YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 14:24-25

ထွက်မြောက်ရာ 14:24-25 Common Language Bible (BCL)

နံ​နက်​အ​ရုဏ်​မ​တက်​မီ​အ​ချိန်​တွင် ထာ​ဝ​ရ ဘု​ရား​သည်​မီး​တိုင်​နှင့်​မိုး​တိမ်​တိုင်​တို့​မှ​နေ ၍ အီ​ဂျစ်​စစ်​တပ်​ကို​ကြည့်​ရှု​တော်​မူ​ပြီး လျှင်​သူ​တို့​ကို​ဖ​ရို​ဖ​ရဲ​ဖြစ်​စေ​တော်​မူ​၏။- ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ရ​ထား​ဘီး များ​ကို​ကျွတ်​ထွက်​စေ​တော်​မူ​သ​ဖြင့် သူ​တို့ ၏​ရ​ထား​များ​ကို​အ​သွား​ရ​ခက်​စေ​တော် မူ​၏။ ထို့​ကြောင့်​အီ​ဂျစ်​အ​မျိုး​သား​တို့​က``ထာ ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ဘက်​မှ​နေ​၍ ကျွန်ုပ်​တို့​ကို​တိုက်​ခိုက်​လျက် ရှိ​တော်​မူ​၏။ ထွက်​ပြေး​ကြ​စို့'' ဟု​ဆို​ကြ​၏။

ထွက်မြောက်ရာ 14:24-25 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မိုးသောက်ချိန်​ရောက်​သောအခါ ထာဝရဘုရား​သည် အီဂျစ်​တပ်​ကို မီး​တိုင်​၊ မိုးတိမ်​တိုင်​ထဲမှ ငုံ့ကြည့်​တော်မူ​၍ အီဂျစ်​တပ်​တို့​ကို ကစဥ့်ကလျား​ဖြစ်​စေ​တော်မူ​၏​။ သူ​တို့​၏​ရထား​များ​ကို​လည်း မောင်း​ရ​ခက်ခဲ​စေရန် ဘီး​များ​ကို ကျွတ်ထွက်​စေ​တော်မူ​၏​။ သို့ဖြစ်၍ အီဂျစ်​လူမျိုး​တို့​က “​အစ္စရေး​လူမျိုး​တို့​ထံ​မှ ငါ​တို့​ထွက်ပြေး​ကြ​စို့​။ အကြောင်းမူကား ထာဝရဘုရား​သည် သူ​တို့​ဘက်​မှ​နေ​၍ အီဂျစ်​လူမျိုး​တို့​ကို စစ်တိုက်​တော်မူ​ပြီ​”​ဟု ဆို​ကြ​၏​။