ရှေ့​၌ ယဇ်ပလ္လင်​ကို​တည်​လေ​၏​။ ထို့နောက် အာရုန်​က “​မနက်ဖြန်​၌ ထာဝရဘုရား​အဖို့ ပွဲတော်​ရှိ​၏​”​ဟု ကြေညာ​လေ​၏​။ နောက်တစ်နေ့​၌ လူ​တို့​သည် စောစောထ​၍ မီးရှို့ရာယဇ်​ကို​ပူဇော်​၏​။ မိတ်သဟာယယဇ်​ကို​ဆက်ကပ်​ကြ​၏​။ ထို့နောက် ထိုင်​၍​စား​သောက်​ကြ​၏​။ ထ​၍​လည်း​ကခုန်ပျော်ပါး​ကြ​၏​။ ထာဝရဘုရား​က မောရှေ​အား “​ဆင်း​သွား​လော့​။ အီဂျစ်​ပြည်​မှ သင်​ထုတ်ဆောင်​ခဲ့​သော သင်​၏​လူ​တို့​သည် ဖောက်ပြန်​ကြ​လေ​ပြီ​။ သူ​တို့​အား ငါ​မိန့်မှာ​ထား​သော​လမ်း​မှ အလျင်အမြန်​လွဲသွား​ကြ​ပြီ​။ သူ​တို့​သည် မိမိ​တို့​အဖို့ နွားသငယ်​ရုပ်တု​ကို သွန်းလုပ်​၍ ရှိခိုးကိုးကွယ်​ကြ​ပြီ​။ ထို​ရုပ်တု​အား ယဇ်ပူဇော်​၍ ‘​အို အစ္စရေး​လူမျိုး​၊ ဤသည်ကား သင်​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​သော သင်​တို့​၏​ဘုရား​ဖြစ်​သည်​’​ဟူ၍ ပြောဆို​ကြ​လေ​ပြီ​”​ဟု မိန့်​တော်မူ​၏​။ တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​ဤ​လူမျိုး​သည် ခေါင်းမာ​သော​လူမျိုး​ဖြစ်​သည်​ကို ငါ​မြင်​ပြီ​။ သို့ဖြစ်၍ ငါ့​ကို​မတား​နှင့်​။ ငါ​သည် သူ​တို့​ကို အမျက်ထွက်​၍ ဖျက်ဆီး​ပစ်​မည်​။ သင့်​ကို​ကား လူမျိုး​ကြီး​ဖြစ်​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။ ထိုအခါ မောရှေ​က မိမိ​၏​ဘုရားသခင် ထာဝရဘုရား​အား “​အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ကြီးမား​သော​တန်ခိုး​၊ အားကြီး​သော​လက်​တော်​ဖြင့် အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​ခဲ့​သော ကိုယ်တော်​၏​လူမျိုး​တော်​ကို အဘယ်ကြောင့် အမျက်ထွက်​တော်မူ​ပါ​သနည်း​။ အီဂျစ်​လူမျိုး​တို့​က ‘​ကိုယ်တော်​သည် တော​တောင်​များ​ထဲ၌ အစ္စရေး​လူမျိုး​တို့​ကို​ကွပ်မျက်​၍ မြေကြီး​ပေါ်​မှ​သုတ်သင်​ရန်​အတွက် မကောင်း​သော​ရည်ရွယ်ချက်​ဖြင့် ထုတ်ဆောင်​တော်မူ​ခဲ့​သည်​’​ဟု အဘယ်ကြောင့်​ပြောဆို​ကြ​ရ​မည်နည်း​။ ကိုယ်တော်​၏​ပြင်းထန်​သော​အမျက်​တော်​ပြေ​၍ ကိုယ်တော်​၏​လူမျိုး​တော်​အပေါ်​ကျရောက်​စေ​မည့်​ဘေးအန္တရာယ်​မှ စိတ်ပြောင်းလဲ​တော်မူ​ပါ​။ ကိုယ်တော်​က ကိုယ်တော်​၏​ကျွန် အာဗြဟံ​၊ ဣဇက်​၊ အစ္စရေး​တို့​အား ‘​ငါ​သည် သင်​တို့​၏​အမျိုးအနွယ်​ကို ကောင်းကင်​ကြယ်​နှင့်အမျှ များပြား​စေ​လျက် သင်​တို့​၏​သားစဉ်မြေးဆက်​အား ငါ​ပေး​မည်​ဟု ကတိပြု​ခဲ့​သော ဤ​မြေ​ရှိသမျှ​ကို သူ​တို့​သည် ထာဝရ​ပိုင်ဆိုင်​ရ​ကြ​လိမ့်မည်​’​ဟူ၍ ကိုယ့်ကိုယ်ကိုယ်​တိုင်တည်ကျိန်ဆို​တော်မူ​ခဲ့​သည်​ကို