YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 14:27-28

ထွက်မြောက်ရာ 14:27-28 Common Language Bible (BCL)

သို့​ဖြစ်​၍​မော​ရှေ​သည်​ပင်​လယ်​ပေါ်​သို့​လက် ကို​ဆန့်​သ​ဖြင့် နံ​နက်​မိုး​လင်း​သည့်​အ​ခါ​ရေ သည်​ပုံ​မှန်​အ​တိုင်း​ပြန်​လည်​စီး​လေ​၏။ ရေ ပြန်​တက်​လာ​စဉ်​အီ​ဂျစ်​အ​မျိုး​သား​တို့​သည် ထွက်​ပြေး​ကြ​သော်​လည်း ထာ​ဝ​ရ​ဘု​ရား သည်​သူ​တို့​အား​ပင်​လယ်​ထဲ​၌​နစ်​မြုပ်​စေ တော်​မူ​၏။- ရေ​သည်​ပုံ​မှန်​အ​တိုင်း​ပြန်​စီး​သ​ဖြင့်​ပင် လယ်​ထဲ​သို့​ဆင်း​လိုက်​လာ​ကြ​သော​ရ​ထား တပ်၊ မြင်း​တပ်​နှင့်​အီ​ဂျစ်​ဘု​ရင်​၏​တပ်​အား လုံး​တို့​သည်​တစ်​ယောက်​မျှ​မ​ကျန်​ရေ​နစ်​၍ သေ​ကုန်​ကြ​၏။

ထွက်မြောက်ရာ 14:27-28 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် မောရှေ​သည် မိမိ​၏​လက်​ကို ပင်လယ်​အပေါ်​သို့​ဆန့်​လိုက်​၏​။ မိုးလင်းချိန်​၌ ပင်လယ်​သည် ပုံမှန်​အတိုင်း ပြန်​၍​စီးဆင်း​၏​။ အီဂျစ်​လူမျိုး​တို့​သည် စီးလာ​သော​ရေ​မှ ထွက်ပြေး​ကြ​စဉ်​တွင်ပင် ထာဝရဘုရား​သည် အီဂျစ်​လူမျိုး​တို့​ကို ပင်လယ်​ထဲ၌ လှဲချ​တော်မူ​၏​။ အစ္စရေး​အမျိုးသား​တို့​နောက်မှ ပင်လယ်​ထဲသို့​လိုက်ဝင်​ကြ​သော စစ်ရထား​များ​နှင့်​မြင်းစီးသူရဲ​များ စသည့် ဖာရော​မင်းကြီး​၏​စစ်တပ်​တစ်တပ်လုံး​အပေါ်​သို့ ရေ​ပြန်စီး​လာ​ပြီး သူ​တို့​ကို ဖုံးလွှမ်း​သဖြင့် တစ်စုံတစ်ယောက်​မျှ မ​ကျန်ရစ်​ပေ​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။