YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 20:1-6

ထွက်မြောက်ရာ 20:1-6 Judson Bible (JBMLE)

ထို​အ​ခါ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော စ​ကား​များ​ဟူ​မူ​ကား၊ ငါ​သည် သင့်​ကို ကျွန်​ခံ​နေ​ရာ​အဲ​ဂု​တ္တု​ပြည်​မှ ကယ်​နုတ်​ဆောင်​ယူ​ခဲ့​ပြီး​သော သင်​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​၏။ ငါ​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​ကို မ​ကိုး​ကွယ်​နှင့်။ အ​ထက်​မိုး​ကောင်း​ကင်၌​လည်း​ကောင်း၊ အောက်​အ​ရပ်​မြေ​ကြီး​ပေါ်၌​လည်း​ကောင်း၊ မြေ​ကြီး​အောက်​ရေ​ထဲ၌​လည်း​ကောင်း ရှိ​သော​အ​ရာ​နှင့် ပုံ​သ​ဏ္ဌာန်​တူ​အောင်၊ ရုပ်​တု​ဆင်း​တု​ကို ကိုယ်​အ​ဖို့​မ​လုပ်​နှင့်။ ဦး​မ​ချ​ဝတ်​မ​ပြု​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်၏​ဘု​ရား​သ​ခင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၌​အ​ပြစ်​ရှိ​သည်​ဟု ယုံ​လွယ်​သော​ဘု​ရား၊ ငါ့​ကို​မုန်း​သော​သူ​တို့၏ အ​မျိုး​အ​စဉ်​အ​ဆက်၊ တ​တိ​ယ​အ​ဆက်၊ စ​တု​တ္ထ​အ​ဆက်​တိုင်​အောင်၊ အ​ဘ​တို့၏​အ​ပြစ်​ကို သား​တို့​၌​ဆပ်​ပေး​စီ​ရင်​သော​ဘု​ရား၊ ငါ့​ကို​ချစ်၍ ငါ့​ပ​ညတ်​တို့​ကို​ကျင့်​သော​သူ​တို့၏ အ​မျိုး​အ​စဉ်​အ​ဆက် အ​ထောင်​အ​သောင်း​တိုင်​အောင်၊ က​ရု​ဏာ​ကို​ပြ​သော ဘု​ရား​ဖြစ်၏။

ထွက်မြောက်ရာ 20:1-6 Common Language Bible (BCL)

ဘု​ရား​သ​ခင်​က``ငါ​သည်​သင်​တို့​အား​ကျွန် ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​၏။ ``ငါ​မှ​လွဲ​၍ အ​ခြား​သော​ဘု​ရား​ကို​မ​ကိုး ကွယ်​ရ။ ``မိုး​ကောင်း​ကင်​သတ္တ​ဝါ၊ မြေ​ကြီး​ပေါ်​ရှိ​သတ္တ​ဝါ၊ မြေ​ကြီး​အောက်​ရေ​ထဲ​ရှိ​သတ္တ​ဝါ​တို့​နှင့် ပုံ​သဏ္ဌာန် တူ​သော​ရုပ်​တု​ကို​သင်​တို့​အ​တွက်​မ​ထု​လုပ်​ရ။- ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​၍ ငါ​နှင့်​ပြိုင်​ဘက်​ဟူ​၍​မ​ရှိ​စေ​ရ။ ထို့​ကြောင့် ရုပ်​တု​ကို​ဦး​မ​ချ၊ ဝတ်​မ​ပြု​ရ။ ငါ့​ကို​မုန်း​သော သူ​ကို သား​သ​မီး၊ မြေး၊ မြစ်​တိုင်​အောင်​ဒဏ်​ခတ် မည်။- သို့​ရာ​တွင်​ငါ့​ကို​ချစ်​၍​ငါ့​ပညတ်​တို့​ကို​စောင့် ထိန်း​သော​သူ​တို့​အား အ​မျိုး​အ​စဉ်​အ​ဆက် ထောင်​သောင်း​တိုင်​အောင်​ငါ​၏​မေတ္တာ​ကို​ပြ တော်​မူ​မည်။

ထွက်မြောက်ရာ 20:1-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဘုရားသခင်​မိန့်​တော်မူ​သော​စကား​အလုံးစုံ​ကား ဤသို့​တည်း​။ “​ငါ​သည် သင့်​ကို ကျွန်ခံရာ​အိမ်​အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။ သင်​၌ ငါ​မှတစ်ပါး အခြား​ဘုရား မ​ရှိ​စေ​ရ​။ အထက်​မိုးကောင်းကင်​၌​လည်းကောင်း​၊ အောက်​မြေကြီး​၌​လည်းကောင်း​၊ မြေကြီး​အောက်​ရေ​ထဲ၌​လည်းကောင်း ရှိသမျှ​သော​အရာ​တို့​၏​ပုံသဏ္ဌာန်​နှင့်တူသော ရုပ်တုဆင်းတု​ကို သင့်​အဖို့​မ​ပြုလုပ်​ရ​။ ထို​အရာ​တို့​ကို မ​ပျပ်ဝပ်​မ​ကိုးကွယ်​ရ​။ အကြောင်းမူကား သင်​၏​ဘုရားသခင် ငါ​ထာဝရဘုရား​သည် သဝန်တို​တတ်​သော​ဘုရား​၊ ငါ့​ကို​မုန်း​သော​သူ​တို့​၏​မျိုးဆက် တတိယ​အဆက်​၊ စတုတ္ထ​အဆက်​တိုင်အောင် ဖခင်​တို့​၏​အပြစ်​အတွက် သားမြေး​တို့​ကို ဒဏ်ခတ်​သော​ဘုရား​၊ ငါ့​ကို​ချစ်​၍ ငါ​၏​ပညတ်​များ​ကို​စောင့်ထိန်း​သော​သူ​တို့​ကို​ကား မျိုးဆက်​အထောင်​အသောင်း​တိုင်အောင် မေတ္တာကရုဏာ​ပြ​သော​ဘုရား ဖြစ်​၏​။