YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧသတာ 2:1-23

ဧသတာ 2:1-23 Judson Bible (JBMLE)

တစ်​ဖန် ရှင်​ဘု​ရင်​အာ​ရွှေ​ရု​သည် စိတ်​တော်​ပြေ​သော​အ​ခါ၊ ဝါ​ရှ​တိ​ကို​လည်း​ကောင်း၊ သူ​ပြု​သော​အ​မှု​နှင့် သူ့​တစ်​ဖက်၌​စီ​ရင်​သော အ​မှု​ကို​လည်း​ကောင်း အောက်​မေ့​တော်​မူ၏။ အ​ထံ​တော်၌ ခ​စား​သော ကျွန်​တော်​တို့​က​လည်း၊ အ​ဆင်း​လှ​သော သ​မီး​က​ညာ​တို့​ကို အ​ရှင်​မင်း​ကြီး​အ​ဖို့ ရှာ​ရ​ပါ​မည်​အ​ကြောင်း အ​ခွင့်​ပေး​တော်​မူ​ပါ။ အ​ဆင်း​လှ​သော သ​မီး​က​ညာ​အ​ပေါင်း​တို့​ကို ရှု​ရှန်​နန်း​တော်​တွင် အ​ပျို​တော်​နေ​ရာ​သို့ စု​ဝေး​စေ၍၊ နန်း​တော်​မိန်း​မ​စိုး၊ အ​ပျို​တော်​အုပ်​ဟေ​ဂဲ၌ အပ်​စေ​ခြင်း​ငှာ၊ နိုင်​ငံ​တော် အ​တိုင်း​တိုင်း​အ​ပြည်​ပြည် မင်း​အ​ရာ​ရှိ​တို့​ကို ခန့်​ထား​တော်​မူ​ပါ။ စင်​ကြယ်​စေ​ခြင်း​ငှာ ဆေး​မျိုး​ကို အပ်​ပေး​တော်​မူ​ပါ။ နှစ်​သက်​တော်​မူ​သော သ​မီး​က​ညာ​ကို မိ​ဖု​ရား​ဝါ​ရှ​တိ​အ​ရာ၌ ခန့်​ထား​တော်​မူ​ပါ​ဟု လျှောက်​သော​စ​ကား​ကို ရှင်​ဘု​ရင်​နှစ်​သက်၍ ထို​သို့ စီ​ရင်​တော်​မူ၏။ ထို​ကာ​လ​တွင် ရှု​ရှန်​မြို့​တော်၌၊ ဗင်္ယာ​မိန်​အ​မျိုး ကိ​ရှ၊ ရှိ​မိ၊ ယာ​ဣ​ရ​တို့​မှ ဆင်း​သက်​သော မော်​ဒ​ကဲ​အ​မည်​ရှိ​သော ယု​ဒ​လူ​တစ်​ယောက်​ရှိ၏။ ထို​သူ​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ သိမ်း​သွား​သော ယု​ဒ​ရှင်​ဘု​ရင် ယေ​ခေါ​နိ​မှ​စ၍၊ ဖမ်း​ဆီး​သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​လူ​စု၌ ပါ​သ​တည်း။ ထို​သူ​သည် ဘ​ထွေး​သ​မီး ဟ​ဒဿ​တည်း​ဟူ​သော ဧ​သ​တာ​ကို မွေး​မြူ၏။ ထို​သ​တို့​သ​မီး​သည် မိ​ဘ​မ​ရှိ၊ ပုံ​ပြင်​ယဉ်​ကျေး၍ အ​သွေး​အ​ဆင်း​လည်း လှ၏။ မိ​ဘ​သေ​သော​အ​ခါ၊ မော်​ဒ​ကဲ​သည် ယူ၍ ကိုယ်​သ​မီး​ကဲ့​သို့ မှတ်​သ​တည်း။ ရှင်​ဘု​ရင် အ​မိန့်​တော်​ကို​ထုတ်၍ ကျော်​သော​အ​ခါ၊ အ​ပျို​များ​တို့​ကို ရှု​ရှန်​နန်း​တော်​သို့ စု​ဝေး​စေ၍၊ မိန်း​မ​စိုး​ဟေ​ဂဲ၌ အပ်​ရာ​တွင်၊ ဧ​သ​တာ​ကို​လည်း နန်း​တော်​သို့ ခေါ်​ဆောင်၍ ဟေ​ဂဲ၌ အပ်​ကြ၏။ ဧ​သ​တာ​သည် ဟေ​ဂဲ​စိတ်​နှင့်​တွေ့၍ မျက်​နှာ​ရ​သ​ဖြင့်၊ ဟေ​ဂဲ​သည် စင်​ကြယ်​စေ​သော​ဆေး​မျိုး​နှင့် ပေး​ရ​သော အ​ဝတ်​အ​စား​ကို အ​လျင်​အ​မြန်​ပေး၏။ နန်း​တော်၌ ရွေး​ကောက်​သော ကျွန်​မ​ခု​နစ်​ယောက်​တို့​ကို​လည်း