YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 17:1-6

ထွက်မြောက်ရာ 17:1-6 Judson Bible (JBMLE)

ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ သိန်​တော​ထဲ​က​ထွက်၍​ခ​ရီး​သွား​သ​ဖြင့်၊ ရေ​ဖိ​ဒိမ်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်၌ လူ​များ​သောက်​ဖို့​ရာ​ရေ​မ​ရှိ။ ထို​ကြောင့်​လူ​များ​တို့​က၊ သောက်​ဖို့​ရေ​ပေး​ပါ​ဟု​ဆို၍ မော​ရှေ​ကို​ရန်​တွေ့​ကြ၏။ မော​ရှေ​က​လည်း၊ ငါ့​ကို အ​ဘယ်​ကြောင့်​ရန်​တွေ့​ကြ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​ကို အ​ဘယ်​ကြောင့် စုံ​စမ်း​ကြ​သ​နည်း​ဟု​ဆို​လေ​၏။ လူ​များ​တို့​သည်​ရေ​ငတ်၍ မော​ရှေ​ကို အ​ပြစ်​တင်​မြည်​တမ်း​လျက်၊ ငါ​တို့​မှ​စ၍ သား​သ​မီး​တိ​ရ​စ္ဆာန်​တို့​ကို အ​ငတ်​ထား၍ သတ်​ခြင်း​အ​လို​ငှာ၊ အဲ​ဂု​တ္တု​ပြည်​မှ အ​ဘယ်​ကြောင့်​ဆောင်​ခဲ့​သ​နည်း​ဟု ဆို​ကြ​၏။ ထို​အ​ခါ မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ်၍၊ ဤ​လူ​တို့​အား အ​ကျွန်ုပ်​သည် အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း။ အ​ကျွန်ုပ်​ကို ခဲ​နှင့်​ပစ်​လု​ကြ​ပါ​ပြီ​ဟု လျှောက်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ လူ​များ​ရှေ့​သို့​သွား၍ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​ကို​ခေါ်​လော့။ မြစ်​ကို​ရိုက်​သော သင်၏​လှံ​တံ​ကို​ကိုင်​လျက်၊ ဟော​ရပ်​အ​ရပ်​သို့​သွား​လော့။ ထို​အ​ရပ်၌​ရှိ​သော​ကျောက်​ပေါ်​တွင် သင့်​ရှေ့​မှာ​ငါ​ရပ်​နေ​မည်။ သင်​သည် ထို​ကျောက်​ကို​ရိုက်​ရ​မည်။ လူ​များ​သောက်​ဖို့ ထို​ကျောက်​ထဲ​က ရေ​ထွက်​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ မော​ရှေ​သည်​လည်း ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​ရှေ့​မှာ ထို​သို့​ပြု​လေ၏။

ထွက်မြောက်ရာ 17:1-6 Common Language Bible (BCL)

ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​တိုင်း​သိန် ဟု​ခေါ်​သော​တော​ကန္တာ​ရ​မှ​ထွက်​၍ စ​ခန်း တစ်​ထောက်​ပြီး​တစ်​ထောက်​နား​လျက်​ခ​ရီး သွား​ကြ​၏။ သူ​တို့​သည်​ရေ​ဖိ​ဒိမ်​အ​ရပ်​သို့ ရောက်​၍​စ​ခန်း​ချ​ကြ​၏။ သို့​ရာ​တွင်​ထို အ​ရပ်​၌​သောက်​စ​ရာ​ရေ​မ​ရှိ။- ထို​အ​ခါ​သူ​တို့​သည်​မော​ရှေ​အား``အ​ကျွန်ုပ် တို့​သောက်​စ​ရာ​ရေ​ပေး​ပါ'' ဟု​ညည်း​ညူ တောင်း​ဆို​ကြ​၏။ မော​ရှေ​က``အ​ဘယ်​ကြောင့်​ညည်း​ညူ​ကြ သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​ကို​အ​ဘယ်​ကြောင့် စုံ​စမ်း​ကြ​သ​နည်း'' ဟု​ပြန်​၍​ပြော​လေ​၏။ သို့​ရာ​တွင်​လူ​တို့​သည်​အ​လွန်​ရေ​ငတ်​သ​ဖြင့် မော​ရှေ​အား​ညည်း​ညူ​လျက်``အ​ကျွန်ုပ်​တို့​နှင့် အ​ကျွန်ုပ်​တို့​၏​သား​သ​မီး​များ၊ တိ​ရစ္ဆာန်​များ ကို​ရေ​ငတ်​စေ​ခြင်း​ငှာ အ​ဘယ်​ကြောင့်​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ခဲ့​ပါ​သ​နည်း'' ဟု​ဆို ကြ​၏။ ထို​အ​ခါ​မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား ကို``အ​ကျွန်ုပ်​သည်​ဤ​လူ​တို့​အ​တွက်​မည်​ကဲ့ သို့​ဖြေ​ရှင်း​ပေး​ရ​ပါ​မည်​နည်း။ သူ​တို့​သည် မ​ကြာ​မီ​အ​ကျွန်ုပ်​အား​ခဲ​နှင့်​ပစ်​သတ်​ကြ ပါ​လိမ့်​မည်'' ဟု​တောင်း​ပန်​လျှောက်​ထား လေ​၏။ ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​ကို``သင်​နှင့်​ဣ​သ ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​အ​ချို့​တို့​သည် လူ​အ​ပေါင်း​တို့​ကို​ဦး​ဆောင်​၍​ရှေ့​သို့​သွား လော့။ နိုင်းမြစ်​ကို​ရိုက်​သော​တောင်​ဝှေး​ကို​ယူ ၍​သွား​လော့။- သိ​နာ​တောင်​၌​ရှိ​သော​ကျောက်​ဆောင်​အ​နီး တွင်​ငါ​ရပ်​နေ​မည်။ သင်​သည်​ကျောက်​ဆောင် ကို​ရိုက်​လော့။ ထို​ကျောက်​ဆောင်​မှ​လူ​တို့ သောက်​ရန်​ရေစီး​ထွက်​လာ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။ မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ခေါင်း​ဆောင်​တို့​ရှေ့​မှောက်​တွင် ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း​ကျောက် ဆောင်​ကို​ရိုက်​လေ​၏။