အောက်မေ့​တော်မူ​ပါ”​ဟု အသနားခံ​လေ​၏​။ ထိုအခါ ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​အပေါ် ဘေးအန္တရာယ်​ကျရောက်​စေ​မည်​ဟု မိန့်​တော်မူ​ခဲ့​ရာ​မှ စိတ်ပြောင်းလဲ​တော်မူ​၏​။ မောရှေ​သည် သူ​၏​လက်​ထဲ၌ ဟိုဘက်​၊ သည်ဘက် မျက်နှာပြင်​နှစ်ဖက်စလုံး အက္ခရာတင်​ထား​သည့်​သက်သေခံချက်​ကျောက်ပြား​နှစ်​ချပ်​ကို​ကိုင်​လျက် လှည့်​၍ တောင်​ပေါ်မှ​ဆင်းသွား​လေ​၏​။ ထို​ကျောက်ပြား​တို့​သည် ဘုရားသခင်​၏​လက်ရာ​တော်​ကျောက်ပြား​များ​ဖြစ်​၏​။ ကျောက်ပြား​တို့​အပေါ်​၌ ကမ္ပည်းထိုး​ထား​သော​စာ​သည်​လည်း ဘုရားသခင်​၏​စာ​ဖြစ်​၏​။ ယောရှု​သည် ကျယ်လောင်​စွာ​အော်ဟစ်​နေ​သော​လူ​တို့​၏​အသံ​ကို​ကြား​သောအခါ မောရှေ​အား “​တပ်စခန်း​ထဲ၌ စစ်တိုက်သံ​ပါတကား​”​ဟု ဆို​လေ​၏​။ မောရှေ​က “​အောင်မြင်မှု​ရ​၍​ကြွေးကြော်​သော​အသံ မ​ဟုတ်​၊ ရှုံးနိမ့်​၍​အော်ဟစ်​သော​အသံ​လည်း မ​ဟုတ်​။ ငါ​ကြား​သော​အသံ​ကား သီချင်းဆိုသံ​ဖြစ်​၏​”​ဟု ပြန်ပြော​၏​။ မောရှေ​သည် တပ်စခန်း​အနီး​သို့​ရောက်​သည်​နှင့် နွားသငယ်ရုပ်တု​ကို​လည်းကောင်း​၊ ကခုန်​နေ​ကြ​သည်​ကို​လည်းကောင်း မြင်​သောအခါ အမျက်ထွက်​၍ တောင်​ခြေရင်း​၌ မိမိ​လက်​ထဲမှ​ကျောက်ပြား​များ​ကို ပစ်ချ​ကာ ချိုးဖျက်​လေ​၏​။ ထို​သူ​တို့​ပြုလုပ်​ထား​သော နွားသငယ်ရုပ်တု​ကို​လည်း ယူ​၍ မီး​ရှို့​အမှုန့်​ကြိတ်​ပြီးလျှင် ရေ​ပေါ်သို့​ကြဲ​၍ အစ္စရေး​အမျိုးသား​တို့​ကို သောက်​စေ​၏​။ ထို့နောက် မောရှေ​က အာရုန်​အား “​ဤ​လူ​တို့​သည် သင့်​အား မည်သို့​ပြု​မိ​သဖြင့် ဤမျှ​ကြီးလေး​သော​အပြစ်​ကို သူ​တို့​အပေါ်​သို့ ကျရောက်​စေ​သနည်း​”​ဟု မေး​လျှင် အာရုန်​က “​အကျွန်ုပ်​၏​သခင်​၊ အမျက်ထွက်​တော်​မ​မူ​ပါ​နှင့်​။ ဤ​လူ​တို့​သည် မကောင်းမှု​ကို​ပြု​တတ်​ကြောင်း သခင်​သိ​ပါ​၏​။ သူ​တို့​က အကျွန်ုပ်​အား ‘​ငါ​တို့​ရှေ့​မှ​ကြွ​မည့်​ဘုရား​ကို ငါ​တို့​အဖို့​လုပ်ပေး​ပါ​။ အီဂျစ်​ပြည်​မှ ငါ​တို့​ကို ထုတ်ဆောင်​လာ​သော ထို​မောရှေ​ဆို​သူ​၌ မည်သို့​ဖြစ်​သည်​ကို ငါ​တို့​မ​သိ​ပါ​’​ဟု ဆို​ကြ​၏​။ အကျွန်ုပ်​က သူ​တို့​အား ‘​ရွှေ​ရှိ​သော​သူ ချွတ်​လော့​’​ဟု ဆို​သော် သူ​တို့​သည် အကျွန်ုပ်​အား ရွှေ​ကို​ပေး​ကြ​ပါ​၏​။ အကျွန်ုပ်​သည်​လည်း ၎င်း​ကို မီး​ထဲသို့​ပစ်ချ​လိုက်​ရာ ဤ​နွားသငယ်ရုပ်တု ထွက်လာ​ပါ​၏​”​ဟု ပြန်ဖြေ​လေ​၏​။ အာရုန်​ကြောင့် ထို​သူ​တို့​သည် ရန်သူ​တို့​ကဲ့ရဲ့စရာ​ဖြစ်​အောင် အထိန်းအကွပ်​မ​ရှိ​ပြုမူ​ကြ​၏​။ ထိုသို့​အထိန်းအကွပ်​မ​ရှိ​ပြုမူ​နေ​ကြ​သော​လူ​တို့​ကို မောရှေ​တွေ့မြင်​သောအခါ မောရှေ​သည် တပ်စခန်း​အဝင်ဝ​တွင် ရပ်​လျက် “​ထာဝရဘုရား​ဘက်​၌ မည်သူ​နေ​မည်နည်း​။ ငါ့​ထံသို့​လာ​ကြ​”​ဟု ဆို​သော် လေဝိ​၏​သားမြေး​အပေါင်း​တို့​သည် သူ့​ထံသို့​စုဝေး​လာ​ကြ​၏​။ မောရှေ​က သူ​တို့​အား “​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​လူ​အသီးသီး မိမိ​နံဘေး​၌ ဓား​ကို​ဆောင်​လျက် တပ်စခန်း​အဝင်ဝ​မှ တပ်စခန်း​တစ်လျှောက် အဆုံး​တိုင်အောင် ခေါက်တုံ့ခေါက်ပြန်​သွား​လော့​။ လူ​အသီးသီး မိမိ​ညီအစ်ကို​၊ မိမိ​အပေါင်းအဖော်​၊ မိမိ​အိမ်နီးချင်း​တို့​ကို သတ်​လော့​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။ မောရှေ​၏​စကား​အတိုင်း လေဝိ​၏​သားမြေး​တို့​ပြု​ကြ​ရာ ထို​နေ့​၌ ထို​လူ​တို့​ထဲမှ​ယောက်ျား​သုံး​ထောင်​ခန့် သေ​လေ​၏​။ ထိုအခါ မောရှေ​က “​သင်​တို့​သည် ကိုယ့်​သားရင်း​၊ ကိုယ့်​ညီအစ်ကိုရင်း​ကို တိုက်ခိုက်​ကြ​ပြီ​။ ထို့ကြောင့် ယနေ့ သင်​တို့​အား ကောင်းချီး​ပေး​တော်မူ​မည့်​အကြောင်း ထာဝရဘုရား​ထံ ကိုယ့်ကိုယ်ကိုယ်​ဆက်ကပ်​ကြ​လော့​”​ဟု ဆို​၏​။ နောက်တစ်နေ့​၌ မောရှေ​က လူ​တို့​အား “​သင်​တို့​သည် ကြီးလေး​သော​အပြစ်​ကို ကျူးလွန်​မိ​ပြီ​ဖြစ်​၍ ထာဝရဘုရား​ထံသို့ ယခု ငါ​တက်သွား​၍ သင်​တို့​အပြစ်​ကို ဖြေလွှတ်​ကောင်း​ဖြေလွှတ်​တော်မူ​ရန် ငါ​လျှောက်ဆို​မည်​”​ဟု ဆို​လေ​၏​။ မောရှေ​သည် ထာဝရဘုရား​ထံသို့ ပြန်သွား​၍ “​ဤ​လူ​တို့​သည် ကြီးလေး​သော​အပြစ်​ကို ကျူးလွန်​မိ​ပါ​ပြီ​။ မိမိ​တို့​အဖို့ ရွှေ​ဘုရား​ကို ပြုလုပ်​ကြ​ပါ​ပြီ​။ သို့သော် သူ​တို့​၏​အပြစ်​ကို​ခွင့်လွှတ်​လျှင်​လည်း ခွင့်လွှတ်​တော်မူ​ပါ​။ ထိုသို့​မ​ဟုတ်​လျှင် ကိုယ်တော်​ရေးမှတ်​ထား​သော​စာရင်း​မှ အကျွန်ုပ်​ကို​ပယ်ဖျက်​တော်မူ​ပါ​”​ဟု လျှောက်​လေ​၏​။ ထိုအခါ ထာဝရဘုရား​က မောရှေ​အား “​ငါ့​ကို​ပြစ်မှား​သော​သူ​တိုင်း​ကို ငါ့​စာရင်း​မှ ပယ်ဖျက်​မည်​။ ယခု သွား​၍ သင့်​အား ငါ​မိန့်ဆို​သော​နေရာ​သို့ ထို​လူ​တို့​ကို ပို့ဆောင်​လော့​။ ကြည့်ရှု​လော့​။ ငါ​၏​ကောင်းကင်တမန်​သည် သင့်​ရှေ့​မှ သွား​လိမ့်မည်​။ သို့သော် ငါ​အပြစ်ဒဏ်​ပေး​မည့်​နေ့ရက်​၌ သူ​တို့​၏​အပြစ်​အတွက် သူ​တို့​ကို​ဒဏ်ခတ်​မည်​”​ဟု မိန့်​တော်မူ​၏​။ အာရုန်​လုပ်​သော​နွားသငယ်ရုပ်တု​အားဖြင့် သူ​တို့​ပြု​ခဲ့​သော​အမှု​ကြောင့် ထာဝရဘုရား​သည် လူ​တို့​ကို​ဒဏ်ခတ်​တော်မူ​၏​။