ပေး၍၊ ဧ​သ​တာ​နှင့် သူ၏​ကျွန်​မ​တို့​ကို အ​ပျို​တော်​နန်း​တွင် အ​မြတ်​ဆုံး​သော​နေ​ရာ၌ ချီး​မြှောက်​လေ၏။ ဧ​သ​တာ​သည် မိ​မိ​အ​မျိုး​နှင့် မိ​မိ​ဆွေ​ညာ​တ​ကာ​ကို မ​ဖော်​မ​ပြ​မည်​အ​ကြောင်း၊ မော်​ဒ​ကဲ သ​တိ​ပေး​သည်​အ​တိုင်း မ​ဖော်​မ​ပြ​ဘဲ နေ၏။ ဧ​သ​တာ​သည် အ​ဘယ်​သို့​ရှိ​သည်​ကို​လည်း​ကောင်း၊ သူ၌ အ​ဘယ်​သို့ ပြု​ကြ​လိမ့်​မည်​ကို​လည်း​ကောင်း၊ မော်​ဒ​ကဲ​သည် သိ​ခြင်း​ငှာ အ​ပျို​တော်​နန်း​ဝင်း​ရှေ့​မှာ နေ့​တိုင်း​သွား​လာ၏။ ထို​အ​ပျို​တော်​တို့ ထုံး​စံ​အ​တိုင်း၊ တစ်​နှစ်​စေ့​သော​အ​ခါ တစ်​ယောက်​နောက်​တစ်​ယောက် အ​လှည့်​သင့်​သည်​အ​တိုင်း၊ ရှင်​ဘု​ရင်​အာ​ရွှေ​ရု​ထံ​သို့ ဝင်​ရ၏။ ခြောက်​လ​ပတ်​လုံး မု​ရန်​ဆီ၊ ခြောက်​လ​ပတ်​လုံး နံ့​သာ​မျိုး အ​စ​ရှိ​သော စင်​ကြယ်​စေ​သော ဆေး​မျိုး​ကို​သုံး၍၊ စင်​ကြယ်​ခြင်း​အ​မှု ပြီး​သည်​တိုင်​အောင် ထို​မျှ​ကာ​လ​ကို လွန်​စေ​ရ၏။ ထို​နောက်​မှ အ​ပျို​တော်​သည် ရှင်​ဘု​ရင်​ထံ​သို့ ဝင်​ချိန်​ရောက်​သော​အ​ခါ၊ အ​လို​ရှိ​သ​မျှ​တို့​ကို တောင်း၍၊ အ​ပျို​တော်​နန်း​မှ ရှင်​ဘု​ရင်​နန်း​တော်​သို့ ယူ​သွား​ရ၏။ ညဉ့်​ဦး​အ​ချိန်၌​ဝင်၍ နံ​နက်​အ​ချိန်၌ နန်း​တော်​မိန်း​မ​စိုး၊ မောင်း​မ​မိဿံ​အုပ်၊ ရှာ​ရ​ဂါ​ဇ​စောင့် ဒု​တိ​ယ​မိန်း​မ​နန်း​သို့ ပြန်​ရ၏။ ရှင်​ဘု​ရင်​ချစ်၍ နာ​မည်​အား​ဖြင့် ခေါ်​တော်​မ​မူ​လျှင် နောက်​တစ်​ဖန် အ​ထံ​တော်​သို့​မ​ဝင်​ရ။ မိ​မိ​သ​မီး​ကဲ့​သို့ မော်​ဒ​ကဲ​မွေး​မြူ​သော ဘ​ထွေး အ​ဘိ​ဟဲ​လ​သ​မီး ဧ​သ​တာ​သည် အ​လှည့်​သင့်၍၊ ရှင်​ဘု​ရင်​ထံ​သို့ ဝင်​ရ​သော​အ​ခါ၊ နန်း​တော်​မိန်း​မ​စိုး၊ အ​ပျို​တော်​အုပ် ဟေ​ဂဲ​စီ​ရင်​သော အ​ရာ​မှ​တစ်​ပါး အ​ဘယ်​အ​ရာ​ကို​မျှ မ​တောင်း၊ ဧ​သ​တာ​ကို တွေ့​မြင်​သ​မျှ​သော​သူ​တို့​သည် ချစ်​တတ်​ကြ၏။ ထို​သို့ ရှင်​ဘု​ရင်​အာ​ရွှေ​ရု​သည် နန်း​စံ​ခု​နစ်​နှစ်၊ တေ​ဗက်​အ​မည်​ရှိ​သော ဒ​သ​မ​လ​တွင်၊ ဧ​သ​တာ​ကို နန်း​တော်၌ သိမ်း​တော်​မူ​ပြီး​လျှင်၊ အ​ခြား​သော သ​မီး​က​ညာ​အ​ပေါင်း​တို့​ထက် ဧ​သ​တာ​သည် စိတ်​တော်​ကို​နူး​ညွတ်​စေ၍၊ အ​ထံ​တော်၌ မျက်​နှာ​ရ​သ​ဖြင့်၊ ရှင်​ဘု​ရင်​သည် အ​ခြား​သော မိန်း​မ​တ​ကာ​တို့​ကို ချစ်​သည်​ထက် ဧ​သ​တာ​ကို​သာ၍ ချစ်​သော​ကြောင့်၊ သူ့​ခေါင်း​ပေါ်​မှာ ရာ​ဇ​သ​ရ​ဖူ​ကို​တင်၍ မိ​ဖု​ရား​ဝါ​ရှ​တိ​အ​ရာ၌ ချီး​မြှောက်​တော်​မူ၏။ ထို​အ​ခါ ရှင်​ဘု​ရင်​သည် ဧ​သ​တာ​ပွဲ​ဟူ၍ ကြီး​သော​ပွဲ​ကို မှူး​တော်​မတ်​တော် ကျွန်​တော်​တို့​အ​ဖို့ လုပ်​သ​ဖြင့်၊ နိုင်​ငံ​တော်​တိုင်း​ပြည်​တို့​ကို မင်း​မှု​လွှတ်၍၊ စည်း​စိမ်​တော်​နှင့်​လျော်​စွာ ဆု​ချ​တော်​မူ၏။ သ​မီး​က​ညာ​တို့​သည် ဒု​တိ​ယ​အ​ချိန်၌ စု​ဝေး​သော​အ​ခါ၊ မော်​ဒ​ကဲ​သည် နန်း​တော်၌ တံ​ခါး​မှူး​ဖြစ်၏။ ဧ​သ​တာ​သည် မော်​ဒ​ကဲ​ထံ မွေး​မြူ​ခြင်း​ကို​ခံ၍ နေ​စဉ်​အ​ခါ၊ သူ၏​စ​ကား​ကို နား​ထောင်​သည်​နည်း​တူ နား​ထောင်​သေး​သည်​ဖြစ်၍၊ မော်​ဒ​ကဲ​သ​တိ​ပေး​သည်​အ​တိုင်း၊ မိ​မိ​အ​မျိုး၊ မိ​မိ​ဆွေ​ညာ​တ​ကာ​တို့​ကို မ​ဖော်​မ​ပြ​ဘဲ နေ​သ​တည်း။ ထို​ကာ​လ​တွင်၊ မော်​ဒ​ကဲ​သည် နန်း​တော်၌ တံ​ခါး​မှူး​ဖြစ်​စဉ်၊ ဗိ​ဂ​သန်​နှင့် တေ​ရက်​တည်း​ဟူ​သော နန်း​တော်​မိန်း​မ​စိုး၊ တံ​ခါး​စောင့် နှစ်​ယောက်​တို့​သည် ဒေါ​သ​စိတ်​ရှိ၍ ရှင်​ဘု​ရင်​အာ​ရွှေ​ရု​ကို လုပ်​ကြံ​မည်​ဟု အား​ထုတ်​ကြ၏။ ထို​အ​မှု​ကို မော်​ဒ​ကဲ​သိ၍ မိ​ဖု​ရား​ဧ​သ​တာ​အား ဖော်​ပြ၏။ ထို​သို့ မော်​ဒ​ကဲ​ဖော်​ပြ​ကြောင်း​ကို ဧ​သ​တာ​သည် ရှင်​ဘု​ရင်​အား လျှောက်​လေ၏။ ထို​အ​မှု​ကို စစ်​ကြော၍ အ​မှန်​သိ​သော​အ​ခါ၊ ထို​သူ​နှစ်​ယောက်​တို့​ကို သစ်​ပင်၌ လည်​ဆွဲ​ချ​ပြီး​မှ၊ ရှင်​ဘု​ရင်​ရှေ့၊ နန်း​တော်​မှတ်​စာ၌ ရေး​မှတ်​သ​တည်း။

ဧသတာ 2:1-23 Common Language Bible (BCL)

ထို​နောက်​မင်း​ကြီး​သည်​အ​မျက်​တော်​ပြေ သော​အ​ခါ ဝါ​ရှ​တိ​ပြု​ခဲ့​သည့်​အ​မှု​ကို လည်း​ကောင်း၊ မိ​မိ​ထုတ်​ပြန်​ကြေ​ငြာ​ခဲ့​သည့် အ​မိန့်​ကို​လည်း​ကောင်း​သ​တိ​ရ​တော်​မူ​၏။- သို့​ဖြစ်​၍​သူ​နှင့်​ရင်း​နှီး​သော​အ​ကြံ​ပေး​အ​ရာ ရှိ​များ​က​မင်း​ကြီး​အား``အ​ရှင်​သည်​အ​ဘယ် ကြောင့်​အ​ဆင်း​လှ​သည့်​အ​ပျို​က​ညာ​များ ကို​ရှာ​စေ​တော်​မ​မူ​ပါ​သ​နည်း။- အင်​ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း​ရှိ​ပြည်​နယ် အ​ပေါင်း​တွင် မင်း​အ​ရာ​ရှိ​များ​ကို​ခန့်​ထား​၍ အ​ဆင်း​လှ​သည့်​အ​ပျို​က​ညာ​အ​ပေါင်း​ကို မြို့​တော်​ရှု​ရှန်​ရှိ​အ​ရှင့်​အ​ပျို​တော်​ဆောင်​သို့ ခေါ်​ဆောင်​လာ​စေ​တော်​မူ​ပါ။ သူ​တို့​အား အ​ရှင့်​မိန်း​မ​စိုး​ဟေ​ဂဲ​၏​လက်​တွင်​အပ်​၍ အ​လှ​ပြု​ပြင်​ပေး​စေ​တော်​မူ​ပါ။- ထို​နောက်​အ​ရှင်​အ​နှစ်​သက်​ဆုံး​အ​မျိုး​သ​မီး