ထွက်မြောက်ရာ 17:1-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​သည် ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း သိန်​တောကန္တာရ​မှ​ထွက်ခွာ​၍ ခရီးဆက်​ကာ ရေဖိဒိမ်​အရပ်​၌ စခန်းချ​ကြ​၏​။ ထို​အရပ်​၌ လူ​တို့​သောက်​ရန် ရေ​မ​ရှိ​ပေ​။ ထိုအခါ လူ​တို့​က မောရှေ​အား “​ငါ​တို့​သောက်​ဖို့​ရေ​ပေး​ပါ​လော့​”​ဟု ဆို​၍​ရန်တွေ့​ကြ​၏​။ မောရှေ​က​လည်း “​ငါ့​ကို အဘယ်ကြောင့်​ရန်တွေ့​ကြ​သနည်း​။ ထာဝရဘုရား​ကို အဘယ်ကြောင့်​အကဲစမ်း​ကြ​သနည်း​”​ဟု ဆို​၏​။ ထို​အရပ်​၌ လူ​တို့​သည် ရေ​ငတ်​ကြ​သဖြင့် မောရှေ​အား “​ငါ​တို့​နှင့်တကွ ငါ​တို့​၏​သားသမီး​များ​၊ တိရစ္ဆာန်​များ​ကို ရေငတ်​၍​သေ​စေရန် ငါ​တို့​ကို အဘယ်ကြောင့် အီဂျစ်​ပြည်​မှ ထုတ်ဆောင်​ခဲ့​သနည်း​”​ဟု ညည်းညူ​ပြ​ကြ​၏​။ ထိုအခါ မောရှေ​က ထာဝရဘုရား​အား “​ဤ​လူ​တို့​ကို အကျွန်ုပ်​မည်သို့​ပြု​ရ​ပါ​မည်နည်း​။ သူ​တို့​သည် အကျွန်ုပ်​ကို ခဲ​နှင့်​ပေါက်​လုနီး​ပါ​ပြီ​”​ဟု ဆို​လျက် အော်ဟစ်​တောင်းလျှောက်​လေ​၏​။ ထာဝရဘုရား​က​လည်း မောရှေ​အား “​ထို​လူ​တို့​၏​ရှေ့​မှ​သွား​လော့​။ သင်​နှင့်အတူ အစ္စရေး​သက်ကြီးဝါကြီး​တို့​ကို ခေါ်သွား​လော့​။ နိုင်း​မြစ်​ကို​ရိုက်​ခဲ့​သော သင်​၏​တောင်ဝှေး​ကို ကိုင်ဆောင်​၍ သွား​လော့​။ ကြည့်ရှု​လော့​။ ငါ​သည် ဟောရပ်​တောင်​ရှိ​ကျောက်ဆောင်​ပေါ်တွင် သင့်​ရှေ့​၌ ရပ်​နေ​မည်​။ သင်​သည် ထို​ကျောက်ဆောင်​ကို​ရိုက်​လော့​။ ထို​ကျောက်ဆောင်​မှ ရေ​ထွက်လာ​သဖြင့် လူ​တို့​သည် ရေသောက်​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ မောရှေ​သည်​လည်း အစ္စရေး​သက်ကြီးဝါကြီး​တို့​၏​မျက်မှောက်​၌ ထိုအတိုင်း​ပြု​လေ​၏​။