ကို​ရွေး​၍ ဝါ​ရှ​တိ​အ​စား​မိ​ဖု​ရား​မြှောက်​တော် မူ​ပါ'' ဟု​အ​ကြံ​ပေး​လျှောက်​ထား​ကြ​၏။ မင်း ကြီး​သည်​ထို​အ​ကြံ​ပေး​လျှောက်​ထား​ချက် ကို​နှစ်​သက်​၍​ထို​အ​တိုင်း​ပြု​တော်​မူ​၏။ မြို့​တော်​ရှု​ရှန်​တွင်​ယာ​ဣ​ရ​၏​သား မော်​ဒ​ကဲ ဆို​သူ​ယု​ဒ​အ​မျိုး​သား​တစ်​ယောက်​ရှိ​၏။ သူ သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ဖြစ်​၍​ကိ​ရှ​နှင့်​ရှိ​မိ တို့​မှ​ဆင်း​သက်​လာ​သူ​ဖြစ်​၏။- ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည် ယု​ဒ ဘု​ရင်​ယေ​ခေါ​နိ​အား​ယေ​ရု​ရှ​လင်​မြို့​မှ ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​သော​အ​ခါ​၌ မော် ဒ​ကဲ​သည်​လည်း​သုံ့​ပန်း​များ​အ​ထဲ​တွင် ပါ​သွား​လေ​သည်။- သူ့​မှာ​ဧ​သ​တာ​ဆို​သူ​နှ​မ​ဝမ်း​ကွဲ​ရှိ​၏။ ဧ​သ​တာ​၏​ယု​ဒ​နာ​မည်​ကား​ဟ​ဒ​ဿ တည်း။ သူ​၏​မိ​ဘ​များ​ကွယ်​လွန်​သွား​သော အ​ခါ​မော်​ဒ​ကဲ​သည်​သူ့​ကို​မွေး​စား​ကာ မိ​မိ​၏​သ​မီး​အ​ရင်း​သ​ဖွယ်​ကျွေး​မွေး ပြု​စု​ခဲ့​၏။ ဧ​သ​တာ​သည်​အ​ဆင်း​လှ​၍ ကိုယ်​လုံး​ကိုယ်​ပေါက်​ကောင်း​သည့်​အ​မျိုး သ​မီး​က​လေး​တစ်​ဦး​ဖြစ်​ပေ​သည်။ ထို​ကြောင့်​မင်း​ကြီး​ကြေ​ငြာ​ချက်​အ​သစ် အ​ရ အ​မျိုး​သ​မီး​ငယ်​အ​မြောက်​အ​မြား ကို ရှု​ရှန်​မြို့​သို့​ခေါ်​ဆောင်​လာ​ကြ​သော အ​ခါ​ဧ​သ​တာ​ပါ​လာ​ခဲ့​လေ​သည်။ သူ့ အား​လည်း​နန်း​တွင်း​၌​ထား​ရှိ​ကာ​မိန်း​မ စိုး​ဟေ​ဂဲ​၏​လက်​သို့​ပေး​အပ်​ကြ​၏။- ဟေ​ဂဲ​သည်​ဧ​သ​တာ​အား​စိတ်​နှင့်​တွေ့​သ​ဖြင့် မျက်​နှာ​သာ​ပေး​၏။ နှိပ်​နယ်​ပေး​ခြင်း၊ အ​ထူး အ​စား​အ​စာ​ကို​ကျွေး​ခြင်း​တို့​ကို​အ​လျင် အ​မြန်​စ​တင်​ပြု​လုပ်​ပေး​၏။ အ​ပျို​တော် ဆောင်​တွင်​အ​ကောင်း​ဆုံး​နေ​ရာ​ထိုင်​ခင်း​ကို ပေး​၍ နန်း​တွင်း​သူ​အ​မျိုး​သ​မီး​ခု​နစ် ယောက်​ကို​အ​ထူး​ရွေး​ချယ်​ကာ​ဧ​သ​တာ ကို​လုပ်​ကျွေး​ပြု​စု​စေ​၏။ ဧ​သ​တာ​သည်​မော်​ဒ​ကဲ​၏​အ​ကြံ​ပေး​ချက် အ​ရ မိ​မိ​၏​ယု​ဒ​မျိုး​ရိုး​ဇာ​တိ​ကို​လျှို့​ဝှက် ၍​ထား​လေ​သည်။- နေ့​စဉ်​နေ့​တိုင်း​ပင်​မော်​ဒ​ကဲ​သည်​ဧ​သ​တာ ၏​အ​ခြေ​အ​နေ​ကို​လည်း​ကောင်း၊ သူ့​အား အ​ဘယ်​သို့​ပြု​ကြ​မည်​ကို​လည်း​ကောင်း​သိ​ရှိ နိုင်​ရန် အ​ပျို​တော်​ဆောင်​ဝင်း​ရှေ့​၌​ခေါက်​တုန့် ခေါက်​ပြန်​လျှောက်​လျက်​နေ​တတ်​၏။ အ​မျိုး​သ​မီး​များ​အ​တွက် ပြု​လုပ်​နေ​ကျ အ​လှ​ပြု​ပြင်​မှု​မှာ​တစ်​နှစ်​မျှ​ကြာ​လေ သည်။ သူ​တို့​အား​မု​ရန်​ဆီ​ဖြင့်​ခြောက်​လ၊ သစ်​ဆီ​မွှေး​ဖြင့်​နောက်​ထပ်​ခြောက်​လ​နှိပ်​နယ် ပေး​ရ​၏။ ထို​နောက်​အ​မျိုး​သ​မီး​များ​သည် တစ်​ယောက်​ပြီး​တစ်​ယောက်​အ​လှည့်​ကျ ဇေ​ရဇ်​မင်း​၏​အ​ထံ​တော်​သို့​ဝင်​ကြ​ရ သည်။- အ​လှည့်​ကျ​သူ​သည်​အ​ပျို​တော်​ဆောင်​မှ နန်း​တော်​သို့​သွား​သော​အ​ခါ မိ​မိ​နှစ်​သက် ရာ​အ​ဝတ်​အ​စား​များ​ကို​ဝတ်​ဆင်​နိုင်​၏။- သူ​သည်​ညဥ့်​ဦး​အ​ချိန်​၌​နန်း​တော်​သို့​ဝင် ရ​၍​နောက်​တစ်​နေ့​နံ​နက်​၌ ဘု​ရင့်​မိန်း​မ​စိုး ရှာ​ရှ​ဂါ​ဇ​အုပ်​ချုပ်​သည့်​မောင်း​မ​တော်​ဆောင် သို့​ပြန်​ရ​လေ​သည်။ မင်း​ကြီး​သည်​မြတ်​နိုး​၍ နာ​မည်​အား​ဖြင့်​ခေါ်​တော်​မ​မူ​လျှင် နောက် တစ်​ဖန်​မင်း​ကြီး​ထံ​သို့​မ​ဝင်​ရ။ အ​ဘိ​ဟဲ​လ​၏​သ​မီး၊ မော်​ဒ​ကဲ​၏​ဝမ်း​ကွဲ နှ​မ​နှင့်​မွေး​စား​သ​မီး၊ မြင်​သူ​တိုင်း​ချီး​မွမ်း ခံ​ရ​သည့်​ဧ​သ​တာ​သည်​မင်း​ကြီး​ထံ​တော် သို့​ဝင်​ရန်​အ​လှည့်​ရောက်​သော​အ​ခါ အ​ပျို တော်​ဆောင်​အုပ်၊ မိန်း​မ​စိုး​ဟေ​ဂဲ​အ​ကြံ ပေး​သည့်​အ​ဝတ်​အ​စား​ကို​ဝတ်​ဆင်​၍ သွား​လေ​သည်။- ထို့​ကြောင့်​ဧ​သ​တာ​သည်​ဇေ​ရဇ်​မင်း​နန်း​စံ သတ္တ​မ​နှစ်​တေ​ဗက်​ခေါ်​ဒ​သ​မ​လ​၌ နန်း တော်​အ​တွင်း​ဇေ​ရဇ်​မင်း​၏​ရှေ့​တော်​သို့ ရောက်​ရှိ​သွား​၏။- မင်း​ကြီး​သည်​သူ့​အား​အ​ခြား​အ​မျိုး သ​မီး​အ​ပေါင်း​တို့​ထက်​ပို​၍​နှစ်​သက်​တော် မူ​သ​ဖြင့် သူ​သည်​ရှေ့​တော်​တွင်​မျက်​နှာ​ပွင့် လန်း​လျက်​ချစ်​ခင်​မြတ်​နိုး​တော်​မူ​ခြင်း ကို​ခံ​ရ​လေ​သည်။ မင်း​ကြီး​သည်​သူ့​အား ရာ​ဇ​သ​ရ​ဖူ​ကို​ဆောင်း​၍​ပေး​ပြီး​လျှင် ဝါ​ရှ​တိ​၏​အ​စား​မိ​ဖု​ရား​မြှောက်​တော် မူ​၏။- ထို​နောက်​မိ​မိ​၏​မှူး​မတ်​များ​နှင့်​မင်း​အ​ရာ ရှိ​အ​ပေါင်း​ကို​ဖိတ်​ကြား​တော်​မူ​၍ ဧ​သ​တာ အား​ဂုဏ်​ပြု​စား​သောက်​ပွဲ​ကြီး​ကို​ကျင်း​ပ တော်​မူ​၏။ သူ​သည်​အင်​ပါ​ယာ​နိုင်​ငံ​တော် တစ်​ဝှမ်း​လုံး​တွင်​ထို​နေ့​ကို​အ​လုပ်​နား​ရက် အ​ဖြစ်​သတ်​မှတ်​ကြေ​ငြာ​တော်​မူ​၍ ဘု​ရင့် ဂုဏ်​နှင့်​လျော်​စွာ​ဆု​တော်​လာဘ်​တော်​များ ကို​လည်း​ပေး​သ​နား​တော်​မူ​၏။ ဤ​အ​ချိန်​အ​တော​အ​တွင်း​၌​မင်း​ကြီး သည်​မော်​ဒ​ကဲ​အား အုပ်​ချုပ်​ရေး​ရာ​ထူး တစ်​နေ​ရာ​တွင်​ခန့်​ထား​တော်​မူ​၏။- ဧ​သ​တာ​မူ​ကား​မော်​ဒ​ကဲ​၏​မှာ​ကြား ချက်​အ​ရ​မိ​မိ​၏​ယု​ဒ​မျိုး​ရိုး​ဇာ​တိ​ကို ယ​ခု​တိုင်​အောင်​အ​ဘယ်​သူ​ကို​မျှ​အ​သိ မ​ပေး​ဘဲ​နေ​၏။ သူ​သည်​က​လေး​ဘ​ဝ​က မော်​ဒ​ကဲ​၏​စ​ကား​ကို​နား​ထောင်​ခဲ့​သည့် နည်း​တူ ဤ​အ​မှု​ကိစ္စ​တွင်​လည်း​နား​ထောင် လေ​သည်။ နန်း​တွင်း​၌​မော်​ဒ​ကဲ​သည် အုပ်​ချုပ်​ရေး​တာ​ဝန် ကို​ထမ်း​ဆောင်​နေ​ရ​စဉ်​အ​ခါ ဘု​ရင့်​အ​ဆောင် တော်​တံ​ခါး​စောင့်​မိန်း​မ​စိုး​နှစ်​ယောက်​တို့​သည် ဇေ​ရဇ်​မင်း​အား​အ​မျက်​ထွက်​သ​ဖြင့်​လုပ် ကြံ​ရန်​လျှို့​ဝှက်​ကြံ​စည်​ကြ​၏။- မော်​ဒ​ကဲ​သည်​ထို​အ​ကြောင်း​ကို​ကြား​သိ​ရ သ​ဖြင့် မိ​ဖု​ရား​ဧ​သ​တာ​အား​ပြော​ကြား​၏။ သို့​ဖြစ်​၍​ဧ​သ​တာ​သည်​မင်း​ကြီး​အား မော်​ဒ​ကဲ​သိ​ရှိ​ရ​ချက်​ကို​လျှောက်​ထား​၏။- ထို​အ​မှု​ကို​စုံ​စမ်း​စစ်​ဆေး​သော​အ​ခါ မော်​ဒ​ကဲ​ပေး​သည့်​သ​တင်း​မှန်​ကန်​ကြောင်း တွေ့​ရှိ​ရ​သ​ဖြင့် ထို​သူ​နှစ်​ယောက်​စ​လုံး​ပင် လည်​ဆွဲ​တိုင်​၌​ကွပ်​မျက်​ခြင်း​ကို​ခံ​ရ​ကြ လေ​သည်။ မင်း​ကြီး​သည်​ဤ​အ​မှု​ကို​အင် ပါ​ယာ​နိုင်​ငံ​တော်​မှတ်​တမ်း​များ​တွင်​ရေး မှတ်​ထား​စေ​တော်​မူ​၏။

ဧသတာ 2:1-23 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက်တွင် အာရွှေရု​မင်းကြီး​သည် အမျက်ပြေ​၍ ဝါရှတိ​ကို​သတိရ​လေ​၏​။ ဝါရှတိ​ပြုမူ​ခဲ့​ပုံ​နှင့် သူ့​အပေါ် အပြစ်ဒဏ်​ချ​ခဲ့​ပုံ​တို့​ကို​လည်း သတိရ​လေ​၏​။ ထိုအခါ မင်း​ခစား​အမှုထမ်း​တို့​က “​အရှင်မင်းကြီး​အဖို့ ရုပ်ရည်​လှပ​သော​အပျိုကညာ​များ​ကို ရှာ​ပါရစေ​။ ရုပ်ဆင်းသွင်ပြင်​ချောမော​သော အပျိုကညာ​အားလုံး​ကို ရှုရှန်​နန်းတော်​ရှိ အပျိုတော်​နန်းဆောင်​သို့ ပို့​စေရန် အရှင်မင်းကြီး​၏​တိုင်းနိုင်ငံ​ရှိ နယ်မြေဒေသ​အသီးသီး​တွင် ကြီးကြပ်သူ​များ​ကို​ခန့်ထား​တော်မူ​ပါ​။ ဘုရင့်​နန်းတွင်း​မိန်းမစိုး အပျိုတော်အုပ်​ဟေဂဲ​လက်​သို့​အပ်​၍ အလှပြင်​စေ​ပါ​။ ထို့နောက် အရှင်မင်းကြီး အနှစ်သက်ဆုံး အပျိုကညာ​တစ်ဦး​ကို ဝါရှတိ​အစား မိဖုရား​မြှောက်​ပါ​”​ဟု လျှောက်​ကြ​၏​။ ရှင်ဘုရင်​သည် ထို​စကား​ကို​နှစ်သက်​သဖြင့် ထို​အတိုင်း​ပြု​လေ​၏​။ ရှုရှန်​နန်းတော်​တွင် မော်ဒကဲ​ဟု​ခေါ်​သော ဂျူး​လူမျိုး​တစ်ဦး​ရှိ​၏​။ သူ​သည် ဗင်္ယာမိန်​အမျိုး ကိရှ​၏​မြစ်​၊ ရှိမိ​၏​မြေး​၊ ယာဣရ​၏​သား​ဖြစ်​၏​။ ကိရှ​သည် ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​က ယုဒ​ဘုရင်​ယေခေါနိ​မင်းကြီး​ကို ဂျေရုဆလင်​မြို့​မှ ဖမ်းခေါ်​သွား​စဉ်တွင် သုံ့ပန်း​အဖြစ် ပါသွား​ခဲ့​သူ​ဖြစ်​၏​။ မော်ဒကဲ​သည် မိမိ​ဘထွေး​၏​သမီး ဟဒဿ ခေါ် ဧသတာ​ကို ထိန်းကျောင်း​ပေး​ခဲ့​ရ​၏​။ အကြောင်းမှာ ထို​မိန်းကလေး​သည် မိဘ​မ​ရှိ​၊ ရုပ်ရည်​မှာ ချစ်စရာကောင်း​၍ လှပ​သော​အဆင်း​ရှိ​၏​။ သူ​၏​မိဘ​များ သေဆုံး​သွား​သဖြင့် မော်ဒကဲ​သည် သူ့​ကို​သမီး​သဖွယ် စောင့်ရှောက်​ပေး​ခဲ့​ခြင်း​ဖြစ်​၏​။ ရှင်ဘုရင်​ထုတ်ပြန်​သည့်​အမိန့်​ကို ကြေညာ​သဖြင့် မိန်းမပျို​အမြောက်အမြား​တို့​ကို ရှုရှန်​နန်းတော်​ရှိ ဟေဂဲ​၏​လက်​ထဲသို့​လာအပ်​ကြ​ရာ ဧသတာ​ကို​လည်း ဘုရင့်​နန်းတော်​သို့ ခေါ်ဆောင်​လာ​၍ အပျိုတော်အုပ်​ဟေဂဲ​၏​လက်​သို့​အပ်​လေ​၏​။ ဟေဂဲ​သည် ဧသတာ​ကို သဘောကျ​နှစ်သက်​သဖြင့် မျက်နှာသာ​ပေး​၏​။ သူ့​ကို​အလှပြင်​ပေး​ရန်​နှင့် အစားအစာ​ကျွေးမွေး​ရန် ချက်ချင်း​ပြင်ဆင်​၏​။ ရှင်ဘုရင်​၏​နန်းတော်​မှ လက်ရွေးစင် အပျိုတော်​ခုနစ်​ဦး​ကို ပေး​ထား​၏​။ ထို​အပျိုတော်​များ​နှင့်တကွ သူ့​ကို အမျိုးသမီး​နန်းဆောင်​တွင် အကောင်းဆုံး​နေရာ​၌ ထား​၏​။ ကိုယ့်​လူမျိုး​၊ ကိုယ့်​ဇာတိ​အကြောင်း ထုတ်ဖော်​မ​ပြ​ရန် မော်ဒကဲ​သည် ဧသတာ​အား မှာထား​သဖြင့် ဧသတာ​လည်း ထုတ်ဖော်​မ​ပြ​ဘဲ​နေ​၏​။ ထို့ပြင် မော်ဒကဲ​သည် ဧသတာ​၏​အခြေအနေ​အကျိုးအကြောင်း​ကို​သိရှိ​ရန် အပျိုတော်​နန်းဆောင်​ဝင်း​ရှေ့​သို့ နေ့တိုင်း သွား​လေ့​ရှိ​၏​။ အပျိုတော်​တို့​အတွက် အလှပြင်​သော​အချိန်​မှာ မုရန်​ဆီ​ဖြင့်​ခြောက်​လ​၊ အမွှေးနံ့သာ​နှင့် အလှပြင်​ပစ္စည်း​တို့​ဖြင့် ခြောက်​လ​ဖြစ်​၏​။ သတ်မှတ်​ထား​သော​အလှပြင်​ချိန် တစ်ဆယ့်​နှစ်​လ​ပြည့်​ပြီးမှ​သာ အပျိုတော်​တို့​သည် အာရွှေရု​မင်းကြီး​ထံသို့ အလှည့်ကျ​ဝင်​ကြ​ရ​၏​။ ရှင်ဘုရင်​ထံသို့​ဝင်​ရ​သောအခါ အပျိုတော်​သည် အလိုရှိ​သမျှ​ကို​တောင်းယူ​၍ အပျိုတော်​နန်းဆောင်​မှ ဘုရင့်​နန်းဆောင်​သို့ ယူသွား​ခွင့်​ရှိ​၏​။ နေဝင်ချိန်​တွင် ရှင်ဘုရင်​ထံ​ဝင်​၍ နံနက်​ရောက်​လျှင် ပြန်​ထွက်လာ​ပြီး ရံရွှေတော်​ထိန်း ဘုရင့်​နန်းတွင်း​မိန်းမစိုး​ရှာရှဂါဇ​အုပ်ထိန်း​သော နောက်​မောင်းမဆောင်​တစ်​ခု​တွင် နေ​ရ​၏​။ ရှင်ဘုရင်​နှစ်သက်​၍ နာမည်​နှင့်​မ​ခေါ်​မ​ချင်း ရှင်ဘုရင်​ထံ ထပ်၍​မ​ဝင်​ရ​။ မော်ဒကဲ​က မိမိ​သမီး​သဖွယ်​စောင့်ရှောက်​ထား​သော မော်ဒကဲ​၏​ဘထွေး​အဘိဟဲလ​၏​သမီး​ဧသတာ​သည် ရှင်ဘုရင်​ထံ​ဝင်​ရ​မည့်​အလှည့်​ရောက်လာ​၏​။ သူ​သည် မည်သည့်​အရာ​ကို​မျှ မ​တောင်းဆို​ဘဲ နန်းတွင်း​မိန်းမစိုး အပျိုတော်အုပ်​ဟေဂဲ အကြံပေး​သည့်​အတိုင်း​သာ သွား​၏​။ ဧသတာ​ကို တွေ့မြင်​သမျှ​သော​သူ​တို့​သည် သူ့​ကို သဘောကျ​နှစ်သက်​ကြ​၏​။ ဤသို့ဖြင့် အာရွှေရု​မင်းကြီး​နန်းစံ သတ္တမ​နှစ်​၊ တေဗက်​လ​ဟု​ခေါ်​သော ဒသမ​လ​တွင် ဧသတာ​ကို ဘုရင့်​နန်းဆောင်​သို့ ခေါ်သွင်း​လေ​၏​။ ရှင်ဘုရင်​သည် အခြား​အပျိုတော်​တို့​ထက် ဧသတာ​ကို ချစ်​၏​။ ထို့ကြောင့် ဧသတာ​သည် အခြား​အပျိုတော်​တို့​ထက် မျက်နှာသာရ​၍ မေတ္တာကရုဏာ​ကို ခံရ​၏​။ ထို့ပြင် ရှင်ဘုရင်​သည် သူ့​ခေါင်း​ပေါ်၌ တော်ဝင်​သရဖူ​ကို​ဆောင်းပေး​၍ ဝါရှတိ​အစား သူ့​ကို မိဖုရား​မြှောက်​လေ​၏​။ ထို့နောက် ရှင်ဘုရင်​သည် မှူးမတ်​နှင့်​မင်းမှုထမ်း အပေါင်း​တို့​ပါ​သော စားသောက်ပွဲ​ကြီး​ကို ကျင်းပ​၏​။ ဤ​ပွဲ​သည် ဧသတာ​အတွက်​ကျင်းပ​သော​ပွဲ​ဖြစ်​၏​။ မိမိ​ပိုင်နက်​တစ်ဝန်းလုံး​တွင် ထို​နေ့​ကို အားလပ်ရက်​အဖြစ်​သတ်မှတ်​၍ တော်ဝင်​လက်ဆောင်​များ​ကို​လည်း ရက်ရက်ရောရော​ပေးကမ်း​လေ​၏​။ အပျိုကညာ​များ​ကို ဒုတိယအသုတ်​ခေါ်ဆောင်​လာ​ချိန်​တွင် မော်ဒကဲ​သည် ဘုရင့်​နန်းတော်​တံခါး​တွင် ထိုင်​လျက်​နေ​၏​။ ဧသတာ​သည် မော်ဒကဲ​မှာထား​သည့်​အတိုင်း မိမိ​လူမျိုး​၊ မိမိ​ဇာတိ​ကို ထုတ်ဖော်​မ​ပြ​ဘဲ​နေ​၏​။ မိမိ​ကို မော်ဒကဲ​ကျွေးမွေး​စောင့်ရှောက်​ခဲ့​စဉ်​အချိန်​က​ကဲ့သို့ပင် ယခု​လည်း မော်ဒကဲ​၏​စကား​ကို နားထောင်​လျက်​ရှိ​၏​။ မော်ဒကဲ​သည် ဘုရင့်​နန်းတော်​တံခါး​တွင် ထိုင်​လျက်​နေ​သော​ကာလ​တွင် ဘုရင့်​အမှုထမ်း​နှစ်​ဦး​ဖြစ်​သော တံခါးစောင့်​ဗိဂသန်​နှင့်​တေရက်​တို့​သည် အာရွှေရု​မင်းကြီး​ကို အမျက်ထွက်​၍ လုပ်ကြံ​ရန် အခွင့်ကောင်း​ရှာ​နေ​ကြ​၏​။ ထို​အကြောင်း​ကို မော်ဒကဲ​သိ​၍ မိဖုရား​ဧသတာ​အား ပြောပြ​၏​။ ဧသတာ​သည်​လည်း မော်ဒကဲ​ကိုယ်စား ရှင်ဘုရင်​ထံ လျှောက်တင်​လေ​၏​။ ထို​အကြောင်း​ကို​စုံစမ်း​တွေ့ရှိ​သောအခါ ထို​သူ​နှစ်​ဦး​ကို သစ်တိုင်​၌​ချိတ်ဆွဲ​ထား​၏​။ ထို​အကြောင်း​ကို ရှင်ဘုရင်​ရှေ့မှောက်​၌ ရာဇဝင်ချုပ်​မှတ်တမ်း​စာလိပ်​ထဲတွင် မှတ်တမ်းတင်​ထား​လေ​၏​။